Wednesday, May 18, 2011

ဘာမှန်းမသိသော....

ကန်ဒီပြောသမျှကို ဇာတ်လမ်းလေးတစ်ပုဒ်လို နားထောင်ပေးပါ... တကယ်ဖြစ်နေတာပါ.. ဒါပေမယ့် ဘာမှန်းမသိပါ.. ဘယ်လိုဆုံးမလဲဆိုတာလဲ မသိပါ... ဘာမှန်းမသိလွန်းလို့ ခံပြင်းလွန်းလို့ ရေးမိတာပါ... ကန်ဒီ့ရဲ့ ပင်ကိုစရိုက်က ဥပက္ခာပြုတတ်တဲ့လူမျိုးပါ... မဆိုင်တာဝင်မပါတတ်သလို မစပ်စုတတ်ပါဘူး.... ဒီကိစ္စဖြစ်နေတာက ဥပက္ခာပြုလို့မရတဲ့ လူတစ်ယောက်မှာပါ...

ဇာတ်လမ်းကတော့.....

ကောင်မလေးတစ်ယောက်ရှိပါတယ်... သူနာမည်က "သဇင်" ပဲထားပါတော့... သဇင်ဆိုတဲ့ကောင်မလေးက သူတပါးကိုအရမ်းကူညီတတ်တယ်.. ပေါင်းသင်းဆက်ဆံရေးကောင်းတယ်... အရမ်းသည်းခံနိုင်တယ်... သူပင်ပန်းနေရင်တောင် သူများအတွက် လုပ်ပေးတတ်တယ်... အဲလိုကောင်မလေးမျိုးပါ.. ဒါပေမယ့် စိတ်ကြီးတယ်.. သူစိတ်အရမ်းတိုပြီဆို တခြားသူတွေထက်ကြောက်ဖို့ကောင်းတယ်...

အဲဒီ သဇင် ဆိုတဲ့ကောင်မလေးက နောက်ကောင်မလေးတစ်ယောက် "ဆုမွန်" ပဲထားပါတော့.. အဲ့ ဆုမွန်နဲ့ ကြိုက်တယ်... ကြိုက်တယ်ဆိုတာလူသိရှင်ကြားမဟုတ်ဘူး.. ဒါပေမယ့် သူတို့နေပုံ၊ ထိုင်ပုံ၊ ပြောပုံဆိုပုံကို ကြည့်ပြီး သူငယ်ချင်းတွေအားလုံးသိတယ်.. မပြောတာပဲရှိတယ်.. ကန်ဒီလည်းအမှတ်တမဲ့ သိသွားတယ် .. ဒါပေမယ့် ဘာမှမပြောပါဘူး... အဲ့လိုဖြစ်နေလားလို့လဲ မမေးဘူး... ဒီတိုင်းပဲနေလိုက်တယ်... မိန်းကလေးချင်းကြိုက်တဲ့ ကိစ္စက စမ်းချောင်း(၂)လို မိန်းကလေးကျောင်းမှာကြီးလာတဲ့ ကန်ဒီ့အတွက် အဆန်းတကျယ်တော့ မဟုတ်ပါဘူး... ဆုမွန် အကြောင်းဆက်ပြောမယ်နော်.. ဆုမွန်က ယောက်ျားဆန်တယ်... ဒါပေမယ့် ယောက်ျားလျာ မဟုတ်ဘူး... သူကိုယ်တိုင်မှာလဲ ရည်းစားရှိတယ်.. ဒါပေမယ့် အဝေးမှာ... သူ့အကျင့်ကသူများကို အနိုင်ယူတတ်တယ်.. သူလုပ်ချင်တာပဲ သိတယ်.. အဲလိုလူစားမျိုး.. သူတို့က roommate တွေ... roommate ဖြစ်ပြီးမှ သိပြီးကြိုက်ကြတာ... သူတို့ သွားအတူ၊ လာအတူပေါ့ အမြဲ....

