Friday, September 30, 2011

အရည်မရ အဖတ်မရ..

Warning!!!! အရေမရ အဖတ်မရမို့ ကြိုတောင်းပန်ထားပါတယ်.. :D

8:00 am
"ကလင် ကလင် ကလင်..." (နှိုးစက်သံ)
ပြန်ပိတ်ပြီး ဆက်အိပ်ပါတယ်။ သူက ဒီအချိန်ဆို အမြဲအော်ပါတယ်။ အမြဲပြန်ပိတ်ခံရပါတယ်။

10:00 am
ကမန်းကတန်း နာရီကြည့်လိုက်တော့ ၁၀နာရီ။ သွားပြီ.. မမှီတော့ဘူး...
ချစ်သူနဲ့ သူအလုပ်မသွားခင် ခဏ chat တတ်ပါတယ်။ ညကြရင် အဆူခံရမလား.. မပြောတတ်ပါ။ နိုးပလုံပလုံ (No problem) ပါ။ ဒီလိုဖြစ်ပေါင်းများပါပြီ။ ဆူရင်လည်း ပြန်ကောက်လိုက်ရင် သူပဲပြန်ချော့ရတတ်လို့ သူမဆူရဲပါ.. :P
ကော်ဖီသောက်ရင်း ဘလော့လိုက်လည်ပါတယ်။ စာလိုက်ဖတ်ပါတယ်။ ကောမန့်လိုက်ပေးပါတယ်။ ဆီပုံးမှာ လိုက်အော်ပါတယ်။ Youtube မှ ဗွီဒီယို အသစ်များကြည့်ပါတယ်။

11:30 pm
အလေလိုက်ပြီးလို့ သီချင်းဖွင့်ပြီး စာခဏလုပ်ပါတယ်။
ညနေသွားစရာတွေရှိလို့ ဟင်းမချက်ချင်ပါ။ ဖြစ်သလို လက်ဖက်နဲ့ စားပါတယ်။

1:15 pm
ဘုရားရှိခိုးမေတ္တာပို့ ပုတီးစိပ်ပါတယ်။

1:45 pm
ရေချိုးပါတယ်။ ၃နာရီခွဲ City hall မှာ agent နဲ့ ချိန်းထားပါတယ်။ အိမ်က 2:50လောက်ထွက်ရမှာပါ။

2:50 pm
အိမ်အောက်ရောက်လို့ mrt ကိုလမ်းလျှောက်ရုံရှိသေးတယ်.. agent ကဖုန်းဆက်ပါတယ်။
"ညီမ.. ဘယ်မှာလဲ"
"ခုမှအိမ်ကထွက်တာလေ... ၃နာရီခွဲဆို..."
"အစ်ကိုက ထွက်လာပြီ... Taxi ပေါ်ရောက်နေပြီ.. သံရုံးလာတတ်လား.. " မလာတတ်လို့ သူနဲ့သွားဖို့ ပြောပြီးသားကို လာတတ်လား ထပ်မေးလို့ စိတ်ဆိုးချင်ချင်ဖြစ်သွားပါတယ်။ နောက်ပြီး Taxi စီးနိုင်တယ် ဆိုတော့ ဘောစိ (boss) လားပေါ့ :P
"မလာတတ်ဘူး... ဘယ်လိုလာရမှာလဲ..."
"Bus နဲ့ဆို စီးတတ်မှာမဟုတ်ဘူး... Taxi စီးခဲ့ပါလား... ညီမတို့နားကဆို သိပ်မကျလောက်ဘူး..." ကန်ဒီ့ကိုပါ Taxi စီးဖို့ မြူဆွယ်နေပါတယ်။ အင်း.. ကန်ဒီ့အိမ်နဲ့သိပ်မဝေးဘူးဆိုတော့ သူပြောတာလက်ခံလိုက်ပါတယ်။
"ဒါဆိုလိပ်စာက ဘယ်လိုပြောရမှာလဲ....'
"sms ပို့ပေးမယ်...."
"ဟုတ်ကဲ့ ဒါပဲနော်..."
Taxi စီးဆိုလို့ အိမ်တစ်ဖက်ကို ပြန်လျှောက်ပါတယ်။ $5 ပဲကျတယ်ဆိုတော့ တန်တယ်ပြောရမယ်။

3:05pm
ဓာတ်ပုံရိုက်ဖို့ တန်းစီပါတယ်။ ကန်ဒီ့အလှည့်ရောက်ပါပြီ။ နားရွက်ပေါ်ရမယ် နဖူးပေါ်ဆံပင်မရှိရဘူးဆိုပြီး သရေပင်ပေးပါတယ်။ ကမ္ဘာ့ရုပ်အဆိုးဆုံးပုံကို အောင်မြင်စွာ ရိုက်လိုက်ပါတယ်။ ပြီးတော့... အဲ့ဒီ agent အစ်ကိုက ပိတ်ထားတဲ့ ကောင်တာကို ညွှန်ပြရင်း...
"ဟိုမှာ ပိတ်ထားတဲ့ကောင်တာတွေ့လား.."
"ဟုတ်.."
"အဲ့မှာ လုပ်ရမှာ.. ခု ခဏထိုင်စောင့်နေလိုက်နော်..."
"ဟုတ်"

ထိုင်စောင့်ပါတယ်။
..
စောင့်ပါတယ်။
..
စောင့်နေပါတယ်။
..
ပျင်းပါတယ်။ သီချင်းနားထောင်ပါတယ်။ ဖေ့ဘွတ်ဝင်ပါတယ်။ (အိမ်မှာဆို တော်ရုံမ၀င်ပါ) check in ၀င်လိုက်ပါတယ်။ ဘလော့ထဲကိုက ဖုန်းနဲ့ စာမမြင်ရလို့ မ၀င်ပါဘူး။ ပျင်းလာပါတယ်။ မျက်စိရှေ့ ခိုနှစ်ကောင် လာပါတယ်။ သူတို့ဓားစားခံဖြစ်သွားပါတယ်။ ရိုက်လိုက်ပါပြီ။ ဟီးဟီး..


ကောင်တာဖွင့်ပါပြီ။
တန်းစီပါတယ်။
..
တန်းစီပါတယ်။
..
လက်ဗွေနှိပ်ပါတယ်။ လက်မှတ်ထိုးပါတယ်။ ပြီးပါပြီ။ အဲ့အစ်ကိုက နောက်နေ့မှ သက်တမ်းတိုးထားတဲ့ အသစ်လာယူဖို့ ပြောပါတယ်။ နှုတ်ဆက်ပြီး ပြန်လာပါတယ်။

5:45pm
လမ်းလျှောက်ရင်း ကားမှတ်တိုင်ရှာပါတယ်။ ကျောင်းမှာ presentation rehearsal ရှိလို့ ကျောင်းသွားရမှာပါ။
တွေ့ပြီကွ!!!

စီးရမယ့်ကားက ၁၅မိနစ်နေမှ လာမှာပါ။ ဆက်ပျင်းပါတယ်။ လူလစ်တုန်း ဓာတ်ပုံရိုက်ပါတယ်။


ညစာ ကျောင်းcanteen မှာစားပါတယ်။ ဗိုက်သိပ်မဆာလို့ Chicken rice (စလုံးအစားအစာ) စားပါတယ်။ ကြိုက်လို့မဟုတ်ပါဘူး.. ကျောင်းက Chicken rice ကဈေးပေါပြီး နည်းနည်းပဲပါလို့ပါ :P

စားနေရင်း သတိထားမိတာက ကန်ဒီနဲ့ မျက်စောင်းထိုးခပ်လှမ်းလှမ်းက မိန်းကလေးတစ်ယောက် ကန်ဒီ့ကိုကြည့်ပြီး မဲ့လိုက် သဘောကျလိုက် အမူအယာအမျိုးမျိုးလုပ်နေပါတယ်။
"ဘာလဲဟ.."
"နေရင်းထိုင်ရင်း လူကိုကြည့်ပြီး ဘာဖြစ်နေတာပါလိမ့်...."
"ငါဘာဖြစ်နေလို့လဲ..."
"တစ်ခုခုတော့မှားနေပြီ..."
နောက်တယောက်ကလည်း သူ့လို ထပ်ကြည့်ပါတယ်။
"မဟုတ်သေးပါဘူး.."
"မဟုတ်တော့ဘူး..."
"???????..."

