Thursday, May 16, 2013

No Title

မင်္ဂလာညချမ်းပါရှင်...

ဒီတလော Facebook ရောဂါစွဲကပ်ပြီး အဲ့ပေါ်ရောက်ရောက်နေတာနဲ့ စာရေးတွေကျဲနေတယ်။ အဲ့မှာရှိမယ့်သာ ရှိနေတာပါ... ကိုယ်ကနလပိန်းတုံးဆိုတော့ တစ်ခုခုဆို နောက်ဆုံးမှ သိတာများတယ် (>.<)။ သူငယ်ချင်းတွေ "လဲလဲလဲ..." တုန်းကလည်းးးး ဘာမှန်းမသိလို့လို့လို့ မေးမြန်းရသေးတယ်။ ခုလည်း Facebook တစ်ခုလုံး "မီမီ မီမီ မီမီ..." ဖြစ်နေပြန်ပြီ (ကြောင်ခေါ်နေတာ မဟုတ်ဘူးနော် xD)။ သူများတွေများ ပေါ်ပြူလာဖြစ်တာ နေ့ချင်းညချင်းပဲ။ အဲ့ဒါမျိုးက ကြောက်ဖို့ကောင်းတယ်။ Social Media တွေရဲ့ လွှမ်းမိုးမှုကလည်း မသေးဘူးနော်။ ကိုယ့်ဟာကိုယ်ပဲ သိုသိုသိပ်သိပ်နေပါရစေ... ကြောက်လို့ ဟီးးးး xD


တိုးတိုးတိတ်တိတ် လုပ်နေတာလေး တစ်ခုရှိတယ်။ တိုးတိုးတိတ်တိတ်ဆိုတော့ ခုမပြောသေးဘူး။ ပြီးမှပဲ ပြောပြတော့မယ်။ စင်္ကာပူလာလည်တဲ့ သူငယ်ချင်းလည်း ပြန်သွားပြီ။ သူရှိနေတုန်းက သူနဲ့လျှောက်သွားပေးရသေးတယ်။ Starbucks ကို ကြိုက်လို့တဲ့... ကန်ဒီနဲ့များ ကွာပါ့။ သွားသောက်တိုင်း ကိုယ့်ဟာကိုယ် အကုန်ပြန်ပြင်ရတယ်။ သူ့ဟာလေးနဲ့သူ ကောင်းနေတာတစ်ခါမှ မရှိဘူး။ ဈေးကလည်း ကြီးသေးတယ် (>.<)။ 313 Somerset က Charlie Coffee တော့ ကြိုက်တယ်။ ကန်ဒီ့အမြင်မှာတော့ Starbucks ထက်သာတယ် ^_^


မေလ ၂၃ ရက်နေ့ကျရင် မလေးသွားလည်မလို့ စီစဉ်ထားတယ်။ မေ ၂၆ ရက်နေ့မှ ပြန်လာမယ်။ ဟိုးးးးတလောကတည်းက သွားမယ်လုပ်ပြီး ဗီဇာလုပ်တာ ကြာနေတာနဲ့ မလိုက်လိုက်ရဘဲ တစ်ယောက်တည်းကျန်ခဲ့တယ်လေ။ ဒီတစ်ခေါက်တော့ တကယ်သွားဖြစ်ပြီ။ လက်မှတ်လည်း ၀ယ်ပြီးပြီ (^_^)။ ကဆုန်လပြည့်နေ့မှာ တရားပွဲရှိတယ်နော်။ ကန်ဒီမသွားနိုင်ပေမယ့် သွားချင်တဲ့သူတွေ သွားလို့ရအောင် ပြောပြပေးတာပါ :D


