Tuesday, September 27, 2011

Belated Diary??


Diary post လေးတွေ လွမ်းနေကြပြီလား... :P
ဖတ်တဲ့သူ လွမ်း မလွမ်းတော့ မသိဘူး.. ကန်ဒီတော့ လွမ်းတယ်... ဟီးဟီး.. Diary ရေးရတာ အကြိုက်ဆုံးပဲ... ကန်ဒီလုပ်သမျှကိုလည်း ဒီဘလော့လေးမှာ အမှတ်တရ သိမ်းထားနိုင်တယ်လေ.. :D

ပြီးခဲ့တဲ့ အပတ်က လျှောက်လည်ထားတာလေးတွေပါ... မတင်ဖြစ်သေးပဲ ခုမှတင်ဖြစ်တာ... ဟိုတလောတုန်းက ကန်ဒီ့သူငယ်ချင်းမွေးနေ့ လှူတာမှတ်မိတယ်ဟုတ်... အဲ့ဒီသူငယ်ချင်းကပဲ သူ့မွေးနေ့ မုန့်လိုက်ကျွေးတာလေ... Red Pig ဆိုတဲ့ ကိုရီးယား စားသောက်ဆိုင်မှာ... စားလို့တော်တော်ကောင်းတယ်... လူလည်း အရမ်းများတယ်... ဆိုင်လိပ်စာနဲ့ ဖွင်တဲ့အချိန်ကို ပိုစ့်အောက်ဆုံးမှာ ရေးပေးမယ်နော်.. Singapore မှာနေတဲ့သူတွေ သွားစားချင်ရင်ရအောင်လို့... ^_~

အိမ်ကစထွက်ပါပြီ...
ကန်ဒီ့ ညီမ ဆံပင်ညှပ်မယ်ဆိုလို့ City Hall ကိုအရင်သွားပါတယ်..

ကန်ဒီ့ညီမနဲ့ ရထားပေါ်မှာပါ.... (တယောက်သောသူက ကန်ဒီ့ညီမပုံလည်း တင်ပါဆိုလို့... :P)

ဒါက သူဆံပင်ညှပ်ပြီးပုံ....

ပြီတော့ စားသောက်ဆိုင်ကို City Hall ကနေ Taxi စီးသွားတယ်... S$9 ပေးရတယ်... အများနဲ့ဆိုတော့ တယောက်ဘယ်လောက်မှ မကုန်ဘူးလေ... နောက်ပြီး အဲ့ဒီဆိုင်ကလည်း နည်းနည်းဂျောင်ကျတယ်... ဆိုင်ကိုက book လုပ်ထားပြီးသား.... ကန်ဒီတို့က ၀ိရိယသိပ်ကောင်းနေလို့ ဆိုင်ပြင်မှာ အရင်စောင့်ရတယ်.. အထဲမှာ လူပြည့်နေလို့...


စားမယ်.. ၀ါးမယ်.. အားလုံးစားပစ်လိုက်မယ်.... :P

တကယ်တော့ ကန်ဒီ့သူငယ်ချင်းတွေက ရောက်ဖူးတယ်... ကန်ဒီသာ မရောက်ဖူးတာ... သူတို့ကဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးသိတော့ သူတို့ကိုပဲ မှာခိုင်းလိုက်တယ်... ပြီးတော့သူတို့မှာပေးတာ စားတယ်... အင်း.. စားဖူးသမျှ ကိုရီးယားစာထဲမှာ အဲဆိုင်ကဟာ တော်တော်ကောင်းတယ် ပြောရမယ်...


အဲဒီ့ဟင်းရည် သောက်လို့အရမ်းကောင်းတယ်...

