
ပြီးခဲ့တဲ့ တနင်္လာနေ့က ကန်ဒီ အတန်းမရှိဘူးလေ... သူငယ်ချင်းတွေနဲ့ Final Destination 5 (3D) သွားကြည့်တယ်... :) ကန်ဒီကပုံမှန်ဆို ရုပ်ရှင်ကြည့်ခဲတယ်... Final Destination လိုကားမျိုးကြတော့ 3D နဲ့ကြည့်ရတာ ပိုကြည့်လို့ကောင်းမယ်ထင်တယ်လေ.. အဲ့ဒါကြောင့် သွားကြည့်တာ.. Avatar တုန်းကလည်း သွားကြည့်တယ်.. :D
ကန်ဒီက ရုပ်ရှင်မှာဆို Horror နဲ့ Comedy ကြည့်တာများတယ်... Horror ကြည့်တယ်ဆိုလို့ သိပ်သတ္တိရှိတယ် ထင်နေကြဦးမယ်.. တကယ်က သိပ်ကြောက်ဖို့ကောင်းတဲ့ အခန်းတွေဆို မကြည့်ဘူး... ကာထားလိုက်တယ်.. ပြီးတော့ ချောင်းကြည့်တယ်... အဲ့တော့ ဘာဖြစ်မှန်းတော့ သိတယ်.. ဒါပေမယ့်သေသေချာချာမြင်လား ဆိုတော့ မမြင်ဘူး... :P
ဇာတ်လမ်းကတော့ Final Destination ရဲ့ထုံးစံအတိုင်း မင်းသားက ဘာဖြစ်မလဲ ကြိုမြင်လို့ တံတားပြိုတဲ့ accident မှာ လူအချို့မသေသွားဘူး..... နောက်မှ အဲ့ဒီလူတွေ sequence အလိုက် ပြန်သေတာပေါ့.... ပြတာတွေက ကြောက်ဖို့တော်တော်ကောင်းတယ်... /omg ... ဇာတ်လမ်းကိုတော့ အဲ့လောက်ကြီး မကြိုက်ဘူး... ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရနေတော့လေ...
ကန်ဒီအရမ်းကြိုက်တဲ့ Horror ကားက "Saw"... "Saw" လိုဇာတ်လမ်းမျိုးကြတော့ ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်ဘူး.. ဇာတ်သိမ်းက အမြဲမိုက်တယ်... တစ်ပိုင်းနဲ့ တစ်ပိုင်းလည်း မတူဘူး... :D
အဲဒီ့နေ့က မရေးလိုက်ရလို့ ခုမှရေးရတာ.... အရမ်းကြောက်တတ်ရင်တော့ သွားမကြည့်နဲ့နော်... Heart attack ရသွားမှာစိုးလို့.... :P
ပျော်ရွှင်ပါစေ...
P.S>>> Blog name မရေးထားသော ပုံများကို Google မှယူပါသည်... ^_^
13 comments:
နောက်ဆုံးပုံက.ဘယ်ကားထဲကမင်းသမီးလဲ
မြင်ဖူးသလိုလိုတော့ရှိသားး))
ပေါတောတောမင်းသမီးလေးလေ...မတိဝူးလားဂျ?
@Anonymous အဲ့တာက မင်းသမီးမဟုတ်ဘူး.. လူရွှင်တော်.. :P
@အစ်ကိုချင်း... ပေါတောတော မင်းသမီးဆိုတာ သူပြောမှပဲ ကြားဖူးတော့ဘူး.. မင်းသမီးဆိုမှတော့ ပေါမလား.. @_@
အောက်ဆုံးက မင်းသမီးလား
မထင်ရဘူး.....လူရွှင်တော်ကျနေတာပဲ
ရုပ်ကိုက စပ်ဖြီးဖြီးနဲ့  သရဲကားသွားကြည့်တာ
တော်တော်ဟာသမြောက်ခဲ့ ပုံပဲ
ဟာသမင်းသမီးကိုကြည့်ပြီးတော့ ရယ်သွားပါတယ်။
:p
အောက်ဆုံးကပုံကိုလဲ မင်းသမီးထင်နေတာ
လုပ်လဲလုပ်တတ်ပါ့နော်....
ရုပ်ရှင် လာကြည့်တယ်...
အင်း သရဲကားကြည့်ခဲ့ရတယ်..
တရဲလည်း မြင်ဖူးတွားပှ... :P
ကိုထွဋ်
စကားမစပ် word cerfication ကြီးဖြုတ်ပေးပါဗျာ...
Saw က သိပ်မိုက်။ အူတွေအသည်း ကျွတ်ထွက်ပြီး မျက်နှာကို လာမှန်သလား အောက်မေ့ရတယ်။ ဒါပေမဲ့ နဲနဲတော့ အလန့်သားဗျ။း)))
ခင်မင်လျှက်
ဟုတ်တယ်.. ဟုတ်တယ်... ကြောက်စရာတော့ ကောင်းတယ်.. ဒါပေမယ့် မိုက်တယ်.. :D
saw ကို တော်တော်ကြိုက်လို့ မကြာမကြာ ပြန်ကြည့်ဖြစ်တယ်...သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Tobin Bell ကို သဘောကျလွန်းလို့...ဒါပေမယ့် ကြည့်တိုင်းလည်း ရင်နည်းနည်းတုန်ပါရဲ့...final destination ကိုလည်း သဘောကျတယ်...ဒါပေမယ့် အပြင်သွားရင် နည်းနည်းတော့ သတိထားမိသွားသလိုပဲ...ရုပ်ရှင်ဇာတ်ဝင်ခန်းက စွဲစွဲနေလို့...အခုနောက်ပိုင်းတော့ comedy နဲ့ drama တွေပဲ ဦးစားပေးပြီး ကြည့်ဖြစ်တော့တယ်...August rush ကို ကြည့်ဖို့ နတ်လမ်းညွှန်လုပ်ခဲ့ဦးမယ်...မှန်ကြောင် ငပေါလေးအတွက်...
အဟီး... ကြည့်ပြီးသွားပြီ... အဲ့ဒီ့ကားထဲက music ရေလည်မိုက်တယ်... :D
ကျွန်တော်လဲ ကြည့်ပြီးပြီ။ ရက်ရက်စက်စက်တွေ သေကြတာဗျာ...
တချို့ အခန်းတွေဆို မျက်စိတောင် မှိတ်ထားမိတယ်။ မကြည့်ရက်လို့ ...
ကျွန်တော်က ဘလော့ဂါအသစ်လေးပါ လင့်ယူသွားပါတယ်။
အောက်ဆုံးက မင်းသမီးက ချောတယ်နော်။ ပျော်ပျော်နေတတ်တဲ.ပုံဘဲ။ မင်းသားတော. မပါသေးပါလား ဗျ။
Post a Comment