ခုရုံတင်နေတဲ့ "Scary Movie" ကြည့်ချင်တာ... ကိုယ်က ဒီနောက်ပိုင်းထွက်တဲ့ သရဲကားတွေ အကုန်မကြည့်ထားတော့ သွားကြည့်လည်း ရီသင့်သလောက် ရီရမှာမဟုတ်ဘူးဆိုပြီး မကြည့်ဖြစ်ဘူး။ ဟိုနေ့က အွန်လိုင်းကနေ "Mama" ကြည့်ဖြစ်တယ်။ အဲ့လောက်မကြိုက်ဘူး။ ခုတလော ထပ်ခါထပ်ခါနားထောင်ဖြစ်နေတာ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်းနဲ့ မြင့်မြတ်ရဲ့ "ဘ၀တကွေ့" အယ်လ်ဘမ်... သီချင်းတော်တော်များများကောင်းတယ်။ တစ်ခုပဲ... ကန်ဒီ့အမြင် မြင့်မြတ်အသံက အလွမ်းသီချင်းနဲ့မှ လိုက်တယ်။ တက်တက်ကြွကြွလေး ဖြစ်ရမယ့်သီချင်းမှာ သူ့အသံက ကျနေတယ် >.<

ခုအိမ်မှာ ဟမ်းစတားလေးကောင်ပဲ ကျန်တော့တယ်။ နှစ်ကောင်ပေးလိုက်ပြီ။ လေးကောင်ကို လှောင်အိမ်လေးခုနဲ့ ထားထားတယ်။ ထပ်မျိုးပွားလို့ မဖြစ်ဘူးလေ ဟီး(xD)။ ကလေးနှစ်ကောင်ကို Jelly နဲ့ Cookie လို့ နာမည်ပေးထားတယ် ^_^


ဒီတလော သက်သတ်လွတ်ပြန်စားဖြစ်နေတယ်။ စားတဲ့နေ့အပြင်သွားမိရင် တကယ်မလွယ်ဘူး။ သက်သတ်လွတ်ရောင်းတဲ့ဆိုင်တွေကလွဲရင် ကျန်တဲ့ဆိုင်ကဟာတွေက အသားပါတာတွေချည်းပဲ။ ဟိုနေ့က Facebook မှာ သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ ကြောင်ရောင်းတဲ့သတင်းဖတ်ပြီး အရမ်းစိတ်မကောင်းဘူး။ ကန်ဒီတို့ရန်ကုန်အိမ်မှာ ကြောင်တွေမှ အများကြီးပဲ။ တစ်ကောင်မှ ၀ယ်ထားတာ မပါဘူး။ သူတို့ရောင်းနေတဲ့ကြောင်ကလည်း ရိုးရိုးကြောင်အမျိုးအစားပါပဲ။ ထူးထူးခြားခြားကြီး မဟုတ်ဘူး။ အဲ့ဒါကို သူ့တစ်ကိုယ်စာပဲဆန့်တဲ့ လှောင်အိမ်သေးသေးလေးထဲထည့်ထားတာ သနားဖို့ကောင်းတယ်။ အကောင်လေးတွေကို နှိပ်စက်တာလောက် အမြင်ကတ်တာမရှိဘူး =.='

ကန်ဒီ စုံစိအောင် ပြောနေတာ ခေါင်းတွေလည်း မူးလောက်ပြီ ထင်တယ် ဟီး :D
ဒီမှာတင်ရပ်ပြီး အိပ်ပြီနော်...
Good Night^^

Saturday, May 11, 2013

Liquid Eyeliner Application

Hello^^

ဒီပိုစ့်က အစ်မတစ်ယောက် Request လုပ်ထားတာပါ။ မျက်လုံးခြယ်သတဲ့နေရာမှာ အိုင်းလိုင်နာက အရေးအပါဆုံးလို့ ကန်ဒီထင်တယ်။ ဘာလို့လဲဆိုတော့ အိုင်းရှဲဒိုးမခြယ်ဘဲ အိုင်းလိုင်နာပဲဆွဲထားတာနဲ့တင် ကန်ဒီတို့မျက်လုံးလေးတွေ သိသိသာသာပြောင်းလဲသွားတာ တွေ့နိုင်တယ်လေ။ အိုင်းလိုင်နာအမျိုးအစားတွေဖြစ်တဲ့ Liquid, Pencil နဲ့ Gel Liner တွေထဲမှာ ကန်ဒီအကြိုက်ဆုံးကတော့ Liquid Eyeliner ပေါ့။ အကြောင်းရင်းက Liquid Eyeliner နဲ့ဆို လိုင်နာက အရမ်းသပ်ရပ်ပြီး မျက်တောင်အရင်းတွေကြားထဲက Gap တွေကိုပါ အလွယ်တကူ သူ့ဟာသူဖြည့်ပေးသွားနိုင်တယ်လေ။


