Thursday, September 15, 2011

မြန်မာမလေးပါ...

သူငယ်ချင်းမေမေ ချက်ကျွေးသော ရခိုင်မုန့်တီ...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တူတူနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့လေ... အဲဒါ ကန်ဒီတို့ သူငယ်ချင်းတွေစုပြီး ဗုဒ္ဓဂါယာမှာ ကျောင်းတက်နေတဲ့ ဘုန်းဘုန်းတပါးကို လစဉ်ထောက်ပံ့တဲ့ သဘောပေါ့နော်... ဒီလကစပြီး တစ်ယောက် S$20 စီလှူမလို့... (၆)ယောက်ဆိုတော့ S$120 ပေါ့... အိန္ဒိယမှာ အတော်အသင့်တော့ သုံးလို့ အဆင်ပြေတယ်လို့ ပြောပါတယ်... လစဉ်လည်း လှူဖြစ်သွားတယ်... ကုသိုလ်လည်းရတာပေါ့... အဲဒီ့ဘုန်းဘုန်းကလည်း သူ့ပညာရေးအတွက် တကယ်လိုအပ်နေတာလေ...

တစ်ယောက်က မလာသေးလို့ ၅ယောက်ထဲ.... :)

ဒါကတော့ ၀ါးတီးဆွဲနေကြတာ... :D
အိမ်အရမ်းရှုပ်နေတယ်.. သည်းခံပါရှင့်..

အဲဒီ့တနင်္ဂနွေနေ့က အိမ်ကို ဘုန်းဘုန်းကြွတယ်... အလှူရှင်ဒကာမတွေနဲ့လည်း တွေ့ရအောင်ပေါ့... စီစဉ်ပေးတာကတော့ သူငယ်ချင်းရဲ့အမေ.. ဘုန်းဘုန်းက ကန်ဒီတို့ကို တွေ့တော့ အံသြသွားတယ်... ဒကာမဆိုတော့ အသက်ကြီးကြီးထင်လို့တဲ့... ဟီး... လစဉ်လှူရမယ်ဆိုပြီး အတင်းကြီး စိတ်ထဲမသတ်မှတ်ထားပဲ လှူနိုင်သလောက်ပဲ လှူပါတဲ့... လူငယ်တွေဆိုတော့ ကိုယ်သုံးချင်တာလည်း ရှိမှာပဲပေါ့တဲ့... ပြီးတော့ တရားဟောပြီး ပြန်ကြွသွားပါတယ်...

အဲဒီနေ့က အမှတ်တရပုံလေးတွေပါ.... မျက်နှာကတော့ အိမ်မှာနေရင်းဆိုတော့ မျက်နှာပြောင်နဲ့ မျက်မှန်နဲ့ ဘုန်းဘုန်းကြွမယ်ဆိုလို့ ထမီလေးပဲလဲထားတာ...

ကုတင်ပွနေတာလည်း သည်းခံပါရှင့်... :P


ဒါကတော့ အိမ်ပြင်မှာ.... ကန်ဒီတို့အိမ်ရှေ့မဟုတ်ဘူး...
ဘေးအိမ်က စိုက်ထားတဲ့ အပင်လေးနဲ့ဆို ပိုလှမယ်ထင်လို့... အဟီး...
အိမ်မှာက နှင်းဆီပင်၊ ခရမ်းချဉ်သီးပင် အပင်သေးသေးလေးတွေပဲ ရှိတာ...

ကန်ဒီကဗမာဝတ်စုံကို အရမ်းကြိုက်တာ... ဘုရားသွားရင်လည်း အမြဲဝတ်စုံပြည့်... ထမီနဲ့ ရင်ဖုံးဖြစ်ဖြစ် ရင်စေ့ဖြစ်ဖြစ် ဗမာအကျီလေးဝတ်ရမှ ကျေနပ်တာ.... ဗမာဝတ်စုံလေးဝတ်ထားရင် ကန်ဒီဘ၀င်မြင့်ချင်သလိုလို... မြန်မာဖြစ်ရတာ ဂုဏ်ယူချင်သလိုလိုဖြစ်အောင်ကို နှစ်သက်တာ... ကန်ဒီဘလော့လေးမှာ ကန်ဒီ့အဲ့လိုပုံလေးတွေမရှိသေးဘူးနော်... ဒီပိုစ့်လေးရေးရင်းနဲ့လည်း ကြုံတုန်းတင်လိုက်တာပါ...

