Sunday, August 21, 2011

အာရုဏ်ဆွမ်း


ဒီနေ့မနက် ၅ နာရီ ထတယ်... အာရုဏ်ဆွမ်းကပ်ဖို့ ကူရမှာလေ... Clementi ဘုန်းကြီးကျောင်းမှာ....

ကန်ဒီတို့နဲ့ အတူနေတဲ့ အန်တီရဲ့ သူငယ်ချင်းအလှူပေါ့.. ကန်ဒီတို့ကတော့ လုပ်အားပေး... ဘာပဲဖြစ်ဖြစ်ကုသိုလ်ရတာပဲလေ.. ဟုတ်တယ်ဟုတ်.. :)

လူတွေဖယ်ပြီးကြည့်ပါ... ကျောင်းဘုရားခန်းကို ရိုက်ပြတာပါ.. :D

အသိအလှူရှိတိုင်း လုပ်အားပေးနေကြဆိုတော့ Clementi ကျောင်းတော့ ခဏခဏရောက်ဖြစ်တယ်... ကြက်သားပလာတာကျွေးတာ... အာလူးက ကန်ဒီနွှာထားတာလေ... ဟီး.. ကိုယ်တိုင်ကမချက်တတ်တော့ ဒီလိုလေးတွေပဲ ကြွားရတာ.. အဲလေ.. ကူရတာ... :P


ကော်ဖီလည်း ကန်ဒီဖျော်တာလေ... :D .. တကယ်တော့ ဖျော်ဖို့ အစီအစဉ်မရှိပါဘူး.. ကန်ဒီက ကိုယ့်အတွက်ဆို စိတ်ကြိုက်ရှယ်ဖျော်တတ်ပေမယ့် သူများက ကိုယ်ကြိုက်သလို ကြိုက်ချင်မှ ကြိုက်မှာလေ.. နောက်ပြီး ဘုန်းဘုန်းတွေအတွက်မို့လို့ ပိုမလုပ်ချင်ဘူး.. မကောင်းမှာ စိုးလို့... ဒါပေမယ့် ကန်ဒီ့ညီမကလည်း သူမလုပ်ဘူး.. ကျန်တဲ့ အစ်မကလည်း မလုပ်တတ်ဘူးဆိုတော့... ကန်ဒီပဲ လက်စွမ်းပြလိုက်ပါတယ်... ကိုယ့်ဟာကိုယ်ကြိုက်တဲ့ အရသာတော့ မဟုတ်ဘူး.. ကန်ဒီက ကော်ဖီအချိုမသောက်ဘူးလေ...ဒါပေမယ့် သူများကောင်းတယ် ဆိုတော့လည်း ကောင်းတယ်ပေါ့.. :P

ဘုန်းဘုန်းတွေက ၆ နာရီခွဲ ဘုန်းပေးတော့ ၆ နာရီလောက် ကျောင်းအရောက်သွားရတယ်... ဟိုမှာ ပန်းကန် ဇွန်း အစုံရှိတယ်.. ဘာမှယူသွားစရာမလိုဘူး.. ဟိုရောက်တော့ ပြန်နွှေးပြီး ကပ်လိုက်ရုံပဲလေ... ပြီးတော့ တရားနာ... ဧည့်သည် နည်းနည်းပါးပါးအတွက် ပြင်ပေး... ၁၁ နာရီခွဲလောက် အိမ်ပြန်ရောက်တယ်လေ...

Clementi ကျောင်းထိုင် ဘုန်းဘုန်းက သဘောအရမ်းကောင်းတယ်.. တရားနာပြီးတာတောင် ကန်ဒီတို့ကို ဓာတ်(၁၈)ပါးရယ် သိသင့်တာလေးတွေရယ် ထပ်သင်ပေးလိုက်သေးတယ်... နောက်ပရိတ်ကြိုးလည်း ချည်ပေးလိုက်သေးတယ်....


ဘုန်းဘုန်းဟောတဲ့ တရားထဲက ကန်ဒီမှတ်လာတာလေး မျှဝေလိုက်တယ်နော်...

ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့...
တောင်တွေးမြောက်တွေး စိတ်မလေးနဲ့...
တောင်ကြံမြောက်ကြံ မပူပန်နဲ့...