Liquid Eyeliner ဆွဲတဲ့အခါ ပထမဆုံး မျက်လုံးအလယ်ကနေ အပြင်ဘက်ကိုဆွဲပါ။ ဘာလို့လဲဆိုတော့ စ,စဆွဲချင်းနေရာမှာ Product အများဆုံးပါတတ်တယ်လေ။ ကန်ဒီတို့ Eyeliner ဆွဲတဲ့အခါ မျက်လုံးအပြင်ဘက်ကို ထူထူလေးလိုချင်တာမလား? တကယ်လို့မှားဆွဲမိရင်လည်း မျက်လုံးအပြင်ဘက်ဆို ပြင်ရပိုလွယ်တယ်။ အဲ့ဒါပြီးတော့မှ ကျန်တဲ့ Product နဲ့ မျက်လုံးအတွင်းပိုင်းကို ဆွဲပါ။ မျက်လုံးအတွင်းပိုင်းကို အတတ်နိုင်ဆုံး ပါးပါးလေးဆွဲပါ။


ကန်ဒီက မျက်ရစ်အောက်က မျက်ခွံလေးနည်းနည်းပေါ်နေတာကို သဘောကျတော့ အိုင်းလိုင်နာကို အရမ်းအထူကြီးမဆွဲတတ်ဘူး။ ဒါကတော့ သူ့အကြိုက်နဲ့သူပေါ့နော်။ ကိုယ်အဆင်ပြေသလိုဆွဲပါ(:D)။ အဲ့ဒါပြီးရင် အမည်းရောင်အိုင်းရှဲဒိုးနဲ့ ခုနဆွဲထားတဲ့ အိုင်းလိုင်နာပေါ်ပြန်ဆွဲပြီး Set လုပ်ပါ။ အဲ့လိုလုပ်တာ အိုင်းလိုင်နာကို ပိုကြာကြာခံစေတဲ့အပြင် ပြောင်မနေဘဲ နည်းနည်းပိုသဘာဝကျသွားစေတယ်။ Liquid Eyeliner တော်တော်များများက ဆွဲထားရင် ပြောင်ပြောင်လေးဖြစ်နေတတ်တယ်လေ။ တချို့က အဲ့လိုပြောင်နေတာလေးကို ကြိုက်ကြတယ်။ ကန်ဒီကတော့ သဘာဝမကျဘူးထင်လို့ သိပ်မကြိုက်ဘူး :)

ပိုတဲ့ အိုင်းရှဲဒိုးနဲ့ မျက်လုံးအောက်ကို တ၀က်နားလောက်အထိ ဆွဲပါ။ အားလုံးပြီးပြီဆို ခုနက Liquid Eyeliner နဲ့ အပေါ်လိုင်နာနဲ့ အောက်လိုင်နာကို ဆက်ပါ။ ဒါဆိုပြီးပြီ... ဟူးးး မောတာ(xD)။ အဲ့ဒါ ကန်ဒီလုပ်နေကျနည်းပေါ့နော်။ Wing Liner/ Cat Liner ဆွဲတဲ့နည်းတော့ မဟုတ်ဘူး။ Cat Liner နဲ့ ကန်ဒီနဲ့ မလိုက်ဘူး >.<

