Friday, August 19, 2011

YouTuber??!!!

ဒီပိုစ့်လေး ရေးရတဲ့အကြောင်းကတော့ ကန်ဒီ့Blogger သူငယ်ချင်းတွေ... အစ်ကိုတွေအစ်မတွေ... မသိသေးတဲ့ စာလာဖတ်တဲ့ ချစ်ခင်ရတဲ့သူတွေကို အသိပေးချင်လို့ပါ။ ကန်ဒီဘလော့မှာ သိပ်မပြောဖူးတဲ့ ကန်ဒီ့ဝါသနာနောက်တစ်ခုက Video editing ပါ။ ဒီတိုင်းရိုက်ထားတဲ့ Random clipတွေကို မလိုတာတွေဖြုတ်ပြီး သီချင်းလေးနဲ့ ပုံဖော်ရတာ ကန်ဒီကြိုက်တယ်။ နောက်ပြီး Video တစ်ခုဖြစ်ဖို့ တွေးပြီး Director တစ်ယောက်လို ပုံဖော်ရတာ ကန်ဒီသဘောကျတယ်။ အဲ့ဒါတွေကြောင့်ပဲ ကန်ဒီ Edit လုပ်ပြီးသား အမှတ်တရ Video လေးတွေကို ကန်ဒီ YouTube မှာတင်ဖြစ်တယ်။ အဓိကက ကိုယ့်အတွက် အမှတ်တရဖြစ်အောင်ပေါ့။ အားရင် အဲဒီ့ Video လေးတွေပြန်ကြည့်ရတာ ပျော်တယ်။

ကန်ဒီ YouTube ကနေစခင်တဲ့ Blogger တွေကတော့ မဗေဒါတို့... တီတီတို့ပေါ့။ မဗေဒါဆို ကန်ဒီ့ Videoမှာ လိုအပ်ချက်လေးတွေ ဝေဖန်ပေးတတ်တယ်။ တီတီနဲ့က သူ့ဘလော့လေးမှာ ကန်ဒီ့ Video လေး share ရင်းက သိတာပါ။ ကန်ဒီ့ကို အမြဲအားပေးတယ်လေ။ ကန်ဒီ့ YouTube channelမှာ Blog လေးကို link လုပ်ထားပေမယ့်... ကန်ဒီ့ဘလော့မှာတော့ YouTube channel အကြောင်းမပြောတော့ ကန်ဒီ့ ဘလော့မောင်နှမတွေ သိမှာမဟုတ်ဘူး။ မပြောဖြစ်တာကလည်း တခြားကြောင့် မဟုတ်ပါဘူး... ကန်ဒီ့Video တွေက အမှတ်တရလေးတွေများတယ်လေ.. ဘလော့မှာလည်း Photo တော်တော်များများက တင်ပြီးသားဖြစ်နေပြန်တော့ Video ထပ်မတင်ဖြစ်တော့တာ... နောက်ပြီး ကန်ဒီဘလော့စရေးတော့ YouTube channel မရှိသေးဘူးလေ.. အဲဒါကြောင့်ပါ။

ခုပြောပြရတဲ့အကြောင်းကတော့ YouTube နဲ့ပတ်သက်တဲ့ comment လေးတွေတွေ့ရင် ကန်ဒီ့ချစ်ခင်ရတဲ့ အစ်ကိုတွေအစ်မတွေ.. သူငယ်ချင်းတွေ... ဇဝေဇ၀ါဖြစ်မှာစိုးတာကြောင့်ရယ်.. နောက်ပြီး မတော်လို့များ ကန်ဒီ့ကို YouTube မှာတွေ့ခဲ့ရင်(သိပ်တော့ မဖြစ်နိုင်ပါဘူး) ဒီကောင်မလေး ငါတို့ကို မပြောဘူးဆိုပြီး ဖြစ်မှာစိုးတာကြောင့် ဒီပိုစ့်လေးရေးပြီး အသိပေးလိုက်တာပါ။

ကန်ဒီတင်ဖြစ်တဲ့ Video အများစုက...
(၁) ကန်ဒီ့ အမှတ်တရတွေ
(၂) ကန်ဒီ့ ချစ်သူရေးတဲ့ သီချင်းတွေ
(၃) အမှတ်တရနေ့လေးတွေမှာ တစုံတယောက်အတွက် ကန်ဒီလုပ်ပေးဖြစ်တဲ့ Video လေးတွေ
(၄) ဟင်းချက်တဲ့ Video တစ်ချို့ (ပျင်းရင်လုပ်တာပါ...)

