Saturday, August 13, 2011

Saturday Veggie + အာဒံရယ် ဧ၀ရယ် ဒသရယ်...

ဒီနေ့လဲ သရေကျအောင် ဒီနေ့စားဖြစ်တာလေး တင်မယ်နော် (ဟင်းတော့ အဲ့လောက်မကောင်းပါဘူး) .. ကန်ဒီဟင်းသီးဟင်းရွက်ကြိုက်တာ ကန်ဒီ့ဘလော့လေးကို လာလည်နေကြသူဆို သိမှာပါ.. ဟင်းရွက်ကြော်ရယ် စွန်တန်ဟင်းရည်ရယ်... ကိုယ့်ဟာကိုယ် လုပ်တာနော်... အထင်မသေးနဲ့... :P

ဟင်းရွက်ကြော်...

စွန်တန်ဟင်းရည်...

ညနေကျတော့ City hall သွားတယ်.. စာအုပ်ပြန်အပ်စရာရှိလို့.. ညစာအဲ့ဒီမှာ တို့ဖူးနွေးစားတယ်... နောက်ပြီး မုန့်ဝယ်စားတယ်.. ဗမာမုန့်ပဲ.. ဘာခေါ်လဲတော့ မသိဘူး.. သာဂူနဲ့ အပေါ်က ပူတင်းလိုလိုပဲ....

အစ်ကိုချင်းရေ.. မုန့်စိမ်းပေါင်းတော့ မတွေ့ဘူး.. ဒါပဲတွေ့တယ်... ရှိတာစားနော်... :P

ပြီးတော့ လမ်းမှာ ဟိုလျှောက် ဒီလျှောက်နဲ့ ပိုစတာတွေ့တယ်... "အာဒံရယ် ဧ၀ရယ် ဒသရယ်" ရုပ်ရှင်ကားကို စင်္ကာပူမှာ ပြမယ်တဲ့...


နေ့ရက်က စက်တင်ဘာလ (၄)ရက်နေ့ ၂၀၁၁...
နေရာက Kreta Ayer Theatre (Chinatown)...
အချိန်က 3:30 pm to 5:30 pm, 6:00 pm to 8:00 pm, 9:00 pm to 11:00 pm...

စိတ်ဝင်စားသူများ သွားကြည့်နိုင်အောင် သတင်းပေးတာပါရှင့်.. :D (ပြောသာပြောရတယ်.. ကိုယ်ကနောက်ဆုံး သိနေတာလား မသိဘူး.. :P)

ကြော်ငြာနေသလိုလို ဘာလိုလို... :P

8 comments:

Thet Nandar Family said...

Hello Kitty အကျီဝတ်ထားတဲ့ ကောင်မလေးက ၀ိုင်းစုခိုင်သိန်းလားလို့။ သေချာကြည့်မှ Candy လေးပဲ။ :P
ချက်ထားတဲ့ ဟင်းကော။ ပူတင်းသာကူကော အားလုံးကြိုက်တယ်။ :)

rose said...

ချစ်စရာကောင်းတဲ့ ကန်ဒီ့ ဓာတ်ပုံလေးတွေ ကြည့်သွားတယ်။ အဲ့ဒီ "အာဒံရယ် ဧ၀ရယ် ဒဿရယ်" ရုပ်ရှင်က ကောင်းလား မသိဘူးနော်။ လူတွေ တော်တော် ပြောနေကြတာတော့ တွေ့နေရတယ်။ အစ်မတော့ အွန်လိုင်းမှာ တင်မှပဲ ကြည့်နိုင်မယ့် ဘ၀း)

KMC@ချင်းလေး said...

အဲဒါတွေကြောင့်ညီမလေးတစ်ယောက်လောက်ရှိချင်တာပေါ့ဗျာ။ကြည့်စမ်းလိမ္မာလိုက်တာ။ မုန့်လည်းခေါ်ကျွေးသေး၊ရုပ်ရှင်လည်းပြသေ။:Pသာကူမုန့်လေးခိုက်တယ်ညီမရေ.. ကျေးဇူးကမ္ဘာနော်ညီမလေး..။စကားမဆက်ကြော်ငြာခဘာလက်ဆောင်ပေးသွားတုန်းဟင်?

ပဥာက် said...

ဟဟဟ..ကိုလေးထင်တယ်..ဟင်း၇ည်ကိုကြည့်လိုက်ကတည်းက

လုံးဝကိုသောက်လို့မကောင်းဘူးဆိုတာ..အမ်း..အလိုမထင်၇ပါဘူးလေ..ကောင်းမှာပါ..ကြိတ်မှိတ်သောက်လည်း၇ပါတယ်..ဟားဟားဟားဟာားစတာနော်ညီမငယ်

Candy said...

@တီတီ.. မမြှောက်ပါနဲ့ဂျာ..ကျွေးသာကျွေးရတာ အားတော့နာတယ်တီတီရေ.. သိပ်မချက်တတ်လို့.. :P @မမrose အင်း.. ညီမလည်း သွားကြည့်ဖြစ်မယ်မထင်ဘူး.. @အစ်ကိုချင်း.. အလကား ကြော်ငြာပေးတာ.. သနားလို့... :P @ကိုပဥာက်.. လူကိုဆို အကောင်းကိုပြောဘူး.. ဟွန်း.. >.<

Anonymous said...

where to buy tickets?

Candy said...

City hall 5th floor မှာ station နဲ့ ရောင်းပါတယ်တဲ့.. MCSTလား MSCTလား ကန်ဒီသေချာမသိဘူး.. အဲ့ဒီဆိုင်ရှေ့မှာတဲ့.. ကန်ဒီ့ သူငယ်ချင်းကို မေးပေးတာ.. သူပြောတာတော့ ticket ကကုန်တော့မယ်တဲ့.. မြန်မြန်ဝယ်လိုက်နော်.. ^_^

8Yar said...

ကြော်ငြာကိုတော့စိတ်ဝင်စာဘူး။ ဟင်းတွေကိုတော့ စိတ်ဝင်စားတယ်။ :) နောက်တစ်ခါ ဟင်းချက်ရင်လက်တို့လိုက်။ အခုတော့ပါဆယ်ဆွဲသွားပြီ။ :P