Sunday, January 16, 2011

Sunscreen



နေရောင်ခြည်မှာပါဝင်တဲ့ UVA နဲ့ UVB (Ultraviolet)ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့အဓိကအကြောင်းအရင်းပါ။ UVB ကြောင့် နေလောင်ဒဏ်ကို ဖြစ်စေနိုင်ပြီး၊ UVA ကတော့ ထိတွေ့မှုများလာသည်နှင့် အမျှ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ သိပ္ပံပညာရှင်များရဲ့လေ့လာတွေ့ရှိချက်အရ အရေပြားတွန့်ခြင်းရဲ့ ၉၀% ဟာ UVA နှင့် ထိတွေ့မှုကြောင့်ဟု ဆိုပါတယ်။ ဒါကြောင့်ပဲ sunscreen/sunblock တွေပေါ်ပေါက်လာခြင်းပါ။ sunscreen လိမ်းခြင်းဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ Chemical absorbers နဲ့ Physical reflectors ဆိုပြီး အဓိကအားဖြင့် sunscreen အမျိုးအစား (၂)မျိုးရှိပါတယ်။ Chemical absorbers ဆိုတာကတော့ Chemical reaction ဖြစ်ပြီး UV ray ကိုစုပ်ယူတာပါ။ Physical reflectors ကတော့ ကြားခံအနေနဲ့ ထိတွေ့လာတဲ့ UV rayကို အဝေးကို ပြန်စေခြင်းအားဖြင့် တားဆီးပေးပါတယ်။ sunscreen တော်တော်များများမှာပါဝင်တဲ့ အမယ်ပစ္စည်းတွေဟာ ဒီလုပ်ငန်းနှစ်ခုကို အခြေခံပြီး ပါဝင်ဖွဲ့စည်းထားတာပါ။

sunscreen တော်တော်များများရဲ့အားနည်းချက်က လိမ်းပြီးရင် အဆီပြန်တဲ့ပုံစံဖြစ်သွားခြင်းပါ။ အဲဒါကြောင့်ပဲ လူတော်တော်များများက sunscreen လိမ်းရမှာ သေမလောက်ကြောက်တတ်ကြတယ်လေ။ ကန်ဒီ အပါအ၀င်ပေါ့။ နောက်တစ်ချက်က suncreen ကိုမလိုအပ်ဘူးလို့ထင်ခြင်းပါ။ ကန်ဒီလည်းအရင်က မလိမ်းဖြစ်ပါဘူး။ လိုအပ်မှန်းသိပေမယ့် အဆီပြန်တဲ့ပုံဖြစ်သွားတာကို ဘယ်လိုမှ မကြိုက်လို့ မလိမ်းဖြစ်ပါဘူး။ ဒါပေမယ့် ၀မ်းသာစရာသတင်းကတော့ ကန်ဒီအဆီအရမ်းမပြန်တဲ့ suncreen ကို ရှာတွေ့သွားလို့ပါ။ အဲဒါကြောင့်ပဲ အားလုံးကိုလည်းပြောပြချင်လို့ ဒီpost လေးရေးဖြစ်တာပါ။ အမှန်တော့ facial sunscreen/ body sunscreen ဆိုပြီးသီးခြားမရှိပါဘူး။ ကန်ဒီသုံးတဲ့ပုံစံလေးအတိုင်းရေးထားတာပါ။ Neutrogena ကအဆီမပြန်တော့ မျက်နှာမှာလိမ်းတယ်။ Natio က အဆီနည်းနည်းပိုပြန်တော့ လက်တွေ၊ ခြေထောက်တွေမှာလိမ်းတယ်.... ^_~