As always, this video is unlisted. Just for my readers ^_~

ဒါက ဗွီဒီယိုလေး... ဟိုးးအပတ်ကလုပ်ပြီး Focus မမိလို့ ခုထပ်လုပ်ထားရတယ်။ အပေါ်မှာစာနဲ့ရှင်းပြထားတာက ဗွီဒီယိုကြည့်လို့မရတဲ့ သူတွေအတွက်ပေါ့နော်။ ရေးမယ့်သာရေးရတာ ကန်ဒီ Liquid Eyeliner ကို ကြိုက်ပေမယ့် အမြဲမလုပ်ဖြစ်ဘူး။ ဟိုနားဒီနား ခဏပဲသွားတာမျိုးဆို အမည်းရောင်အိုင်းရှဲဒိုးနဲ့ပဲ လိုင်နာသဘောမျိုးဆွဲလိုက်တာများတယ်။ အဲ့ဒါက မျက်လုံးကို အရမ်းသဘာဝကျစေတယ်လေ။ ဒါပေမယ့် အကြာကြီးတော့ မခံဘူး။ တနေကုန် အပြင်ထွက်တဲ့နေ့မျိုးဆိုရင်တော့ Liquid Eyeliner နဲ့ပဲ ဆွဲဖြစ်တယ်။

အပေါ်က Liquid Eyeliner နဲ့... အောက်က Black Eyeshadow နဲ့ ^_^

ကန်ဒီ ဒီမှာသုံးထားတဲ့ Liquid Eyeliner က Dolly Wink ကဟာ... အရောင်က အညို။ အဲ့ဒါကို ကန်ဒီ Review ရေးဖူးတယ် (ဒီမှာ ဖတ်ပါ)။ ၀ယ်ထားတာ ကြာလှပြီ။ ခုမှ ကုန်ခါနီးဖြစ်နေတာ... အကြာကြီးခံတယ် ^_^

Stay Beautiful^^

Monday, May 6, 2013

မေ

မျက်ရည်တွေနဲ့ နိဒါန်းပျိုးခဲ့တဲ့"မေ"...

OK! ကဗျာဆရာလည်း မဟုတ်တော့ ဆက်မရေးတတ်တော့ဘူး ဟီးး(xD)။ လိုရင်းပြောရရင် မေလ(၁)ရက်နေ့က တော်တော်စိတ်ဆင်းရဲတယ်။ အနာပေါ် ဒုတ်ကျတယ်ပဲဆိုပါတော့။ ဘယ်သူနဲ့ဖြစ်တာလဲဆို ကိုယ့်ညီမနဲ့ကိုယ်... စိတ်ညစ်လွန်းလို့ စာရေးမယ်ကြံလိုက်သေးတယ်။ နောက်တော့ ကန်ဒီအချစ်ဆုံးမေလရဲ့ ပထမဆုံးပိုစ့်ကို ၀မ်းနည်းစရာတွေနဲ့ အစမချီချင်ဘူး။ အဲ့ဒါနဲ့ပဲ မရေးဖြစ်ခဲ့ဘူး။ 

ကန်ဒီသည်းမခံနိုင်ဆုံးကိစ္စက ကတိမတည်တာနဲ့ အချိန်မလေးစားတာပဲ။ သူကတိမတည်ဘူး။ အဲ့ကိစ္စနဲ့ပက်သက်ပြီး အဲ့နေ့မနက်ကတည်းက စိတ်မကြည်ဘူး။ ပြဿနာက အဲ့ကစတာပဲ။ ဆက်မပြောချင်တော့ဘူး။ မေလ(၂)ရက်နေ့က ကန်ဒီ့မွေးနေ့။ ကိတ်မုန့်တော့ ရပါတယ်။ ရန်ဖြစ်ထားတော့ ၀တ်ကြေတန်းကြေပေါ့။ စိတ်မပါဘဲလည်း ပြုံးတတ်အောင် ကျင့်ထားတယ်...


မွေးနေ့မှာ ကန်ဒီ့ကို အပျော်ကြီးပျော်စေတာက Facebook ပေါ်က မွေးနေ့ဆုတောင်းတွေနဲ့ မွေးနေ့ကဒ်တွေပေါ့။ သူပြောတာလည်း ဟုတ်ပါတယ်။ ကန်ဒီကလက်တွေ့ဘ၀မှာ လူတွေနဲ့ အံဝင်အောင်မနေတတ်တဲ့အတွက် သူငယ်ချင်းမရှိတာ မဆန်းပါဘူး။ ကန်ဒီ့အတွက်တော့ ဒီအွန်လိုင်းပေါ်က သူငယ်ချင်းတွေနဲ့တင် ဒီနှစ်မွေးနေ့က ပြည့်စုံတယ်။ ကန်ဒီရတဲ့ လက်ဆောင်လေးတွေ ကြွားမယ်နော် ဟီးးးး :D

Custom မွေးနေ့ကဒ်လေးတွေ...