ပတ်ဝန်းကျင်လေ့လာကြည့်တော့ ကန်ဒီ့ခေါင်းပေါ်မှာ တီဗွီရှိပါတယ်။ တီဗွီပေါ်မှာ ဗလတောင့်တောင့် ယောက်ျားးနှစ်ယောက် အင်္ကျီချွတ်ပြီး ဒိုက်ထိုးပြိုင်နေပါတယ်။ LOL (ရှက်သွားပါတယ်...)

သူငယ်ချင်းတွေလည်း မလာသေးတော့ သူတို့ကိုစောင့်ရင်း ရေခဲခြစ်စားပါတယ်။ ကန်ဒီ အရမ်းကြိုက်ပါတယ်။ တကယ်က အပေါ်မှာ ပဲတို့ Jelly တို့ ရှိရမှာ.. လုပ်ပေးတဲ့ အန်တီက အောက်မှာထည့်လိုက်လို့ မလှတော့တာပါ။


သူတို့ ရောက်လာပါပြီ။ သူတို့စားတာထိုင်စောင့်ပါတယ်။

7:15 pm
Presentation အတွက် rehearsal (၄)ကြိမ်လုပ်ဖြစ်ပါတယ်။ Presenter နှစ်ယောက်ပါ။ ကန်ဒီက တ၀က်ပြောရမှာပါ။ အသံဝင်ချင်သလိုလိုဖြစ်သွားပါတယ်။

Slide ကြည့်ပြီးလန့်သွားသလား.. ဟီးဟီး
နည်းနည်းပြောပြရရင်တော့... ခုသန္ဓေတားဆေးအသစ်တမျိုးကို စမ်းသပ်နေပါပြီ။ မိန်းကလေး သုံးရမှာပါ။ သန္ဓေတားတဲ့အပြင် လိင်မှတဆင့်ကူးစက်စေတဲ့ ရောဂါပိုးတွေ(HIV အပါအ၀င်) ကာကွယ်နိုင်ပါတယ်။ ကန်ဒီတို့ လုပ်ရမှာက ဒီဆေးအကြောင်း research ဆက်လုပ်နိုင်ဖို့ ရင်းနှီးမြှပ်နှံချင်တဲ့ သူတွေဆီက ပိုက်ဆံတောင်းရမှာပါ။ ကန်ဒီပြောရမယ့် အပိုင်းက ရှက်စရာအပိုင်းတွေပေါ့နော်။ ဟီး... ရှက်လည်း မရှက်တော့ပါဘူး...

ဒါကိုသုံးပါလို့ ကြော်ငြာနေသလိုလို :P

10:20 pm
အိမ်ပြန်ရောက်တော့ ညပိုင်းဆက်အလေလိုက်၊ စာလုပ်ပြီး အိပ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ပါစေ.. ^_^

Tuesday, September 27, 2011

Belated Diary??


Diary post လေးတွေ လွမ်းနေကြပြီလား... :P
ဖတ်တဲ့သူ လွမ်း မလွမ်းတော့ မသိဘူး.. ကန်ဒီတော့ လွမ်းတယ်... ဟီးဟီး.. Diary ရေးရတာ အကြိုက်ဆုံးပဲ... ကန်ဒီလုပ်သမျှကိုလည်း ဒီဘလော့လေးမှာ အမှတ်တရ သိမ်းထားနိုင်တယ်လေ.. :D

ပြီးခဲ့တဲ့ အပတ်က လျှောက်လည်ထားတာလေးတွေပါ... မတင်ဖြစ်သေးပဲ ခုမှတင်ဖြစ်တာ... ဟိုတလောတုန်းက ကန်ဒီ့သူငယ်ချင်းမွေးနေ့ လှူတာမှတ်မိတယ်ဟုတ်... အဲ့ဒီသူငယ်ချင်းကပဲ သူ့မွေးနေ့ မုန့်လိုက်ကျွေးတာလေ... Red Pig ဆိုတဲ့ ကိုရီးယား စားသောက်ဆိုင်မှာ... စားလို့တော်တော်ကောင်းတယ်... လူလည်း အရမ်းများတယ်... ဆိုင်လိပ်စာနဲ့ ဖွင်တဲ့အချိန်ကို ပိုစ့်အောက်ဆုံးမှာ ရေးပေးမယ်နော်.. Singapore မှာနေတဲ့သူတွေ သွားစားချင်ရင်ရအောင်လို့... ^_~

အိမ်ကစထွက်ပါပြီ...
ကန်ဒီ့ ညီမ ဆံပင်ညှပ်မယ်ဆိုလို့ City Hall ကိုအရင်သွားပါတယ်..

ကန်ဒီ့ညီမနဲ့ ရထားပေါ်မှာပါ.... (တယောက်သောသူက ကန်ဒီ့ညီမပုံလည်း တင်ပါဆိုလို့... :P)

ဒါက သူဆံပင်ညှပ်ပြီးပုံ....

ပြီတော့ စားသောက်ဆိုင်ကို City Hall ကနေ Taxi စီးသွားတယ်... S$9 ပေးရတယ်... အများနဲ့ဆိုတော့ တယောက်ဘယ်လောက်မှ မကုန်ဘူးလေ... နောက်ပြီး အဲ့ဒီဆိုင်ကလည်း နည်းနည်းဂျောင်ကျတယ်... ဆိုင်ကိုက book လုပ်ထားပြီးသား.... ကန်ဒီတို့က ၀ိရိယသိပ်ကောင်းနေလို့ ဆိုင်ပြင်မှာ အရင်စောင့်ရတယ်.. အထဲမှာ လူပြည့်နေလို့...


စားမယ်.. ၀ါးမယ်.. အားလုံးစားပစ်လိုက်မယ်.... :P

တကယ်တော့ ကန်ဒီ့သူငယ်ချင်းတွေက ရောက်ဖူးတယ်... ကန်ဒီသာ မရောက်ဖူးတာ... သူတို့ကဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးသိတော့ သူတို့ကိုပဲ မှာခိုင်းလိုက်တယ်... ပြီးတော့သူတို့မှာပေးတာ စားတယ်... အင်း.. စားဖူးသမျှ ကိုရီးယားစာထဲမှာ အဲဆိုင်ကဟာ တော်တော်ကောင်းတယ် ပြောရမယ်...


အဲဒီ့ဟင်းရည် သောက်လို့အရမ်းကောင်းတယ်...

ဗိုက်ဝသွားပြီ... ^^

အပြန်ကျတော့ mrt ကိုလမ်းလျှောက်တယ်.. အဝေးကြီးပဲ... အိမ်ရောက်တော့ မပြီးသေးဘူး... သူတို့က ညလုံးပေါက် ၀ိုင်းရှိသေးတယ်... ၀ိုင်းဆိုရင် သိတယ်ဟုတ် (ဖဲဝိုင်းတော့ မဟုတ်ဘူး..).... လူငယ်တွေဆိုတော့ ဒါတွေလည်းရှိတာပေါ့လေ.... တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်က အန်တီ(သူငယ်ချင်းအမေ)က တရားစခန်းဝင်နေတာနဲ့... အားလုံးက ဂွင်ပေါ့.. ဟားဟား...