ဗိုက်ဝသွားပြီ... ^^

အပြန်ကျတော့ mrt ကိုလမ်းလျှောက်တယ်.. အဝေးကြီးပဲ... အိမ်ရောက်တော့ မပြီးသေးဘူး... သူတို့က ညလုံးပေါက် ၀ိုင်းရှိသေးတယ်... ၀ိုင်းဆိုရင် သိတယ်ဟုတ် (ဖဲဝိုင်းတော့ မဟုတ်ဘူး..).... လူငယ်တွေဆိုတော့ ဒါတွေလည်းရှိတာပေါ့လေ.... တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်က အန်တီ(သူငယ်ချင်းအမေ)က တရားစခန်းဝင်နေတာနဲ့... အားလုံးက ဂွင်ပေါ့.. ဟားဟား...

အဲဒါသူတို့သောက်မယ့်ဟာတွေ ၀ယ်တယ်.. ပြီးတော့ အိမ်အောက်မှာ ဂီတာတီးပြီး သောက်ကြတယ်ပေါ့... ကန်ဒီက ပုံမှန်ဆို မလိုက်ဘူး.... အဲ့ဒီနေ့က သူ့မွေးနေ့ဆိုတော့ ဂီတာတီးတာ ခဏလိုက်မယ် ပြောထားတယ်... ကန်ဒီ မသောက်တတ်တာလည်း သူတို့သိတယ်... အတင်းမတိုက်ပါဘူး.. အဲ့တစ်ခုတော့ သူငယ်ချင်းတွေက ကောင်းတယ် ... တချို့ဆို အတင်းတိုက်တတ်တယ်လေ... သူတို့တီးသမျှ ဒိုင်ခံဆိုတာ အသံတောင် ၀င်ချင်ချင်ဖြစ်သွားတယ် :P .... (၂)နာရီလောက်ကျတော့ ပြန်အိပ်တယ်.... သူတို့တော့ ညလုံးပေါက်ပဲ..... :D

ဒီနေရာမှာ ကန်ဒီ မိန်းကလေးတွေကို သတိပေးချင်တာလေး တစ်ခုရှိတယ်... လူမှန်းသူမှန်း မသိအောင်တော့ မသောက်စေချင်ဘူး... မိန်းကလေးတစ်ယောက်မူးပြီး မှောက်နေတာလည်း ကြည့်လို့မကောင်းဘူး... ဆရာလုပ်တာ မဟုတ်ဘူးနော်.... စိတ်မဆိုးနဲ့နော်... Peace.. ^_^


ဆိုင်လိပ်စာကတော့....
Red Pig (Original Charcoal Korean Restaurant)
93 Amoy Street

ဒီအချိန်တွေ ဖွင့်ပါတယ်... ^^
Mon-Fri >>> Lunch: 12:00~2:30pm, Dinner 6:00~11:30pm
Sat >>> 6:00~11:30pm
Sun/Public holiday >>> 6:00~10:00pm

24 comments:

ကိုကိုမောင်(ပန်းရနံ့) said...

စားနိုင်ကြပါစေ။ ၀ါးနိုင်ကြပါစေ။
ဝ နိုင်ကြပါစေ။ လှ နိုင်ကြပါစေ။

ခင်မင်လျှက်

အိမ်မက်စေရာ said...

candy က အမြဲ ဒီဆံပင်ပုံစံလေး လုပ်တယ်နော် ချစ်စရာလေး.. ညီမလေး လဲ လှတယ်.. ဆံပင်ညှင်လိုက်တာ ပုံစံတော်တော်ပြောင်းသွားတယ်.. ပိုလှတယ်..
ဟူး sg မှာ ဆံပင်လာညှပ်ရမယ်ထင်တယ်..ဒီမှာ ဆံပင်ညှပ်ရင်ဈေးကြီးပြီး ပုံမကျဘူး..း(.
အားပေးလျှက်
အိမ်မက်စေရာ

KMC said...