ကဗျာနှစ်ပုဒ်လက်ဆောင်ရတယ်။ သူငယ်တန်းတုန်းကခင်တဲ့ သူငယ်ချင်းက ကမ္ဘာအေးဘုရားမှာ ရွှေသင်္ကန်းလှူပေးတယ်။ ကိုယ်မပြောရပါဘဲ ကိုယ့်မွေးနေ့အတွက် အမှတ်တရ အဲ့လိုလေး လှူပေးတဲ့လူလည်း ရှိပါလားဆိုပြီး ပျော်ရတယ် ^_^


ဆွဲကြိုး၊ အရုပ်နဲ့ ဂဏန်း။ ဟုတ်တယ် ဂဏန်း... ကန်ဒီ့သူငယ်ချင်းဆီက ဂဏန်း(၇)ကောင် လက်ဆောင်ရတယ်။ ခုနှစ်ရက်သားသမီးတွေကို ရည်ရွယ်ပါတယ်တဲ့။ ကန်ဒီတို့ ဈေးထဲကနေ၀ယ်သွားပြီး Chinese Garden မှာ သွားလွှတ်ကြတာ။ အဲ့ဒါကတော့ ဒီနှစ်မွေးနေ့ရဲ့ ကန်ဒီအကြိုက်ဆုံး အမှတ်တရပေါ့ ^_^

Hmm... (၂၅)နှစ်တောင် ပြည့်ပြီ။ အသက်တစ်နှစ်ကြီးလာတာနဲ့အတူ အသိဥာဏ်လည်း လိုက်ကြီးပြင်းလာဖို့ လိုသေးတယ်နော်။ သေချာတာကတော့ အသက်(၂၀)အရွယ်တုန်းက အတွေးတွေနဲ့ အခုအတွေးတွေ မတူတော့တာပဲ။ ဒါဆို တိုးတက်လာတာပေါ့ ဟုတ်လား?! အဲ့အချိန်က ပေါ့ပေါ့တွေးပြီး လုပ်ခဲ့တဲ့အမှားတွေကို အခုနောင်တရတတ်နေပြီ။ နောင်တဆိုတော့လည်း နောင်မှရတာပေါ့ (=.=')။ ပြင်လို့ရတဲ့အမှားတွေရှိသလို ပြင်လို့မရတဲ့အမှားတွေလည်း ရှိတယ်။ ခုချိန်မှာ စိတ်ထဲအရှိဆုံးကတော့ မိဘပါပဲ :D :D

Have a Nice Day^^

Tuesday, April 30, 2013

Mom's Birthday

Good Morning~

ဒီနေ့တော့ ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီပဲ လျှောက်ရေးတော့မယ်။ ဧပြီလ (၂၇)ရက်နေ့က အမေ့မွေးနေ့။ သူ့အတွက် Birthday Card လုပ်ပေးဖို့ ကန်ဒီ့ညီမတွေရဲ့ Facebook ကို ၀င်မွှေ၊ ဓာတ်ပုံတွေခိုး... အဲလေ ဓာတ်ပုံတွေယူရတယ်။ ပြီးတော့ Photoshop နဲ့ မွေးနေ့ကဒ်လုပ်... ဒါကန်ဒီလုပ်ထားတဲ့ မွေးနေ့ကဒ်လေးလေ လှလား?? :D :D


