ကန်ဒီ ဒီနေ့ သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် Blog day အတွက် တက်ဂ်ပိုစ့်လေး ရေးမယ်နော်... Blog day တက်ဂ် ရေးနေကြတဲ့သူတွေ ကန်ဒီတွေ့ပေမယ့် ကန်ဒီသေချာနားမလည်ခဲ့ဘူး... မမရိုစ့်ရဲ့ပိုစ့် ဖတ်ပြီးမှ နားလည်သွားတာ.. ကန်ဒီ့ကို သတိတရတက်ဂ်လို့လည်း ကျေးဇူးပါ မမရိုစ့်ရေ.. Blog day တက်ဂ်က ဘာလဲဆိုတော့ ကိုယ့်ဆီလာလည်နေကြစာဖတ်သူတွေကို New Blogger (၅)ယောက်နဲ့ မိတ်ဆက်ပေးရတာပါ... :) အဲ့ဒီမှာတင် ပြဿနာ စတက်တော့တာပဲ... ကန်ဒီကလည်း သက်တမ်းကြာပြီဖြစ်တဲ့ ဘလော့ဂါတစ်ယောက်မဟုတ်လေတော့... ခက်ပြီ .. >.< အဲ.. ဒါပေမယ့် သေချာရှာကြည့်လိုက်တော့.. ကန်ဒီအရမ်းခင်ပြီး သွားနေကြနေရာလေးတွေက ဘလော့ဂါတွေက ဘလော့ရေးတာသိပ်မကြာသေးဘူးပဲ.. ကန်ဒီ့ထက် နောက်ကျတယ်.. စာရေးကောင်းတော့ ကန်ဒီက ၀ါရင့် ဘလော့ဂါတွေထင်နေတာ.... အဟိ.. :D
သူတို့အကြောင်းမပြောခင် ကန်ဒီ့ဘလော့လေးအကြောင်း အရင်ပြောပါရစေနော်..
ကန်ဒီ ဘလော့စရေးတာ မတ်လ ၂၀၁၀ မှာပါ... ကန်ဒီက အိမ်မှာနေတာများတဲ့ အိမ်တွင်းပုန်းလေ.. နောက်ပြီး အဲဒီ့အချိန်တုန်းက ကျောင်းတက်ခါစဆိုတော့ စာလည်းသိပ်မများသေးတော့ အားလည်းအားနေတာနဲ့ ဘလော့စရေးဖြစ်တယ်ပေါ့.. နှင်းဆီဖြူဆိုတဲ့ ကန်ဒီညီမက အစစအရာရာ ပြောပြကူညီခဲ့တယ်... သူက ခုတော့ စာသိပ်မရေးတော့ဘူး.. သူကအိမ်မှာ အိပ်ဖို့လောက်ပဲနေတာလေ.. :P (ဒါတွေ့ရင် အပြောခံရဦးမယ်.. ) ... ဒီလိုနဲ့ စရေးဖြစ်တယ်ဆိုပါတော့.. ကန်ဒီ ဘလော့စရေးပြီး သိပ်မကြာဘူး... ကန်ဒီ laptop က မြန်မာလိုရိုက်လို့မရတော့ဘူး... ကန်ဒီဘယ်လိုလုပ်လုပ် မရဘူး... အဲ့ဒါနဲ့ စာရေးလို့မရဘူး... အဲဒါကြောင့် ၂၀၁၀ မှာ စာသိပ်မရေးဖြစ်ဘူး.. ကြားထဲမှာ အဆက်အသွယ်ပြတ်သွားတာပေါ့...

