Tuesday, June 7, 2011

မျက်ဝန်း....

(ဒီပိုစ့်လေးကို ကန်ဒီ့ အတွေ့အကြုံရယ် ဖတ်ဖူးတာလေးတွေရယ် ပေါင်းပြီးရေးမှာပါ။ သင်ရလို့တော့ မဟုတ်ပါဘူး။ ရေတိမ်အတွက်ဆေးတွေပဲ ကန်ဒီနည်းနည်းသင်ဖူးတယ်။ မျက်စိမှုန်တာ ဆေးမှမသောက်ရတာ။ ဟုတ်တယ်မလား.. နောက်တစ်ခုက ကန်ဒီ့လိုမဖြစ်အောင် သတိပေးချင်တာရယ်ကြောင့်ပါ... ^^)

Eye prescription ဖတ်နည်း

O.D. −1.00 −3.50 x180

O.D. = Right eye
O.S. = Left eye
SPH = Sphere power (−1.00)
CYL = Cylinder power ( −3.50)
(+) = အနီးမှုန်
(−) = အဝေးမှုန်
Axis = 180 degree


မျက်စိမှုန်တယ်ဆိုတာ မျက်လုံး sphere ကြောင့် ဖြစ်နိုင်သလို Astigmatism (ခေါ်) cylinder ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Astigmatism ဆိုတာက မျက်လုံး၊ မျက်ဆံ အားလုံးကို ဖုံးထားတဲ့ အလွှာပါးလေး (cornea) ပုံမှန်မဖြစ်ဘဲ ဘောလုံးပုံ (သို့) ဇွန်းမှောက်ထားရင် ခုံးနေသလိုမျိုး ပုံမှန်ထက် ပိုခုံးနေလို့ မျက်လုံးတွင်းဝင်လာတဲ့အလင်းတွေကို ပုံမှန် reflect မလုပ်နိုင်ဘဲ အမြင်အာရုံ ချွတ်ရွင်းရတာပါ။ Cylinder power ကို axis နဲ့ တွဲပြောလေ့ရှိပါတယ်။ Axis ဆိုတာကတော့ astigmatism ဘယ်လောက်ဒီဂရီလောက် စောင်းနေသလဲ ဆိုတာကို ဖော်ပြတာပါ။ Cylinder ကမွေးရာပါလည်း ရှိတတ်ပါတယ်။ Sphere power ရှိရတာကတော့ မျက်လုံး (sphere) တွင်း ပုံမှန်မဟုတ်လို့ ဖြစ်နိုင်သလို cornea ပုံမှန်မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Sphere power တပ်ရတဲ့သူတွေက မျက်မှန်ထူထူကြီးတွေ တပ်ရတတ်ပါတယ်။ Cylinder သမားတွေကတော့ power များရင်တောင် မျက်မှန်သိပ်မထူတတ်ပါဘူး (ကန်ဒီ့ လေ့လာချက်အရပါ။) Cylinder power က အတက်အကျရှိပါတယ်။ မျက်မှန်ပုံမှန်တပ်ရင် cylinder power လျော့သွားနိုင်ပါတယ်။

My History


ကန်ဒီ (၆)တန်းလောက်တည်းက မျက်မှန်တပ်ရတယ်။ Cylinder ပဲရှိတာ.. ဘယ်ဖက်မျက်လုံးတစ်ဖက်ပဲ။ ညာဖက်မျက်လုံးက လုံးဝကောင်းတယ် (အဲ့အချိန်တုန်းကပေါ့)။ ဘယ်ဖက်မျက်လုံးကတော့ တော်တော်မမြင်ဘူး (ကန်းသလောက်နီးပါးပဲ)။ ဒါပေမယ့် ညာဖက်ကမြင်နေတော့ သူများတွေလို ခေါင်းကိုက်တာတို့ ဘာတို့မဖြစ်ဘူး။ အဲတုန်းက မျက်စိစမ်းဖြစ်တယ် ဆိုတာကလည်း ကန်ဒီ့အဒေါ်တစ်ယောက်က မျက်စိအထူးကုလေ။ ကန်ဒီ ညီမအငယ်ဆုံးက မျက်စိသိပ်မမြင်ချင်တော့ သူ့ကိုစမ်းရင်းနဲ့ ညီအမ(၃)ယောက်လုံးစမ်းဖြစ်တာ။ ကန်ဒီ့မျက်လုံးမကောင်းတာပေါ်တော့တာပဲ။ အလတ်က လုံးဝကောင်းတယ်။ ကန်ဒီနဲ့ အငယ်ဆုံးနဲ့က မကောင်းဘူး.. (ဒါနဲ့ မျိုးရိုးဗီဇက များသောအားဖြင့် တဆင့်ကျော်သွားလေ့ရှိတယ်)

