Saturday, July 30, 2011

နှစ်ပတ်တာ ဘဝ

Library မှာသောင်တင်နေပုံ...

နှစ်ပတ်အတွင်း အကုန်ထည့်ရသော စာများ...

Year3 Term1 စာမေးပွဲကတော့ ပြီးသွားပါပြီ.. ခုကျောင်းတစ်ပတ်ပိတ်ထားတယ်.. ဖြေနိုင်လားလို့ မေးကြမယ်မလား.. ဟီး.. (၃)ဘာသာဖြေရတာ တစ်ဘာသာဖြေနိုင်ဘူး.. Drug Regulation and Quality Assurance ဆိုတဲ့ ဘာသာ.. တော်တော်ဆိုးတယ်.. ကိုယ်မကျက်ထားတဲ့ အပိုင်းမေးလို့ မဖြေနိုင်ရင် ဘာမှမဖြစ်ဘူး.. ခုဟာက ကိုယ်မကျက်ထားတဲ့ အပိုင်းလည်း မမေးဘူး.. ကိုယ်ကျက်တဲ့ အပိုင်းကိုပဲ နားမလည်အောင်မေးတယ်...နောက်ပြီး အဓိကဟာတွေလဲ မမေးဘူး.. ကန်ဒီဆို USA, UK, European, Singapore မှာ ဆေးတွေဘယ်လို regulate လုပ်လဲ အကုန်ကျက်သွာတာ.. တစ်ခုမှမမေးဘူး.. စဉ်းစားသာကြည့်တော့.. ဘယ်လောက်မတန်လဲဆိုတာ စာကျက်ရတာ... တတန်းလုံး မရကြဘူး... အဲ့ထဲမှာ ကန်ဒီကတော့ အဆိုးဆုံးဖြစ်မှာပဲ.. ကန်ဒီက သိပ်မရွှီးတတ်ဘူး... နောက်ပြီး မေးခွန်းကြည့်လိုက်လို့ မရဘူးဆိုရင် ပြာသွားရော.. ခေါင်းထဲက ဘာမှထွက်မလာတော့ဘူး.. နောက်ပြီး ဘာမှလည်းမရေးချင်တော့ဘူး.. အိမ်ရောက်တော့ ငိုရသေးတယ်.. ပြန်မှမဖြေချင်တာ.. :(

စာမေးပွဲသွားဖြေခါနီး အိပ်ရာအနေအထား...

နောက်ပြီး ခု Business ပိုင်းယူထားတဲ့လူတွေကို တော်တော်လေးစားနေတယ်.. သူတို့စာတွေဘယ်လိုကြည့်လဲမသိဘူးလို့ .. ခုဒီ term မှာ management ပိုင်းက တစ်ဘာဘာပါတယ်.. ကန်ဒီဆို ရူးတောင်ရူးချင်တယ်.. နားမလည်တာလဲ မဟုတ်ဘူး.. နားလည်ရဲ့သားနဲ့ကို စာမေးပွဲဖြေဖို့ မှတ်ရတာ တော်တော်ခက်တာပဲ...

ရိက္ခာအပိုများ...

(၃)ဘာသာလုံး နှစ်ပတ်အတွင်းအပြီးလုပ်ရတာ.. အဲ့အရှေ့က report တွေ၊ presentation တွေနဲ့ရှုပ်ပြီး အားလုံးလဲ ပြီးရော စာမေးပွဲဖြေဖို့ (၂)ပတ်ပဲ လိုတော့တယ်.. တနေ့ကို (၄)နာရီပဲ အိပ်ရတယ်.. စာမေးပွဲတွင်း (၃)နာရီပဲ အိပ်တယ်.. ခုလူရုပ်လည်း မပေါက်တော့ဘူး... ဒီနေ့တော့ တ၀အိပ်ထားတယ်... ဟီးဟီး... xD

4 comments:

သီရိရတနာ said...

Candy တစ်ယောက် စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ပါစေလို့ တီတီ ဆုတောင်းပေးပါတယ်။

ချင်းကလေး said...

ပင်ပမ်းသွားပြီပေါ့ညီမငယ်..အားလုံးအဆင်ပြေသွားမှာပါ။တွေးပူမနေပါနဲ့တော့လေ.။ စာအုပ်ပုံကိုကြည့်ပြီးဖျားတောင်ဖျားချင်လာတယ်..ဟာဟ...:P

Candy said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီ... :D

သော်ဇင်စိုး said...

Mee Goreng အဲဒါကြီးကို တွေ့ရတာ စိတ်အနာဆုံးပဲ.. နေ့တိုင်း တစ်လလောက်ထိ စားဖူးတယ်.. မြင်ကို မမြင်ချင်တော့တာ.. :D
ဖြေမကောင်းတဲ့ ဘာသာကို စစ်တဲ့ ဆရာ ဆရာမတွေ အမြင်မှန်ရပြီး အမှတ် များများ ပေးကြပါစေ.. :)