Tuesday, July 5, 2011

Someone makes me angry...

ရန်ကုန်မှာရှိတဲ့ Pharmacy တက္ကသိုလ်က Batch (၁၅)ခု ပေါင်းပြီး ဆရာကန်တော့ပွဲကို ကျင်းပမယ်ဆိုပြီး စီစဉ်နေကြတယ်... ကန်ဒီနဲ့ ကန်ဒီတို့ထက်ကြီးတဲ့ batch က အကိုကြီးတစ်ယောက်နဲ့ သိတယ်.. သိတယ်ဆိုတာလည်း အဲ့လောက်မသိဘူး.. ကန်ဒီအချစ်ဆုံးသူငယ်ချင်းရဲ့ ရည်းစားမို့လို့ နည်းနည်းသိတာ... (၅)ခါ (၆)ခါလောက် Chat ဖူးတယ်ဆိုယုံပဲ.. အပြင်မှာလည်း မမြင်ဘူးဖူး.. သူနဲ့ ဟိုနေ့က Chatတာ ကန်ဒီသူ့ကိုတော်တော် ဒေါသထွက်သွားတယ်... ကန်ဒီက ပွင့်ပွင့်လင်းလင်းသမား... စိတ်ထဲရှိတာပဲ ပြောတတ်တယ်.. သိပ်မသိတဲ့ လူတစ်ယောက်ကိုပြောတာ ကန်ဒီနည်းနည်းတော့ လွန်တယ်.. ဒါပေမယ့် တော်တော်ဒေါသထွက်သွားလို့ ..
သူနဲ့ပြောဖြစ်တာကတော့...

someone: hi busy? :)
Khine: no busy :D
someone: dun forget to donate to the event :D
Khine: which event?
someone: pharmacy
Khine: awww okkkiieee
i haven't read it yet...but i saw it in my mail
someone: 300 SGD :D
will send you the donation receipt
Khine: yes sir
btw what is 300 SGD
someone: range from 50000 to 1000000
singapore dollar lay
Khine: yes i know
it's estimated money u all need?
someone: tane.. nope
Khine: then what?
someone: it was the amount you should contribute
Khine: ohh is it soo> that's a lot
someone: will be at Trader Hotel
Khine: wow
someone: so cost will be much
also we will keep the money for the society
Khine: that's good idea :D
someone: 50000 kyat should be the least amount
Khine: for one person?
someone: but you all international student donate more
Khine: why? i don't understand
so u all limit the amount for each person
someone: here in ygn, at least 50000 by government employee
no we don't set the amount
Khine: how for poor person
someone: but we invite all the old student to the event
some no need to donate cos they are poor
but some they are rich and should donate more like you :D
Khine: setting amt for donation is not good
someone: we don't set the limit
Khine: so why u tell me at least 50000
someone: but for those who could effort should share more money
for those who studying in abroad :P should be
Khine: can't win u ha ha
someone: but just let you know
Khine: letting me know is like forcing me to donate more
okie.. i will discuss with hep first... :D
someone: dun make your batch image down naw :P
Khine: shut uppppppppppp!!!
someone: also for the pharmacy
Khine: don't make me angry ..:P
someone: kk :D ...so i pass your contribution to your batch
how much 300 SGD :D
Khine: don't tell me how much i have to donate
that's not like donation
that's kind of forcing
someone: hahaha
Khine: i m really angry now.. u know
someone: no le
just between the frisendship could ask :D
dun get me wrong.. it is up to the contributor
Khine: that's the thing u shouldn't ask
everyone will not be rich like u...keep in mind
i m studying in sg... right
what if i m not that rich as u think
someone: good reason :D
just sharing the information le
you know maw2 si from your batch?
Khine: yes.. maw maw si is from our batch
someone: you can contact her and contribute whatever you want
Khine: ok thanks
someone: she is in charge of your batch
good night naw :D
Khine: ok bye

ကန်ဒီ့အမြင်က သူအဲ့လိုပြောသင့်လား... singapore မှာကျောင်းတက်တာနဲ့ ပိုလှူရမယ်ဆိုတာနဲ့က ဘာဆိုင်လို့လဲ... နောက်ပြီး SGD 300 ဆိုပြီး amountနဲ့ ပြောစရာလား.. sg မှာကျောင်းတက်ပြီး ကိုယ့်ကျောင်းစရိတ်၊ နေစရိတ်ရအောင် part time ကိုသေလုမတတ်လုပ်ပြီး ပိုက်ဆံရှာနေရတဲ့ လူတွေအများကြီး... ကန်ဒီသာအဲ့လိုလူမျိုးတစ်ယောက် ဖြစ်ခဲ့ရင် သူပြောတဲ့စကားအတွက် ဘယ်လောက်အားငယ်သွားမလဲ... ငါအဲ့လောက် မလှူနိုင်ဘူးဆိုပြီး... ကန်ဒီ ချမ်းသာလား မချမ်းသာဘူးလားရော သူသိလို့လား.. ကန်ဒီနဲ့ သူနဲ့လည်း အတွင်းကျကျသိတာမဟုတ်ဘူး...

