Monday, May 24, 2010

ကန်ဒီ နှင့် 'သွား'ကျန်းမာရေး

ကန်ဒီအကြောက်ဆုံးလူတွေထဲမှာ သွားဆရာဝန်တွေက ထိပ်ဆုံးကပါ.... ဖြစ်ပုံကဒီလိုပါ... ကန်ဒီငယ်ငယ်တုန်းက သွားနုတ်ဖို့ သွားဆေးခန်းသွားပြတော့ ဆရာဝန်က နဲ့နေတဲ့ သွားမို့ ထုံဆေးလည်းမပေးဘဲ ပလာရာလိုသူတို့ ကိရိယာကြီးနဲ့ နုတ်တာကို ကြောက်ပြီး ခုချိန်ထိ မျက်စိထဲကကို မထွက်သေးဘူး..... :(.. အဲ့ဒီအချိန်ကစပြီး သွားဆေးခန်းသွားရမှာ ကြောက်တဲ့ရောဂါ စတာပါပဲ....

အဲ့လိုကြောက်တဲ့လူကိုမှ ဖြစ်လိုက်ရင်သွားရောဂါက ထိပ်ဆုံးကပါ..... ပထမဆုံး သွားနဲ့ပက်သက်ပြီး ဆိုးဆိုးရွားရွားစဖြစ်တာက ကျောက်ဖြစ်ပြီး သွားဖုံးတွေရောင်တာပါ.....သွားဖုံးတွေက အရမ်းရောင်ပြီး သွားနဲ့ သွားဖုံးက မကပ်ဘဲ ဖြစ်သွားတာပါ.....နည်းနည်းပါးပါးကျောက်ဆို ခြစ်လိုက်ရင် သွားဖုံးကပြန်ကပ်သွားပြီး အဆင်ပြေသွားမှာပါ.... ဒါပေမယ့် သွားဆေးခန်းကို ကြောက်တဲ့ ကန်ဒီ့အတွက်ကတော့ ကြီးကြီးကျယ်ကျယ်ကို ဖြစ်သွားတာပါ..... ကျောက်ခြစ်ပြီးတာတောင် သွားဖုံးကသွားနဲ့ မကပ်တော့ဘူးလေ... သွားဖုံးက fiber တွေကထူပြီး ပြန်မကပ်နိုင်ဖြစ်နေပြီ..... အဲဒါနဲ့ သွားဆရာဝန်က minor surgery လုပ်ရမယ်တဲ့.... fiber တက်နေတဲ့သွားဖုံးတွေကို ထုံဆေးပေးပြီး လှီးထုတ်ရပါတယ်.... ပထမဆုံး ခွဲစိတ်မှုပါ..... အဲဒီအချိန်ကစပြီး ကန်ဒီသွားဆေးခန်း တစ်နှစ်တစ်ခါတော့ အမြဲသွားပါတယ်..... မသွားလို့ ခံစားရတာက ပိုဆိုးလို့လေ..... :(

နောက်တစ်ကြိမ်ကတော့ ခုနကထက်ပိုဆိုးပါတယ်... ခုနကခွဲစိတ်မှုက သွားဆေးခန်းမှာပဲ လုပ်တာပါ... ဒီတခေါက်က ဆေးရုံပါ (၃)ရက်တက်လိုက်ရပါတယ်.... အကြောင်းကတော့ ကန်ဒီ့ရဲ့အောက်အံဆုံးသွား (၂)ချောင်းက စောင်းပေါက်နေလို့ပါ.... အဲ့ဒါနဲ့ ဆရာဝန်က တစ်ခါတည်း အပေါ်အံဆုံးသွားပါ နုတ်ဆိုလို့ အံဆုံးသွား (၄)ချောင်းကို နုတ်ရတော့တာပါပဲ... အံသွားအမြစ်တွေက အာရုံကြောနဲ့ မလွတ်လို့ဆိုပြီး မေ့ဆေးနဲ့ နုတ်ရလို့ ဆေးရုံ (၃) ရက်တက်လိုက်ရတာပါ.... အဲဒီ့ ဆေးရုံမတက်ခင် အချိန်အထိ ကန်ဒီဆေးတခါမှ မထိုးဖူးပါဘူး.... ဆေးရုံတက်မှ ထိုးလိုက်ရတဲ့ ဆေးတွေဆိုတာ အီစိမ့်နေတာပဲ... antibiotics တွေထိုးရင် ပိုဆိုးတယ်..... တဆစ်ဆစ်နဲ့ လက်မောင်းပေါ်တက်လာတာ.... တော်တော်ခံစားလိုက်ရပါတယ်.... :(

ဒီ post လေးကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကန်ဒီ့လိုကျောက်မခြစ်လို့ သွားဖုံးကfiberတွေထူပြီး ခွဲစိတ်ရတဲ့အထိ မဖြစ်အောင် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွားဆေးခန်းကို တစ်နှစ်တစ်ကြိမ် (သို့) တစ်နှစ်ခွဲတစ်ကြိမ်တော့ ပုံမှန်သွားကြပါလို့.... နောက်ပြီး သွားကြားသန့်ရှင်းရေးလုပ်တဲ့ tape လေးတွေလည်း (၃)ရက်ခြားတစ်ခါဖြစ်ဖြစ် တစ်ပတ်တစ်ခါဖြစ်ဖြစ် သုံးကြပါလို့ တိုက်တွန်းချင်လို့ပါ.... (သွားကြားထဲမှာ သွားတိုက်လို့မစင်တဲ့ အညစ်အကြေးတွေ ကျန်နေနိုင်လို့ပါ... သွားကျောက်ဖြစ်စေတဲ့ အစပေါ့..)
Good luck... ^_^

3 comments:

thaw zin soe said...

သွားကျန်းမာရေး ချူချာတဲ့အကြောင်းလေးဖတ်သွားပါတယ်ဗျာ. သွားဆေးခန်းက ပလာရာကြီးကို ကြောက်နေရင်လည်း သံယောဇဉ်ထားမနေနဲ့ အားလုံးရိုက်ချိုးပြီး အသစ်ပြောင်း စိုက်ပလိုက်.. ကျွန်တော်ကတော့ ဒီတစ်သက် သွားဆေးခန်းကိုမသွားတော့ဘူးလို့ ဆုံးဖြတ်ထားတယ် သွားနှုတ်ပြီးရင် metronidazole ဆေးပေးမှာစိုးလို့... :P :D
လေးစားလျက်...

ဂျေဂျူဝိုင် said...

အင်း မှတ်ထားပါ့မယ်ဗျာ။ သွားမကောင်းလို့ သွားကျန်းမာရေး လာဖတ်တာ။ ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ။

emodoll said...

ကိုသော်ဇင် သွားဆေးခန်းက တစ်သက်လုံးမသွားပဲနေလို့ရလို့လား... ရိုက်တော့ မချိုးပါရစေနဲ့ ကြောက်စရာကြီး... >.<