Friday, May 20, 2011

Part time???!!!

ကန်ဒီ့သူငယ်ချင်းတစ်ယောက်က သူတို့အလုပ်မှာ လူလိုလို့ လုပ်မလားတဲ့ (တစ်ရက်ပဲ)... နောက်ဆက်လုပ်ချင်လည်း အဲဒီ့ hotel facebook မှာ book လုပ်လို့ရတယ်တဲ့... ကန်ဒီ လည်းလုပ်ကြည့်မယ်လို့... ကျောင်းကလည်း ခုမှ term အစဆိုတော့ နည်းနည်းအားနေတာနဲ့... Sentosa က hotel တစ်ခုမှာ wedding banquet waitress လုပ်ရတာ.... ၀တ်စုံက အပေါ်ရော အောက်ရော black... အင်္ကျီက သူတို့ပေးတယ်... skirt အမည်းက ကန်ဒီ့မှာ မရှိဘူး.. ကန်ဒီက skirt မှမ၀တ်တာ.... အတိုဆိုပိုဆိုးသေးတယ်..... အဲဒါနဲ့ ကန်ဒီ့ညီမအ၀တ်တွေထဲမွှေတော့လည်း skirt ကအမည်းဆိုလို့ တစ်ထည်ပဲရှိတယ်.. ရှိတာကလည်း အစဉ်းကြောင်းနေရာတွေမှာ ပြောင်နေတယ်..... ဒါပဲရှိတော့လည်း ဒါပဲယူသွားရတာပေါ့... ဖိနပ်ကလည်း အမည်းကို formal လိုအပိတ်ဖြစ်ရမယ်တဲ့.. ကန်ဒီက ဖိနပ်ပေါက်တတ်လို့ အပိတ်မ၀ယ်တာများတယ်... ဒါနဲ့ပဲ ကန်ဒီ့ ညီမ ဖိနပ်တွေထပ်မွှေတော့ အဆင်ပြေတာ တစ်ရံပဲရှိတယ်... အဲဒါပဲယူသွားလိုက်တယ်...


ဖိနပ်ရှာပုံတော်.....

ဟိုရောက်တော့ stocking ၀တ်ရမယ်တဲ့... ကန်ဒီ့ကိုလည်း ကန်ဒီ့သူငယ်ချင်းကမပြောဘူး.. ဒါပေမယ့် သူယူလာပေးလို့ တော်သေးတယ်... ပွဲမစခင် ကန်ဒီတို့လို အသစ်တွေကို generally သင်ပေးတယ်... နောက်ပိုင်း ကန်ဒီ့ကို သင်ပေးဖို့ အပ်ထားတဲ့ supervisor ကလည်း ဘာမှမသင်ပေးဘူး... သူ့သူငယ်ချင်းတစ်ယောက်ကိုလည်း သင်ပေးရမှာမို့ဆိုပြီး ကန်ဒီ့ကိုတခြားတစ်ယောက်ကို အပ်တယ်.. တခြားတစ်ယောက်ကလည်း သိပ်မပြောပြဘူး... စိတ်ဓာတ်တော်တော်ကျတယ်... ကန်ဒီ့ဝိုင်းက ၁၁ယောက်ဝိုင်း.. ကန်ဒီတစ်ယောက်တည်း serve ရတာ... လုံးဝအစိမ်းသက်သက်ကြီး... သူများလုပ်တာတွေပဲ ကြည့်ပြီးလိုက်လုပ်ရတာပေါ့....

ပွဲအစမှာတည်းက သွားတာပဲ... အထဲကတီးလုံးစတာနဲ့ ကန်ဒီတို့တွေ ပထမဆုံးဟင်းပွဲကို ကိုင်ပြီးဝင်ရတယ်... အပြင်မှာ standby လုပ်ရတာကလည်း အဲဒါတွေကိုင်ပြီး စောင့်ရတာ... အလေးကြီးပဲ... သူများတွေအတွက်တော့ အေးဆေးပေါ့... ကန်ဒီ့အတွက်တော့ တော်တော်လေးတယ်... standby အချိန်တည်းကကိုင်ရတာ.. တကယ်ပွဲထဲလဲဝင်ရော ကန်ဒီမနိုင်တော့ဘူး... ဟင်းတွေနည်းနည်းဖိတ်ကုန်တယ်.. တော်သေးတာက အပြင်မှာဖြစ်လို့... သူများနောက်မှာကျန်ခဲ့တာပေါ့.. အားလုံးတန်းစီပြီးဝင်ရတာလေ... အဲဒီဟင်းပွဲလည်း အသစ်နဲ့လဲလိုက်ရတယ်.. ကန်ဒီလည်း အဲလိုမဖြစ်ချင်ပါဘူး.. တကယ်မှမနိုင်တော့တာ.. :(

နောက်တစ်ခုက ကန်ဒီ့ supervisor က ကန်ဒီ့ table 55 နဲ့ သူ့ table 53 ကို ဒုတိယဟင်းပွဲကျရင် လဲမယ်ဆိုလို့ လဲပေးလိုက်တယ်... မသိတာတွေကို ကန်ဒီ့နား table က ဗမာအမကြီးကိုမေးရတယ်... သူကလည်း စိတ်တော်တော် မရှည်တာ.... :( ... ကန်ဒီနဲ့နည်းနည်းလှမ်းတဲ့ table က ဗမာအမကြီးကတော့ ကန်ဒီ အချိန်နည်းနည်းရလို့ သွားမေးရင် ပြောပြတယ်သေချာ (သူ့ကိုတော့ တကယ်ကျေးဇူးတင်တယ်... )... သူ့ကိုလည်း အမြဲသွားမေးလို့ရဘူး... သူ့table နဲ့ကအဝေးကြီး... ကန်ဒီ့သူငယ်ချင်း table နဲ့ကလည်း အဝေးကြီး... supervisor ကလည်းတစ်ခွန်းမှ မပြောဘူး... အအေးတွေကုန်ရင် လိုက်ဖြည့်.. ဒါပဲပြောတယ်.... ဟင်းရည်တွေ ထမင်းတွေတော့ ထည့်ပေးတတ်ပါတယ်... အသားဟင်းတွေကျ မလှီးပေးတတ်ဘူး... အနားက အမကြီးကိုပဲ လှီးခိုင်းရတာပေါ့...