အဲဒါသူတို့သောက်မယ့်ဟာတွေ ၀ယ်တယ်.. ပြီးတော့ အိမ်အောက်မှာ ဂီတာတီးပြီး သောက်ကြတယ်ပေါ့... ကန်ဒီက ပုံမှန်ဆို မလိုက်ဘူး.... အဲ့ဒီနေ့က သူ့မွေးနေ့ဆိုတော့ ဂီတာတီးတာ ခဏလိုက်မယ် ပြောထားတယ်... ကန်ဒီ မသောက်တတ်တာလည်း သူတို့သိတယ်... အတင်းမတိုက်ပါဘူး.. အဲ့တစ်ခုတော့ သူငယ်ချင်းတွေက ကောင်းတယ် ... တချို့ဆို အတင်းတိုက်တတ်တယ်လေ... သူတို့တီးသမျှ ဒိုင်ခံဆိုတာ အသံတောင် ၀င်ချင်ချင်ဖြစ်သွားတယ် :P .... (၂)နာရီလောက်ကျတော့ ပြန်အိပ်တယ်.... သူတို့တော့ ညလုံးပေါက်ပဲ..... :D

ဒီနေရာမှာ ကန်ဒီ မိန်းကလေးတွေကို သတိပေးချင်တာလေး တစ်ခုရှိတယ်... လူမှန်းသူမှန်း မသိအောင်တော့ မသောက်စေချင်ဘူး... မိန်းကလေးတစ်ယောက်မူးပြီး မှောက်နေတာလည်း ကြည့်လို့မကောင်းဘူး... ဆရာလုပ်တာ မဟုတ်ဘူးနော်.... စိတ်မဆိုးနဲ့နော်... Peace.. ^_^


ဆိုင်လိပ်စာကတော့....
Red Pig (Original Charcoal Korean Restaurant)
93 Amoy Street

ဒီအချိန်တွေ ဖွင့်ပါတယ်... ^^
Mon-Fri >>> Lunch: 12:00~2:30pm, Dinner 6:00~11:30pm
Sat >>> 6:00~11:30pm
Sun/Public holiday >>> 6:00~10:00pm

Saturday, September 24, 2011

အလွယ်ကူဆုံးနဲ့ အမြန်ဆုံး လက်သည်းပုံဖော်နည်း^^


ဒီနည်းလေးကတော့ မြန်လည်း မြန်တယ်... လွယ်လည်း လွယ်တယ်... ခြောက်အောင်လည်း အကြာကြီးစောင့်စရာမလိုဘူး... အလုပ်သိပ်များတဲ့ မမတွေ၊ ညီမလေးတွေအတွက်ပေါ့... (အစ်ကိုတွေ မပါဘူး ဒီတပိုစ့်တော့.. ဟီး) ကန်ဒီက လက်သည်းပုံဖော်ရတာကို စိတ်မရှည်တာမဟုတ်ဘူး.. ခြောက်အောင်စောင့်ရတာ စိတ်မရှည်တာ... ဟိုဟာကိုင် ဒီဟာကိုင်နဲ့ နောက်ဆုံးကျတော့ အခြစ်ရာ အရှရာတွေဖြစ်ပြီး စိတ်ရှည်လက်ရှည် ပုံဖော်ထားတဲ့ဟာက ပျက်ပျက်သွားတာလေ...

ကဲ.. စမယ်နော်...



လိုအပ်တာတွေကတော့....
(၁) Base coat
(၂) White nail polish
(၃) ကိုယ်ဆိုးချင်တဲ့ အရောင် (Blue)
(၄) ကိုယ်ဆိုးချင်တဲ့ အရောင် (Pink)
(၅) Top coat
(၆) Make up sponge (ပုံထဲကလို သေးသေးလေးဆို ရပြီ..)





(၁) ပထမဆုံး Base coat ဆိုးနော်... ဖျက်တဲ့အခါကျရင် လက်သည်းဆိုးဆေးက အရောင်တွေ ကိုယ့်လက်သည်းမှာ ကျန်ပြီး ၀ါဝါကြီးမဖြစ်အောင်လို့... Sally hansen က Base/Top coat ကောင်းတယ်... ဒါပေမယ့်သတိထားဆိုးရတယ်... bubble ထလို့... အဲ့ဒါကြောင့် base coat အနေနဲ့ပဲဆိုးတာပါ....

(၂) ပြီးရင် make up sponge နဲ့ အဖြူရောင်ကို လက်သည်းတပြင်လုံးမှာ တို့ပါ.. အဖြူခံခြင်းဟာ အပေါ်ကအရောင်လေးတွေ ပိုလွင်ပြီး လှအောင်လို့ပါ....

(၃) လက်သည်းကို စိတ်ထဲမှာလေးခြမ်းခြမ်းပြီး အရောင်နှစ်ရောင်ကို ထောင့်ဖြတ် spongeနဲ့ လိုက်တို့ပါ... သိပ်တိကျစရာမလိုဘူးနော်... မညီလေ ပိုလှလေပဲ...

ဒီလို တ၀က်ပဲ လုပ်ချင်လည်း ရတယ်...

(၄) အရောင်တို့တာများလို့ အရမ်းတောက်သွားရင်... အဖြူကိုအပေါ်က နည်းနည်းလေးထပ်တို့ပါ...

(၅) ပြီးရင် Top coat ဆိုးလိုက်တော့နော်.... (Top coat မဆိုးခင်ဆို sponge နဲ့ တို့ထားတော့ အဖုအဖုလေးတွေဖြစ်သလို ခံစားရလိမ့်မယ်.... စိတ်မပူပါနဲ့... Top coat ဆိုးပြီးရင် ချောသွားလိမ့်မယ်.. ^^ )

ဘယ်လိုလဲ... လွယ်တယ်ဟုတ်... ^_^

ဒါမျိုးလေးတွေ မရေးတာတောင် ကြာပြီ... ရေးရင်လည်း သေချာ ဓာတ်ပုံလေးတွေနဲ့ တင်ချင်တော့ အချိန်နည်းနည်းပေးရတယ်... အားပေးတဲ့သူ ရှိရင်တော့ ဆက်ရေးမယ်နော်... :D

Friday, September 23, 2011

မြစ်မင်းဧရာ


မြန်မာပြည်နဲ့ ဧရာဝတီဟာ ဟိုး... နှစ်ပေါင်းများစွာထဲက အမြဲဒွန်တွဲနေခဲ့တာ အားလုံးအသိပါ.... မြန်မာတနိုင်ငံလုံးရဲ့ ရာနှုန်း ၇၀ကျော်ကျော်ဟာ သူမအပေါ် တည်မှီ အသက်မွေးနေကြရလို့ တို့အားလုံးရဲ့ ကျေးဇူးရှင်မိခင်ဆိုလည်း မမှားပါဘူးလေ.... ဒါကြောင့်လည်း သူမအလှကို မရိုးနိုင်အောင် ကဗျာတွေသီ၊ စာတွေဖွဲ့ခဲ့ကြတယ်မဟုတ်လား.... ကဗျာမပီ စာမမှီတဲ့ အမေ့ကျေးဇူးတွေအတွက်ပေါ့...

ခုတော့ သဘာဝအတိုင်းစီးဆင်းနေတဲ့ သူမကိုတောင် ရင်ဝကြိုးတုတ် ရုပ်သေးရုပ် လုပ်ခိုင်းတော့မလို့တဲ့လေ...
ထားရာနေ စေရာသွား လူလုပ်မြစ်ဘ၀ရောက်တော့မယ့် အခြေအနေမို့ တွေးမိတိုင်း ရင်နာရပါတယ်...

ခုဆို မြစ်ဧရာလည်း ငိုနေပြီ....
သူမနဲ့အတူ တနိုင်ငံလုံးလည်း ငိုနေကြပြီ...

မီးလေးတပွင့်အတွက်တော့ မြစ်ဧရာကို မစတေးပါရစေနဲ့ရှင်...
သဘာဝကပေးတဲ့ တို့မိခင်မို့ပါ..

ဒီနေ့လေးဟာ ကြိုးစင်ပေါ်ရောက်နေတဲ့ မိခင်ကို အချိန်မှီကယ်နိုင်ဖို့ တို့ဘလော့ဂါအားလုံးရဲ့ ကြိုးပမ်းမှုလို့ပဲ ဆိုကြပါစို့နော်...