အဲဒီ့အချိန်တုန်းက ကန်ဒီဖတ်ဖြစ်တဲ့ ဘလော့ဂါတွေက ကိုသော်ဇင်စိုး (The starry night).. သူက ကန်ဒီ့ကို အမြဲအားပေးတယ်.. ကန်ဒီ့ပိုစ့်တွေမှာ comment အမြဲပေးတယ်.. ခုထိလည်း သူစာမရေးဖြစ်ပေမယ့်.. လာလာcomment ပေးတတ်တယ်... ကန်ဒီအမြဲ အမှတ်ရနေမယ့်သူပေါ့... နောက် ပိုးဟပ်လေး.. သူလည်း ခုစာမရေးတော့ဘူး... ဒီနောက်ပိုင်းဖတ်ဖြစ်တဲ့ဘလော့ဂါတွေကတော့ ကန်ဒီ Blog list ကသူတွေပေါ့... ကန်ဒီအရင်ကပြောခဲ့ဖူးသလိုပဲ ကန်ဒီ့မှာ ဘလော့ဂါသူငယ်ချင်းတော့နည်းတယ်... လူကြောက်တဲ့စိတ်ကြောင့်ရော.. ကန်ဒီ့ဘလော့ကလည်း ဘာမှထွေထွေထူးထူးမရှိတာကြောင့်ရော သွားသမျှနေရာတွေမှာ ခြေရာမထားခဲ့ဘူးလေ... အမှန်အတိုင်း ၀န်ခံရရင် အစ်ကိုတွေ အစ်မတွေ ဆူတာခံရမလားပဲ... အစ်ကိုချင်းတို့... မမရိုစ့်တို့... ခုကန်ဒီခင်နေတဲ့သူ တော်တော်များများဆီကို ကန်ဒီအရင်ရောက်ဖူးပြီး မွှေပြီးသား... ခြေရာမချန်ခဲ့တာပဲ ရှိတာ.. အဟိ... :P ..သူတို့ ကန်ဒီ့cbox မှာ လာရေးတော့ အရမ်းပျော်သွားတာ... :D
ကဲကဲ... ကန်ဒီလေပေါတာများနေပြီ... အဓိကဟာက မရောက်တော့ဘူး... :P
ကန်ဒီ့နောက်မှ ဘလော့စရေးတဲ့သူတွေကို New Bloggers လို့ သတ်မှတ်လိုက်တယ်နော်... တကယ်တော့ သူတို့က ကန်ဒီ့ထက်စာရေးကောင်းပြီး အပေါင်းအသင်းများတော့ အားလုံးလည်း သိပြီးသလောက်ဖြစ်မယ်ထင်ပါတယ်...
(၁) ကိုပဥာက်.... ကဗျာအများဆုံးရေးပြီး ၀တ္တုတိုလေးတွေလည်းရေးတယ်... ကဗျာရေးတာအရမ်းကောင်းတယ်.. ကန်ဒီက ကဗျာဆို သိပ်စဉ်းစားမှ ပေါ်လာတဲ့ကဗျာမျိုးမကြိုက်ဘူး... ဖတ်လိုက်တာနဲ့ ချက်ချင်းမျက်လုံးထဲမြင်တာမျိုး သဘောကျတယ်.. သူ့ကဗျာတွေက ကန်ဒီ့အသဲစွဲပေါ့...
(၂) အစ်ကိုချင်း.... စာရေးကောင်းသလို အရမ်းခင်ဖို့ကောင်းတယ်.. သူနောက်ဆုံးရေးထားတဲ့ ၀တ္တုတိုလေး ("လွမ်းဆွတ်ခြင်းအပြည့်နဲ့ တခါကအနမ်း")ကိုအရမ်းကြိုက်တယ်... ရီရလို့... နောက်ပြီး သူ့စာဖတ်သူတွေ မေးတာကို ပိုစ့်အနေနဲ့တောင် ရေးပြီးကူညီတတ်တယ်လေ... သဘောကောင်းချက်..
(၃) မမမိုးပန်းချီ .... မမက online ၀တ္တုတိုဆုတောင် ရဖူးတယ်.. သူဆုရတဲ့ဝတ္တုလေးက " နေခြည်မှာ ရွှေရည်လောင်း"တဲ့.. ကန်ဒီဆို ဖတ်ပြီး မျက်ရည်တောင်ဝဲတယ်...
