Tuesday, August 30, 2011

အကောင်းမြင်စိတ်


အကောင်းမြင်စိတ်ကို ကန်ဒီ(၂)မျိုး ခွဲထားပါတယ်...
(၁) သူတပါးအပေါ်အကောင်းမြင်ခြင်း.. နှင့်
(၂) ဖြစ်ပျက်လာတဲ့ အခြေအနေအပေါ်အကောင်းမြင်ခြင်းပါ...

သူတပါးအပေါ်အကောင်းမြင်ခြင်းဆိုတာကတော့ လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့လုပ်ဆောင်မှုကို အကောင်းမြင်ပေးတာပါ.. ဖြစ်ပျက်လာတဲ့ အခြေအနေအပေါ်အကောင်းမြင်တယ်ဆိုတာကတော့ ဆိုးရွားစွာဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် "ကောင်းဖို့ဖြစ်လာတာပါ".. ဒါမှမဟုတ် "အကောင်းဆုံးဖြစ်အောင်ဆက်လုပ်သွားမယ်"ဆိုတဲ့ စိတ်လေးနဲ့ ဆက်လုပ်သွားတာကို ပြောတာပါ.. ပုံမှန်အချိန်မှာတော့ လူတစ်ယောက်မှာအကောင်းမြင်စိတ်ရှိမရှိ သိနိုင်မှာ မဟုတ်ပါဘူး.. စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေ.. လူတွေနဲ့ တွေ့မှသာ အဲ့ဒီလူရဲ့ သည်းခံနိုင်မှု အကောင်းမြင်နိုင်မှုကပေါ်လွင်တာပါ...

ဥပမာတစ်ခုပေးရရင်.. ကန်ဒီလူတစ်ယောက်တွေ့ဖူးပါတယ်.. သူဟာဘယ်သူလုပ်တာမဆို အလိုမကျပါဘူး.. သူလုပ်တာပဲအကောင်းလို့ မြင်တဲ့လူပေါ့.. သူ့ရဲ့ သုံးသပ်ချက်တစ်ခုကိုပြောပြရရင် Singapore မှာ မြန်မာအစားအစာတွေ ရောင်းတဲ့ CityHall မှာ သူစားဖူးပါတယ်တဲ့.. ဟင်းတွေက စေတနာမပါပါဘူး.. ပြောချင်တာက သူချက်တာလောက်မကောင်းဘူးပေါ့.. မုန့်ဟင်းခါးဆိုလည်း ကျဲကျဲကြီးပေါ့.. အဲ့လိုတွေ Complain တက်လေ့ရှိတယ်... ဆိုင်တစ်ဆိုင် စားကောင်းမကောင်းဝေဖန်ခွင့်ရှိပါတယ်.. ဒါပေမယ့် ကိုယ့်ဝေဖန်မှုက သူတပါးကို မထိခိုက်စေချင်ဘူး.. စေတနာမပါတာတို့ ဘာတို့ကျ အကြီးကြီး ဖြစ်သွားပြီလေ... သူပြောသလိုလည်း ဟုတ်တဲ့ဟာဟုတ်ပါတယ်.. မုန့်ဟင်းခါးဆို စားလို့ကောင်းပေမယ့် ကျဲတယ်ပေါ့.. ဒါပေမယ့်ကိုယ်တွေးရမှာက သူတို့က စီးပွားရေးလုပ်နေတာလေ.. သူတို့အမြတ်ရဖို့ရယ် စားတဲ့သူတွေ အဆင်ပြေပြီး ခံတွင်းတွေ့ဖို့ရယ် ဟန်ချက်ညီအောင် စဉ်းစားပြီး ချက်ရတာလေ.. အဲတော့ အဲဒါကိုသွားပြီး စေတနာမပါဘူးလို့ သွားပြောရင် ကိုယ်လွန်တာပေါ့...