ညီမအငယ်ဆုံးပုံကတော့ ကြာလှပြီ။ သူက Facebook မှာ ဓာတ်ပုံအသစ်မတင်တော့ အဟောင်းပဲ ထည့်ထားရတယ်။ ကျန်တာတွေအားလုံးကတော့ Up-to-date ဖြစ်တယ်(:D)။ ကန်ဒီသုံးနေကျ PhotoScape နဲ့ပဲ ဓာတ်ပုံတွေအလွယ်ပြင်ပြင်နေတော့ Photoshop skill က သိပ်မတိုးတက်လာဘူး။ ဓာတ်ပုံနဲ့ပက်သက်ပြီး ဆက်ပြောရရင် Cartoon Camera ဆိုတဲ့ Application ဒေါင်းပြီးရိုက်ထားတဲ့ ဓာတ်ပုံပြမယ် >>>


ဟီးးး... Feature တော့ အရမ်းမစုံဘူး။ အပျင်းတော့ပြေတယ် (:D)။ Line Camera ကိုလည်း ကြိုက်တယ်။ ဒီနောက်ပိုင်း ကန်ဒီ့ပုံတော်တော်များများက အဲ့ဒီ App နဲ့ပြင်တာများတယ်။ ဒီတလော ဘာတွေရှုပ်ဆို... ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းအိမ်မှာ Thingyan Gathering လုပ်ကြတယ်။ ကန်ဒီဟိုရောက်တော့ ကြာဇံကြော်ကြော်နေကြတယ်။ "Thingyan Gathering ဆိုပြီး သင်္ကြန်အစားအစာလည်း မပါဘူး"ဆိုတော့ "အလုပ်ရှုပ်တယ်"တဲ့(=.=')။ သူတို့က သောက်ရရင်ပြီးရော ဆိုတာမျိုးတွေ ဟင်း ဟင်းး... နောက်ဆုံးတော့ ရွှေရင်အေးလေး လုပ်ဖြစ်သွားပါတယ် ^_^


ရန်ကုန်က ကန်ဒီ့အချစ်ဆုံးသူငယ်ချင်း အလည်လာတာနဲ့ သူတို့မိသားစုကိုလည်း တစ်ရက်လိုက်ပို့ရသေးတယ်။ သူ့အမေက ပါတိတ်ဝယ်ချင်တယ်၊ City Hall လိုက်ပို့ပါဆိုတာနဲ့ Peninsula ရောက်သွားတယ်။ ကန်ဒီတောင် အဲ့မှာပါတိတ်တွေ ဈေးပေါတာမသိဘူး ဟဟဟဟ (xD)။ သူငယ်ချင်းကလည်း ညောင်းလို့ဆိုပြီး တစ်ချိန်လုံး ညည်းနေတယ်။ ဒီမှာကလည်း လမ်းအရမ်းလျှောက်ရတာကိုးးး... ရန်ကုန်မှာဆို တနေရာနဲ့တနေရာနီးနီးလေးတောင် ကားလေးနဲ့ သွားနေကြတာမလား။ ကန်ဒီ ဒီရောက်ခါစတုန်းကလည်း ညည်းဖူးတယ်။ ခုတော့ နေသားကျသွားပါပြီ။ ကျေးဇူးရှင်က ဖိနပ်အမြင့်ကြီးလည်း စီးထားသေးတယ်လေ။ အဲ့တော့ပိုဆိုးတာပေါ့ >.<


McDonald စားချင်တယ်ဆိုလို့ လိုက်ကျွေးတယ်။ သူ့အမေပဲ ကျွေးတာပါ။ ကန်ဒီက မှာပေးရုံပဲ(:P)။ အအေးတွေမကုန်လို့ဆိုပြီး အထုပ်ကြီးနဲ့ အအေးဗူးတွေ ထည့်လာသေးတယ်။ လမ်းမှာနားရင်းသောက် ပြီးတော့ သူ့အဒေါ်က အမှိုက်ပုံးမတွေ့လို့ဆိုပြီး ထားခဲ့မယ်လုပ်လို့ "NO!! အန်တီ မရဘူး"ဆိုပြီး ကန်ဒီတစ်ယောက် အမှိုက်အိတ်ဆွဲရလေသည်(=.=')။ စင်္ကာပူလောက် အမှိုက်ပုံးပေါတာ စင်္ကာပူပဲ ရှိတယ်(>.<)။ တို့မြန်မာတွေလည်း ဘယ်တော့များမှ ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ် စည်းကမ်းရှိကြမလဲ မသိဘူး။ အပြစ်ပြောလို့လည်း မရပါဘူး။ ရုပ်ရှင်တွေထဲမှာတောင် နေကြာစေ့ကို လမ်းလျှောက်ရင်းစားပြီး အခွံတွေလမ်းပေါ်ပစ်ပြနေတာမလား =.='