(၄) မမ Jasmine .... မမကိုတော့ အားလုံးသိကြပြီးဖြစ်မယ်ထင်ပါတယ်... ဘယ်သွားသွား မမကိုတွေ့တယ်.. သူမရှိတဲ့နေရာမရှိဘူး.. ဟီးဟီး.. အရမ်းခင်ဖို့ကောင်းပြီး ကဗျာကောင်းကောင်းတွေ ရေးတတ်တယ်...
(၅) သနပ်ခါးမေ... အလှကြိုက်တဲ့ မိန်းကလေးသိပ်ဆန်တဲ့ မိန်းကလေးတွေအတွက် အရမ်းမိုက်တဲ့ ဘလော့လေးပေါ့...
(၆) အိပ်ယာ... သူကတော့ ဘလော့ဂါအသစ်စက်စက်လေးပါ... အထင်တော့ မသေးနဲ့နော်... စာရေးတာ ကောင်းတယ်...
(၇) မမခရမ်းနွယ်... စာရေးကောင်းပေမယ့် မမက အလုပ်ရှုပ်ပုံရတယ်... ခုတော့ စာရေးကျဲနေတယ်.... သူ့ကဗျာလေး တစ်ခုဆိုကန်ဒီကြိုက်လွန်းလို့ ကူးတောင်ကူးထားတယ်...
ဟီးဟီး.. ၇ ယောက်ဖြစ်သွားတယ်... ၂ ယောက်က bonus ပေါ့နော်.. :P
ဒီပိုစ့်လေးရေးရင်း ကြုံတုန်း ကန်ဒီ Blogger တချို့နဲ့ တကူးတက စာလာဖတ်သူတွေကို ကျေးဇူးတင်စကားပြောချင်ပါတယ်...
ပထမဆုံး ဒီပိုစ့်ရေးဖြစ်အောင် တက်ဂ်ပေးတဲ့ မမရိုစ့် ... နောက်ပြီး ကန်ဒီဘာလုပ်လုပ်အားပေးတတ်တဲ့ တီတီနဲ့ ကိုဖြိုး (ရေးမိရေရာအဖြာဖြာ) ... ကန်ဒီ နည်းပညာဆိုဒ်တွေ သိပ်မလည်တတ်ဘူး... ဒါပေမယ့် အစ်ကိုချင်းဆိုဒ်ကနေ DecemberMgMg ဆိုတဲ့နည်းပညာ ဆိုဒ်လေးရောက်သွားတယ်... သူကြောင့် ခုဆို ကန်ဒီ YouTubeက သီချင်းတွေ download လုပ်လို့ရပြီ... အဲ့ဒါကြောင့် သူ့ကိုလည်း ကျေးဇူးတင်စကားပြောချင်ပါတယ်...