Clementi ကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေဆို တရားပွဲရှိတယ်.. ၁ နာရီခွဲလောက်က စတယ်.. နောက်ပြီး ခုဆိုကလေးတွေကို စာသင်ပေးနေပြီ... စေတနာ့ဝန်ထမ်း ဆရာမလေးတွေနဲ့လေ.. မြန်မာစာပေါ့... ကန်ဒီသွားလုပ်ချင်တာ အရမ်းပဲ... ဒါပေမယ့် စဉ်းစားနေရတယ်... တပတ်ကို ဘယ်နှစ်ရက်လဲ မသိလို့... ကန်ဒီ့အိမ်နဲ့က ကားနဲ့ဆိုလည်း နှစ်ဆင့်စီးရတယ်.. ရထားနဲ့ဆိုလည်း ကားတဆင့်ပြန်စီးရတယ် ဆိုတော့ နေ့တိုင်းဆိုရင်တော့ အဆင်မပြေဘူးလေ... နောက်တစ်ခုက ခုနောက်ပိုင်း ကျောင်းက စာတွေကလည်း Term တစ်ခုထက်တစ်ခု ပိုပိုများလာတယ်... :(

ကန်ဒီ ငယ်ငယ်က အရမ်းဖြစ်ချင်တာ ဆရာမလေ.. အရင်ပိုစ့်တစ်ခုမှာ ရေးဖူးတယ်.. အထူးသဖြင့် စေတနာ့ဝန်ထမ်းလို အခမယူတဲ့ ဆရာမဖြစ်ချင်တာ... ဘုန်းဘုန်းဆီ မေးလ်ပို့ပြီး အချိန်မေးကြည့်ရင် ကောင်းမယ်.... /hmm

အားလုံးတော့ ထင်ကြမှာပဲ... ဒီကောင်မလေး လုပ်ချင်တာတွေ တော်တော်များတာပဲ.. ပုံဆွဲချင်ရတာနဲ့.. ခုနောက်တမျိုးလာပြန်ပြီဆိုပြီး... ဟီးဟီး.. xD




Singapore မှာနေတဲ့သူတွေအတွက် Clementi ကျောင်းလိပ်စာ ရေးပေးလိုက်မယ်နော်... လှူချင်ရင်ပဲဖြစ်ဖြစ် သွားချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင်လေ... :)

ဇယျမင်္ဂလာဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်
23A Jalan Mas Puteh,
Along West Coast Road,
Singapore, 128628.
Tel: 6778 1678
(Opposite Blk 701, Near Esso Station)

အားလုံးလဲ ပျော်စရာနေ့လေး ပိုင်ဆိုင်ပါစေရှင့်... :)

8 comments:

ပန်းချီ said...

လုပ်အားနဲ့ ကုသိုလ်ယူတဲ့ ကိုယ့်ညီမလေးကို သာဓုသုံးကြိမ် ခေါ်သွားပါတယ်။ နောင်ဘဝလည်း ဒိထက်လှဦးမှာ..း)

8Yar said...

ဟင် 8Yar နေတဲ့နေရာနဲ့နီးနီးလေး။ 8Yar က ချန်ဂီမှာနေတာလေ။ :P
သာဓု၊ သာဓု သာဓု ပါတော်...အဲ.. ဗျာ...

Candy said...

ကျေးဇူးပဲ မမပန်းချီရေ... အိပ်ယာ ဘ၀ပြောင်းချင်နေပုံပဲ.. :P

jasmine(တောင်ကြီး) said...

သာဓုခေါ်သွားပါတယ်
အမလဲ စားသွားပါတယ်။။။
အဲလိုငတ်တာနော်...
ဓါတ်ပုံတွေလဲကြည့်ခဲ့တယ်...
ညီမချောလေးရေ....
အာဘွား....

Candy said...

အဟီး... ညီအစ်မတွေဆိုတော့ ငတ်တာလည်း တူတယ်.. :P

mstint said...

အလည်လာရင်း သာဓု သာဓု သာဓုပါကွယ်။
ဘုရားများကို ကြည်ညိုသွားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပဥာက် said...

အမယ်လေး..ငါ့ညီမ၇ယ်..ဘု၇ား၇ှိခိုးတာလား..ဓာတ်ပုံ၇ိုက်နေတာလားဟားဟားဟားသာဓုသာဓု

Candy said...

ခဏနားတုန်းရိုက်တာပါ... လူကိုဆို ပြောဖို့ရီးပဲ.. :(