အဲဒါနဲ့ တစ်ဖက်ကမြင်တော့ မျက်မှန်ကို မတပ်ဘူး။ တပ်လိုက် မတပ်လိုက်နဲ့ ဘွဲ့ရတဲ့အထိပဲ။ ဒီလည်းရောက်ရော မျက်လုံးကမရတော့ဘူး။ ညာဖက်ကပါ power ရှိလာတယ်။ ဒီအချိန်အထိ ညာဖက်တစ်ဖက်တည်းနဲ့ ကြည့်လာတာကိုး။ သူလည်းဘယ်ခံနိုင်မလဲ။ ခုဆိုမျက်မှန် မတပ်လို့ မရတော့ဘူး။ မျက်လုံးက တော်တော်ဆိုးသွားပြီ မျက်မှန်မတပ်ရင် ခေါင်းကိုက်တတ်လာပြီ။ ကန်ဒီက မျက်မှန်တပ်ရမှာ သိပ်ပျင်းတဲ့လူလေ။ အဓိက ကတော့ မျက်မှန်ကြီး ပင့်ပင့်တင်နေရတာကို အလုပ်ရှုပ်တယ် ထင်တာ။ အဲဒါနဲ့ ကိုယ့်ကိုကိုယ် မတပ်လို့မရတာ သိလိုက်တော့ မျက်ကပ်မှန် လုပ်ထားတယ်။ အပြင်သွားရင် မျက်ကပ်မှန်တပ်တယ်။ အိမ်မှာနေရင် မျက်မှန်တပ်တယ်။ မျက်ကပ်မှန်အကြောင်းကိုတော့ ကန်ဒီ နောက်ပိုစ့်တစ်ခုအနေနဲ့ တင်မယ်နော်။ ဒီပိုစ့် အရမ်းရှည်သွားမှာ စိုးလို့ပါ။

(ဗီဇတစ်ဆင့်ကျော်သွားတာကို စိတ်ဝင်စားသူများဖတ်ဖို့ပါ။ အမြဲတော့ မမှန်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်က အဲလိုသွားတတ်ပါတယ်။ မောင်နှမချင်း တစ်ယောက်ကျော် သွားတတ်သလို generation တစ်ဆင့်ကျော်လည်းသွားတတ်တယ် ( အဖွား နှင့် မြေး)။ ဥပမာ.. ကန်ဒီတို့ ညီအမမှာဆို ကန်ဒီနဲ့ အငယ်ဆုံးက မျက်လုံး မကောင်းဘူး။ အဲလိုပဲ ကန်ဒီအမေမှာ မောင်နှမလေးယောက်ရှိတယ်။ အကိုအကြီးဆုံး .. ပြီးရင် အမေ.. ပြီးရင် ညီမနှစ်ယောက်။ သူတို့ဆိုလည်း အကိုအကြီးဆုံး (ကန်ဒီ့ ဘဘ)ဆို ရေတိမ်ခွဲထားရတယ်။ ကန်ဒီ့ အမေကကောင်းတယ်။ အသက်ကြီးလို့ မျက်စိမှုန်တာပဲရှိတယ်။ ကန်ဒီ့ အမေအောက်က အဒေါ်လည်း ဘဘလိုပဲ မျက်လုံးခွဲထားရတယ်။ အငယ်ဆုံးအဒေါ်ကကောင်းတယ်။ နောက်ပြီး ကန်ဒီ့ အဖေရော အမေရော မျက်လုံးကောင်းတယ်။ ဒါပေမယ့် ကန်ဒီတို့ မကောင်းဘူး။ ကန်ဒီအမေဘက်က အဘွားက မျက်လုံးမကောင်းဘူး။ ကန်ဒီ့လိုပဲ တစ်ဖက်ပဲ ဖြစ်တာ။ ထူးဆန်းတယ်နော်... မျိုးရိုးသွားပုံက ... ^^)

6 comments:

ပန်းချီ said...

ကိုယ်လည်းမျက်မှန်သမားပါပဲ..အဝေးမှုန်၊ အနီးကန်းဆိုပါတော့လေ..း)မျိုးရိုးထဲမှာတော့ မှုန်တဲ့သူသိပ်မရှိပေမယ့် အစ်မအကြီးဆုံးနဲ့ ကိုယ်က မျက်မှန်တပ်မှစာဖတ်နိုင်တယ်..။ ဗဟုသုတရစေတဲ့ပို့စ်လေးပါ ညီမလေး Candy..

စကားမစပ်..။ ညီမလေးက မျက်မှန်လေးနဲ့လည်း ချစ်စရာကောင်းတာပါပဲလေ..း)

Anonymous said...

ရှုပ်နေတာပါဘဲ အမျိုးတွေပေါချက် ကန်ဒီရယ်

Anonymous said...

ကျေးဇူးပါကန်ဒီ

Anonymous said...

အားပေးနေပါတယ်ကန်ဒီကို

Anonymous said...

thanks sis let me share

Candy said...

ဟီးးးး... အရှင်းလွန်သွားတာ :P :P
ကျေးဇူးတင်ပါတယ်ရှင့် :D