Monday, August 1, 2011

ကျွန်မ ကြိုက်၏.. မကြိုက်၏... (Tag)

ဒီနေ့လည်း Tag လေးပဲရေးမယ်.. အစ်ကိုချင်းကလေး (ခင်မောင်ချင်း) Tag ထားတဲ့ post လေးပေါ့... Tag လေးရဲ့အကြောင်းအရာလေးက အရမ်းကောင်းတယ်... Blogger မောင်နှမတွေ တစ်ယောက်နဲ့တယောက် ပိုရင်းနှီးစေဖို့ပေါ့... အားလုံးလဲ သိကြတဲ့အတိုင်း ကန်ဒီက စာမရေးတတ်ဘူး.. ကန်ဒီ့ blog လေးရဲ့ Style ကိုက Diary blog လေးလေ... ဒါပေမယ့် ဒီ Tag လေးကတော့ ကိုယ့်အကြောင်းကိုယ်ရေးရတာဆိုတော့ နည်းနည်းတော့ ဖြစ်မယ်ထင်တယ်... အဲဒါကြောင့်ပဲ ရေးလိုက်ပြီနော်... xD

*************************************************

ကန်ဒီ့ပုံစံကတော့ သိပ်သိသာပါတယ်... ကန်ဒီ့ Blog မှာ ကန်ဒီ့ပုံတွေအများကြီး ရှိတာကို.... :P .. သေသေချာချာပြောပြရရင်တော့ အရပ်က (၅)ပေ (၂)လက်မခွဲ၊ ကိုယ်အလေးချိန်က (၉၄)ပေါင်.. ဟုတ်တယ် ကန်ဒီအရမ်းပိန်တယ်... လူတိုင်းပြောတယ်... အမေကလည်း အမြဲပိန်လိုက်တာ ပိန်လိုက်တာနဲ့.. ဒါပေမယ့် အစားမစားဘူးလဲ မဟုတ်ဘူး.. စားတယ်... ကန်ဒီကတစ်ခါတည်း အများကြီးထက် နည်းနည်းစီ စားနေတတ်တာ.. အစားအသောက်တော့ ချေးများတယ်ပဲ ပြောရမလား.. ကန်ဒီ အသားမှာဆို ကြက်သားနဲ့ ပင်လယ်စာပဲစားတယ် ... ၀က်သား၊ အမဲသား မစားဘူး... မစားဘူးဆိုတာက ဘာသာရေးအရရယ်လည်း မဟုတ်ဘူး.. ကန်ဒီကိုယ်တိုင်က ခုံခုံမင်မင် မကြိုက်တာ.. (၇)တန်းနှစ်လောက်တည်းက ၀က်သားမစားတော့ဘူး... (၁၀)တန်းဖြေပြီးတော့ အမဲသားပါရှောင်လိုက်တယ်.. ကြက်သားဆိုလည်း အရေခွံမစားဘူး (ချေးများပုံ ပြောပါတယ်).. အသီးအနှံနဲ့ ငါးတော့ အရမ်းကြိုက်တယ်.. ကော်ဖီအရမ်းကြိုက်တယ်... fast food တွေမစားဘူး.. ကြိုက်လည်းမကြိုက်ဘူး.. ကိုယ်တိုင်သိပ်မချက်တတ်ပေမယ့် ချက်စားတာများတယ်.. ငါးဟင်းတော့ လုံးဝမချက်တတ်ဘူး... :( ...အားကစားကတော့ အခုလောလောဆယ် ဘာမှမလုပ်ဖြစ်ဘူး.. ငယ်ငယ်တုန်းကတော့ ကန်ဒီကျောင်းမှာ Aerobic ဆော့တယ်.. (မရီနဲ့နော်.. ဟီး) .. ပြိုင်ပွဲတွေလည်း ပြိုင်တယ်.. တိုင်းအဆင့်မှာ အုပ်စုလိုက် ဒုတိယရဖူးတယ်.. :D

