~~~ Honey ... နေ့တိုင်းတွေ့ချင်တာ မင်းရဲ့မျက်နှာလေး...
နေ့တိုင်းကြားချင်တာ မင်းရဲ့အသံလေး..... Honey.. အိုး....~~~.. :P
Food court သွားရင် ကန်ဒီအမြဲသောက်ဖြစ်တဲ့ juice က HoneyLemon ပါ။ ဒါပေမယ့် ကန်ဒီက အိမ်မှာပဲ ချက်စားဖြစ်တာများတော့ ကန်ဒီအရမ်းကြိုက်တဲ့ juice ကို အိမ်မှာပဲ ကိုယ်ဟာကိုယ်ဖျော်သောက်မယ်၊ ဘာခက်တာမှတ်လို့ဆိုပြီး ဟိုနေ့ကဈေးသွားတော့ ပျားရည်တစ်ဗူးနဲ့ Lemon ၀ယ်ခဲ့ပါတယ်။ ပျားရည် နဲ့ Lemon ကိုပဲ အဆင်ပြေသလိုထည့်ပြီး သောက်ကြည့်တာ မဆိုးဘူးပဲ၊ ဆိုင်ကအရသာအတိုင်းပဲ။ ကျန်းမာရေးနဲ့လည်းအရမ်းသင့်တော်တယ်လေ။
HoneyLemon juice ကို ၀ိတ်ချတဲ့ ဆေးအဖြစ်ခုချိန်မှာ အသုံးပြုနေကြပါပြီ။ အချိုအရမ်းစားရင် ၀ိတ်တက်တယ်ဆိုတာမှန်ပါတယ်။ အချိုကြောင့် ၀ိတ်တက်ရခြင်းအကြောင်းကတော့ သကြားကို ခန္ဓာကိုယ်ကချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ Vitaminနဲ့ mineral တွေကို အသုံးပြုရပါတယ်။ ထို Vitaminနဲ့ mineral တွေဟာ ခန္ဓာကိုယ်တွင်းရှိအဆီနှင့် cholesterol ကိုချေဖျက်ဖို့အတွက် အလွန်အရေးပါလှပါတယ်။ ပျားရည် မှာပါတဲ့ အချိုဟာသဘာဝအချို ဖြစ်တဲ့အပြင် သန့်စင်ပြီးသကြားမှာပါတဲ့ အချိုနဲ့မတူဘဲ Vitaminနဲ့ mineral တွေအများအပြားပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို energy အဖြစ်အသုံးပြုဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။ ပျားရည်ရဲ့ nutritional facts ကိုကြည့်မယ်ဆိုရင် Cholesterol နဲ့ fatလည်းလုံးဝမပါဝင်ပါဘူး။ ဒါကြောင့်ကျန်းမာရေးအတွက်သင့်တော်တဲ့ အချိုမျိုးပါ။
တစ်မျိုးချင်းဆီရဲ့အကျိုးတွေကတော့...
ပျားရည်
(၁) အနာကျက်မြန်စေခြင်း
(၂) ရောင်ရမ်းခြင်းနှင့် အမာရွတ်ထင်ကျန်ခြင်းများကို သက်သာစေခြင်း
(၃) အစာကြေလွယ်ခြင်း
Lemon
(၁) အစာကြေလွယ်ခြင်း
(၂) ၀မ်းချုပ်ခြင်းမှ ကာကွယ်ခြင်း
(၃) သွေးသန့်စေခြင်း
(၄) ခုခံအားမြင့်မားစေခြင်း
ပြုလုပ်ပုံ
ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း (သို့) ၂ဇွန်းခွဲခန့်ကို ခွက်ထဲထည့်ပြီး ရေနွေး အနည်းငယ်ထည့်ပါတယ်။ ပွက်ပွက်ဆူနေသောရေနွေးမထည့်ပါဘူး။ နွေးရုံလေးဆိုရပါပြီ။ ပျားရည်မှာရှိတဲ့ အာနိသင်တွေပျက်သွားမှာစိုးလို့ပါ။ ပျားရည်နည်းနည်းပျော်သွားပြီဆိုရင် ရေအေးနည်းနည်းထည့်ပါတယ်။ ပြီးရင် lemon နည်းနည်းကို ညှစ်ထည့်ပါတယ်။ lemon ကိုရေအေးထည့်ပြီးမှ ထည့်ရတာကလည်း သူ့အာနိသင်ပျက်သွားမှာ စိုးလို့ပါ။ ကဲ.. ဒါဆို HoneyLemon juice ရပြီပေါ့။ အချိုကဲမလား၊ အချဉ်ကဲမလားဆိုတာကတော့ ကိုယ့်ခံတွင်းပေါ်ပဲ မူတည်ပါတယ်။ ကျန်းမာရေးအတွက်တကယ့်လမ်းညွန်ကတော့Lemon များများ ပျားရည်နည်းနည်းပါတဲ့။