ပြဿနာအစကတော့.. ဆုမွန် ရန်ကုန်ခဏပြန်သွားရာက စတာပါပဲ... ဆုမွန်ရန်ကုန်ပြန်သွားတဲ့ အချိန်မှာ သဇင်က ဒီမှာ ရည်းစားရသွားပါတယ်... ဆုမွန်လည်း ဒီပြန်ရောက်ရော ပေါက်ကွဲတော့တာပေါ့... ဒါပေမယ့် သူတို့ဟာ သူတို့ ဘယ်လိုတွေညှိလိုက်လဲတော့ မသိပါ.. အရင်လို သွားအတူလာအတူ ဖြစ်မြဲ... ဒါပေမယ့် ပြဿနာက သဇင်သူ့ရည်းစားနဲ့သွားတွေ့မယ်ဆို ဆုမွန်နဲ့ စကားများပြီ.. ရန်ဖြစ်ပြီ... သွားတွေ့ပြီးပြန်လာရင်လည်း ဖြစ်ပြီ... သွားတွေ့ဖို့ကိုလည်း ဆုမွန်ဆီပြောရပါတယ်.. ပြန်လာမယ့် အချိန်လည်းပြောရပါတယ်... ပြန်လာတာနောက်ကျရင်လည်း စကားများပါတယ်... အကြီးအကျယ်များတာပါ... သဇင်အကျင့်ကလဲ သည်းခံတယ်..မရလို့ သူအရမ်းစိတ်တိုပြီဆို အရမ်းကြောက်ဖို့ကောင်းတယ်.. အဲတော့ သူတို့ရဲ့ရန်ပွဲကို တွေးကြည့်ပါ.. အသားနာအောင်တွေလည်းလုပ်... အော်ကြီးဟစ်ကျယ်နဲ့... ရှက်တတ်ရင် အရမ်းရှက်ဖို့ကောင်းပါတယ်...

နောက်တစ်ခု သဇင်ကိုအရမ်းလေးစားတာက သူ့သည်းခံနိုင်မှုပါ... ဆုမွန်ကို အကုန်လုပ်ပေးတယ်.. ကုန်ကုန်ပြောရရင် အိမ်သာသွားတာတောင် သရဲကြောက်လို့ အပြင်ကလိုက်စောင့်ပေးတယ်... သဇင်နဲ့ မတွေ့ခင်က သူဘယ်လိုနေလာလဲတော့ ကန်ဒီလည်းမသိပါ... ထမင်းစားချိန်ဆို စားဖို့လုပ်ပေးတယ်.. ခေါက်ဆွဲစားမယ်ဆို ခေါက်ဆွဲလုပ်ပေးတယ်.. သဇင်ကဟင်းချက်တတ်သလားဆိုတော့ ဘာမှသိပ်မချက်တတ်ပါ.. သူတတ်တာလေးနဲ့လုပ်ပေးတယ်... နောက်ရေချိုးပြီး ဆံပင်မှုတ်ပေးတယ်.. အပြင်သွားမယ်.. ရုပ်ရှင်ကြည့်မယ်ဆိုလည်း လိုက်သွား.. ကန်ဒီအရင်ကသိတဲ့ သဇင်အကျင့်က အပြင်မသွားဘူး မဟုတ်ဘူး သွားတယ်.. သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတယ်... ဒါပေမယ့် ခုလို ဆယ့်နှစ်ရာသီတော့ အပြင်ထွက်မနေဘူး.. နောက်ပြီး ပိုက်ဆံလည်း ခုလောက်မသုံးဘူး.. ခုကအပြင်ကြီးထွက်နေတော့ ကုန်တာပေါ့.... ဆုမွန်ကတော့ အကုန်လုပ်ပေးနေတော့ အခန့်သားပေါ့... ခိုင်းတောင်ခိုင်းလိုက်သေးတယ်... တစ်ခုကမပြီးသေးဘူး နောက်တစ်ခုကခိုင်းနေပြီ... မသိရင် သဇင်ခမျာ ကျွန်ကျနေတာပဲ.. (ခွင့်လွှတ်ပါ... သူ့နေရာက ခံပြင်းလွန်းလို့ပါ.. )

