လူအများစု ရောထွေးနေတတ်သည့် လေးဘက်နာရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။ ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံအကြောင်းတရားချင်း လုံးဝတူညီမှုမရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။
လေးဘက်နာရောဂါ (Rheumatic fever)

ဂေါက်ရောဂါ (Gout)



နိဂုံးချုပ်အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်းတူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံအကြောင်းအရင်းခြင်းမတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာအနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစားရှောင်ခြင်းသည် ကုသမှုအတွက် များစွာအထောက်အကူ ဖြစ်ပါသည်။
My History

ကန်ဒီ့မှာလေးဘက်နာရောဂါရှိပါတယ်.. ငယ်ငယ်က လည်ချောင်းခဏခဏနာရာကနေ ဆက်ဖြစ်တာပါ.. ငယ်ငယ်တုန်းကတော့ ကန်ဒီ့ကိုကုတဲ့ ဆရာဝန်က လည်ချောင်းခဏခဏနာလို့ လေးဘက်နာဖြစ်မှာစိုးလို့ ဆိုပြီး antibiotics ကို ကာကွယ်တဲ့အနေနဲ့ (၂)နှစ်သောက်ခိုင်းခဲ့ပါတယ်.. ဒါပေမယ့် ဟိုတလောက ကန်ဒီ သွားနှုတ်တော့ သွေးစစ်ရတယ်လေ (ဆေးရုံတက်ပြီးနှုတ်လိုက်ရတာပါ အံဆုံးက ကန့်လန့်ဖြစ်နေလို့)... အဲတုန်းကတည်းက ကန်ဒီ့ဆေး result မှာ ASO များနေတာတွေ့တယ်... ဒါပေမယ့် ဆရာဝန်ကလည်း သွားဆရာဝန်ဆိုတော့ ဘာမှမပြောဘူး... ကန်ဒီလည်းဒီတိုင်းပဲနေလိုက်တာပေါ့... ပြီးခဲ့တဲ့ အခေါက်ရန်ကုန်ပြန်တော့မှ ဆေးခန်းပြမှဖြစ်မယ်လို့ ကိုယ့်ကိုကိုယ် သိလိုက်တယ်... ကိုယ်လက်တွေကလည်း အရမ်းကိုက်လာတော့.. ဆေးခန်းပြတော့ ဆရာဝန်ကလေးဘက်နာဆိုတော့ antibiotics ကို (၁)နှစ် ထပ် ON လိုက်တယ်..
ကန်ဒီ ဒီpost လေးရေးဖြစ်တဲ့ ဇာတ်လမ်းကတော့ စပါပြီ.. ကန်ဒီ့အမေရော အဖေရောက ကန်ဒီလေးဘက်နာရှိတယ်လည်းဖြစ်ရော အစားရှောင်တို့ ဘာတို့ပြောပါလေရော... သူတို့ကို ကန်ဒီပြောပါတယ်.. သမီးကဂေါက်ဖြစ်တာ မဟုတ်ဘူးလို့.... မရပါ... ကန်ဒီလူကြီးတွေရဲ့ စေတနာကို နားမလည်လို့ မဟုတ်ပါဘူး.... အဆိုးဆုံးကတော့ ကန်ဒီချဉ်ပေါင်ကြော်အရမ်းကြိုက်ပါတယ်... မျှစ်နဲ့ကြော်မှ ကြိုက်တာပါ... လေးဘက်နာဖြစ်တာသိပြီးပြီးခြင်း ကန်ဒီ့ကိုချဉ်ပေါင်ကြော်ထည့်ပေးရင် မျှစ်မပါပါဘူး... :(... အဲဒါကတော့ ဒီpostလေးရေးဖြစ်ခြင်းရဲ့ ရာဇ၀င်ပါပဲ... ဒါပေမယ့် တော်ပါသေးတယ်.. ဒီတလောတော့ မျှစ်ပြန်ထည့်ကြော်ပေးတယ်.. သူတို့မေ့သွားလို့ ထင်တယ်.. ဟီးဟီး.. xD
8 comments:
ညီမလေးရေ...ခုမှ ဖတ်ဖြစ်တာပါ...မမီးငယ်လို့ခေါ်ပါတယ်...အမ ASO က 600 ကျော်တယ်..ဆေးသောက်၊ ဆေးထိုးတောင် မပျောက်ဘူး ပြန်စစ်တော့လည်းဒီလောက်ပဲ ဘာလုပ်သင့်လည်းပြောပြပေးနိုင်မလား
မမမီးငယ်ရေ...
အရမ်းဆိုးရွားနေရင် သောက်ဆေးက သိပ်မထိရောက်တတ်ဘူး မမ.. အစာအိမ်က ဖျက်ဆီးပစ်တတ်လို့ပါ...
ဆေးထိုးတာရော ဘယ်လောက်ကြာပြီလဲ မသိဘူး... နောက်ပြီး ၃ပတ်တစ်ကြိမ်ထိုးတာလား? နောက်ပြီး LONG ACTING penicillin ထိုးတာလား?
ကန်ဒီ သိသလောက် ပြောပြရရင်လေ.. လေးဘက်နာလိုမျိုးက ဆေးကို နှစ်နဲ့ချီသောက်ရတာ မမ... မမဘယ်လောက်ကြာကြာသောက်ပြီး ပြန်စစ်တာလဲမသိဘူးနော်...
ညီမအထင်တော့ မမပြတဲ့ ဆရာဝန်နဲ့ ပြန်ဆွေးနွေးသင့်တယ် ထင်တယ်..
စိတ်မကောင်းဘူး မမရယ်..
ကန်ဒီမကူညီနိုင်တာ.. :(
လေးဘက်နာ ရောဂါက ခြေထောက် တစ်ဖက်ထဲမှာပဲ ဖြစ်နိုင်သလားဗျာ။ ကျွန်တော့် ခြေထောက် တစ်ဖက်က ပေါင်ဆစ်၊ ဒူးဆစ်နဲ့ ခြေချင်းဝတ် နေရာမှာ ကိုက် နေတယ်။
me too.
ဂေါက်ရောဂါနဲ့ပတ်သတ်တဲ့ကုသမှုလေးများရှိရင်တင်ပေးစေချင်ပါတယ်ရှင်
good
လေးဘက်နာ က ဆေးဆွဲသောက်ရင် ပျောက်ပါသလား
ASO 400 ရှိနေလို့ Pen V ကို သမားတော်က 5 နီစ်သောက်ခိုင်းပါတယ်
သိချင်တာက ကုသလို့ ပျောက်နိုင်လား တစ်သက်လုံး သောက်ရမှာလား
ဒါ့အပြင် အစားအတူစား အိပ်ရင် မိသားစညဝင်တွေကို ကူးစက်နိုင်သလားသိချင်ပါတယ်
ကန်ဒီ့ဆရာဝန်ပြောတာအရဆို Penicillin ကို နှစ်ရှည်သောက်ခိုင်းတာက နှလုံးမထိခိုက်အောင် ကာကွယ်တာတဲ့... ကန်ဒီကိုယ်တိုင်လည်း Pen V ကို (၂)နှစ်သောက်ခဲ့ရတယ်။ ငယ်ငယ်ကပေါ့။ ASO ကလည်း များသေးတယ်။ ဒါပေမယ့် ဘာမှမခံစားရဘူးဆိုတော့ ဒီတိုင်းပဲနေလိုက်တယ်။ လေးဘက်နာရောဂါက အတူနေ အတူစားနဲ့တော့ မကူးစက်တတ်ပါဘူး။
Post a Comment