စာကြွင်း။ ။ ဒီတိုင်းစိတ်ထဲရှိတာ ရေးထားတာလေးပါ... ဒီထက်များများရေးချင်ပေမယ့် စာသိပ်မရေးတတ်လို့ သည်းခံကြပါနော်.... စာထက် ပုံတော့ နည်းနည်းပိုဆွဲတတ်တယ်ထင်လို့ ဒီပုံလေး သီးသန့်ဆွဲထားတယ်... ဒီနေ့အတွက်ပေါ့... ^^

ပုံတူဆွဲတာပါနော်... ပုံဆွဲတဲ့ ပိုစ့်မဟုတ်လို့ မူရင်းပုံမတင်တာပါ... :)

Sunday, September 18, 2011

ချစ်သောအမေ ဧရာဝတီသို့... (Tag)



"မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးလေးစင်းမှာ− ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ ဖြစ်ကြပါသည်... " ဆိုတဲ့ ငယ်ငယ်က အခေါက်ခေါက် ရေရွတ်ခဲ့ဖူးတဲ့ စာလေးကို မှတ်မိနေသေးတယ်.... သံလွင်မြစ်က ရေစီးသန်လို့ မိခင်ဧရာဝတီကိုပဲ တစ်နိုင်ငံလုံးမှီခိုနေရတာလည်း အားလုံးအသိပါ...

"ဧရာဝတီမရှိတော့ရင်..." ဆိုတဲ့အတွေးဟာ "အမေမရှိတော့ရင်..." ဆိုတဲ့ အတွေးနဲ့ ထပ်တူပါပဲ....

အမေ့ရင်ကိုဆို့မှ ရလာမယ့် မီးတပွင့်ကိုလည်း ဘယ်သားသမီးမှ ရရင်တောင် လိုချင်မယ် မထင်ပါဘူး....
ခုတော့....
...
...
...


အမေ့ရင်ခွင်ထဲရောက်ဖူးခဲ့တာ မှတ်မိသေးတယ် အမေရယ်.... ဟိုး.... အဖေ့ မွေးရပ်မြေ ကချင်ပြည်နယ်ကို သွားတုန်းကပေါ့..... ရေလည်မှာ ထွန်းနေတဲ့ သောင်ပေါ်က ဘုရားမှာတောင် စေတီလေး တည်ခဲ့သေးတယ်လေ... တသွင်သွင်စီးနေတဲ့အမေ့ကို ထိုင်ကြည့်ပြီး ကြည်နူးခဲ့ဖူးတယ်.... မာန်အပြည့်နဲ့ စီးဆင်းနေတဲ့ အမေ့ကို မရပ်တန့်စေချင်ဘူး အမေရယ်.... အမြဲ ရှင်သန်စေချင်တယ်....

တသက်လုံးမွေးခဲ့ ကျွေးခဲ့တဲ့ အမေ့ကျေးဇူးကို မဆပ်နိုင်ရင်တောင် အမေ့ကိုတော့ မဖျက်ဆီးလိုက်ကြပါနဲ့နော်...

ဘလော့မောင်နှမတွေ စုပေါင်းအားဖြည့်နေကြတဲ့ အမေ့အရေးမှာ ကန်ဒီ့လို ဘလော့ဂါပေါက်စလေးကလည်း နှမ်းတပွင့်ဖြူးတယ် ဆိုပါတော့... အမေနဲ့အခွဲခံရတော့မယ့် ကလေးတစ်ယောက်လို "အမေ့ကိုပြန်ပေးပါ"ဆိုပြီးပဲ ကလေးဆန်ဆန်ငိုကြွေးပါရစေ....

Saturday, September 17, 2011

နာမ်စားဗိုလ်လုပွဲ..


ကန်ဒီသိချင်တာလေးရှိသလို အားလုံးရဲ့ အကြံပြုချက်လေးလည်း လိုချင်လို့ပါ.... ဘာမှမဟုတ်သလိုလိုနဲ့ တော်တော်ကသိကအောက်နိုင်တဲ့ ကိစ္စလေးပါ... ကန်ဒီသိချင်တာက ဘာလဲဆိုတော့ "ကန်ဒီ"လို့နာမ်စားသုံးတာ ဖတ်တဲ့သူတွေ အဆင်ပြေရဲ့လား သိချင်တာပါ...

ကန်ဒီဘလော့ စ စရေးချင်းတုန်းက "Candy" ဆိုပြီး နာမ်စားသုံးခဲ့ပါတယ်... ဒါပေမယ့် စဉ်းစားကြည့်ရင် နာမ်စားကို အင်္ဂလိပ်လိုရေးရင် မြန်မာလိုကျတော့ တချို့နေရာတွေမှာ တမျိုးဖြစ်တတ်တယ်.... ပေါ့ပေါ့ကြီးဖြစ်နေတတ်တယ်...
ဥပမာ.... ကန်ဒီ့ဘလော့လေးကို လာလည်တဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်...
Candy ဘလော့လေးကို လာလည်တဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်... (အောက်ကမြင့် ပျောက်နေတယ်)

အဲဒါကြောင့် "Candy" လို့ သုံးရာကနေ "ကန်ဒီ"လို့ ပြောင်းရေးခဲ့တာပါ... "ကန်ဒီ"လို့ရေးရတာကို ကြိုက်လို့တော့မဟုတ်ပါဘူး... ဘလော့ စရေးမယ်လို့လုပ်တော့ ကိုယ့်ကိုကိုယ် တခုခုခေါ်ဖို့လိုလာပြီလေ... အပြင်မှာဆိုရင်က ကန်ဒီကိုယ့်နာမည်ကိုယ်ခေါ်ခဲတယ်... ကိုယ့်ထက်ကြီးရင် ကိုယ့်ကိုယ်ကို ညီမပေါ့..ငယ်ရင် အစ်မပေါ့... ရွယ်တူဆို "တို့" သုံးတယ်... အဲ့တော့ စရေးမယ်ဆိုတော့ ကိုယ်ဟာကိုယ်ဘယ်လိုခေါ်ရမလဲမသိဘူး... နာမည်ကိုလည်း ငယ်ငယ်ထဲက ကိုယ်နဲ့ အကျွမ်းတ၀င်ရှိခဲ့တဲ့နာမည်ပဲဖြစ်ချင်တယ်... ဘလော့ရေးလို့ တမင်ပေးလိုက်တာမျိုး မဖြစ်ချင်တာနဲ့ ... Candy ကိုပဲ သုံးလိုက်တာပါ....

ဟိုနေ့က လာလည်သူတစ်ယောက်က ထောက်ပြလာလို့ပါ...... သူပြောတာ ဟုတ်ပါတယ်... အဓိကက ဖတ်တဲ့သူ ဖတ်ရ၊ကြားရတာ ကိုးလိုးကန့်လန့် ဖြစ်မနေဖို့မလား... ကန်ဒီလည်း အစတည်းက ဘ၀င်မကျတဲ့ ကိစ္စဆိုတော့ အားလုံးကိုမေးမှ ဖြစ်တော့မယ် ထင်တယ်လို့ တွေးမိလို့ပါ...

ကန်ဒီ့ကို ကူညီသောအားဖြင့် အမြင်လေးတွေပြောပေးပါနော်...
ဒီတိုင်းပဲကောင်းလား... ကိုးလိုးကန့်လန့် ဖြစ်နေလား... မကောင်းရင် ဘယ်လိုခေါ်စေချင်ပါသလဲ.... တခြားကန်ဒီနဲ့ လုံးလုံးမသက်ဆိုင်တဲ့ နာမည်တော့ မဖြစ်ချင်ပါဘူး... အပြင်မှာလည်း ကန်ဒီ့ကိုရည်ညွှန်းတဲ့ နာမည်တစ်ခုပေါ့.. ဟီးဟီး.... (ဥပမာ "၀ိုင်းစု"ဆို သူငယ်ချင်းတွေ ခေါ်တဲ့နာမည်လေ... ကန်ဒီနဲ့ နည်းနည်းဆိုင်တယ်... အဲ့ဒါမျိုးကိုပြောချင်တာပါ) ကျွန်မလို့တော့ မရေးခိုင်းပါနဲ့.... ကြက်သီးထလို့ပါ.... >.<

ထောက်ပြသွားတဲ့သူကတော့ ချိုချဉ် (သို့) Candy ကိုမဲပေးသွားပါတယ်.... (Candy ကတော့ အပေါ်မှာ ပြောပြထားသလို ရေးလို့မဖြစ်ပါဘူး.. )
ကန်ဒီလည်း မစဉ်းစားတတ်ပါဘူး....
အဲ့တော့ အားလုံးကိုပဲ အပူကပ်ပါတယ်..... အဟိ
ဒီတိုင်းပဲ ဆက်ရေးဆိုလည်း ကောင်းပါတယ်... :D

ကိုပဥာက်ခေါ်သလို မချိုမချဉ်တို့...
ဖိုးဖိုးမောင်ခေါ်သလို ဖွားသကြားတို့....
ဦးဟန်ကြည်ခေါ်သလို ငပေါမလေးတို့တော့ မလုပ်ကြပါနဲ့နော်... အဟီး xD

လာလည်တဲ့သူအားလုံး အကြံပေးနိုင်ပါတယ်ရှင့်... အမည်မဖော်လိုလျှင် Anonymous နဲ့ရေးလို့ရပါတယ်နော်...

