ကန်ဒီ Photo editing software လေးတစ်ခု share မလို့ပါ.. ကန်ဒီ့လို Photo ပြင်တာဝါသနာပါတဲ့သူတွေအတွက်ပေါ့.. သုံးရတာအရမ်းလွယ်တယ်.. Photoscape တဲ့.. (Download လုပ်ချင်ရင် ဒီနေရာ ကိုနှိပ်ပါ).. Free software လေးပါပဲ.. ဓာတ်ပုံတင်တာများတဲ့ ဘလော့ဂါတွေအတွက် Batch editor ပါတော့ ပိုအဆင်ပြေတယ်လေ.. တခါ edit လုပ်တာနဲ့ အားလုံးပုံစံတူ ပြောင်းမှာ.. ဥပမာ ဓာတ်ပုံအောက်နားမှာ ဘလော့နာမည်ရေးတာမျိုးပေါ့..
တစ်ခုချင်းစီလည်း ပြင်လို့ရတယ်.. Effect တွေအများကြီးပါတယ်.. Frame ထည့်ချင်လဲရတယ်.. ကန်ဒီက ဓာတ်ပုံကို ဘောင်လေးနဲ့မှ ပိုကြည့်ကောင်းတယ်ထင်တာလေ...


Low Cross Process effect...

Antique photo effect...
နောက် Combine လုပ်လို့ရတယ်.. Page ခွဲလို့ရတယ်.. ကန်ဒီ့ ဘလော့ကပုံတွေတော်တော်များများက Photoscape နဲ့ လုပ်ထားတာလေ.. အရမ်း detail ပြင်ချင်ရင်တော့ ကန်ဒီ Adobe Photoshop သုံးတယ်.. Photoscape မှာလည်း နည်းနည်းတော့ detail ပြင်လို့ရတယ်ထင်တယ်.. ကန်ဒီက detail ပြင်တာမျိုးကြတော့ Adobe Photoshop နဲ့ သုံးနေကျဖြစ်နေလို့ပါ..
နောက်တစ်ခုက Animated လည်း လုပ်လို့ရတယ်... :D
Good Luck .. Peace .. xD
1 comment:
PhotoScape ကို ဒေါင်းလုတ်ပြီး စမ်းကြည့်နေတယ်။ ကျေးဇူးကန်ဒီ။ အစ်မက ACDSee သုံးတယ်။ အဲ့ဒီမှာလည်း စာတန်းထည့်တာတို့၊ ပြင်တာ ဘာညာ လုပ်လို့ရတယ်။ ဒါပေမယ့် ဓာတ်ပုံ ၂ ပုံကို တစ်ပုံတည်း ဖြစ်အောင် ပေါင်းတာ မတွေ့မိလို့။ ကျေးဇူးနော်။
Post a Comment