နောက်ကျေးဇူးတင်စကားပြောချင်တာက ကန်ဒီ့ဆီလာလည်နေတဲ့ စာဖတ်သူတွေကိုပါ... အကြောင်းအမျိုးမျိုးကြောင့် comment တို့ cbox တို့မှာ မအော်သွားကြပေမယ့် (ကန်ဒီ့ကိုယ်ပွားတွေလေ.. :P ) ကန်ဒီသိပါတယ်လို့... ကန်ဒီ့ဆီလာလည်နေတဲ့သူတွေ ဘယ်သူဆိုတာသေချာမသိပေမယ့် ဘယ်သူက ခဏခဏလာတတ်တယ်.. ဘယ်ကလာတတ်တယ်ဆိုတာ ကန်ဒီအမြဲကြည့်ပါတယ်... လာလည်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်... :D
ဒီပိုစ့်ထဲမှာ ကန်ဒီရေးသမျှသူအားလုံးကို ကန်ဒီတက်ဂ်ပါတယ်... ကန်ဒီတက်ဂ်တာကို တာဝန်ကြီးတစ်ခုလိုတော့ မယူဆပါနဲ့နော်.. ကန်ဒီက ခင်လို့တက်ဂ်တာ... အားလည်း အားပြီး အဆင်ပြေမှ ရေးပါနော်... မရေးလို့လည်း ကန်ဒီစိတ်မဆိုးပါဘူး..... :D

17 comments:
ကိုယ်မွေးဖွါးခဲ့ရာတိုင်းပြည်မဟုတ်ပဲသူများနိုင်ငံမှာကြိုးစား ပညာရှာမှီးနေတဲ့သူ၊ တစ်ဖက်ကလည်းသူ့ဘလော့လေးကိုရောက်လာတာနဲ့Headerမှာကြော်ငြာ ထားတဲ့ခင်မင်ချင်စရာမျက်နှာပေးလေးနဲ့ညီမငယ်ကိုစီနီယာတစ်ယောက်အ
နေနဲ့လေးစားခင်မင်မိလို့တဂ်ထားတာကိုနားလည်မိသလောက်ပြန်ရေးပါ့မယ်ဗျာ။ ကျနော့်ကိုသတိတရရှိနေတာကိုကမုန့်ဝယ်ကျွေးချင်စရာပါ..:P
ကန်ဒီ့ ဘလော့ဂ်ဒေး ပို့စ်လေး လာဖတ်တယ်နော်။ ခြေရာလေးတွေပဲ ချန်ချန်၊ တိတ်တိတ်လေးပဲ အလည်ရောက်ရောက် စိတ်မဆိုးပါဘူးရှင်း)
rose
Candy လေး ...
ပြောင်းဖူးထောင်းကြော် ဗီဒီယို ကြည့်ပီး ပီနော်။
Like လည်း လုပ်ထားတယ်။ ရီရတယ်။ ပုံစံလေးတွေက။ ချစ်ဖို့လည်း ကောင်းတယ်။
ဘလော့မှာ မတင်ဘူးလား။
တီတီလည်း Candy တင်သမျှ ပိုစ့်တွေ အားလုံးကို လာ လာ ဖတ်ပါတယ်။
ကွန်မန့်သာ မချန်ဖြစ်ခဲ့တာပါ။
Peace ...
(\ /)
ღ( . .)ღ
c(”)(”)
•*♥*•.¸¸.•*♡*•.¸ ¸.•*♥*•.
┊ ┊ ┊ ♥Day !
┊ ┊ ♥Nice
┊ ♥A
...♥Have
နာကွ! ဟီးဟီး.. ငိုတာဟုတ်ဘူးနော် ရီတာ။ ကျွန်တော့ကိုသတိတရထည့်ရေးပေးတဲ့ အတွက်အရမ်းပျော်ပါတယ် ခင်ဗျာ။ တကယ်ကျေးဇူးကမ္ဘာပါ ခင်ဗျာ။ :D
candy, thank you so so so so muchhh!!!! :D mwah mwah xoxo :D
အမှတ်တရ စာလေးဖတ်လိုက်ပါပြီနော်...
သတိတရ ရှိနေတာကိုလဲ
ကျေးဇူးပါညီမရေ...
အားလုံးကတစ်ယောက်တစ်မျိုးတော်
ကြတယ်နော်....
ကလေးတွေကပိုတော်နေတယ်...