အားလုံးကို အရမ်း အရမ်း အရမ်း ကျေးဇူးတင်ပါတယ်ရှင့်... ^_^

Thursday, September 15, 2011

မြန်မာမလေးပါ...

သူငယ်ချင်းမေမေ ချက်ကျွေးသော ရခိုင်မုန့်တီ...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တူတူနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့လေ... အဲဒါ ကန်ဒီတို့ သူငယ်ချင်းတွေစုပြီး ဗုဒ္ဓဂါယာမှာ ကျောင်းတက်နေတဲ့ ဘုန်းဘုန်းတပါးကို လစဉ်ထောက်ပံ့တဲ့ သဘောပေါ့နော်... ဒီလကစပြီး တစ်ယောက် S$20 စီလှူမလို့... (၆)ယောက်ဆိုတော့ S$120 ပေါ့... အိန္ဒိယမှာ အတော်အသင့်တော့ သုံးလို့ အဆင်ပြေတယ်လို့ ပြောပါတယ်... လစဉ်လည်း လှူဖြစ်သွားတယ်... ကုသိုလ်လည်းရတာပေါ့... အဲဒီ့ဘုန်းဘုန်းကလည်း သူ့ပညာရေးအတွက် တကယ်လိုအပ်နေတာလေ...

တစ်ယောက်က မလာသေးလို့ ၅ယောက်ထဲ.... :)

ဒါကတော့ ၀ါးတီးဆွဲနေကြတာ... :D
အိမ်အရမ်းရှုပ်နေတယ်.. သည်းခံပါရှင့်..

အဲဒီ့တနင်္ဂနွေနေ့က အိမ်ကို ဘုန်းဘုန်းကြွတယ်... အလှူရှင်ဒကာမတွေနဲ့လည်း တွေ့ရအောင်ပေါ့... စီစဉ်ပေးတာကတော့ သူငယ်ချင်းရဲ့အမေ.. ဘုန်းဘုန်းက ကန်ဒီတို့ကို တွေ့တော့ အံသြသွားတယ်... ဒကာမဆိုတော့ အသက်ကြီးကြီးထင်လို့တဲ့... ဟီး... လစဉ်လှူရမယ်ဆိုပြီး အတင်းကြီး စိတ်ထဲမသတ်မှတ်ထားပဲ လှူနိုင်သလောက်ပဲ လှူပါတဲ့... လူငယ်တွေဆိုတော့ ကိုယ်သုံးချင်တာလည်း ရှိမှာပဲပေါ့တဲ့... ပြီးတော့ တရားဟောပြီး ပြန်ကြွသွားပါတယ်...

အဲဒီနေ့က အမှတ်တရပုံလေးတွေပါ.... မျက်နှာကတော့ အိမ်မှာနေရင်းဆိုတော့ မျက်နှာပြောင်နဲ့ မျက်မှန်နဲ့ ဘုန်းဘုန်းကြွမယ်ဆိုလို့ ထမီလေးပဲလဲထားတာ...

ကုတင်ပွနေတာလည်း သည်းခံပါရှင့်... :P


ဒါကတော့ အိမ်ပြင်မှာ.... ကန်ဒီတို့အိမ်ရှေ့မဟုတ်ဘူး...
ဘေးအိမ်က စိုက်ထားတဲ့ အပင်လေးနဲ့ဆို ပိုလှမယ်ထင်လို့... အဟီး...
အိမ်မှာက နှင်းဆီပင်၊ ခရမ်းချဉ်သီးပင် အပင်သေးသေးလေးတွေပဲ ရှိတာ...

ကန်ဒီကဗမာဝတ်စုံကို အရမ်းကြိုက်တာ... ဘုရားသွားရင်လည်း အမြဲဝတ်စုံပြည့်... ထမီနဲ့ ရင်ဖုံးဖြစ်ဖြစ် ရင်စေ့ဖြစ်ဖြစ် ဗမာအကျီလေးဝတ်ရမှ ကျေနပ်တာ.... ဗမာဝတ်စုံလေးဝတ်ထားရင် ကန်ဒီဘ၀င်မြင့်ချင်သလိုလို... မြန်မာဖြစ်ရတာ ဂုဏ်ယူချင်သလိုလိုဖြစ်အောင်ကို နှစ်သက်တာ... ကန်ဒီဘလော့လေးမှာ ကန်ဒီ့အဲ့လိုပုံလေးတွေမရှိသေးဘူးနော်... ဒီပိုစ့်လေးရေးရင်းနဲ့လည်း ကြုံတုန်းတင်လိုက်တာပါ...

ဒါက ရွှေတိဂုံဘုရားမှာ... နောက်ဆုံးတစ်ခေါက်ပြန်တုန်းက....
လွန်ခဲ့သော တစ်နှစ်နီးပါးလောက်က...

တဆက်တည်း ကန်ဒီသတိပေးချင်တာက မြန်မာမိန်းကလေးတွေကို မြန်မာဆိုတာ မမေ့စေချင်ဘူး... တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီဝတ်တာစားတာကို လက်ခံပေမယ့် ဘုရားသွားကျောင်းတက်ဆိုရင်တော့ ဗမာဝတ်စုံလေးဝတ်စေချင်တယ်.. မဟုတ်ရင်တောင် လုံခြုံတဲ့ ဘောင်းဘီရှည်လေး ၀တ်စေချင်တယ်.... နောက်ပြီး ခေတ်အလိုက်ဝတ်တယ်ဆိုပေမယ့် အလွန်အကျွံလည်း မဖြစ်စေချင်ဘူး... လုံခြုံအောင်ဝတ်ရမယ့် နေရာလေးတွေတော့ လုံခြုံစေချင်တယ်... ကန်ဒီပြောချင်တာက ဘယ်လောက်တိုတိုဝတ်ဝတ် လုံစေချင်တယ်... အပေါ်ဆိုလည်း လုံရမယ့်နေရာတော့ လုံစေချင်တယ်.. ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ဟီးဟီး xD

လုံလုံခြုံခြုံလေးနဲ့လည်း လှအောင် ချစ်စရာကောင်းအောင် ၀တ်လို့ရတယ်လို့ ဆိုလိုချင်တာပါ... ကိုမင်းဧရာ ရေးတဲ့ "ပြောပြချင်တယ်" ဆိုတဲ့ ကဗျာလေးအရမ်းနှစ်သက်မိတယ်... အဲ့ထဲက စာပိုဒ်လေးတစ်ခုက

"နောက်သို့ တစ်ဖန်
စောင်းငဲ့ ပြန်သော်
တိုးတက် မှုဟု
စကား စုနှင့်
တုပ ဆင်ယင်
လူ မမြင်အပ်
ထို အရပ်ကို
မသိဟန်ဆောင်
လှစ်ပြသယောင် ရှိတော့သည်။"

ကဲ... ဘယ်လောက်မှန်လိုက်တဲ့ စာသားလည်း ဆိုတာ... ရှက်တတ်ရင် ရှက်ဖို့လည်း ကောင်းပါတယ်... အရမ်းကြိုက်လို့ ကဗျာလေး ပြန်ဖော်ပြမိတာ.. ကိုမင်းဧရာနဲ့က သိပ်မခင်တော့ ခွင့်သွားတောင်းဦးမှ... :P