သူတို့ Universal Studio တို့၊ Garden by the Bay တို့ သွားတာကျ မလိုက်ပေးတော့ဘူး။ ကိုယ်ကလည်း ပိုက်ပိုက်မရှိဘူးလေ (xD)။ Mustafa ကို လိုက်ပို့ခိုင်းသေးတယ်။ ကန်ဒီအဲ့ကိုကျ မပို့တတ်ဘူး၊ ကိုယ်တိုင်တောင် တစ်ခါလားပဲ ရောက်ဖူးတာ.. ရောက်တုန်းကလည်း အထဲတောင် မရောက်လိုက်ဘူး (@_@)။ နေရင်းထိုင်ရင်း အစ်မခင်ဦးမေကို သွားသတိရတယ်။ သူက အဲ့နေရာ Expert :D :D


ဒီမှာ ဒန့်ဒလွန်သီး တွေ့ရခဲတယ်လေ။ ဟိုနေ့ကတွေ့တာနဲ့ ၀ယ်လာပြီး ဒန့်ဒလွန်သီးချဉ်ရည်ဟင်းချက်တယ်။ ခရမ်းသီး၊ အာလူးနဲ့ ငါးလည်းထည့်တယ်။ ကိုယ့်ဟာကိုယ်ချက်ပြီး ကိုယ့်ဟာကိုယ်ကျေနပ်နေတယ်။ ကန်ဒီ့လက်ရာ အများကြီးတိုးတက်လာတာပဲ(:P)။ အဲ့ဒါကိုကြွားချင်လို့ပါဆို ကန်ဒီ့ညီမကလည်း အိမ်ပြန်မစား(=.=')... အဲ့ဒါနဲ့ ဓာတ်ပုံလေးနဲ့ပဲ Facebook မှာ ကြွားရတယ်(xD)။ မနေ့က အစ်မတစ်ယောက် Request လုပ်ထားတဲ့ ပိုစ့်တစ်ခုအတွက် ဗွီဒီယိုလုပ်တာ ကင်မရာက Focus မမိဘဲ အားလုံးသဲထဲရေသွန်ဖြစ်သွားလို့ နောက်နေ့မှ ထပ်လုပ်ရမယ်(>.<)။ Request လုပ်ထားတာတွေ များနေတယ်။ ဘာကို ဘယ်လိုလုပ်ရမလဲ မတွေးရသေးဘူး... လာတော့လာမယ်နော် ^_^

ဘာလိုလိုနဲ့ မေလတောင် ရောက်တော့မယ်။ မေလက ကန်ဒီအကြိုက်ဆုံးလပေါ့။ ဘာလို့ဆိုတာတော့ မှန်းကြည့်ရင် သိမှာပါ :D

Good Bye April^^

Thursday, April 25, 2013

Train your Eyelid

မျက်လုံးတစ်ဖက်နဲ့တစ်ဖက် မျက်ရစ်မညီမညာဖြစ်နေတဲ့သူတွေအတွက် မျက်ရစ်ပုံသွင်းတဲ့နည်းလေး ဒီနေ့ပြောပြမယ်နော်။ ကန်ဒီအရင်ကပြောဖူးသလိုပဲ ကန်ဒီ့ညာဖက်မျက်လုံးက Hooded eye အမျိုးအစားထဲမှာ ပါတယ်လေ။ နောက်တစ်ဖက်ကတော့ ပုံမှန်ပဲ။ အဲ့လိုဆိုတော့ Eyeliner ဆွဲတဲ့နေရာမှာ အဓိကပြဿနာတက်တယ်။ မျက်လုံးနှစ်ဖက်ညီအောင် တစ်ဖက်ကိုအမြဲထူထူလေးဆွဲပေးရတယ်။ အခုပြောပြမယ့်နည်းလေးက အရမ်းကြီး မခက်ပါဘူး။ တစ်ခုရှိတာက မျက်ရစ်လုံးဝမရှိတဲ့လူတွေအတွက်ဆိုရင်တော့ ဒီနည်းက အဆင်မပြေလောက်ဘူး။ လိုအပ်တာကတော့... Eyelid Tape :D


 တစ်ထုပ်မှာ အဲ့လိုကဒ်မျိုး ၃ ကဒ်ပါတယ်...