နိုး....ညီမအိပ်မက်ပြောတာလွဲနေတယ်ထင်တယ်။ ကန်ဒီ့ညီမလေးပုံကဆံပင်မညှပ်ခင်ကပိုလန်းသလား လို့ပါ။မဆိုင်ပေမယ့်ကန်ဒီ့မျက်နှာနဲ့ဝင်ပွါးသွားတယ်ညီမ ချိုချဉ်ရေ...။(သေချာတာတစ်ခုကတော့သူ့ပုံတင်လိုက် တိုင်းနောက်ဆုံးမှာဗိုက်ဝသွားတယ်ဆိုတဲ့ပုံလေးနဲ့အဆုံး သတ်သွားတာပဲ.ခေါင်းလေးခပ်စောင်းစောင်းလုပ်ပြီးတော့ လေ..ဟဲဟဲ...):P:P:P

jasmine(တောင်ကြီး) said...

များများစားနိုင်ပါစေ
ကဗျာတွေစာတွေလဲ များများရေးနိုင်ပါစေ
jas ကိုလဲ များများချစ်နိုင်ပါစေ
(ဆိုင်ဆိုင် မဆိုင်ဆိုင်)
ချစ်တဲ့ jasmine
အာဘွား

Anonymous said...

အဲ....ဒီနေတော့  နင်ညီမထက်လှနေပါလား ဖလန်းဖလန် ထနေပါလား ဟဲဟဲ
စားနိုင်ကြပါစေ ဝါးနိုင်ကြပါစေ လှနိုင်ကြပါစေ

မောင်(စွယ်စုံကျမ်း) said...

ဟဲ့ တစ်ယောက်သောသူကဘယ်သူလဲ
အသက်ချင်းလည်းပလိုက်မယ်..ဟဟ
အင်း ဒို့ များလည်းအားကျပါရဲ့
မင်းလိုပုံနယ်..အလုပ်တွေကများ
အကြွေးကပူ သူဌေးကဆူ
အဆင်ကမပြေ ဆံပင်ကရှည်
ပိုက်ဆံမရှိပါဘူးဆို
ဖိနပ်သည်းကြိုးကပြတ်

အော် ဘ၀ ဘဝ

ပုံ (တစ်ယောက်သောသူ)

ငါပဲဖြစ်မယ် အဲ့တစ်ယောက်သောသူဆိုတာ
ဟုတ်တယ်နော် မမ..မောင်လေးကိုပြောတာလား..ဟိဟိ
ခင်မင်စွာဖြင့် ဖွားသကြားရဲ့ ဖိုးထန်းညက်..ဟက်ဟက်

မြတ်ကြည် said...

အပေါ်ကပုံထဲမှာ အဖြူရောင်အရည်လေးက မကောလီ (ဆန်အရက်) လိုလို ပဲ။

Candy said...

ဖိုးထန်းညက်<<< ကိုယ့်ဟာကိုယ်သိရင် ပြီးရော... ဟားဟား..
မြတ်ကြည်<<< ဟုတ်တယ်.. အဲဒါ ဆန်အရက်... သူငယ်ချင်းတွေသောက်တာကို ဓာတ်ပုံလေးပေးရိုက်ပါဆိုပြီး ရိုက်ထားတာ.. :P :P

puupuu said...

ကျေးဇူးကန်ဒီရေ ....မမပူးလဲ ကိုရီးယားစာ ဂျပန်စာ
အရမ်းကြိုက်ပဲ အဓိကစမ်းစားရတာဝါသနာပါတာလေ။
သွားစားကြည့်ပါအုံးမယ် .......ဆန်အရက်ပါသောက်
ခဲ့မယ်နော် :) မူးသွားရင်တော့ ကန်ဒီတာဝန်ပဲ ဟီးဟီး

Anonymous said...

ဟဲ မိသကြားလုံး အလကားပြောတာဟာနင်ညီမက တစ်ကယ်လှတာဟ ညတောင်အိပ်မပျော်တော့ ဘူထင်တယ် ဟိဟိ
ပုံ/ နှစ်ယောက်သောသူ

AH said...

ဟို ပုလင်းထဲက ဆိုဂျူးတွေလားဟင်... :P

ညီရဲ said...

