မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက် မွေးနေ့... သူက ကန်ဒီတို့ကို ဆာကူရာမှာ ညစာ ဘူဖေးလိုက်ကျွေးတယ်လေ.. (၀ါးတီးပေါ့.. xD) ... ညနေ ၅:၃၀ လောက်ကသွားကြတာ.. ညစာစား.... စားပြီးတော့ သူငယ်ချင်းကို Plaza Singapura မှာ မွေးနေ့လက်ဆောင်ဝယ်ပေး.. ပြီးတော့ အိမ်ပြန်.. အိမ်ပြန်ရောက်တော့ ည ၉:၃၀...
အော်.. ဒါနဲ့... မနေ့က စင်္ကာပူ အမျိုးသားနေ့ ဆိုတော့ မီးရှူးမီးပန်းတွေ ဖောက်သေးတယ်.. ဒါပေမယ့် ကန်ဒီတို့နေရာက မမြင်ရဘူး.. :( .... ရဟတ်ယာဉ်တွေပြတာလည်း မတွေ့လိုက်ရဘူး.. တစ်စီးပဲ တွေ့လိုက်တယ်...


တော်ပြီ တော်ပြီ.. ဆက်တင်နေရင် ဒီရုပ်ကြီးပဲမြင်နေရတယ် ဆိုပြီး နောက်လာမလည်ဘဲ နေဦးမယ်.... >.<
ကန်ဒီကျောင်းပြန်တက်နေရပြီ သိလား.... Post ခဏခဏမတင်နိုင်တော့ရင် ခွင့်လွှတ်နော်.. =)
3 comments:
candy ရေ
ညီမလေးကချစ်ဖို့ကောင်းလိုက်တာ
ကြည့်ရတာပျော်နေတာပဲ......အမြဲအဲဒီလိုလေးပျော်ရွှင်ပါစေနော်......
မမ Jasmine ပေးတဲ့ဆုနဲ့ ပြည့်ပါစေ.. :D
သူချည်း စားနေတာပဲ..ရှိသေးရင်နည်းနည်းကျွေးပါးD လာလည်ပြီး ကျန်းမာရေးအတွက်ဆုတောင်းပေးသွားတဲ့အတွက် ကျေးဇူးအထူး သကြားလုံးလေးရေ..း)
take care too..
Post a Comment