နောက်တစ်ခုက လူတစ်ယောက်အပေါ်ကို "ဒီလူက အရမ်းဆိုးတာ.... ဆေးလိပ်သောက် အရက်သောက်.. မပေါင်းပါနဲ့".. အဲလိုမျိုးပြောတာတွေ ကြားဖူးမှာပေါ့... ဟုတ်ပါတယ်.. အဲဒီလူကို အပြင်ပန်းကြည့်လိုက်ရင် အဲ့လိုပဲ ဖြစ်ချင်ဖြစ်နေမယ်.. ဒါပေမယ့် သူ့မှာ သူများမသိတဲ့ ခံစားချက်တွေရှိနေတတ်တယ်.. ရည်းစားကြောင့်ဖြစ်ဖြစ်.. မိဘကြောင့် ဖြစ်ဖြစ်.. လူတစ်ယောက်ကို အပြစ်မမြင်ခင် သူအဲ့လိုဖြစ်ရတဲ့ အကြောင်းလေးကို အရင်သိအောင်လုပ်သင့်တယ်.. ကန်ဒီကောင်လေးတစ်ယောက်တွေ့ဖူးတယ်.. ကန်ဒီ့ထက်ငယ်တယ်.. ကောင်မလေးတွေနဲ့ရှုပ်.. ငါးတွေချ(ဘိန်းလိုမျိုးလို့ ထင်တာပဲ.. ကန်ဒီသေချာမသိဘူး)... ဘာမှလေးလေးနက်နက်သိပ်မရှိဘူးပေါ့.. လူတိုင်းက သူ့ကိုလူဆိုးတစ်ယောက်အဖြစ်မြင်ကြတယ်...သူ့ကိုတော်တော်များများက မပေါင်းချင်ကြဘူး.... နောက်ပိုင်းကန်ဒီသိရတာ အဲ့ဒီကောင်လေး မိဘတွေက ကွဲနေတယ်တဲ့... မိသားစုပြဿနာလေးတွေလည်း ရှိတယ်ပေါ့.. အဲလိုဖြစ်နေတဲ့သူမျိုးတွေ ကန်ဒီအများကြီးတွေ့ဖူးတယ်.. တကယ်ဖြစ်သင့်တာက သူ့တို့အပေါ်အပုတ်ချနေမယ့်အစား ဖေးမပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြကူညီသင့်တာ...

မိန်းကလေးတစ်ယောက် အိမ်မှုကိစ္စဘာမှမလုပ်တတ်ဘူးဆိုပါတော့.. သူ့ကိုအပြစ်မပြောခင် သူကြီးပြင်းလာတဲ့ မိသာစုအခြေအနေကဘာလဲ ဆိုတာအရင်ကြည့်သင့်တယ်.. ချမ်းသာပြီး အလိုလိုက်ခံထားရတဲ့မိသားစုက ကြီးပြင်းလာသူဆို ဘာမှလုပ်တတ်မှာမဟုတ်ဘူးလေ... အဲ့လိုပဲ "ဒီကောင်မလေးရိုင်းလိုက်တာ"လို့ မပြောခင် သူဘယ်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာလဲ အရင်ကြည့်သင့်တယ်.. ကန်ဒီတို့ငယ်ငယ်တုန်းက သင်ဖူးတဲ့စာထဲကလိုပဲ မုဆိုးလက်ထဲရောက်သွားတဲ့ သာလိကာလေးက ရိုင်းစိုင်းတဲ့ စကားတွေပြောတတ်သလို.. သူတော်ကောင်းလက်ထဲရောက်သွားတဲ့ သာလိကာလေးကျတော့ ချိုသာတဲ့ စကားလေးတွေပြောတယ်.. အဲဒီတော့ ဘယ်သူ့ကိုအပြစ်တင်မှာလဲ.. ဘယ်သူ့အပြစ်မှမရှိဘူးလေ...