Facial sunscreen





Neutrogena UltraSheer dry touch sunblock ကို drugstore တွေမှာရနိုင်ပါတယ်။ Singapore မှာဆို Watson လို drugstore မှာရနိုင်ပါတယ်။ ပါဝင်တဲ့ SPF number အလိုက် ဈေးကကွာခြားသွားပါတယ်။ ကန်ဒီဝယ်တုန်းက SPF 30ကို S$16.75 ပေးရပါတယ်။ SPF 30 မှ 100 အထိရနိုင်ပါတယ်။ suncreen တော်တော်များများရဲ့ ထုံးစံအတိုင်း စစလိမ်းခြင်းတော့ အဆီပြန်သလိုပုံစံဖြစ်သွားပါတယ်။ ဒါပေမယ့် (၁)မိနစ်လောက်ကြာတာနဲ့ အဆီပြန်သလိုလုံးဝမဖြစ်တော့ပဲ သူ့ဟာသူခြောက်သွားပါတယ်။ မျက်နှာကချောသွားပြီး makeup primer အနေနဲ့လည်းလုပ်ဆောင်ပေးပါတယ်။ ထိရောက်မှုရှိအောင် အပြင်မသွားခင် (၃၀)မိနစ်လောက်ကြိုလိမ်းရပါတယ်။ တချို့ sunscreen တွေ့လွဲရင် sunscreen တိုင်းလိုလိုကြိုလိမ်းရတာပါ။ မျက်နှာအဆီပြန်မှာကြောက်လို့ sunscreen လိမ်းရမှာကြောက်နေသူတွေအတွက်တော့ အရမ်းကောင်းတဲ့ sunblock ပါ။

Body sunscreen

NATIO sunscreen ကိုတော့ လက်တွေ ခြေထောက်တွေမှာလိမ်းပါတယ်။ Neurtrogena နဲ့ယှဉ်ရင် အဆီပိုပြန်ပေမယ့် တခြားsunscreen တွေနဲ့ယှဉ်ရင်တော့ သိပ်အဆီမပြန်ပါဘူး။ ဈေးကတော့S$17 ပါ။ Sasa က၀ယ်တာပါ။ Neutrogena ထက် size နည်းနည်းပိုကြီးပါတယ်။

Sunscreen for very sensitive, allergic skin




ကန်ဒီ့ညီမမှာ allergy ရှိပါတယ်။ သူက နေရောင်နဲ့ ထိလို့ မရသလို sunscreen တော်တော်များများမှာပါတဲ့ "oxybenzone" ဆိုတဲ့ chemical ပစ္စည်းနဲ့ လုံးဝမတည့်ပါဘူး။ တနည်းအားဖြင့် Chemical absorbers နဲ့ မတည့်တာပါ။ အဲတော့ သူဟာနေရောင်နဲ့ မတည့်လို့ sunblock လိမ်းကိုလိမ်းရမယ်။ ဒါပေမယ့် တွေ့ရာပုံမှန် sunblockလည်းလိမ်းလို့ မရဘူး။ တော်တော်ဆိုးလှပါတယ်။ သူလိမ်းတဲ့ Physical sunblockကို သူ့လိုဖြစ်တဲ့ သူတွေ၊ ဒါမှမဟုတ် အရမ်း sensitive ဖြစ်တဲ့သူတွေအတွက် အထောက်အကူဖြစ်အောင် ကန်ဒီထည့်ပေးလိုက်ပါတယ်။ ပုံမှန်sunscreen တွေထက် ဈေးတော်တော်ကြီးပါတယ်။ ကန်ဒီလည်းဈေးအတိအကျ မသိလို့ထည့်မပေးတော့ဘူးနော်။

P.S: မိန်းကလေးမှ sunscreen လိမ်းဖို့လိုအပ်တာမဟုတ်ပါဘူး... ယောက်ျားလေးလည်း လိုအပ်ပါတယ်... ကန်ဒီ့ညီမလေးကိုကြည့်ပြီး နေရောင်ကိုကြောက်နေမိတာတော့ အမှန်ပါ.....

1 comment:

သော်ဇင်စိုး said...

စယ်ခယ်ရင် လိမ်းမှ ဖြစ်တော့မယ်ထင်တယ်.. ဟီးဟီး.. သေချာတောင်ရေးထားတာပဲ ခုမှ ဖတ်မိတယ်.. အဲဒီလိုတွေ တစ်ခါမှ မလိမ်းဖူးဘူး.. စမ်းလိမ်းကြည့်မှထင်တယ်.. အခြောက်နဲ့တော့ မတူသွားလောက်ပါဘူးနော်..
တူသွားရင်လည်း ချွော်လဲရောထိုင် လုပ်လိုက်ယုံပေါ့.. ဟီးဟီး.. :D