သူတို့ရန်ဖြစ်လို့ သဇင်ငိုပြီဆို ကန်ဒီ့ကို ပြောပြီ.. သူ ဆုမွန်ကို သည်းမခံနိုင်တဲ့အကြောင်း... သူ့ကိုမိုက်မိုက်ရိုင်းရိုင်းတွေပြောတဲ့အကြောင်း.. ဘာမှမပြောတဲ့ ကန်ဒီအဲ့အချိန်ကျရင်တော့ သဇင်ကို ပြောကြည့်တယ်.. ဆုမွန်အတွက် အဲလောက်တွေလုပ်ပေးနေစရာ မလိုဘူး.. နေတဲ့ပုံလေးကို ပြောင်းလိုက်ပါလို့... သဇင်ကအရမ်းလုပ်ပေးနေလို့ ဒီလိုဖြစ်နေတာလို့... အဲလောက်ပဲပြောတယ်.. သူကသူတို့ ရန်ဖြစ်တဲ့ အချိန်ဆိုရင်တော့ ဟုတ်ကဲ့.. ပြီးလို့ ပြန်တည့်သွားရင် ဒီပုံကဒီပုံပဲ... အဲတော့ ကန်ဒီလည်းမပြောတတ်တော့ဘူး... သူခံနေရတိုင်း သူတို့ရန်ဖြစ်တိုင်း Candy အရမ်းစိတ်ညစ်တယ်... သဇင်က ကန်ဒီ့ရဲ့မပတ်သက်လို့မရတဲ့ လူတစ်ယောက်... သူ့ကိုလည်းတိုက်ရိုက်ကြီး ဆုမွန်နဲ့ ကြိုက်နေတာမလား... ဖြတ်လိုက်လို့လည်း ပြောမထွက်.... ဘာလုပ်ရမှန်းလည်း မသိဘူး...

နောက်ဘာမှန်းမသိတာက သူတို့ရဲ့ relationshipက ဘာလဲ... သဇင်မှာလည်း ခုဆိုရည်းစားရှိပြီ... ဆုမွန်မှာလည်း အစတည်းက အဝေးမှာ ရည်းစားရှိပြီးသား... အဲတော့ သူတို့ကဘာတွေဖြစ်နေတာလဲ... ဘာဆက်လုပ်မှာလဲ... ဒီတိုင်းရန်ဖြစ်လိုက် ရည်းစားနဲ့သွားတွေ့လိုက် ကန်ဒီ့ကိုပြောလိုက် ပြန်တည့်လိုက်.... ဒီလိုနဲ့ပြီးနေမှာလား... အနာဂတ်ကဘာလဲ..... ကန်ဒီပဲအရမ်းပိန်းနေတာလားတော့ မသိပါ... ဘာမှန်းကို မသိပါ.....

ကန်ဒီတကယ် ဘယ်လိုအကြံပေးရမှန်း မသိလို့ တကယ်လို့များ ကန်ဒီ့ရဲ့သရဲခြောက်မှာတောင် ကြောက်ရတဲ့ blog လေးကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့လို့ ဒီpostလေး ဖတ်မိခဲ့ရင် တစ်ခုခုတော့ comment အနေနဲ့ အကြံပေးပေးခဲ့ပါနော်.. ကျေးဇူး....

2 comments:

ပန်းချီ said...

အင်း..ဖတ်ရတာ စိတ်မကောင်းစရာပဲ..ဒီလိုအဖြစ်လေးတွေ ဒီခေတ်ကြီးမှာ အတော်လေးများနေပါပြီကွယ်.။ Candy ရဲ့သူငယ်ချင်းမလေးတွေ အချစ်နောက်လိုက်မိလို့ မောလာတဲ့အခါ၊ ခြေကုန်လက်ပန်းကျလာတဲ့ တစ်နေ့ နားလည်လာကြမှာပါ..း)

ခင်မင်ခြင်းအားဖြင့်
(မျက်စိလည်လာသူတစ်ယောက်..(နောက်တား))

သော်ဇင်စိုး said...