*************************************************************

အသိပေးခြင်း

ကန်ဒီဘလော့တခွင် လှည့်ပြီးတော့လည်း ပြောပြီးပြီမို့ အားလုံးလည်း သိပြီးလောက်ပါပြီ... ကန်ဒီ ဒိုမိန်းဝယ်လိုက်လို့ candykhine.com ဖြစ်သွားပြီဆိုတာ... ကိုယ်တိုင်လည်း လိုက်ပြောပြီးပြီမို့ သီးသန့်ပိုစ့်ရေးမနေတော့ဘူးနော်.... ပြောင်းဖြစ်တဲ့အကြောင်းလေး အနည်းအကျဉ်းပြောပြရရင်တော့ ဖိုးဖိုးမောင် ရောဂါတက်အောင် လုပ်တာက တစ်ကြောင်း... blogspot ဆိုရန်ကုန်မှာ မရဘူးဆိုတာက တစ်ကြောင်း... တစ်နှစ် ၉၅၀၀ကျပ်ဆိုတော့ ဈေးသက်သာတယ် ထင်တာကတစ်ကြောင်း... အရေးအကြီးဆုံးနဲ့ နောက်ဆုံးတစ်ချက်ကတော့ ရန်ကုန်က ကန်ဒီ့ချစ်သူ ကန်ဒီ့ဘလော့လေးကို ချောချောချူချူဝင်ပြီး ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်ရှင့်... (သူကတော့ ဖတ်မည့်ပုံမပေါ်... connection က သိပ်မကောင်းတော့... သို့သော်လည်း ဖတ်ချင်ရင်ပေါ့လေ.. )

ဒိုမိန်းဝယ်ချင်ရင် ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာကတော့ ဖိုးဖိုးမောင်(မောင်စွယ်စုံကျမ်း) အသေးစိပ်ရေးပြီးပြီ ဖြစ်လို့ ဒီနေရာလေး နှိပ်ပြီး သွားဖတ်နိုင်ပါတယ်... နောက်ပြီး... ကန်ဒီ့ကို လုပ်ပေးတဲ့ zmyanmar.com က ကိုဇောင်းကိုလည်း "ကျေးဇူးတင်ပါတယ်"လို့ ဒီပိုစ့်လေးကနေ ပြောချင်ပါတယ်ရှင့်... :D (သူမြင်မမြင် မသိနိုင်ပေမယ့်..)

အားလုံးပဲ ပျော်ရွှင်ပါစေ....

Sunday, September 11, 2011

Testing 1.. 2... 3

ဟိုတလောက ၀ယ်ထားတဲ့ Charcoal pencil နဲ့ စမ်းဆွဲကြည့်ထားတာလေးတွေပါ...
သည်းခံပြီး ကြည့်ပေးကြပါနော်... :D



Q-tip နဲ့ Blend ပါသည်...

ဒါကတော့ ကြုံရာလျှောက်ဆွဲထားတာပါ....

အားလုံးပဲ ပျော်စရာနေ့လေးဖြစ်ပါစေရှင့်... ^_^

Friday, September 9, 2011

ဘလော့ဂါဆိုတာ ဘာလဲ?? (Tag)


ဘလော့ဂါ ဆိုတာ........
......
......
......
......
......
သူတို့ရဲ့ ဘလော့လေးကို ပုံစံမျိုးစုံနဲ့ ၀ါသနာကိုအရင်းခံပြီး တန်ဆာဆင်နေတဲ့သူတွေပေါ့....
- ဘုန်းဘုန်းတွေဆိုလည်း ဘာသာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါလေးတွေ ရေးတယ်...
- စာရေးဝါသနာပါတဲ့သူတွေကလည်း ရသမျိုးစုံပေးတဲ့ စာပေတွေ ရေးတယ်...
- ခံစားချက်တွေ.. မွန်းကျပ်မှုတွေကို ကဗျာနဲ့ ရင်ဖွင့်တဲ့သူက ဖွင့်တယ်... သူတို့ ခံစားချက်တွေကို ကဗျာတွေကတဆင့် မြင်နိုင်တယ်...
- ဟင်းချက်ဝါသနာပါတဲ့သူကလည်း ဟင်းချက်နည်းတွေတင်တယ်... ကန်ဒီဆို တစ်ခုခု ချက်ချင်ရင် သူတို့ဆီသွားသွားကြည့်ရတာ အမော...
- နည်းပညာပိုင်း ၀ါသနာပါတဲ့သူများကြပြန်တော့လည်း နည်းပညာနဲ့ပက်သက်တဲ့ ဗဟုသုတလေးတွေပေးတယ်ပေါ့... သူတို့ရှိလို့လည်း ကန်ဒီတို့လို နလပိန်းတုံးလေးတွေ မသိတာတွေသိရ .. မလုပ်ဖူးတာတွေ လုပ်ဖူးတာပေါ့လေ...
- သတင်းတွေကို ရှာရှာဖွေဖွေဖတ်ပြီး စာဖတ်သူတွေဖို့ တင်ပေးတဲ့သူက တင်ပေးတယ်....

တချို့ဆို တနေ့တည်းမှာ ပိုစ့် သုံးလေးခု တစ်ခါတည်းတင်ပြီး သူတို့ရဲ့ စေတနာတွေကို နည်းအမျိုးမျိုးနဲ့ ဖော်ပြနေကြတာလေ... တကယ်ဆို ဒါတွေကို လုပ်ကိုလုပ်ရမယ်ဆိုပြီး သူတို့ကို ဘယ်သူကမှ အတင်းခိုင်းတာမဟုတ်ပါဘဲ ၀ါသနာအရ စေတနာအရင်းခံပြီး ရေးနေတဲ့သူတွေပါ.... ဘလော့ဂါတိုင်းကတော့ ငါနာမည်ကြီးရမယ်ဆိုတဲ့စိတ် ဘယ်သူ့မှာမှ ရှိမယ်မထင်ဘူး... ဒါပေမယ့် ကိုယ့်ဆိုဒ်လေး လူလာတာ ထိုင်ကြည့်... ကိုယ့်ပိုစ့်လေး comment ပေးသွားတာ.. ကိုယ့် ဆီပုံးမှာ ရေးသွားတာလေး ထိုင်ဖတ်ပြီး ပီတိဖြစ်နေတဲ့သူတွေပါ...

ဘလော့အသိုင်းအ၀ိုင်းလေးဆိုရင်လည်း ပြောစရာမရှိအောင် အေးချမ်းပြီး ဖော်ရွေကြတယ်.. ခင်မင်တတ်ကြတယ်... မယုံရင် ပေါင်းကြည့်နော်... :D အော်.. ဘလော့အသိုင်းအ၀ိုင်းဆိုလို့ ဘလော့ရေးနေတဲ့သူလို့ပဲ မသတ်မှတ်နဲ့နော်.... ကန်ဒီပြောချင်တာ စာဖတ်နေတဲ့သူတွေလည်းပါတယ်... တချို့ကျတော့ စာမရေးပေမယ့် စာတွေလိုက်လိုက်ဖတ်နေတဲ့သူတွေရှိတယ်လေ... သူတို့က စာရေးနေတဲ့ ဘလော့ဂါတွေအတွက် အားဆေးပေါ့.... စိတ်ဓာတ်ကျစေတဲ့ comment မျိုးဆိုတာလည်း ရှားပါတယ်... ကန်ဒီ အဲ့လို comment မျိုး ဒီတစ်နှစ်ကျော်ကျော်အတွင်းမှာ တစ်ခါပဲရဖူးသေးတယ်... ဗမာလူမျိုးအများစုက သူများနာကျင်အောင် မလုပ်တတ်ဘူးလို့ ကန်ဒီယူဆတယ်... မဟုတ်ဘူးလို့ထင်ရင်တောင် စိတ်ထဲမှာပဲထားပြီး သူများစိတ်မကောင်းဖြစ်အောင် မပြောတတ်ကြဘူးလေ....

ဤတွင်ပြီး၏.....

