Monday, September 5, 2011

ငါးကြော်ချက်!!!


ကန်ဒီငါးဟင်း မချက်တတ်တာ သိတယ်ဟုတ်....
ပထမဆုံးတစ်ခေါက် ချက်တုန်းက ပစ်လိုက်ရတယ်...
ဒီတစ်ခေါက်ချက်တာ အောင်မြင်သွားပြီ... ဒန် တန် တန်... =D>
အောင်မြင်တယ်ဆိုတာက အရသာရှိပြီး ငါးဟင်းနဲ့ တူတာကိုပြောတာနော်... ဘာမှ မလေ့လာပဲ ကြားဖူးနားဝနဲ့ လျှောက်ချက်ထားတာမို့ ချက်နည်းကတော့ မမှန်တာသေချာတယ်...

ကဲ... ကန်ဒီ ငါးဟင်းချက်ပုံကို ပြောပြမယ်နော်... ပြောပြတယ်ဆိုတာက မှားနေမှန်းသိလို့ ပြင်ပေးစေချင်လို့ပါ.... ကန်ဒီမှားနေတာလေးတွေပြင်ပေးသွားရင် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...

ဈေးသွားတာ တလွဲလုပ်ခဲ့တာက စမယ်...

ငါးဟင်းတွေ ဘာတွေက ညှီတတ်တယ်လေ... အဲတော့ မညှီအောင် တစ်ခုခုထည့်ရမယ်ပေါ့... ငါးဟင်းရည်တွေ ဘာတွေမှာ ကန်ဒီ စပါးလင်ထည့်တာကို မြင်ဖူးသလိုလိုပဲ... အဲဒါ ဈေးရောက်တော့ စပါးလင်ကို လုံးဝစဉ်းစားလို့မရဘူး... ရှည်ရှည်ဆိုတာပဲ သိတော့တယ်.. အဲဒါနဲ့ ၀ယ်ဖြစ်ခဲ့တာက ကြက်သွန်မြိတ်.... :P (လုပ်ချင်တာတွေ လုပ်နေတာ)

နောက်.. ငါးဝယ်တယ်.. ၀ယ်သာဝယ်တာ ဘာငါးမှန်းလဲ မသိဘူး... ခုတ်ပြီးသား အဆင်သင့်လေးတွေလေ...

နောက်... နံနံပင်ဝယ်တယ်... မွှေးအောင်ထည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့... (တမျိုးပဲနော်.. မွှေးအောင်ထည့်တာ နံနံပင်တဲ့.. :)) )

စချက်ပြီ...

ကန်ဒီကြားဖူးတာက ကြက်သားဆို ဂျင်းထည့်ရတယ်... ငါးဆို ဆနွင်းထည့်ရတယ်တဲ့... ဘယ်ကကြားဖူးတာလဲတော့ မမှတ်မိတော့ဘူး... အိမ်မှာ မီးဖိုချောင်ကို ယောင်လို့တောင် မ၀င်ဘူးဆိုတော့ မေမေပြောတာမဟုတ်တာတော့ သေချာတယ်...

(၁) ပထမဆုံး ငါးကိုဆေးတယ်... ဆနွင်းရယ်.. ဆားရယ်.. အချိုမှုန့်နည်းနည်းရယ်နဲ့ နယ်တယ်... နယ်ထားတဲ့ ငါးကို ကြော်တယ်...

(၂) ကြက်သွန် အဖြူအနီထောင်းပြီး ဆနွင်းနဲ့ဆီသတ်.. ငရုတ်သီးဆီချက်လိုမျိုးနဲ့ အရောင်တင်တယ် (အဲဒါ မေမေလုပ်ပြီး ပို့ပေးထားတာ.. ကန်ဒီမလုပ်တတ်ဘူး)... ခရမ်းချဉ်သီးထည့်တယ်... (အနှစ်လိုဖြစ်အောင်)

(၃) ကြော်ထားတဲ့ ငါးကိုထည့်တယ်.... ရေထည့်တယ်... ခဏလေးနေတော့ မန်ကျည်းရည်ထည့်တယ်... (ကန်ဒီက အချဉ်ကြိုက်တယ်).. အပေါ့အငန် မြည်းပြီး လိုအပ်တာထည့်တယ်...

(၄) ပြီးခါနီးလောက်ကြတော့ နံနံပင်၊ ကြက်သွန်မြိတ် ထည့်တယ်...

ဟတ်ချလောင်း...
ပြီးပြီ....

စားခါနီးကျတော့ စဉ်းစားမိသေးတယ်... ကန်ဒီလျှောက်လုပ်တာ မတည့်တာတွေများ ဖြစ်ကုန်မလားပေါ့.... (ကြက်သွန်မြိတ်တွေရော... ဘာတွေရော ဆိုတော့...) အရသာကတော့ ဟုတ်သလိုလိုဆိုတော့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ စားမယ်ကွာဆိုပြီး ... စားလိုက်ပါ၏...

အဲဒါချက်တာ သောကြာနေ့လောက်ကပါ... (မတင်ဖြစ်လို့)... ဒီပိုစ့်က တင်မှဖြစ်မှာလေ.. ကန်ဒီ့ အောင်မြင်မှုဆိုတော့... အဟီး... :)

ဒီရက်ပိုင်း ဘာမှထူးထူးခြားခြားသိပ်မရှိလို့ ပိုစ့်မတင်ဖြစ်တာ... အိမ်နဲ့ကျောင်းပဲလေ... ထူးခြားတာဆိုလို့ နေသိပ်မကောင်းလို့ မနေ့ကဆေးခန်းသွားပြထားတာပဲ ရှိတယ် (ကန်ဒီက ဆေးကြောက်တယ်.. တော်ရုံဆိုလည်း ဆေးခန်းမသွားတတ်ဘူး..) ပေးလိုက်တဲ့ ဆေးတွေက တော်တော်ဆိုးတယ်... ဆေးသောက်ပြီးရင် နုံးပြီး အန်ချင်နေရော... >.<

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်...