မိတ်ကပ်ပြင်ရတာ ကျော့ကျော့လေးနေရတာ ကန်ဒီအရမ်းကြိုက်တယ်.. အဲ့ဒါ ကန်ဒီဝါသနာပဲလေ.. တခါတလေ အိမ်မှာအားနေရင် မျက်နှာပေါ်မှာ လုပ်ချင်တာ လုပ်နေတတ်တာ.. ပြီးရင် ဓာတ်ပုံရိုက်.. ပြီးရင်မျက်နှာပြန်သစ်... ဒါပေမယ့် အပြင်သွားရင်တော့ သာမာန်ထက် ပိုမပြင်ပါဘူး..

အပြင်သွားရင် ပြင်တဲ့ပုံ...

အိမ်မှာ နေရင်းပုံ...

အိမ်မှာနေရင် moisturizer ကလွဲပြီး ဘာမှမလိမ်းဘူး... ညအိပ်ဝတ်စုံနဲ့ ကော်ဖီတစ်ခွက်နဲ့ ကွန်ပြူတာရှေ့ထိုင်နေတတ်တယ်.. နောက်ကန်ဒီ့အကျင့် တစ်ခုက နှုတ်ခမ်းနီဆိုးပြီးရင်လည်း သိပ်ဂရုမစိုက်တတ်ဘူး.. စားချင်သလိုစားတာပဲ.. စားပြီးရင်လည်း ပါးစပ်ပြန်သုတ်တာပဲ.... ပြန်လဲမဆိုးဘူး... ဒီတိုင်းပဲ.. အဲတော့ ဘာမှမထူးဘူး မဆိုးတာနဲ့.. :P .. အဲ.. ငယ်ငယ်တုန်းကတော့ နှုတ်ခမ်းနီဆိုးပြီးရင် ဒီလိုဖြစ်နေတတ်တယ်.. ကန်ဒီငယ်ငယ်က ပုံတိုင်းအဲ့ပုံပဲ.. xD (သိပ်တော့မမြင်ရဘူး.. :( )

ကန်ဒီက အကြီးဆုံး .. (အလယ်က)

ဆံပင်ကတော့ အရှည်ထားရတာအရမ်းကြိုက်တယ်.. ကန်ဒီငယ်ငယ်က ဆံပင်က ခါးကျော်တယ်... ခုတော့ အဲလောက်ရှည်တော့ဘူး.. ကျောလည်ခါးနားမရောက်တရောက်ပဲ... ဆံပင်အရောင်က ခုလက်ရှိ အညိုနု(မနေ့ကမှ ဆိုးထားတာ.. :P) ... လက်သည်းက မရှည်တရှည်.. တိုကပ်နေအောင်မထားတတ်လို့... လက်သည်းနီက ဆိုးတဲ့အခါဆိုးတယ်.. မဆိုးတဲ့အခါမဆိုးဘူး...

ကန်ဒီက ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေနိုင်တဲ့ အ၀တ်အစားမျိုးကြိုက်တယ်.. လုံခြုံရမယ်... ကန်ဒီအတိုသိပ်မ၀တ်တတ်ဘူး... ၀တ်မယ်ဆိုလည်း ဘောင်းဘီတိုဝတ်တာများတယ်... စကပ်တိုမ၀တ်တတ်ဘူး... ကန်ဒီက အားနာတတ်တယ်.. တခါတလေ ကိုယ့်ကိုလိမ်နေမှန်းသိရက်နဲ့တောင် အားနာလို့ ပေးရင်ပေးလိုက်တတ်တာ... လူကြောက်တယ်... (မမခရမ်းနွယ်ရေးတာ ဖတ်ဖူးတယ် အဖေနဲ့မကြီးပြင်းလာတဲ့ ကလေးတွေက အဲလိုဖြစ်တတ်တယ်တဲ့.. သိပ်မှန်တာပဲ... ကန်ဒီအသက်ကြီးမှ အဖေက နိုင်ငံခြားက ပြန်လာတာလေ...) သူငယ်ချင်းလိုခင်သွားရင်တော့ ပျော်ပျော်နေတတ်ပါတယ်.... သူငယ်ချင်းတွေနဲ့အုပ်စုလိုက် ဟေးလားဝါးလားပေါ့... များသောအားဖြင့်ကတော့ ကန်ဒီတစ်ယောက်တည်း သွားတတ်လာတတ်တယ်.. ကန်ဒီ့စိတ်ထဲမှာ ဘယ်ကမှန်းမသိတဲ့ အထီးကျန်မှုတစ်ခုက အမြဲရှိတယ်.. (Psycho တစ်ခုပေါ့) .. စကားပြောရင် အသံကမတိုးမကျယ်... Presentation တွေဆိုရင်တော့ အကျယ်ကြီးပဲ.. အရင်ကတိုးလို့ သူများပြောလွန်းလို့ ကျင့်ရင်းကျင့်ရင်း ကျယ်သွားတာ.. :P

