မျက်စိနာလို့ပဲဖြစ်ဖြစ်၊ မျက်ကပ်မှန်သုံးလို့ပဲဖြစ်ဖြစ် eye drop အသုံးပြုသူများ သိထားသင့်တဲ့အချက်လေးပါ။ eye drop များသည် မိမိဗူးကိုစဖွင့်သည့်နေ့မှ၍ ၁လ ပဲခံပါသည်။ ၁လထက်ပို၍ မသုံးသင့်ပါ။ အသုံးပြုသူများ မှားတတ်သည့်အချက်မှာ eye drop ဗူးတွင်ပါသည့် expire date ဖြစ်ပါသည်။ ၎င်းexpire date သည် ဗူးကို မဖွင့်လျှင် ထိုeye dropသည် ထိုdateအထိ ခံသည်ဟု ရည်ညွှန်းပါသည်။ ဗူးကို စဖွင့်လိုက်ပါက ထိုဖွင့်သည့်နေ့မှ စ၍ ၁လတိတိသည် ထို eye drop ၏ expire date ဖြစ်ပါသည်။ eye drop ဆေးဗူးများတွင်လည်းရေးထားပါသည်။ သို့သော် များသောအားဖြင့် သတိမထားမိကြပါ။ တချို့က မျက်စိနာစဉ် ၀ယ်ထားသော eye drop မကုန်လျှင် နောက်တစ်ကြိမ်ဖြစ်လျှင် သုံးမည်ဆိုသော ရည်ရွယ်ချက်ဖြင့် သိမ်းထားတတ်ကြသည်။ ထိုကဲ့သို့သုံး၍ မရခြင်းကို သိစေချင်ပါသည်။(၂) Sleeping pill (အိပ်ဆေးများ)
အိပ်မပျော်၍ အိပ်ဆေးသောက်မည်ဆိုလျှင် သောက်ပါ။ သို့သော် သိထားသင့်သည်မှာ နေ့စဉ်ရက်ဆက်အိပ်မပျော်၍ အိပ်ဆေးကို ရက်ဆက်သောက်မည်ဆိုလျှင်တော့ ဆေးယဉ်ခြင်းဖြစ်နိုင်ပါသည်။ မူလ ၁ လုံးသောက်ရလျှင် နောက် ၂ လုံးသောက်မှ အိပ်ပျော်တော့မည်။ လူရဲ့ ဦးနှောက်က အလွန်ထူးဆန်းပါသည်။ တခုခုကို ပုံမှန်ရနေလျှင် နောက်အဲဒါရမှ အလုပ်လုပ်တော့မည်။ ဆေးလိပ်၊ အရက်စွဲခြင်းသည်လည်း ထိုနည်းတူပင်။ သို့သော် အိပ်ဆေးကတော့ ဆေးလိပ်လိုစွဲခြင်းမဟုတ်ပါ။ ဆေးယဉ်ခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် အိပ်ဆေးကို ရက်ဆက် (၂)ပတ် ထက်ပို၍ မသောက်သုံးသင့်ပါ။(၃) Shake the bottle before use
အရည်ပုံစံလာသောဆေးများကို သောက်တော့မည်ဆိုလျှင် ထိုအချက်ကို ဂရုစိုက်ပြီး ဖတ်စေချင်ပါသည်။ တကယ်လို့ မလှုပ်မိလျှင် ထိရောက်သောအာနိသင်ကို ရနိုင်မှာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တချို့ပါဝင်ပစ္စည်းများသည် ရေထဲတွင်မပျော်ဝင်နိုင်သောကြောင့် ဖြစ်သည်။ ထိုကြောင့် ၎င်းတို့သည် ပုလင်းကိုကြာကြာထောင်ထားသည်နှင့်အမျှ အနည်ထိုင်နေပါသည်။ မလှုပ်မိပါက အာနိသင်ရှိသောအရာက မပါဘဲ ရေများသာသောက်နေသလိုဖြစ်နေခြင်းကြောင့် ထိရောက်မှုမရှိနိုင်ပါ။(၄) Antacids (အစာအိမ်ဆေးများ)
အစာအိမ်ဆေးများကို ၀ါးပြီးမှ မျိုချသင့်ပါသည်။ ထိုမှသာ မြန်မြန်ဆေး၏ အကျိုးကိုရမှာဖြစ်ပါသည်။ ဒီတိုင်းမျိုချပါက သူ့အာနိသင်ရဖို့ အချိန်ကြာသည့်အပြင် ထိရောက်မှုသိပ်မရှိနိုင်ပါ။ ဆေးတစ်ခုကိုသောက်ပြီးလျှင် ထိုဆေးအရင်ဆုံးရောက်သောနေရာမှာ အစာအိမ်ဖြစ်ပါသည်။ တခြားဆေးများကို အစာအိမ်က ခန္ဓာကိုယ်ထဲရောက်အောင် ချေဖျက်ပေးပါသည်။ သို့သော် အစာအိမ်ဆေးလိုဆေးမျိုးကျတော့ ဆေးရဲ့အာနိသင်က သူ့ပေါ်တွင် သက်ရောက်ရမည်၊ သူကိုယ်တိုင်ကလည်း ချေဖျက်ရဦးမည်ဆိုလျှင် ဆေးအာနိသင်သက်ရောက်မှုလည်း ကြာမည်၊ အာနိသင် ကောင်းကောင်းလည်းမရနိုင်ပါ။ ၀ါးလိုက်သည့်ရည်ရွယ်ချက်မှာ အစာအိမ်အစား ဆေးအချို့ကို ချေဖျက်ပေးလိုက်သည့် သဘောပင်ဖြစ်သည်။Good Luck.... ^_^