ကန်ဒီ Video စတင်ဖြစ်တုန်းကတော့ ကိုယ့်အတွက်ကိုယ်ပဲလေ။ ကိုယ်လုပ်ချင်တာလုပ်တာပဲရှိတာ.. အမှတ်တရလေးတွေ ပြန်ကြည့်ရအောင်ပေါ့။ အမှတ်မထင်ပဲ ကန်ဒီ့ Video တစ်ခုက View အရမ်းများသွားတယ်။ စင်္ကာပူသင်္ကြန်တုန်းက ကန်ဒီတို့ မုန့်လုံးရေပေါ်သွားလုံးတုန်းကလုပ်ထားတဲ့ Videoလေးပါ။ အဲဒီ့မှာ ကန်ဒီ Subscriber (၁)ယောက်ရတယ်.. Subscriber ရမယ်လို့ တခါမှ မထင်ထားတော့... ကန်ဒီ့ Video ကိုကြည့်ချင်တဲ့သူရှိတယ်ဆိုပြီး အရမ်းပျော်သွားတယ်။ နောက်ပိုင်း ခဏခဏမဟုတ်ပေမယ့် ပုံမှန်လေးဖြစ်အောင် တင်ဖြစ်တယ်။ အနည်းဆုံး တစ်လတစ်ခါလောက်ပေါ့။ အဓိက ကတော့ subscribe လုပ်ထားတဲ့ သူတွေအတွက်ပါ။ တချို့ Video တွေမှာ စကားပြောတယ်။ စိတ်ထဲမှာတော့ သူတို့ကို ပြောတာပေါ့။ တစ်ယောက်တည်းဖြစ်နေတတ်တဲ့ကန်ဒီ အလုပ်တစ်ခုရတယ်လေ။ Video တွေလုပ် Blog ရေး.. တကယ်တော့ ဒီနေရာလေးတွေ... ဒီဘလော့မောင်နှမတွေက ကန်ဒီ့အတွက် အားဆေးတွေပါ... :)

ဒါဆို ကန်ဒီ့ Video တစ်ချို့ကို တင်ပေးလိုက်မယ်နော်.. YouTubeက မသိတဲ့သူတွေကြည့်မှာ မရှက်ပေမယ့်... ကန်ဒီနဲ့ အရမ်းခင်နေတဲ့ မောင်နှမတွေပြရမှာကြတော့ နည်းနည်းရှက်တယ်ဂျ.. :P

ဒါကတော့ ကန်ဒီ့မေမေမွေးနေ့အတွက် ကန်ဒီလုပ်ပေးထားတာပါ။ ၀မ်းနည်းစရာက မိသားစု ၅ ယောက်လုံး စုံစုံညီညီ တစ်ပုံမှ မပါတာပဲ။ ပါတဲ့ဟာကလည်း Photoshop နဲ့ ထည့်ထားတာ။ နောက်ပြီး အခုအရွယ်ညီအစ်မ (၃)ယောက်လုံးပါတဲ့ပုံလည်း တစ်ပုံမှ မရှိဘူး။ ဘာပဲဖြစ်ဖြစ် သည်းခံပြီး ကြည့်လိုက်နော် :D ... နောက်ဆုံးမှာ အရှားပါးဆုံးပုံပါတယ်။ မိသားစု ဆူရှီသွားစားတာ.. ဒါပေမယ့် ညီမအလတ်မပါဘူး.. :(



ဒါကနောက်ဆုံးတင်ထားတဲ့ Video.. ဘူဖေးသွားစားတဲ့နေ့က.. ကန်ဒီစကားပြောထားတယ်။ ပုံတော်တော်များများတော့ ကြည့်ပြီးသားဖြစ်မှာပါ။



ဘလော့ဂါ မောင်နှမတွေတော့ ထင်ကြမှာပဲ.. ရူးသွားပြီလို့... ဟီး

ကျန်တဲ့အရူးထ ထားတာလေးတွေ ကြည့်ချင်ရင်တော့.. ဒီမှာနှိပ်ပြီး ကန်ဒီ့ Channel မှာသာ မွှေကြည့်လိုက်ပါနော်... xD

အားလုံးကို ခင်မင်တဲ့...
Candy.