အချမ်းသာကြီးမဟုတ်ပေမယ့်.. သူများသုံးသလောက်သုံးနိုင်တဲ့ အနေအထားပါ... ကန်ဒီ SGD 300 ပေးလိုက်နိုင်တယ်.. ဒါပေမယ့် ကန်ဒီပိုက်ဆံတော့ မဟုတ်ဘူး... ကန်ဒီ့ မိဘပိုက်ဆံ.. ကန်ဒီအမေကို "မာမီ... သမီး SGD 300 ဆရာကန်တော့ပွဲထဲ ထည့်ချင်လို့ .. " လို့ ပြောလိုက်ရင် အမေကပေးမှာပဲ.. ဒါပေမယ့် ကန်ဒီတောင်းမှာ မဟုတ်ဘူး... ကိုယ့်မိဘပေးနိုင်တိုင်း ကိုယ်ကတောင်းနေလို့ ဖြစ်မလား... ကန်ဒီငယ်ငယ်ထဲက အင်္ကျီတစ်ထည်ဝယ်ရင်တောင် မိဘမျက်နှာကြည့်ပြီး ၀ယ်ခဲ့တာ... ကန်ဒီ့အယူအဆက မိဘချမ်းသာတာ ကိုယ်ချမ်းသာတာ မဟုတ်ဘူး... ခုဒီအသက်အရွယ်အထိ ကန်ဒီိကိုယ်တိုင်ရှာတဲ့ ပိုက်ဆံ $42 ပဲရှိသေးတယ်... (Part time ဆိုတဲ့ ပိုစ့်နဲ့ရေးဖူးပါတယ်)... မိဘဆိုတဲ့ အုတ်တံတိုင်းကြီး ခွာချလိုက်ရင် ကန်ဒီဆိုတာ ဘာမှမဟုတ်ဘူး.. ဘာမှမရှိဘူး...

ကန်ဒီ ဒေါသဖြစ်တာ နောက်တစ်ခုက don't make your batch image down naw... ဆိုတာကြောင့်... ကိုယ့်ဆရာ ဆရာမတွေကို ကန်တော့တဲ့ကိစ္စမှာ.. ဘာလို့ ဂုဏ်တုဂုဏ်ပြိုင်တွေ လုပ်ချင်နေတာလဲ... :(

ကန်ဒီ့ကို ထင်ချင်သလို ထင်နိုင်ပါတယ်... ကန်ဒီ့ အတွေးသက်သက်ပါ..

P.S: သူ့ gmail account name ကို ပြောင်းထားပါသည်။

2 comments:

သော်ဇင်စိုး said...

ဟုတ်၏.. အားပေး၏.. ဒီလိုကိစ္စမျိုး လုံးဝ မခံနဲ့ အပြတ်သာဆော်ပစ်.. :D
အင်္ဂလိပ်လိုတွေ ပြောတာများသွားလို့ နာလည်မှု လွဲသွာတာလားမှ မသိတာ.. အနည်းဆုံး ဆိုပြီးတော့ ပြောတာကတော့ လွန်တာပေါ့နော်.. နိုင်ငံခြားမှာ နေတာဆိုတော့ အထင်ကြီးတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့..
ဆရာ သမားတွေကိုတော့ တကယ်ပဲ ကိုယ်တတ်နိုင်တဲ့ ဖက်က ကျေးဇူးဆပ်ချင်ပါတယ်.. ဒါပေမဲ့..
ကျွန်တော်တို့ထားဝယ်မှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှတ် (၂) ကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တော့ အမေရိကန်ရောက်နေတဲ့ ကျောင်းသားတစ်ယောက် လှူလိုက်တဲ့ အလှူငွေက တော်တော်လှုပ်ခတ်သွားတယ်လေ.. အတော်များမျာကို.. ဒီတော့ ကျွန်တော်တိုပ အမှတ် (၁) ကျောင်းကလည်း ဆရာကန်တော့ပွဲ လိုက်လုပ်ရော ဆိုပါတော့.. အမှတ် (၁) ကျောင်းကထွက်ပြီး ကောင်းစားနေကြတဲ့ လူတွေက အမှတ် (၂) ကျောင်းထက်ပိုများတယ်လေ.. ဒီလိုနဲ့.. ရီရသေးတယ်.. ဟားဟား.. :D

Candy said...

ဟားဟား... ကိုသော်ဇင် မလာတာကြာပေါ့... ခံဘူး စိတ်ချ... အပြတ်ကိုဆော်ပစ်တာ... :P