13 comments:

jasmine(တောင်ကြီး) said...

jas=မောင်ရေ ဟင်းမချက်တော့ဘူး
candy ချက်တဲ့ ငါးကြော်ချက်လေးနဲ့
စားလိုက်နော်...
မောင်=ဟုတ်လား...ဘာငါးလဲ
စားကြည့်တာပေါ့...မိန်းမသက်သာအောင်
အမြဲချက်ဖို့ပြောပါလား...
ဟားဟား.......
ချစ်တဲ့ jas
စားသွားပါပြီနော်....

ညီရဲ said...

ကန်ဒီ့ အောင်မြင်မှုအတွက် ပထမဆုံး လာချီးကျူးသွားပါတယ်ဗျာ...
ဒါပေမယ့် ခရမ်းချဉ်သီးတွေရော မကျည်းရည်တွေရော ဆိုတော့ သတိတော့ ထားနော်...
အိမ်သာ ခဏခဏ ပြေးနေရမယ်...
တစ်ခုဆို လုံလောက်ပြီ ထင်တာပဲ...
အချဉ် အရမ်းကြိုက်ရင်တော့ တစ်မျိုးပေါ့...

အမျိုးကောင်းသား said...

သိပ်စားကောင်းမယ်ပုံမပေါ်ဘူး :P
ဘာလို့ဆိုတော့ ခ၇မ်းချဉ်သီးနဲ့မကျည်းရည်နဲ့ရောနေတာကိုး
ဒါပေမယ့်ပြင်ဆင်ချက်ကတော့ စားချင်စဖွယ်လေးပါဘဲ :D ဟင်းချက်ရင် လာမေးကျွန်တော်ကို လေးတန်းကတည်းက အမေက သေသေချာချာသင်ပေးထားတာ သားကိုစိတ်ပူပီးတော့ အခုခောတ်ကောင်မလေးတွေက ဟင်းသိပ်မချက်တတ်ကြဘူးလေ ဒါကြောင့်

MGTHANT said...

ငါးကြိုက်လို့ ငါးဟင်းဆိုရင်တော့ ဘာဖြစ်ဖြစ် မြည်းစမ်း ကြည့်ချင်တယ် :P

ဖြိုးမောင်မောင်(CTM) said...

ဘာ​ဖွဈ​ဖွဈ စား​သှား​ပါ​ပွီနော်....

mstint said...

ငါးကြော်ချက်လေး မြီးသွားတယ် Candy လေးရေ။ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ကျန်းမာရေးအတွက် ဆုတောင်းပေးတဲ့ အန်တီတင့်ကိုရော... အပေါ်က မန်ကျည်းသီးနဲ့ ခရမ်းချဉ်သီး ရောမထည့်သင့်ဘူးလို့ အကြံပေးတဲ့ သူငယ်ချင်းတွေကိုရော... ဘာဖြစ်ဖြစ် စားသွားတဲ့ အစ်ကိုဖြိုးကိုရော.. ကျေးဇူးတင်ပါတယ်ရှင့်... ^_^

ဟန်ကြည် said...

အလိုလေး...ငါးကြော်ချက်ပါကလား...ငါးချက်ကို ကြော်ထားတယ်မှတ်လို့...ဘယ်သူစားကောင်းကောင်း၊ မကောင်းကောင်း...ကိုယ်ချက်တာတော့ ကိုယ်စားလို့ကောင်းတာပါပဲ...(ကိုယ့်ငါးချဉ်တော့ ကိုယ်ချဉ်ရမှာပေါ့ ဟုတ်ဘူးလား...းးး))) ချိုချဉ်ရေ...

အဓိကက ကိုယ်ချက်တဲ့ဟင်းက စားလို့ကောင်းတယ်ဆိုတာထက် ဟင်းတစ်ခွက် ဖြစ်ဖြစ်မြောက်မြောက်ချက်ဖြစ်သွားတယ်ဆိုတဲ့ အရသာ၊ ခံစားချက်က ပိုကောင်းတာ...

နောက်တစ်ခါချက်ရင်တော့ ခရမ်းချဉ်သီးလေးတွေ ကြေအောင်ချက်ပေါ့ကွယ်...

8Yar said...

စားချင်တယ်! စားချင်တယ်! ဗြဲ.... ချာဝန်က ဆန်ပြုတ်ပဲသောက်တဲ့ :( Candy ကငါးဟင်းချက်ကျွေးတယ် အဟင့်ဟင့် ရက်စက်ပါ့ Candy ရယ်.... :P

ပေါ့ဆိမ့် said...

ငါးကြော်ချက်က စားတော်ဆက်က အတိုင်းပါးလား
မြည်းကြည့်လိုက်ဦးမယ် ...
ရှလွတ် .. ရှလွတ် .. ဂွတ်တယ် ..
နောက်မှ ထပ်လာစားဦးမယ် ...
ခင်မင်စာဖြင့်
ပေါ့ဆိမ့်
ဆင်တဲကဖေး

nyi nge said...

စပင်လင်မထည့်လို့ရဘူးလား နံနံပင်ပဲရှိလို့ပါခည

nyi nge said...

စပင်လင်မထည့်လို့ရဘူးလား နံနံပင်ပဲရှိလို့ပါခည

Candy said...

ဟီးဟီး... ရှိတာထည့် မညှီတော့ရင် ပြီးရော ဟဟဟဟ xD (ကိုယ်လုပ်တတ်တာတွေ ပြောတာနော် :P)