ပွဲပြီးတော့လည်း တခြားဧည့်သည်တွေ စပြီးပြန်ကုန်ပီ... ကန်ဒီ့ဝိုင်းက မပြန်သေးတော့ နောက်ကျပြန်ရော... အအေးခွက်တွေ သိမ်းဖို့ကျန်သေးတာကို ရပြီ ပြန်လို့ရပြီဆိုလို့ အပြင်ထွက်တော့... အားလုံးသိမ်းပြီးမှ ပြန်ရမယ် ဖြစ်ပြန်ရော... အဲဒါနဲ့ ပြန်ဝင် ပြန်သိမ်း... ပြီးတော့ သိမ်းပြီးမပြီးစစ်တော့လည်း... သူကtable No. မေးတော့ 55 လို့ပြောမိရော... change ထားတာကိုမေ့ပြီး... 55 က မသိမ်းရသေးဘူးတဲ့... ဒါနဲ့ လဲထားတာလို့ 53 လို့ပြန်ပြော... အဲတော့မှ ပြန်လို့ရတယ်... ဖိနပ်ကလည်းပေါက်နေပြီ.... ညနေ ၄ နာရီကစလုပ်တာ ၁၁ အထိ... $42 ရတယ်... အဲဒီအချိန်မှာ ငိုချင်တာပဲသိတယ်... ပိုက်ဆံလည်း မလိုချင်ဘူး.... အကျယ်ကြီးပဲ အော်ငိုပစ်ချင်တယ်... တကယ်ကတော့ ပုဂံတွေလေးတာကလွဲရင် သိပ်တော့ မခက်ခဲပါဘူး... ဒါပေမယ့် ကိုယ်ကပထမဆုံး ဘယ်နေရာမှာဘာရှိတယ် ဘာလုပ်ရမယ် မသိတဲ့အချိန်မှာ ဘယ်သူ့မှလည်း မသင်ပေးတော့.... အရမ်းစိတ်ဓာတ်ကျတယ်....


ပထမဆုံး ကိုယ့်ဟာကိုယ်ရှာသော ပိုက်ဆံ... =(

ခုလက်မောင်းတွေရော ခြေထောက်ရော တကိုယ်လုံး နာနေတယ်... ကန်ဒီပျော့ညံတာ ကိုယ့်ကိုကိုယ်သိပါတယ်.... သူများတွေ လုပ်နိုင်ပြီး ငါဘာလို့ မလုပ်နိုင်တာလဲ ဆိုပြီးလည်း ကိုယ့်ကိုကိုယ် ဒေါပွမိတယ်... =(

4 comments:

ပဥာက် said...

ပထမဆုံး ၇ှာလို့၇တဲ့ပိုက်ဆံလေးသိမ်းထားတတ်တဲ့ စိတ်ထားကို သဘောကျလိုက်တာ..ဘာပြော၇မလဲ..တော်တယ်ပေါ့..

သော်ဇင်စိုး said...

ပညာပေးတာတွေလေ.. သင်ယူထားလိုက်ပေါ့.. နောက် ကိုယ်လိုမျိုး အစပထမ လာလုပ်မဲ့ သူကို သူတို့ကို မဆက်ဆံပဲနဲ့.. ကောင်းကောင်းလေး ဆက်ဆံလိုက်ပေါ့.. ဒါမှ ကိုယ့်စိတ်အင်အားရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှု ဥပက္ခာ တရားပေါ့..
အမှန်တော့ ဒီလိုလေးတွေက ခံရတာဆိုးပေမဲ့ လောကကြီးက ဒီလိုလေးတွေ ဆီက သင်ယူမှ ပိုကြံခိုင်တာလေ.. ဖိုက်တင်း.. :)

Candy said...

ကိုသော်ဇင်စကားက တန်ဖိုးသိပ်ရှိတာပဲ... ကျေးဇူးတင်ပါတယ်... :D

CTM said...

အဲဒါမျိုးတွေက ကိုယ်နေထိုင်တဲ့ လူနေမှုစနစ်တွေအရ တစ်ခါမှမတွေ့ ကြုံဖူးတဲ့ သူတွေအဖို့ တော့ တကယ့်မဟာတိုက်ပွဲကြီးပေါ့။
အထက်ကကိုသော်ဇင်ပြောသလိုပေါ့ အရမ်းတန်ဖိုးရှိတဲ့ စကားပါ။
စကြုံရတဲ့ သူအဖို့  အဲဒီလိုတွေသင်.ယူမှ လူ့ အောက်ကျို့ မှ သင်ယူတတ်မြောက်
တာတွေကအများကြီးပေါ့။ Candy မှာ အဲဒီလိုစိတ်ထားလေး၇ှိတာကို တခြားမိန်း
ကလေးတွေထက်အများကြီးသာနေပြီ။ ဆက်လက်ကြိုးစားပါ။ အောင်မြင်မှုတွေ လက်လှမ်းနိုင်ပါစေ။