Tuesday, August 9, 2011

တောင့်တမိသော...


သူတစ်ယောက်ထဲ နေတတ်တယ်....
သူ့အထီးကျန်မှုရဲ့ ကနဦးအစက.... >>>>

"အိမ်နားက ကလေးတွေနဲ့ မဆော့နဲ့နော်.."
"အမေ မပါဘဲ သူများနဲ့ ရုပ်ရှင်သွားမကြည့်နဲ့.. "
"ဇီးထုပ်မစားရဘူး.. "
"ညဘက် အပြင်မသွားရဘူး.. "
"ဘာလို့ အဆင့်က ကျသွားတာလဲ.. "

တင်းကျပ်တဲ့ စည်းမျဉ်းတွေအောက်မှာ ကျုံ့ကျုံ့လေးနေခဲ့တာ ခုဆို (၂၃)နှစ်.....
အဲ့ဒီ စည်းမျဉ်းတွေကပဲ သူ့ကို သူမတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေခဲ့သလို.....
ရင်းနှီးပွင့်လင်းမှုမရှိတဲ့ တစိမ်းဆန်ဆန်မိသားစုဘ၀သို့ တွန်းပို့.....
နောက်ဆုံး ပိန်းပိန်းမှောင်နေတဲ့ အခန်းထောင့်တစ်နေရာမှာ သူတစ်ယောက်ထဲ...
ခါးသီးဖွယ် အထီးကျန်မှုတွေက သူ့တကိုယ်လုံးကို မသိမသာချည်နှောင်နေကြတယ်....

သူနားလည်ထားတဲ့ ဟန်ချက်ညီတဲ့ မိသားစုဘ၀ဆိုတာ လက်ရည်တပြင်တည်းမဟုတ်တောင်
မိသားစုစုံစုံညီညီနဲ့ စားတဲ့ထမင်းဝိုင်းလေးက နံပါတ်(၁)...
နောက်တော့ ပွင့်လင်းမှု ရင်းနှီးမှု ညှိနှိုင်းမှု......
ဒါတွေက သူတခါမှမရခဲ့ဖူးတဲ့ သူအတတ်သိတဲ့ နွေးထွေးမှု....
သူပြင်းပြစွာ ဆာလောင်နေတဲ့ တောင့်တမှု...

ဆို့နင့်စွာ ခံစားရတဲ့ ဝေဒနာတွေကို မြိုသိပ်....
သူသက်ပြင်း တစ်ချက်ချလိုက်တယ်...
ကြမ္မာရဲ့ စေရာပဲပေါ့လို့...

P.S. ကဗျာလည်း မဟုတ်ပါ.. ဘာမှန်းလဲ မသိပါ.. ရင်ဖွင့်ခြင်းမျှသာ...

4 comments:

jasmine(တောင်ကြီး) said...

candy ရေ အမလဲတစ်ဦးတည်းသောသမီးဆိုတော့
အိမ်မှာမေမေရယ်ဖွားဖွား ရယ်ပဲရှိခဲ့တာပါ..
သူတို့ကိုပဲသူငယ်ချင်းလိုပေါင်းတယ်လေ
ခုထိမေမေကိုချစ်ကြောက်ပေါ့နော်...
အိမ်မှာရှိနေတဲ့အချိန်ကလဲ လိုအပ်တာမေမေကအားလုံးလုပ်ပေးလို့
ဘာမှ သိပ်မသိခဲ့ပေမယ့် ရေခြားမြေခြားမှာတော့လွမ်းမိတယ်။

မိသားစုစုံစုံညီညီနဲ့ စားတဲ့ထမင်းဝိုင်းလေးက နံပါတ်(၁)...
နောက်တော့ ပွင့်လင်းမှု ရင်းနှီးမှု ညှိနှိုင်းမှု......
ဒါတွေက သူတခါမှမရခဲ့ဖူးတဲ့ သူအတတ်သိတဲ့ နွေးထွေးမှု....
သူပြင်းပြစွာ ဆာလောင်နေတဲ့ တောင့်တမှု...

ဆို့နင့်စွာ ခံစားရတဲ့ ဝေဒနာတွေကို မြိုသိပ်....
သူသက်ပြင်း တစ်ချက်ချလိုက်တယ်...
ကြမ္မာရဲ့ စေရာပဲပေါ့လို့... ဒီအတွက်စိတ်မကောင်းပါဘူး...
သေသေချာချာကိုဖတ်ခဲ့တယ်နော်....
ဘာမှ လဲအားမငယ်ပါနဲ့ ....

KMC@ချင်းလေး said...

ညီမချိုချဉ်ရေ.....ဆို့တယ်ညီမရယ်... ခုလိုရင်ဖွင့်ချလိုက်တာကတော့ ကောင်းတဲ့လက္ခဏာတစ်ခုပါ။

Candy said...

အားပေးစကားတွေတွက် ကျေးဇူးနော်.. xD

emodoll said...

း( ဗြဲ... အဲလိုကြီးရေးတော့ one နဲတယ်...း(