မိန်းကလေး အချင်းချင်း ယူထားကြတဲ့ လင်မယားတွေကိုတော့ မြင်ဖူးတယ်.. သူတို့ စိတ်တွေ ဘယ်လိုတွေ ဖြစ်နေတာလဲလို့ သေချာတော့ မသိပါဘူး.. သူတို့ စိတ်ကို သေချာသိဖို့ဆိုရင် မိန်းကလေးအချင်းချင်းကြိုက်လို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ရေးထားတဲ့ စာတွေကို ဖတ်ရရင် ကောင်းမှာပဲ လို့ တွေးမိတယ်..
ဒါပေမဲ့ နောက် ဆုမွန်မှာလည်း အရင်ကတည်းက ရည်းစားရှိတယ်.. သဇင်မှာလည်း ရည်းစားရလာတယ်ဆိုရင်.. တော်တော်ကို စဉ်းစားရကျပ်တာပဲ.. အဲဒီ မိန်းကလေးတွေက အချင်းချင်းကြိုက်နေကြတယ် ဆိုတာထက် တော်တော်လေးကို ပိုနေကြတယ် ထင်တယ်.. နားရိုင်းသွားရင် ခွင့်လွှတ်ပါ.. ဥပမာ.. Gay တွေ အချင်းချင်းနေထိုင်ကြ သလို နေထိုင်ကြတယ် ဆိုရင်တော့ သဇင် ရည်းစားရော.. ဆုမွန် ရည်းစားရော အတွက် ကောင်းမှာ မဟုတ်ဘူးလို့ ထင်တာပဲ..
တကယ်လို့ လွန်လွန်ကျွံကျွံ ဘာတစ်ခုမှ မဖြစ်သေးဘူးဆိုရင်တော့ ရည်းစားကိုယ်စီ ရှိနေတဲ့ မိန်းကလေးနှစ်ယောက်အတွက် အနာဂတ်က ဘယ်လို ရှေ့ဆက်မလဲ.. ရှင်းရှင်းလေးပါပဲ.. သူတို့ရည်းစားနဲ့ ပဲ သူတို့ ရှေ့ဆက်ကြမှာပဲလေ.. (အမှန်လည်း ရှေ့ဆက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရည်းစားထားခဲ့တာ ဆိုရင်ပေါ့)
အမှန်ဆိုရင် ကောင်မလေး နှစ်ယောက်ပဲ ကြိုက်ကြိုက်.. ယောင်္ကျား နှစ်ယောက်ပဲ ကြိုက်ကြိုက်.. ယောင်္ကျား နဲ့ မိန်းကလေးပဲ ကြိုက်ကြိုက်.. နှစ်ယောက်စလုံးသာ ကြိုက်တာ တူမျှနေမယ်ဆိုရင် ကိုယ် ကြိုက်တဲ့သူ ရွေးတဲ့ လမ်းကို လေးစားရမှာပေါ့.. လိုက်လျောရမှာပေါ့.. နောက်ဆုံး မှားနေသည့်တိုင်အောင်တောင် သေအတူတူ ဖြစ်သင့်တာပေါ့.. တစ်ဖက်စောင်းနင်းကြီး လုပ်မယ် အနိုင်ကျင့်မယ်ဆိုရင်တော့ ငယ်စာရင်းက ဖျက်ရုံပါပဲ.. နောက်ဆိုရင် ဒီထက် ဆိုးလာဖို့ပဲ ရှိလို့ပါ.. အဲ.. သူက ပြောင်းလဲလာတယ်.. သေချာ နားလည်သွားတယ်.. ဆိုရင်တော့ တစ်မျိုးပေါ့.. မိန်းကလေးတွေ အချင်းချင်းစိတ်ကို သေချာ နားမလည်လို့ ဒီလောက်ပဲ ရေးနိုင်တာပါ.. အခုမှ ဖတ်လိုက်ရလို့ စိတ်မကောင်းပါဘူး.. အဆင်ပြေပါစေ..