jas ကလူမကြီးတကြီးဖြစ်နေလို့
ညံ့သေးတယ်နော်။
အဲဒီပို့ ကို မောင်မျိုးရေးလို့  ဖတ်ပြီးပြီblog day ဆိုတာတော့သိတယ် ဘာမှန်းတော့မသိဘူးဖြစ်နေတာ
ခုမှပဲသေသေချာချာသိတော့တယ်။ ခုလိုသတိတရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
တွေ့ ရင်မုန့် ဝယ်ကျွေးမယ်း)
ခင်လို့ တက်ဂ်တာ တဲ့  သွားပြီ ဘာရေးရမှန်းကိုမသိဘူးး(
ဘလော့ခေါင်းစဉ်းအတိုင်း ရေးမိရေးရာပဲရေးရတော့မယ်ထင်တယ်။
@အစ်ကိုချင်းနဲ့ ကိုဖြိုး.. မုန့်ဝယ်ကျွေးမယ် ပြောထားတာ မှတ်ထားမယ်နော်... xD
တီတီရေ... အားပေးစကားအတွက် ထပ်ဆင့်ကျေးဇူးပါ.. :D
အမ်...ဒါတော့ချက်ချင်းပြန်ပြောတယ်နော်...:P ညီမချိုချဉ်ရေးထားပြီးပြီနော်..မန့်ခဲ့တာလည်းတွေ့ပါတယ်။ ညီမပို့စ်မှာပထမဆုံးမန့်ခဲ့တာကြောင့်ကျနော့်ကိုပြန်ပြီး လက်စားချေတဲ့အနေနဲ့ပထမဆုံးကွန်မန့်ပြန်ပေးခဲ့တာပေါ့:P
ဟီးဟီး... ဟုတ်တယ်... :D
Candy ရေ... ဖတ်ပြီး အားပေးသွားပါတယ်...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ကျေးဇူးပါ ဘုန်းဘုန်း.. :D
အလို...ဘလော့ဂ်ထိပ်စည်းက ငပေါမလေးငါးကောင်က ရုပ်ချင်းဆင်လှချေလားဟဲ့...အမွှာလေးတွေထင်ရဲ့( ဤကား ဦးဟန်ကြည်၏ စဉ်းစားမိပုံ...)
အခုမှပဲ ရောက်ဖြစ်ပေမယ့် ဘလော့ဂ်ဒေးအကြောင်းနဲ့ ခင်တဲ့ဘလော့ဂါတွေအကြောင်း စီကာပတ်ကုံးရေးထားတာကို ဖတ်ရင်း ဘလော့ရွာကို သံယောဇဉ်ကြီးတဲ့ ဘလော့ဂ်ရွာသူ တစ်ယောက်တိုးချေပြီလို့ ပီတိတွေ ဖြာမိပါတယ်...ပျော်ပျော်ကြီး ဘလော့ဂင်းနိုင်ပါစေ ငပေါမလေး(ဟုတ်ပေါင်) သကြားလုံးမလေးရေ...
ချစ်စရာသကြားလုံးရေ..အကြွေးတင်ပြန်ပြီပေါ့..လာမယ်ကြာမယ်နော်..း)
Happy Blog Day to you in advanced!!
အကြွေး နှစ်ခုရှိသွားပြီ အားလုံးဖတ်သွားတယ်.. ဘလော့ တွေဆီ မရောက်ဖြစ်ပဲ facebook ပေါ်မှာချည်းပဲ တစ်ဝဲလည်လည် ဖြစ်နေလို့ပါ.. မနက်ဖြန်ရေးမယ်.. မနက်ဖြန် ပြန်လာခဲ့ဦးမယ်.. ညဖက် အလုပ်လုပ်၊ ညဖက် အိပ်နေရလို့.. လူ တော်တော်ကားနေလို့.. ဟီးဟီး..
ကင်ဒီ ကလော့လေးက အချိန်နဲ့ အမျှ ပြည့်ပြီးစုံလာတယ်..အရမ်းကြိုးစားနေတာလည်း အသိအသာကြီး.. ပျော်ရွှင်ပါစေ..:)
Happy Blog Day ပါကန်ဒီ။
စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဘလော့လေးပေါ်မှာ ဆက်လက် ရေးသားနိုင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ
ငါ့ညီမရေ့... အိမ်ပြန်သွားလို့ အင်တာနက်နဲ့ဝေးနေတာ ခုမှပိုစ့်တွေလိုက်ဖတ်ဖြစ်တယ်။ အမကို မှတ်မှတ်ရရ ရေးပေးတဲ့အတွက်ကျေးဇူးပါခလေးမရယ်။
Post a Comment