ကန်ဒီပြောချင်တာက အကောင်းမြင်တတ်တဲ့လူတစ်ယောက်ဖြစ်ဖို့ မျှတွေးဖို့လိုတယ်... အဖြစ်အပျက်တိုင်းမှာ သူ့အကြောင်းနဲ့ သူရှိတယ်လေ... အကြောင်းကြောင့် အကျိုးဖြစ်တာပဲ.. ဘာမှရေရေရာရာ မသိတဲ့ကိစ္စတစ်ခုကို မပြောစေချင်ဘူး... ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူတပါးထိခိုက်တတ်တယ်.. စကားဆိုတာ ပြောတိုင်းလည်း မကောင်းဘူး.. တချို့စကားတွေက မပြောသင့်တာတွေရှိတယ်....

အကောင်းမြင်ခြင်း (၂)မျိုးမှာ သူတပါးအပေါ် အကောင်းမြင်ခြင်းကတော့ ကန်ဒီနည်းနည်းလုပ်နိုင်တယ် ပြောရမယ်... ဖြစ်ပျက်လာတဲ့အခြေအနေအပေါ်အကောင်းမြင်ခြင်းကိုတော့ ကန်ဒီမလုပ်နိုင်သေးပါဘူး... တခုခုဆို စိတ်ညစ်တတ်တဲ့အကျင့်က မဖျောက်နိုင်ဘူးလေ.... ဒါပေမယ့် ကြိုးစားပါ့မယ်...

ဒီပိုစ့်လေး ရေးဖြစ်တဲ့အကြောင်းကတော့ ဒီရက်ပိုင်းအကောင်းမမြင်တတ်တဲ့လူတွေနဲ့ တွေ့တွေ့နေရလို့ပါ...
အရေးအသား မပြေပြစ်တာတွေကို ခွင့်လွှတ်ပေးပါလို့ တောင်းပန်ရင်း....
ပျော်စရာနေ့လေးဖြစ်ပါစေလို့....
Candy

4 comments:

KMC@ချင်းလေး said...

Absolutely Right ! I totally Agree with u Candy. Carry on...:) Have A Nice Day 4U2..။

ဖြိုးမောင်မောင်(CTM) said...

ညီမ
တစ်ခါတစ်လေတော့လဲအဲဒီလိုလူမျိုးတွေနဲ့ တွေ့ နေရမှာပဲ
ကိုယ်ကအကောင်မြင်တတ်ဖို့ ပဲလိုတယ် အချိန်တန်ရင်
ကိုယ့်စေတနာကိုယ့်ကိုအကျိုးပေးပါလိမ့် မယ်။
ဘာမှအချိန်ကုန်ခံပြီးတွေးမနေနဲ့ ။

အဲ....စကားကြီး ၆ မျိုးပါညီမ။

မှန်တယ်၊အကျိုးမရှိဘူး၊
ကြားရသူနှစ်သက်တယ် မှန်တယ်
ကြားရသူနှစ်သက်တယ်မှန်တယ်၊အကျိုးရှိတယ်၊
ကြားရသူမနှစ်သက်ဘူးမှန်တယ်၊အကျိုးမရှိဘူး၊
ကြားရသူမနှစ်သက်ဘူးမမှန်ဘူး၊အကျိုးမရှိဘူး၊
ကြားရသူနှစ်သက်တယ်မမှန်ဘူး၊အကျိုးရှိတယ်၊
ကြားရသူမနှစ်သက်ဘူး မမှန်ဘူး၊

အဲဒါအမြဲကိုယ်တိုင်လဲတိုင်ပတ်တယ်။မနည်းမှတ်ထားရတယ်။ဒါလဲမေ့တာပဲ။အဲဒါကိုကလည်နေတာလေ အဲဒါကြောင့်....;p

Candy said...

အစ်ကိုချင်း... အားပေးစကားအတွက်ကျေးဇူးပါ..
ကိုဖြိုး.. အမှားပြင်ပေးလို့ ကျေးဇူးအရမ်းအရမ်းအရမ်းတင်တယ် ... နောက်အမြင်မတော်တာရှိလည်း ပြောပြပေးနော်.. :D

Tour Myanmar said...

Great. More-n-more mature !! GGPa