Wednesday, August 3, 2011

တိုင်းရင်းဆေး


ကန်ဒီ ဒီပိုစ့်လေးရေးတာ တိုင်းရင်းဆေးကို မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်သလို၊ အင်္ဂလိပ်ဆေးပဲ ကောင်းတယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူးနော်... ကန်ဒီ့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို နမူနာယူပြီး အားလုံးဆင်ခြင်နိုင်ဖို့ပဲ ရည်ရွယ်ပါတယ်.. ^_^

ကန်ဒီ သူငယ်ချင်းတစ်ယောက်ရဲ့အဖွားပါ.. လူကြီးဆိုတော့ ထုံးစံအတိုင်း ဆီးချို သွေးတိုးရှိတယ်.. အင်္ဂလိပ်ဆေးနဲ့ ကုနေတာပေါ့... အဲဒီ့အချိန်မှာ ဗမာဆေးရွက်တစ်ခုပဲ.. (ဘာလဲ ကန်ဒီသေချာမမှတ်မိလို့ စိတ်မရှိပါနဲ့နော်) .. အဲ့ဒီ့ဆေးရွက်က သွေးတိုးကျစေတယ်လို့ ကျန်းမာရေးစာစောင်တွေရော.. တိုင်းရင်းဆေးစာအုပ်တွေရောမှာ အရမ်းညွှန်းတဲ့အခါမှာ.. ကန်ဒီ့ သူငယ်ချင်းရဲ့ ဦးလေးက သူ့အမေအတွက်ဆိုပြီး ကျိုကျိုတိုက်တယ်ပေါ့.. တချိန်တည်းမှာပဲ ဆရာဝန်ညွှန်ကြားတဲ့ အင်္ဂလိပ်ဆေးကိုလည်း ဖြတ်လိုက်တယ်.. (ဘယ်လောက်ဆိုးလဲနော်).. သွေးတိုး ဆီးချိုရောဂါဆိုတာ ကုလို့မရတဲ့ရောဂါတွေပါ.. ဆေးသောက်ပြီး ဆိုးရွားမလာအောင် ထိန်းနေရတာ.. အဲဒီ့ထိန်းထားတဲ့ဆေးကို ဖြတ်လိုက်တော့ တခါတည်း အဖွားခမျာ ဆေးရုံရောက်သွားတော့တာပေါ့.. ဆေးရုံရောက်တဲ့အချိန်က တော်တော်နှောင်းနေပြီလေ.. ဆေးရုံတပတ်လောက်တက်ပြီး ဆုံးသွားရှာတယ်... :(

ကန်ဒီ့အမြင်ပြောရရင် သူတို့ညွှန်းတဲ့အရွက်က တကယ်လည်းဆေးဖက်ဝင်ကောင်းဝင်မှာပါ.. ဒါပေမယ့် ဆေးရွက်ကိုကျိုလို့ရတဲ့အရည်မှာ ဆေးဖက်ဝင်တဲ့ပစ္စည်းအပြင် တခြားဟာတွေလည်းပါသေးတယ်လေ... အင်္ဂလိပ်ဆေးကျတော့ တကယ့်အာနိသင်ရှိတဲ့ပစ္စည်းကိုပဲ ဆေးလုံးလိုလုပ်ထားတာလေ.. ဆေးလုံးပုံစံပေါ်ရုံပဲ safe ဖြစ်တဲ့ပစ္စည်းတွေနဲ့ရောထားတာ.. အဲတော့ (၂)ခုယှဉ်ရင် အင်္ဂလိပ်ဆေးရဲ့အာနိသင်က ပိုတာပေါ့.. လက်ရှိ သောက်နေနဲ့ အင်္ဂလိပ်ဆေးကိုဖြတ်လိုက်တာတော့ အတော်ဆိုးတာပေါ့နော်..

နောက်အဖြစ်အပျက်တစ်ခုက တရုတ်တိုင်းရင်ဆေးပါ.. ကန်ဒီ့ ဆရာမရဲ့အမေဖြစ်တာပေါ့နော် (Singaporean ပါ).. အဲဒီ့အဖွားကို သူ့သမက်က ဒီတိုင်း အားဆေးသဘောပေါ့... တရုတ်တိုင်းရင်းဆေးတစ်ခုကို ၀ယ်လာပြီး တိုက်တယ်... တိုက်ပြီး (၂)ရက်လောက်ပဲ ရှိသေးတယ်.. အဲ့အဖွား ဆေးရုံတင်လိုက်ရတယ်.. အကြောင်းကတော့ အဲဒီ့ တရုတ်တိုင်းရင်းဆေးမှာ Toxic ဖြစ်တဲ့ Chemical တစ်ခုပါနေတယ်.. အရောအနှောအနေနဲ့ပါတာပါ.. အဲဒီ့အဖွားအသက်ကို ကယ်လိုက်နိုင်ပေမယ့်... အသည်းတော့ တော်တော်ပျက်စီးသွားတယ်.. အဲဒီ့ဆေးရောင်းတဲ့လူနောက်ကိုလည်း လိုက်လို့မရတော့ပါဘူးတဲ့..

