မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ Clementi mall က Seoul garden မှာ ဘူဖေးလိုက်ကျွေးတယ်လေ.. student pass နဲ့ဆို half price နီးပါးပဲ... ပုံမှန်က 26+ ကို student pass နဲ့ဆို 13+ ပဲ.. တော်တော်တန်တယ်ပြောရမယ်... ဒါပေမယ့် အဲ့ဒီ price နဲ့က နေ့ခင်းပဲရတယ်... 11:30am to 4:00 pm..... Bugis က Seoul garden လိုသိပ်အနံ့မထွက်ဘူး... air con တော်တော်နိုင်တယ် ပြောရမယ်..

စားသောက်ပြီးတော့ 2:30pm လောက်... ညလည်းအတန်းရှိတယ်... ကြားထဲမှာ (၄)နာရီလောက်ကအားနေတော့ Botanic gardens ကိုသွားမယ်ဆိုပြီး plan ထားတာလေ.. ကန်ဒီ့သူငယ်ချင်း နှစ်ယောက်ကလည်း သူတို့ semi-pro Camera တွေယူလာတယ်... သူတို့က ၀ါသနာပါလို့ ၀ယ်ထားတာ.. Pro တွေတော့မဟုတ်ဘူး... သူတို့ကလည်း စမ်းရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ယောက်လုံး ယူလာတယ်... ကန်ဒီနဲ့ မွေးနေ့ရှင် ကန်ဒီ့သူငယ်ချင်းကတော့ သူတို့ အရိုက်ခံပေါ့... ဟီး...
ကန်ဒီလည်းဝါသနာပါတယ် photography ကို ... Photography ဆိုတာ art တစ်ခုပဲလေ... ဓာတ်ပုံကောင်းတစ်ပုံမှာ photographer ရဲ့ creativity အများကြီးပါတယ်... လူတော်တော်များများက အရိုက်ခံရတဲ့သူရဲ့ အလှကိုပဲ ကြည့်ဖြစ်တာများတယ်... ရိုက်တဲ့သူရဲ့ creativity ကိုမမြင်ကြဘူး... ခုချိန်မှာတော့ ကန်ဒီ ဓာတ်ပုံကြည့်တတ်တာကလွဲလို့ photography ပိုင်းကို သိပ်နားမလည်သေးဘူး.. camera ၀ယ်ပြီးမှ လေ့လာရမှာ...

ကန်ဒီတို့ အိတ်တောင်လွယ်ပေးလိုက်သေးတယ်.... ဟီး...
သူတို့ practice လုပ်တာကိုလည်း အရိုက်ခံပေးရသေးတယ်... ပြီးတော့ ပြောသေးတယ် သူတို့က ... "နင်ပြုံးတာ လေ့ကျင့်ဖို့ လိုတယ်".. ဆိုပဲ ... =(
ညအတန်းထဲလည်းရောက်ရော ပင်ပန်းပြီး အိပ်ချင်တာအရမ်းပဲ.. မနည်းအားတင်းထားရတယ်... တကိုယ်လုံးလည်း ညစ်ပတ်ပြီး စီးကပ်နေတာ... အိမ်ရောက်တော့ 10:00pm.. ရေချိုးခေါင်းလျှော် တစ်ခါတည်း တန်းအိပ်တော့တာပဲ....
Credit: Photo by AK & WLA
3 comments:
လှပြီးသားဆိုတော့ ဓာတ်ပုံလေးတွေကလှတယ်... ရိုက်တဲ့သူတွေကလဲ တော်တယ်... ဒီမှာ ဗွီဒီယိုမတင်ထားတော့ဘူးလား...
ဟီး..ကျေးဇူး မမ.. videoက မတင်တော့ဘူး... ၂ ခါကြည့်ပြီး မျက်စိနောက်မှာစိုးလို့... :P
လေးပုံမြောက်ပုံလေး အရမ်း လန်းတယ်.. အနောက်က သစ်ပင်လေးတွေ Blur ထားတာလေးကို အတော်ခိုက်တယ်.. ကင်မရာကောင်းလို့လား.. မော်ဒယ်ကောင်းလို့လား.. ရိုက်တဲ့သူ ကောင်းလို့လားတော့ မသိဘူး.. ဟီးဟီး.. :D
ကင်မရာကတော့ ကောင်းကောင်းတစ်လုံးဝယ်ချင်သေးတယ်.. Nikon D7000 လောက်ပေါ့.. ဒေါ်လာ တစ်ထောင်ကျော်တောင်.. နောက်ပြီး Zoom Lens တွေက ကင်မရာထက်တောင် ဈေးကြီးသေးတယ်.. ခုလစာနဲ့တော့ နောက် နှစ်ဘဝလောက် လုပ်မှ ရမှာ.. >.<
Post a Comment