Monday, July 4, 2011

July: To Do Lists...

(၁) 5th July ... Presentation on "Anticoagulants"



Anticoagulants ဆိုတာကို အမှန်အတိုင်းပြောရရင် ဗမာလို ဘယ်လိုခေါ်လည်း မသိဘူး.... .."သွေးကျဲဆေး" ပဲ ခေါ်မယ်ထင်တယ်... သွေးမခဲအောင် ပေးတဲ့ဆေးလေ... အဓိကအားဖြင့်တော့ နှလုံးအဆို့တပ်ထားတဲ့လူတွေ၊ သွေးစီးတာနှေးလို့ သွေးခဲတဲ့လူတွေ (ခြေထောက်က သွေးကြောတွေမှာ ဖြစ်တာများပါတယ်..) မှာသုံးပါတယ်.. (၁၀)မိနစ် presentation နဲ့ (၅)မိနစ် မေးခွန်းမေးမှာ...

(၂) 14th July (due date) .. Leaflet on "Cognitive enhancer"


Cognitive enhancer ဆိုတာကတော့ မှတ်ဥာဏ်တိုးအောင် ပေးတဲ့ဆေးတွေပါ.. အဲဒီဆေးတွေကို အဓိကအားဖြင့်တော့ အသက်ကြီးလို့ မှတ်ဥာဏ်မကောင်းတော့တဲ့ သူငယ်ပြန်သလိုရောဂါမျိုးတွေမှာ ပေးပါတယ်.. ဒါပေမယ့် အဲဒီဆေးတွေက အခု ကျောင်းသားတွေကြားမှာ အရမ်းခေတ်စားပြီး အလွဲသုံးစားမှုဖြစ်နေတယ်... ကျောင်းသားတွေက သူတို့စာမေးပွဲမှာ အမှတ်ကောင်းအောင်၊ စာကြာကြာကျက်နိုင်အောင် အဲဒီဆေးတွေကို မှောင်ခိုဝယ်ပြီး သောက်နေကြတဲ့ ကိစ္စက ခုအရမ်းကြီးမားနေတယ်.. သုသေသနတွေအရတော့ ပုံမှန်လူသောက်ရင်လည်း မှတ်ဥာဏ်တိုးစေတာ တွေ့ရပါတယ်တဲ့... ဒါပေမယ့် ကြာကြာသုံးရင်ဖြစ်မယ့် ဆိုးကျိုးတွေတော့ ခုထိမစမ်းသပ်ရသေးပါဘူး... သုသေသနအဖွဲ့တွေအနေနဲ့ကလည်း ရောဂါကုသရေးအတွက်ပဲ ဆေးတွေကို အဓိက စမ်းသပ်တယ်လေ.. ပုံမှန်လူသုံးနိုင်မယ့်ဆေးကို စမ်းသပ်ဖို့က သူတို့မှာ ရန်ပုံငွေရှိဖို့လိုတယ်.. အဲဒါကြောင့် သေချာမစမ်းသပ်နိုင်သေးတဲ့ အနေအထားပါ..

တဖက်ကကြည့်မယ်ဆိုရင်လည်း ဆေးတလုံးကို (၆)ဒေါ်လာလောက်ပေးရတဲ့ဆေးကို ချမ်းသာတဲ့ကလေးတွေပဲ သောက်နိုင်မယ်.. တော်ရုံလူမသောက်နိုင်ဘူးဆိုရင်.... နောက်ပိုင်း ချမ်းသာတဲ့ကလေးတွေ၊ ဆေးသောက်တဲ့ ကလေးတွေက ကျောင်းစာမှာ ထိပ်ဆုံးက ဖြစ်နေမလား ဆိုတာလဲ စဉ်းစားစရာကိစ္စ ဖြစ်လာတယ်... အဲဒီကိစ္စ အကြောင်း leaflet ရေးရမှာပါ...

(၃) 25th, 27th, 29th July ... EXAM

စာမေးပွဲက (၃)ဘာသာဖြေရမယ်..
1) Common Diseases and their Treatment
2) Drug Regulation and Quality Assurance
3) E-commerce

ယနေ့မှစ၍ မိမိကိုယ်ကို တားမြစ်ချက်များ....

(၁) သိပ်မအိပ်ရန်...
(၂) Youtube သိပ်မကြည့်ရန်.. subscribe လုပ်ထားသူများမှလွဲ၍ ကျန်တာ မကြည့်ပါနှင့်...
(၃) စာအုပ်ဒီတခါငှားရင် တစ်အုပ်ပဲငှားပါ...

P.S: ကိုယ်တိုင် post မရေးနိုင်ပေမယ့်... လိုက်ဖတ်ပါမည်... :P

No comments: