Sunday, August 28, 2011

ချစ်သူအနား....



ကန်ဒီလတ်တလော သိပ်ကြိုက်နေတဲ့ သီချင်းလေးပါ... ကန်ဒီဖြစ်ချင်တဲ့ဘ၀လေးနဲ့လဲ စာသားလေးတွေက သိပ်ကိုက်ညီနေလို့ သီချင်းလေး share ရင်း ကန်ဒီ့စိတ်ကူးတချို့ ပြောပြခွင့်ပြုပါနော်...

ကန်ဒီအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက ပျော်ရွှင်တဲ့ မိသားစုဘ၀လေး ကိုယ်တိုင်တည်ဆောက်ဖို့ပါ...
ပိုက်ဆံသိပ်ရှိစရာမလိုဘူး.. လိုအပ်တာက နွေးထွေးမှုတွေနဲ့ ပြည့်ဝနေတဲ့ မိသားစု...
ကန်ဒီ ရသမျှအချိန်ကို မိသားစုအတွက်ပဲ ကုန်စေမယ်...


ကန်ဒီစိတ်ကြိုက်ဆောက်ထားတဲ့ အိမ်လေးမှာ ချစ်သူနဲ့တူတူနေမယ်...
အိမ်လေးက သိပ်ခမ်းနားကြီးကျယ်နေစရာမလိုဘူး... သစ်ပင်တွေစိုက်ထားတဲ့ ခြံလေးနဲ့ အိမ်သေးသေးလေး...
ချစ်သူနဲ့ ဈေးတူတူသွားမယ်.. ဟင်းတူတူချက်မယ်... (တကယ်တော့ သူက ကန်ဒီ့ထက်ပိုချက်တတ်တယ်)
ထမင်းတူတူစားမယ်...

ဘုစုခရုလေးတွေရလာရင်လည်း သူတို့ကို မလျော့မတင်းတဲ့ ပုံစံမျိုးနဲ့ ဆုံးမမယ်...
မိဘကို သူငယ်ချင်းလိုပေါင်းတဲ့ ပုံစံမျိုး ဖြစ်စေမှာ မဟုတ်သလို... သိပ်ကြောက်နေရတဲ့ ပုံစံမျိုးလည်း မဖြစ်စေရဘူး... သူတို့လုပ်ချင်တာကို အထိုက်အလျောက်ပေးလုပ်မယ်....
ညဆို TV တူတူကြည့်ပြီး စကားတွေပြောမယ်....
နောက် ခွေးလေးတစ်ကောင်မွေးမယ်...

ကန်ဒီအသက်တွေကြီးလာရင်....
ပြင်ဦးလွင်လို ရာသီဥတုအေးပြီး သိပ်မြို့မဆန်တဲ့နေရာမျိုး...
ဒါမှမဟုတ် ချစ်သူရဲ့ မွေးရပ်မြေ တောင်ကြီးလို ရှမ်းပြည်မှာ ခြံလေးနဲ့ အိမ်လေးတစ်လုံးဆောက်မယ်...
ပြီးရင် အဲ့မှာပဲ နေတော့မယ်....

သိပ်ကဗျာဆန်နေပေမယ့် ဖြစ်လာအောင် ကန်ဒီကြိုးစားသွားမှာပါ... ^_^

8 comments:

မြတ်ကြည် said...

စိတ်ကူးတူတယ်။ :)

KMC@ချင်းလေး said...

ကော်ပီလုပ်ပြောတာမဟုတ်ပါ....နေချင်တဲ့နေရာကလွဲရင်လုံးဝထပ်တူကျနေလို့ပါ...။ဆန္ဒတွေပြည့်ကြပါစေဗျာ...။

8Yar said...

အားပေးပါတယ်ဗျာ။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့လဲ ဆုတောင်းပါတယ်ခင်ဗျာ။ ခြံဝယ်ပြီးရင်တော့ သစ်ခွစိုက်နော် ဟီး.... :P

jasmine(တောင်ကြီး) said...

အမလေး ကောင်းလိုက်တဲ့စိတ်ကူတွေပါလား
ဘုစုတွေများရင်တော့ခေါ်လိုက်နော်
တူတွေတူမတွေကိုကူထိန်းပေးမယ်
တောင်ကြီးကိုလာခဲ့ပါလား။

Candy said...

အစ်ကိုချင်း.. အင်း.. ကန်ဒီလည်း အေးတဲ့ရာသီဥတုရဲ့ မြင်ကွင်းကိုပဲ ကြိုက်တာ.. အအေးဒဏ်တော့ မခံနိုင်ဘူးဂျ.. >.<

အိပ်ယာ.. သစ်ခွလည်းပါမှာ စိတ်မပူနဲ့... :D

Candy said...

မမစံပယ်... လာခဲ့မယ်.. ပြီးမှ ထွက်မပြေးနဲ့နော်.. xD

ဖြိုးမောင်မောင်(CTM) said...

စိတ်ကူလေးကကဗျာဆန်လိုက်တာနော်
ကြည်နူးဖို့ ကောင်းပါတယ်။
ဆန္ဒနဲ့ ဘဝတွေတစ်ထပ်တည်းကျပါစေလို့ ဆုတောင်ပေးပါတယ်။

ပန်းချီ said...

ကိုယ့်ညီမ..စိတ်ကူးအိပ်မက်ကလေး..ပုံဖော်နိုင်ပါစေနော်။ ဘုစုခရုတွေဆိုလည်း သကြားလုံးလို ချစ်စရာကောင်းမှာပဲ...း))