ခုချိန်မှာ တိုင်းရင်းဆေးတွေကို နိုင်ငံတကာမှာ သေချာ Regulate မလုပ်နိုင်သေးဘူးလေ.. စင်္ကာပူမှာဆိုရင် တရုတ်တိုင်းရင်းဆေးတွေကို အဆိပ်ဖြစ်စေတဲ့အရောအနှော ပါမပါစစ်တယ် (အဲ့လိုစစ်တာတောင်ဖြစ်သွားသေးတယ်နော်) .. Quality နဲ့ Safety ပဲစစ်တယ်ပေါ့.. Efficacy အာနိသင်ကိုတော့ မစစ်ဆေးနိုင်သေးဘူး... လက်တွေ့ကျတဲ့ စမ်းသပ်နည်းတွေလည်းမရှိသေးတော့လေ... Health Supplement (Vitamin) တွေ.. Herbal medicine တွေကိုတော့ License တောင်မလိုပဲ ရောင်းခွင့်ရှိတယ်.. အဲတော့ အဓိကက သောက်သုံးတဲ့လူပေါ်ပဲ မူတည်တာပေါ့.. မြန်မာနိုင်ငံမှာတော့ တိုင်းရင်းဆေးတွေဘယ်လို regulate လုပ်လဲ ကန်ဒီလည်းသေချာမသိပါဘူး.. ဒါပေမယ့် အဓိကက မိမိကိုယ်တိုင်ချင့်ချိန်နိုင်ဖို့ပဲလေ..

စေတနာမွန်ဖြင့်....
Candy =)

3 comments:

မောင်ခင်မောင်ချင်း@ချင်းလေး said...

absolutely right...တိုင်းရင်းဆေးကregulateလုပ်ခြင်းရှိမရှိမသေချာတာတစ်ချက်ထဲနဲ့တင် ရှောင်သင့်နေပါပြီ။ သို့သော်လည်းလုံးဝကြီးတော့ပစ်ပယ်လို့မသင့်သေးပါဘူးလေ။

သော်ဇင်စိုး said...

HIV ဖြစ်နေတာကို ဖားပြုတ်စားရတာတွေ.. ခွေးရူးကိုက်တာကို မီးဖိုက ပြာပေါ် လမ်းလျှောက်ခိုင်းပြီး ပြာဖျက်လိုက်တာနဲ့ ကောင်းတယ်ဆိုတာတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှ ရှိနေတုန်းပါပဲ.. တိုင်းရင်းဆေးက ကောင်းပါတယ်.. အမှန် မကောင်းတာက (ကျွန်တော့် အထင်) ကောလာဟာလ လို့ ထင်တယ်.. ကျွန်တော်လည်း အပူနာဖြစ်ရင် သုခသီတာနဲ့ အကင်းဆယ်ပါး၊ လေမမှန်တာ ဝမ်းမမှန်တာ ဖြစ်ရင် အစားမှားအညှော်ခံဆေး အဲဒီဟာတွေ စားပြီး ကြီးလာတာပါပဲ.. ကျွန်တော် ယူဆတာကတော့ ပညာတတ်ဆရာဝန်တွေက ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ တိုင်းရင်းဆေးတွေကို သေချာ သုတေသန ပြုပြီးတော့ ကောင်းတာကို ပိုပြီး အသုံးတွင်ကျယ်အောင် မကောင်းတာကိုတော့ အမှန်ကိုပဲ မကောင်းပါဘူးလို့ လူအများသိအောင် လုပ်ဖို့ လိုတယ် ထင်တာပါပဲ.. :)

jasmine(တောင်ကြီး) said...

candy ရေ
လာရောက်ဖတ်သွားပါတယ်
တစ်ချို့တရုတ်တိုင်းရင်းဆေးတွေ တော်တော်ကိုအစွမ်းထက်တာမျက်မြင်တွေ့
ဖူးပါတယ်...မြန်မာဆေးတွေလဲရှိမှာပဲနော်...