ဖိုးဖိုးမောင် (စွယ်စုံကျမ်း)က ငါးဟင်းသိုးနေတာ မမြင်ချင်လို့တဲ့... ကန်ဒီကို အလုပ်ပေးတဲ့အနေနဲ့ တက်ဂ်ထားတဲ့ပိုစ့်လေးပါ... ဟီးဟီး... ကန်ဒီ့ကို တက်ဂ်လို့ ကျေးဇူးတင်ပါတယ်ရှင့်... ကန်ဒီ ဒီတက်ဂ်ရေးမယ်ဆိုတော့ တော်တော်ခေါင်းစားသွားတယ်... ဘလော့ဂါဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းလေးပေမယ့် တကယ့် တကယ်တော့ အဲ့ဒီထဲမှာ စာသားနဲ့ ဖော်ပြလို့မရအောင်များတဲ့ သူတို့စေတနာတွေ.. ၀ါသနာတွေပါနေတယ်... ကန်ဒီက စာရေးညံဖျင်းသူဆိုတော့ အဲဒါတွေကို မရေးပြတတ်ဘူး... ရေးတတ်သလောက်အပေါ်မှာရေးထားတာ ကန်ဒီပြောချင်တာကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်နော်... :P

နောက်တစ်ချက် ဒီတက်ဂ်ရေးဖို့တွန့်ဆုတ်သွားမိတာကတော့... ကန်ဒီကိုယ်တိုင်က အဲလိုဘလော့ဂါအဓိပ္ပာယ်ကို ဖွင့်ရလောက်အောင် မတန်တဲ့သူတစ်ယောက်မို့ပါ... ကန်ဒီ့ဘလော့ကိုပဲကြည့်... ဘာတွေမှန်းကို မသိဘူး... ဘလော့နာမည်ကိုက My Freedom တဲ့... ကန်ဒီလွတ်လပ်မှုတစ်ခုအတွက် စိတ်ထွက်ပေါက်တစ်ခုအတွက် ရေးနေတဲ့ ဘလော့လေးဖြစ်နေတယ်လေ... စာဖတ်သူတွေကိုလည်း ဗဟုသုတများများမပေးနိုင်... ရေးလိုက်ရင်လည်း ကန်ဒီ့အကြောင်းကြီးပဲ... အမြင်ကတ်တတ်တဲ့သူဆို ကတ်နေလောက်ပြီ... ဟီး.. :D

ကန်ဒီ့ကျောင်းက ညမှတက်ရတယ်... နေ့ဆိုအိမ်မှာ... ကန်ဒီ့ညီမက နေ့ဆိုအလုပ်သွားတယ်.. ကန်ဒီက ည ၁၀ ခွဲလောက်ပြန်ရောက်တော့ သူက အိပ်နေပြီ... ဒီတော့ ဒီဘလော့လေးမရှိရင် ဘယ်သူ့ကို စကားသွားပြောရမလဲ.... အဲဒါကြောင့်ပဲ ဒီမှာ လုပ်ချင်တာလုပ်နေတယ် ဆိုပါတော့ .. ဟီးဟီး.. ကျန်းမာရေးနဲ့ အလှအပ အကြောင်းလေးတွေ တစ်ခါတစ်ခါ ရေးဖြစ်ပေမယ့် Diary လောက်တော့ မရေးဖြစ်ဘူး... အလှအပအကြောင်း သိပ်မရေးဖြစ်တာကလည်း ကန်ဒီ့ဆီလာလည်နေတဲ့သူတွေ "စိတ်မ၀င်စားဘူး"ဆိုပြီး ခဲနဲ့ အထုခံရမှာ ကြောက်လို့ပါ... ကြားညှပ်ပြီးတော့ နည်းနည်းဆီတော့ တင်ဖြစ်မှာပါ...

ဆက်တက်ဂ်မည်.......
အစ်ကိုချင်း ( ဖိုးဖိုးမောင်ရော ကန်ဒီရော တက်ဂ်ထားတာ double tag နော်... :P )
ကိုပဥာက် (ကဗျာလို ရေးချင်လည်းရေးပါနော်.. ဟားဟား <<သူရီသလို ရီခြင်း :D >> )
မမမိုးပန်းချီ (မမbusy လို့ နာမည်ပြောင်းပေးလိုက်ပြီ... ဒါက နောက်အကြွေး... ယူလိုက်နော်.. :P )
သူငယ်ချင်းအိပ်ယာ (နေကောင်းကာစ ဦးဦးဖျားဖျားလေး ရေးလိုက်ဦး... ဆေးတွေခွဲတိုက်မယ် ပြောလို့ ပညာပေးတာ... :P)
ကိုညီရဲသစ် (စာရေးအရမ်းကောင်းတဲ့သူဆိုတော့ ဖတ်ရရင် သိပ်ကောင်းမှာပဲ... << ရေးအောင် မြူဆွယ်ခြင်း>>) )
ကိုဇက်ပီ (Template ပဲတချိန်လုံးပြင်နေလို့ အလုပ်ပေးတာ... ဇီးဖြူသီးနဲ့ လာမဖားနဲ့... မရဘူး.. :P )
သနပ်ခါးမေ (သူကတော့ မမလှလှ ... အဲ .. သူငယ်ချင်းလှလှ)
ဒီဇင်ဘာ မောင်မောင် (ရေးဖြစ်အောင် ရေးပါ... ဒါပဲ)
ကိုသန့်, MGTHANT.ME(ခင်ရင် ရေးပါ... မအားဘူးပြောလို့တော့ မရဘူး... သူ့ပိုစ့်ချည်းတွေ့နေတာ)
အမျိုးကောင်းသား (သူလည်း တူတူပဲ)
အစ်မသမီးစံ (စာမေးပွဲပြီးရင်ရေးနော်)
မမJasmine (ဒီရက်ပိုင်း ပျောက်နေပါတယ်... )
ကိုဖြိုး, ရေးမိရေးရာအဖြာဖြာ (အားရင်ရေးပေးနော်.. ပျောက်နေလို့ မအားဘူးထင်လို့ ... )
ကိုထွဋ္ဋ် (ပျင်းတတ်တဲ့သူဆိုတော့ ရေးပါ့မလားတောင် မသိဘူး... :P)
ကိုသော်ဇင်စိုး (သူကရေးမယ် ရေးမယ်နဲ့ အကြွေးယူယူသွားတာ... ဒါနဲ့ဆို အကြွေးသုံးခုရှိပြီနော်..)
တီတီ (တီတီကိုက ခင်လို့ ထည့်တက်ဂ်တာ... :D)

ဟီးဟီး.... အားလုံး ကန်ဒီ့ ရာဇသံကြောင့် လန့်သွားလား.... မလန့်ပါနဲ့..... အားမှ အဆင်ပြေမှ ရေးပါ.... ခင်လို့ လျှောက်စပြီး ရေးထားတာ.... xD

ပျော်စရာနေ့လေးဖြစ်ပါစေရှင့်...

Monday, September 5, 2011

ငါးကြော်ချက်!!!


ကန်ဒီငါးဟင်း မချက်တတ်တာ သိတယ်ဟုတ်....
ပထမဆုံးတစ်ခေါက် ချက်တုန်းက ပစ်လိုက်ရတယ်...
ဒီတစ်ခေါက်ချက်တာ အောင်မြင်သွားပြီ... ဒန် တန် တန်... =D>
အောင်မြင်တယ်ဆိုတာက အရသာရှိပြီး ငါးဟင်းနဲ့ တူတာကိုပြောတာနော်... ဘာမှ မလေ့လာပဲ ကြားဖူးနားဝနဲ့ လျှောက်ချက်ထားတာမို့ ချက်နည်းကတော့ မမှန်တာသေချာတယ်...

ကဲ... ကန်ဒီ ငါးဟင်းချက်ပုံကို ပြောပြမယ်နော်... ပြောပြတယ်ဆိုတာက မှားနေမှန်းသိလို့ ပြင်ပေးစေချင်လို့ပါ.... ကန်ဒီမှားနေတာလေးတွေပြင်ပေးသွားရင် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...