ကန်ဒီ ဒီနေရာမှာ ပြောတဲ့ Eyelid Tape က Double Eyelid Tape မဟုတ်ဘူး။ ဆိုလိုတာက Tape ရဲ့ တစ်ဖက်တည်းမှာပဲ ကော်ပါတယ်။ Eyelid Tape သုံးတဲ့လူတော်တော်များများက Double Eyelid Tape ကို ကြိုက်ကြတယ်။ ကန်ဒီကတော့ အဲ့ဒါသုံးတာအားမပေးဘူး။ အဲ့ဒါက မျက်ခွံနှစ်ဖက်ကိုကော်နဲ့ကပ်ပြီး မျက်ရစ်ဖော်လိုက်တာဆိုတော့ ရေရှည်အတွက်ဆို မကောင်းဘူး။ ကန်ဒီတို့မျက်ခွံတွေက အသက်ကြီးလာတာနဲ့အမျှ တွဲကျလာတတ်ကြတာမဟုတ်လား?? အဲ့လိုလုပ်ခြင်းအားဖြင့် အရွယ်မတိုင်ခင် မျက်ခွံတွဲကျနိုင်ခြေပိုများစေတယ်လို့ ကန်ဒီမြင်တယ်။ ပြောနေတာဘယ်ရောက်သွားပါလိမ့်... အင်း ကော်တစ်ဖက်တည်းမှာပါတဲ့ Eyelid Tape ကို ၀ယ်နော် (Watson မှာ ၀ယ်လို့ရတယ်)


Eyelid Tape ရပြီဆို ကိုယ်ပုံဖော်ချင်တဲ့ ကိုယ်မျက်ရစ်ရှိစေချင်တဲ့နေရာကို Eyelid Tape ရဲ့အပေါ်အနားထိအောင် ကပ်ပေးပါ။ မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်လုံးနှစ်ဖက်ညီနေအောင် အတတ်နိုင်ဆုံးကြိုးစားကပ်နော်။ အဲ့ဒါကို အိမ်မှာနေရင်း ကပ်ထားပေါ့။ မအိပ်ခင်ကပ်လည်းရတယ်။ ဒါပေမယ့် မျက်လုံးဖွင့်ထားတဲ့အချိန်တပ်ထားတာ ပိုကောင်းတယ်။ နောက်နေ့ အပြင်သွားဖို့ ခွာလိုက်ရင် မျက်ရစ်က ကိုယ်ပုံဖော်ထားတဲ့နေရာမှာပဲ ရှိနေတာတွေ့ရလိမ့်မယ်။ ကန်ဒီဆို အဲ့လိုလုပ်ထားရင် တစ်နေကုန်ခံတယ်။ 

BEFORE (Just look at my Right Eye)

AFTER

ဒီနည်းက အဲ့လိုမလုပ်တော့ဘဲ ထားထားရင် အရင်လိုပြန်ဖြစ်သွားလိမ့်မယ်။ ကန်ဒီကြားဖူးတဲ့ နောက်နည်းလမ်းတစ်ခုက ခုနကပြောတဲ့ Double Eyelid Tape သုံးတဲ့နည်းပေါ့။ အဲ့ဒါကို သုံးလလောက် တစ်ချိန်လုံးတပ်ထားပြီး မျက်ရစ်ကို အသေဖြစ်သွားအောင် ပုံဖော်လို့ရတယ်လို့ ကြားဖူးတယ်။ အဲ့နည်းကိုတော့ အားမပေးဘူးနော်...

Stay Beautiful :)