ဘုရားသောက်တော်ရေကပ်သော ကြေးခွက်/ ကြေးပန်းကန်လေးများသည် ဆပ်ပြာနှင့် ဆေးလို့ မပြောင်တာ အားလုံးသိကြမှာပါ။ ဒါဆို ဘယ်လိုဆေးကြမလဲ.. :D....ဘာမှမခက်ပါဘူး.... လူသိများတဲ့ နည်းလမ်းလေးတစ်ခုကို share လုပ်ချင်လို့ပါ ( မသိသေးတဲ့ လူများအတွက်ပေါ့) .. ကန်ဒီနဲ့ တူတူဆေးကြည့်ကြမယ်လေ.. ပြောင်မလားလို့... ^__^
လိုအပ်သော အရာများ
(၁) မန်ကျည်းသီးခြောက်
(၂) သံပရာသီး (optional)
(၃) ရေနွေး
ဆေးကြောပုံ အဆင့်ဆင့်

မန်ကျည်းသီးကို ရေနွေးဖြင့် စိမ်ပါ။ မန်ကျည်းသီး ရေနွေးထဲတွင် ပျော်သွားပါက မိမိဆေးလိုသော ကြေးခွက်ကို ထိုမန်ကျည်းရည်ထဲတွင် စိမ်ထားပါ။ ၁ နာရီလောက် စိမ်ပြီးလျှင် မန်ကျည်းနှစ်ဖြင့် ကြေးခွက်ကို ဆေးပါ။ သိသိသာသာ ကြေးခွက်အရောင်ထွက်လာသည်ကို တွေ့ရမည်။ ပိုမိုတောက်ပြောင်လိုပါက သံပရာသီး ထည့်နိုင်ပါသည်။ အလွန်လွယ်ကူသော နည်းလေးမို့ စမ်းကြည့်ကြပါလို့... :D
မှတ်ချက်။ ။ မန်ကျည်းရည်ထဲကို သံပရာရည်ညှစ်ပြီးမှဆေးရင် ပိုထိရောက်ပါတယ်။

2 comments:
အမ်းးမချိုမချဉ်..ပန်းကန်ေ၇ာ ဆေးဖူးတာကျနေတာပဲ အိမ်မှာ စားပြီးထားခဲ့မှာ သေချာတယ်ဟဟဟ
ဟီးဟီး... အဲ့လောက်အမှန်တရားတွေနဲ့ သိက္ခာမချပါနဲ့... :P
Post a Comment