ဈေးသွားတာ တလွဲလုပ်ခဲ့တာက စမယ်...

ငါးဟင်းတွေ ဘာတွေက ညှီတတ်တယ်လေ... အဲတော့ မညှီအောင် တစ်ခုခုထည့်ရမယ်ပေါ့... ငါးဟင်းရည်တွေ ဘာတွေမှာ ကန်ဒီ စပါးလင်ထည့်တာကို မြင်ဖူးသလိုလိုပဲ... အဲဒါ ဈေးရောက်တော့ စပါးလင်ကို လုံးဝစဉ်းစားလို့မရဘူး... ရှည်ရှည်ဆိုတာပဲ သိတော့တယ်.. အဲဒါနဲ့ ၀ယ်ဖြစ်ခဲ့တာက ကြက်သွန်မြိတ်.... :P (လုပ်ချင်တာတွေ လုပ်နေတာ)

နောက်.. ငါးဝယ်တယ်.. ၀ယ်သာဝယ်တာ ဘာငါးမှန်းလဲ မသိဘူး... ခုတ်ပြီးသား အဆင်သင့်လေးတွေလေ...

နောက်... နံနံပင်ဝယ်တယ်... မွှေးအောင်ထည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့... (တမျိုးပဲနော်.. မွှေးအောင်ထည့်တာ နံနံပင်တဲ့.. :)) )

စချက်ပြီ...

ကန်ဒီကြားဖူးတာက ကြက်သားဆို ဂျင်းထည့်ရတယ်... ငါးဆို ဆနွင်းထည့်ရတယ်တဲ့... ဘယ်ကကြားဖူးတာလဲတော့ မမှတ်မိတော့ဘူး... အိမ်မှာ မီးဖိုချောင်ကို ယောင်လို့တောင် မ၀င်ဘူးဆိုတော့ မေမေပြောတာမဟုတ်တာတော့ သေချာတယ်...

(၁) ပထမဆုံး ငါးကိုဆေးတယ်... ဆနွင်းရယ်.. ဆားရယ်.. အချိုမှုန့်နည်းနည်းရယ်နဲ့ နယ်တယ်... နယ်ထားတဲ့ ငါးကို ကြော်တယ်...

(၂) ကြက်သွန် အဖြူအနီထောင်းပြီး ဆနွင်းနဲ့ဆီသတ်.. ငရုတ်သီးဆီချက်လိုမျိုးနဲ့ အရောင်တင်တယ် (အဲဒါ မေမေလုပ်ပြီး ပို့ပေးထားတာ.. ကန်ဒီမလုပ်တတ်ဘူး)... ခရမ်းချဉ်သီးထည့်တယ်... (အနှစ်လိုဖြစ်အောင်)

(၃) ကြော်ထားတဲ့ ငါးကိုထည့်တယ်.... ရေထည့်တယ်... ခဏလေးနေတော့ မန်ကျည်းရည်ထည့်တယ်... (ကန်ဒီက အချဉ်ကြိုက်တယ်).. အပေါ့အငန် မြည်းပြီး လိုအပ်တာထည့်တယ်...

(၄) ပြီးခါနီးလောက်ကြတော့ နံနံပင်၊ ကြက်သွန်မြိတ် ထည့်တယ်...

ဟတ်ချလောင်း...
ပြီးပြီ....

စားခါနီးကျတော့ စဉ်းစားမိသေးတယ်... ကန်ဒီလျှောက်လုပ်တာ မတည့်တာတွေများ ဖြစ်ကုန်မလားပေါ့.... (ကြက်သွန်မြိတ်တွေရော... ဘာတွေရော ဆိုတော့...) အရသာကတော့ ဟုတ်သလိုလိုဆိုတော့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ စားမယ်ကွာဆိုပြီး ... စားလိုက်ပါ၏...

အဲဒါချက်တာ သောကြာနေ့လောက်ကပါ... (မတင်ဖြစ်လို့)... ဒီပိုစ့်က တင်မှဖြစ်မှာလေ.. ကန်ဒီ့ အောင်မြင်မှုဆိုတော့... အဟီး... :)

ဒီရက်ပိုင်း ဘာမှထူးထူးခြားခြားသိပ်မရှိလို့ ပိုစ့်မတင်ဖြစ်တာ... အိမ်နဲ့ကျောင်းပဲလေ... ထူးခြားတာဆိုလို့ နေသိပ်မကောင်းလို့ မနေ့ကဆေးခန်းသွားပြထားတာပဲ ရှိတယ် (ကန်ဒီက ဆေးကြောက်တယ်.. တော်ရုံဆိုလည်း ဆေးခန်းမသွားတတ်ဘူး..) ပေးလိုက်တဲ့ ဆေးတွေက တော်တော်ဆိုးတယ်... ဆေးသောက်ပြီးရင် နုံးပြီး အန်ချင်နေရော... >.<

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်...

Thursday, September 1, 2011

ရုပ်ရှင်ရုံသို့ တစ်ခေါက်...


ပြီးခဲ့တဲ့ တနင်္လာနေ့က ကန်ဒီ အတန်းမရှိဘူးလေ... သူငယ်ချင်းတွေနဲ့ Final Destination 5 (3D) သွားကြည့်တယ်... :) ကန်ဒီကပုံမှန်ဆို ရုပ်ရှင်ကြည့်ခဲတယ်... Final Destination လိုကားမျိုးကြတော့ 3D နဲ့ကြည့်ရတာ ပိုကြည့်လို့ကောင်းမယ်ထင်တယ်လေ.. အဲ့ဒါကြောင့် သွားကြည့်တာ.. Avatar တုန်းကလည်း သွားကြည့်တယ်.. :D

မင်းသားနဲ့ မင်းသမီး... :)

ကန်ဒီက ရုပ်ရှင်မှာဆို Horror နဲ့ Comedy ကြည့်တာများတယ်... Horror ကြည့်တယ်ဆိုလို့ သိပ်သတ္တိရှိတယ် ထင်နေကြဦးမယ်.. တကယ်က သိပ်ကြောက်ဖို့ကောင်းတဲ့ အခန်းတွေဆို မကြည့်ဘူး... ကာထားလိုက်တယ်.. ပြီးတော့ ချောင်းကြည့်တယ်... အဲ့တော့ ဘာဖြစ်မှန်းတော့ သိတယ်.. ဒါပေမယ့်သေသေချာချာမြင်လား ဆိုတော့ မမြင်ဘူး... :P

တံတားပြိုလို့ ပြေးတဲ့အခန်း....

ဇာတ်လမ်းကတော့ Final Destination ရဲ့ထုံးစံအတိုင်း မင်းသားက ဘာဖြစ်မလဲ ကြိုမြင်လို့ တံတားပြိုတဲ့ accident မှာ လူအချို့မသေသွားဘူး..... နောက်မှ အဲ့ဒီလူတွေ sequence အလိုက် ပြန်သေတာပေါ့.... ပြတာတွေက ကြောက်ဖို့တော်တော်ကောင်းတယ်... /omg ... ဇာတ်လမ်းကိုတော့ အဲ့လောက်ကြီး မကြိုက်ဘူး... ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရနေတော့လေ...

ကန်ဒီအရမ်းကြိုက်တဲ့ Horror ကားက "Saw"... "Saw" လိုဇာတ်လမ်းမျိုးကြတော့ ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်ဘူး.. ဇာတ်သိမ်းက အမြဲမိုက်တယ်... တစ်ပိုင်းနဲ့ တစ်ပိုင်းလည်း မတူဘူး... :D

ရုပ်ရှင်လက်မှတ်....

Horror ကြည့်မယ့် ရုပ်က ပေါတောတောနဲ့.... :P

အဲဒီ့နေ့က မရေးလိုက်ရလို့ ခုမှရေးရတာ.... အရမ်းကြောက်တတ်ရင်တော့ သွားမကြည့်နဲ့နော်... Heart attack ရသွားမှာစိုးလို့.... :P

ပျော်ရွှင်ပါစေ...
P.S>>> Blog name မရေးထားသော ပုံများကို Google မှယူပါသည်... ^_^