မသောက်တတ်တာ ကောင်းတယ် ညီမရေ...
သောက်တယ်ဆိုတာက မိန်းကလေးတွေနဲ့ မအပ်စပ်ပါဘူး...
အစ်ကိုတို့ နဲ့ ပဲ ဆိုင်တယ်...
အစ်ကိုပဲ သောက်မယ်နော် ဟုတ်လား... အဟဲ...

မင်းဧရာ said...

စားကြပါ စားကြပါ
ခင်ဗျားတို့မှ မစားရင်လည်း ဟဲဟဲးးး)
ကျန်တဲ့လူ လာစားလိမ့်မယ်လို့ပြောတာပါ။

မိန်းခလေးနဲ့ အသောက် ကတော့မအပ်ဆက်လှပါဘူး
ဒါပေမယ့် ဒီလိုပြောတဲ့ ကိုယ့်အတွေးကိုက
ဘိုးတော်ဘုရား ခေတ်နောက်ကိုရောက်နေရင်တော့ သီးခံပေါ့ဗျာ။

ကိုရင် said...

အစားအသောက်ဆိုတာ လူနဲ့တည့်တယ်..
ကစ်သာကစ်..SG ဆိုတော့ စစ်ကိုင်းကို ပြောတာလား တူမကြီး :D

ဇက်ဗီ said...

လာစားတယ်နော်...ကောင်းကောင်း...ပျော်ရွှင်ပါစေ...

သမီးစံ said...

ဟယ်တော့်..လာတာနောက်ကျသွားတော့
ကိုယ့်အတွက်တောင်ကျန်ပါတော့မလားမသိး)
ညီမရေ..
ချောထှာကွယ် (နှစ်ယောက်စလုံးက)
မျက်နှာနည်းနည်းကွဲတယ်နော်
အဖေတူနဲ့အမေတူထင်တယ်း)
မိန်းကလေးတွေကိုအရမ်းမူးအောင် မသောက်စေချင်တဲ့စိတ်ကလေးကိုလည်း
လေးစားပါတယ်ကွယ်.။
ချစ်ခင်စွာဖြင့်

8Yar said...

ငါ့သူငယ်ချင်းက မို့မို့မြင့်အောင် တောင်တူနေသေးတယ်။ ခစ်ခစ်... ကိုရီးယားဆို 8Yar တို့ကသိပ်ကြိုက်။ ဆိုင် info လေးအတွက်ကျေးဇူးပါခင်ဗျာ။ ဘလော့မောင်နှမတွေ သွားစားဖြစ်ရင်လိုက်ခဲ့နော် ပိုက်ဆံရှင်းဖို့ ဟိဟိ... :P

Candy said...

ဟိုက်... ပြောမိတာ မှားပါတယ်... >.<

KO2 said...

စားချင်စရာကြီး ... o_O

mstint said...

candy က ကိုးရီးယားမင်းသမီးတစ်ယောက်နဲ့ ဆင်တယ်။ စင်္ကာပူမကြာခင်လာလည်မလို့ တီတင့်ကို မုန့်ဝယ်ကျွေးဘို့ အစီအစဉ်ရှိလား ?း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ကျွေးမှာပေါ့... တီတင့်ရ.... လာရင်သာ အကြောင်းကြားလိုက်... :D

Anonymous said...

May I know the beauty salon name and location pl,candy? Your hair cut is also so match with you much. Is the salon same with your sister do? Thanks.

Candy said...

ဟုတ်.. သူညှပ်တဲ့ ဆိုင်မှာပဲ ကန်ဒီညှပ်ပါတယ်.. City Hall က သီရိမှာပါ.. Second floor ထင်တယ်.. သပြေနုဆိုင် နောက်ဖက်နားမှာပါ.. အရှေ့ဆံပင်ကိုတော့ ရှည်လာရင် ကိုယ့်ဟာကိုယ်ညှပ်ပါတယ်.. :D :D

Anonymous said...

Thanks sis. so sweet of you :P