11 comments:

jasmine(တောင်ကြီး) said...

အားလုံးကိုကြည့်သွားပါတယ်
ညီမလေးက တော်တော်အစားကြီးမယ်ထင်တယ်နော်...
စိတ်မဆိုးပါနဲ့ ပုံထဲကြည့်ပြီးပြောတာပါ....
မိသားစုထဲကတစ်ယောက်ယောက်မွေးနေ့တိုင်း
အမြဲ ပျော်ရွှင်ပါစေ....
အချစ်များစွာဖြင့် ။။

ပဥာက် said...

ဟားဟားဟားဟား..ဒုက္ခပဲမချိုမချသ်၇ယ်..အမ်းကောင်းပါတယ်..

KMC@ချင်းလေး said...

မိဘမောင်နှမတွေကိုချစ်တတ်တဲ့ညီမလေးချိုချဉ် မိဘမောင်နှမတွေနဲ့ပျော်ပျော်ရွှင်ရွှင်အမြဲနေနိုင်ပါစေဗျာ..။

Thet Nandar Family said...

ဟင်းချက်နည်း ဗီဒီယို အသစ် မျှော်နေပါတယ်။
Candy ဗီဒီယိုလေးတွေက ကြည့်လိုက်တိုင်း စိတ်ချမ်းသာတယ်။
ပျော်လည်း ပျော်တယ်။ ကြည်နူးဖို့လည်း ကောင်းတယ်။
ရီလည်း ရီရတယ်။ ချစ်ဖို့လည်း ကောင်းတယ်။
မြန်မာဟင်းချက်နည်း ဗီဒီယိုထဲမှာ အဲလိုမျိုးလေး မရှိသေးလို့ ပိုပီးတော့ စိတ်ဝင်စားတယ်။

Candy said...

အားလုံးရဲ့ အားပေးစကားတွေအတွက် ကျေးဇူးပါ... ^^

rose said...

ကန်ဒီလေးရဲ့ ကြက်ဥဟင်း ချက်နည်း YouTube မှာ တစ်ခါ ကြည့်ဖူးတယ်။ ချစ်ဖို့အရမ်းကောင်းတယ်း)။ ကျန်တဲ့ YouTube တွေလည်း ကြည့်လိုက်မယ်နော်။

ပန်းချီ said...

ညီမလေးကန်ဒီ...

ဗီဒီယိုတွေလာကြည့်ပါသည်..(လွမ်းလို့လာလည်ရင်း..)

ချစ်စရာကောင်းတဲ့ ကိုယ့်ညီမ အမြဲပျော်ရွှင်နေပါစေနော်...း)

Candy said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မမနှင်းဆီ.. :D

မြတ်ကြည် said...

ကန်ဒီ you tube channelလာလည်သွားတယ်။ KOREA real name verification law ကြောင့် ကော်မန့်ပေးလို့ မရဖြစ်နေတယ်။ video လေးတွေ အရမ်းမိုက်တယ်။ အားကျလိုက်တာ။

Anonymous said...

ညီမငေးချိုချဉ် လာလည် သွားပါတယ် ဒါနဲ့ စကားမစပ် နင်ညီမနဲ့ နင်နဲ့ လည် မတူပါလား နင်ညီမကချောတယ်ဟ နင်နဲ့ လည်မတူဘူး မွေးစားသမီးလား.နင်က ...........
စိတ်မဆိုးနဲ့ နော်ခင်လို့ ဟိဟိ

Candy said...

ဟားဟား... သိပါတယ်ဂျာ... ညီမတွေချောတာ... စိတ်ဆိုးပါဘူး... :D