ကန်ဒီ့အကြောင်းကတော့ ဒါပါပဲရှင်... :D

**************************************************

ဒီTagလေးက ကိုယ့်အကြောင်းကိုယ်ရေးရတဲ့ Tag ကလေးလို့ ကန်ဒီနားလည်လိုက်တယ်.. ကန်ဒီရေးတာ မှန်မယ်ထင်ပါတယ်နော်.. ကန်ဒီကို Tagတဲ့ အစ်ကိုချင်းကလေးကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် ... အမှန်အတိုင်းပြောရရင် ကန်ဒီမှာ ဘလော့ဂါ သူငယ်ချင်းတွေလည်း သိပ်မရှိပါဘူး.. ကန်ဒီကလျှောက်လည်ဖြစ်ရင်လည်း link သိပ်မထားခဲ့တတ်ဘူး... ရှက်လို့.. ကန်ဒီBlogက သူများတွေလိုလဲ စာကောင်းကောင်းတွေမရှိဘူး.. ဗဟုသုတရစရာတွေလည်းမရှိဘူး... ကန်ဒီ့အကြောင်းပဲရေးတာများတဲ့ Diary blog လေးဆိုတော့လေ... ကန်ဒီ့ဆီလာလည်ကြတဲ့၊ ကန်ဒီမဟုတ်က ဟုတ်ကရေးသမျှ comment ပေးကြတဲ့ အစ်ကိုတွေကိုရော အစ်မတွေကိုရော အရမ်းကျေးဇူးတင်ပါတယ်..

ကဲ ခုချိန်ကစပြီး ဆက်Tag ပါတော့မယ်ရှင်... မမမိုးပန်းချီနဲ့ မမခရမ်းနွယ် ရေ အားရင်ရေးပေးပါဦးနော်... ကိုပဥာက်.. ကဗျာဆရာကြီး... ရေးပေးဦးနော်.. ကဗျာလိုရေးချင်လည်းရတယ်... :P ... စာမရေးတာကြာပြီဖြစ်တဲ့ ကိုသော်ဇင်စိုး (The Starry Night)ရေ အချိန်ရရင်ရေးပေးပါနော်... နောက်ပြီး တီတီ (Thet Nandar Family).. ကန်ဒီကို အချိန်ရရင်ရေးပေးပါနော်.... အားလုံးကို မေတ္တာရပ်ခံပါတယ်ရှင့်.. :P

8 comments:

သော်ဇင်စိုး said...

Aerobic မယ်တော်ကြီးက နာ့ကို သမ ထားတာပဲ.. :D
ရေးပါ့မယ် ခင်ဗျာ့.. :P
blog တွေထဲ မရောက်ဖြစ်တာ ကြာပါပြီ.. ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ် ခင်ဗျား.. :)

Angelhlaing(May everybody be happy and healthy! said...

