Friday, July 8, 2011

Failed self-portrait..

ကန်ဒီစာမေးပွဲနီးရင် Time table ဆွဲပြီး စာလုပ်နေကြ...

ဒီနေ့လည်း စာမေးပွဲနီးပြီ.. စာလုပ်ဖို့ Time table ဆွဲမယ်ဆိုပြီး ပုံဆွဲစာအုပ်ကို ကိုင်လိုက်တာ... Time table ဆီမရောက်ပဲ... ဒီလိုအဆုံးသတ်သွားပါတယ်.. :D




ပထမဆုံး မျက်နှာတစ်ခုလုံး ဆွဲတာပါ... အရင်က (၁)ခုစီပဲ ဆွဲတယ်... ပါးစပ်တို့ ၊ မျက်လုံးတို့... မျက်နှာတစ်ခုလုံး ဆွဲမယ်ဆိုတော့ ဘယ်သူ့ပုံ ဆွဲရမလဲ မသိဘူး.. သူများပုံ ဆွဲပြီး မလှမပလည်း မဖြစ်ချင်တော့.. ကိုယ့်ပုံကိုယ်ပဲ ဆွဲလိုက်တယ်.. :P

လိုအပ်ချက်များ
(၁) မျက်လုံးနည်းနည်းကြီးသွားခြင်း
(၂) ခေါင်သိပ်မစောင်းခြင်း
(၃) Photo မှာထည့်ထားတဲ့ emotion မပေါ်ခြင်း
(၄) နှုတ်ခမ်းမတူခြင်း
(၅) မျက်နှာအကျ မတူခြင်း
Overall, မတူခြင်း.... >.<

ဟူး (သက်ပြင်းချသံ)... ခုမှသင်နေဆဲမို့ သည်းခံပြီး ကြည့်ပေးကြပါနော်... သင်တယ်ဆိုတာကလဲ ကိုယ့်ဟာကိုယ်လေ့လာတာကိုပြောတာပါ... ဆက်ပြီး ကြိုးစားပါဦးမည်.. :P



အရင်က ဆွဲထားတဲ့ နှုတ်ခမ်းပုံ...

9 comments:

မောင်ခင်မောင်ချင်း@ချင်းလေး said...

ဝါသနာကတော့ရှယ်ပဲ..................ဆံပင်အနေအထားနဲ့မျက်ခုံးလည်းလွဲနေတယ်ထင်တယ်နော်. အင်းကျနော်ပဲအသက်ကြီးလို့မျက်လုံးမွဲတာဖြစ်မှာပါ.။ ဘာပဲဖြစ်ဖြစ်တော်တယ်လို့ပြောရမှာပါ.။

Candy said...

ဟီး... အမှန်အတိုင်းပြောရရင်တော့.. မတူကိုမတူတာပါ... :P

ပဥာက် said...

ဟဟ..ငါထတ်တော့တော်တယ်..ဆွဲတာ..။

ပန်းချီ said...

ကိုယ့်ညီမ ချောပုံကတော့ ပန်းချီငိုတောင်ဖြစ်နေပါရောလား။ အတော်လေးဆင်သားပဲ..တော်လိုက်တာ..ဒီကိုလည်းတစ်ပုံလောက် ပုံတူအပ်ချင်လို့း))

p.s နောက်ဆို စာဆိုစာပဲနော်..ပုံတွေဘာတွေ မလိုချင်ဘူးး))))

Candy said...

ဟီးဟီး... "၀ါသနာကိုတားမရတာ မောင်သိသားကွယ်" ဆိုပြီး ဖြူသီသီချင်းကို အော်ဆိုရမလိုဖြစ်နေပြီ.. :P

Thet Nandar Family said...

Candy ရေ .. သမီးရဲ့ YouTube video လေးတွေကို တီတီဘလော့မှာ ထည့်ထားတယ်နော်။
ခွင့်ပြုမယ်လို့ ထင်ပါတယ်။ :)
ရွှေခေါင်းပြောင်ဟင်း http://thiriyatanar.blogspot.com/2011/07/blog-post_09.html
ဇယန်းလက်ဘက်နှပ် http://thiriyatanar.blogspot.com/2011/06/blog-post_2716.html

Candy said...

ခွင့်ပြုပါတယ်.. တီတီ.. :D

သော်ဇင်စိုး said...

ဆွဲထားတာ တူကို မတူလို့လား မသိဘူး ပန်းချီထဲက ပုံက ဓာတ်ပုံထဲကထက် ပိုမိုက်တယ်.. ဟီးဟီး.. :D

rose said...

ဒီပုံတူ ပန်းချီလေး သိပ်လက်ရာမြောက်တယ်၊ လှတယ် ညီမလေး ကန်ဒီ...။ ညီမမှာ ပါရမီ ရှိတယ်၊ talent ရှိတယ်နော်။ ကိုယ်ကိုယ်ကိုယ် မဆွဲတတ်ဘူး ထင်မနေနဲ့ဦး။ အားပေးနေမယ်း)