Candy ရေ အလည်ရောက်ရင်း တင်္ဂပို့စ်လေး ဖတ်သွားတယ်နော်
ချေးများတဲ့ ညီမငယ်လေး တစ်ယောက်ပေါ့လေ...:P
အားပေးသွားလျှက်
ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမလေးေ၇..

မောင်ခင်မောင်ချင်း@ချင်းလေး said...

အရပ်ကငါးပေနှစ်လက်မဆိုလည်းပြီးတာပဲ.ဒါမှမဟုတ်ငါးပေသုံးလက်မပေါ့..။ ဟွန်း......ခုတော့ငါးပေနှစ်လက်မကခွဲတောင်ခွဲလိုက်သေး....ဟားဟား... ကျေးဇူးတင်ပါတယ်ညီမချိုချဉ်ရေ.. ဒါနဲ့ဆ/၃၇၆၂ကြီးခုထိရှိသေးရဲ့လား...ဝယ်ထားချင်လို့ပါ :D :D

Candy said...

တိတိကျကျပြောပြချင်လို့ပါ အစ်ကိုရ...xD.. ကားလား? အစ်ကိုလိုချင်ရင် မရမကပြန်ရှာပြီး လက်ဆောင်ပေးမယ်.. :P

CTM said...

ပြန်ရောက်လာခဲ့ ပါတယ်။ ခုတော့ ဒီပို့ စ်လေးကိုအရင်ဆုံးဖတ်ပြီး မန့် လိုက်ပြီ။
ပိန်တာက ကိစ္စမရှိဘူး ဒီခောတ်မှာအဝလွန်ရောဂါတွေကပေါကပေါနဲ့ ။
နောက်တစ်ခု နုတ်ခမ်းနီဆိုးပြီးပုံက နုတ်ခမ်းကစူနေမှာသေချာတယ်(တွေးကြည့်တာ)။

ကျွန်တော်လဲ အရင်ကဘလော့တွေလျှောက်လည်တယ်။ဘလော့ဂါသူငယ်ချင်းသိပ်မရှိဘူး။ သကြားလုံး လေးလိုပေါ့ ဟီးဟီး။ ခုတော့ ဘလော့ဂါသူငယ်ချင်းတွေက အများသား(ဖဘ)မှာဆို လိုက်နေရတာအမော။ အပြင်မှာတွေ့ ဖူးတဲ့ သူတွေတောင်ရှိသဗျ။ ခုတော့အဲလို လေးနဲ့ ပျော်တတ်နေပြီ။
သကြားလုံးလေး ပျော်၇ွှင်ပါစေလို့  ဆန္ဒပြုပါတယ်။

ပဥာက် said...

ဘု၇ားဘု၇ား..ငါ့အလည့်ထင်တယ်...မဖြစ်လောက်ဖူးထင်တယ်ချိုချဉ်ေ၇

Anonymous said...

candy ရေ လာလည်သွားတယ်နော်..candy တင်တဲ့ Diary blog လေးတွေကိုလဲ ဖတ်သွားတယ် နော်! candy ကခင်ဖို့ ကောင်းတယ်!အပြင်မှာ မတွေ့ရပေမယ့်လဲ အပေါ်မှာတော့ ခင်မယ်နော်!
candy ဖြစ်ချင်တဲ့ ဘ၀လေးကိုလဲ အမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဇာဇာဆုတောင်းပေးပါတယ်! သူငယ်ချင်းလေး ရွှင်လန်းချမ်းမြေ့ပါစေ နော်!

Candy said...

ကန်ဒီ့ကို ခင်လို့ရပါတယ်။ အပြင်မှာ မတွေ့ရလဲ ကွန်မန့်မှာ ဖြစ်ဖြစ် စီပုံဖြစ်ဖြစ်ရေးသွားရင် ကန်ဒီဖတ်တယ်။ ကန်ဒီက ခင်ဖို့ကောင်းတယ်ဆိုပဲ ဟီးဟီး ကျေးဇူးပဲ ဇာဇာရေ :D