ဒါက ရွှေတိဂုံဘုရားမှာ... နောက်ဆုံးတစ်ခေါက်ပြန်တုန်းက....
လွန်ခဲ့သော တစ်နှစ်နီးပါးလောက်က...

တဆက်တည်း ကန်ဒီသတိပေးချင်တာက မြန်မာမိန်းကလေးတွေကို မြန်မာဆိုတာ မမေ့စေချင်ဘူး... တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီဝတ်တာစားတာကို လက်ခံပေမယ့် ဘုရားသွားကျောင်းတက်ဆိုရင်တော့ ဗမာဝတ်စုံလေးဝတ်စေချင်တယ်.. မဟုတ်ရင်တောင် လုံခြုံတဲ့ ဘောင်းဘီရှည်လေး ၀တ်စေချင်တယ်.... နောက်ပြီး ခေတ်အလိုက်ဝတ်တယ်ဆိုပေမယ့် အလွန်အကျွံလည်း မဖြစ်စေချင်ဘူး... လုံခြုံအောင်ဝတ်ရမယ့် နေရာလေးတွေတော့ လုံခြုံစေချင်တယ်... ကန်ဒီပြောချင်တာက ဘယ်လောက်တိုတိုဝတ်ဝတ် လုံစေချင်တယ်... အပေါ်ဆိုလည်း လုံရမယ့်နေရာတော့ လုံစေချင်တယ်.. ဘယ်တွေရောက်ကုန်မှန်းတောင် မသိတော့ဘူး.. ဟီးဟီး xD

လုံလုံခြုံခြုံလေးနဲ့လည်း လှအောင် ချစ်စရာကောင်းအောင် ၀တ်လို့ရတယ်လို့ ဆိုလိုချင်တာပါ... ကိုမင်းဧရာ ရေးတဲ့ "ပြောပြချင်တယ်" ဆိုတဲ့ ကဗျာလေးအရမ်းနှစ်သက်မိတယ်... အဲ့ထဲက စာပိုဒ်လေးတစ်ခုက

"နောက်သို့ တစ်ဖန်
စောင်းငဲ့ ပြန်သော်
တိုးတက် မှုဟု
စကား စုနှင့်
တုပ ဆင်ယင်
လူ မမြင်အပ်
ထို အရပ်ကို
မသိဟန်ဆောင်
လှစ်ပြသယောင် ရှိတော့သည်။"

ကဲ... ဘယ်လောက်မှန်လိုက်တဲ့ စာသားလည်း ဆိုတာ... ရှက်တတ်ရင် ရှက်ဖို့လည်း ကောင်းပါတယ်... အရမ်းကြိုက်လို့ ကဗျာလေး ပြန်ဖော်ပြမိတာ.. ကိုမင်းဧရာနဲ့က သိပ်မခင်တော့ ခွင့်သွားတောင်းဦးမှ... :P

*************************************************************

အသိပေးခြင်း

ကန်ဒီဘလော့တခွင် လှည့်ပြီးတော့လည်း ပြောပြီးပြီမို့ အားလုံးလည်း သိပြီးလောက်ပါပြီ... ကန်ဒီ ဒိုမိန်းဝယ်လိုက်လို့ candykhine.com ဖြစ်သွားပြီဆိုတာ... ကိုယ်တိုင်လည်း လိုက်ပြောပြီးပြီမို့ သီးသန့်ပိုစ့်ရေးမနေတော့ဘူးနော်.... ပြောင်းဖြစ်တဲ့အကြောင်းလေး အနည်းအကျဉ်းပြောပြရရင်တော့ ဖိုးဖိုးမောင် ရောဂါတက်အောင် လုပ်တာက တစ်ကြောင်း... blogspot ဆိုရန်ကုန်မှာ မရဘူးဆိုတာက တစ်ကြောင်း... တစ်နှစ် ၉၅၀၀ကျပ်ဆိုတော့ ဈေးသက်သာတယ် ထင်တာကတစ်ကြောင်း... အရေးအကြီးဆုံးနဲ့ နောက်ဆုံးတစ်ချက်ကတော့ ရန်ကုန်က ကန်ဒီ့ချစ်သူ ကန်ဒီ့ဘလော့လေးကို ချောချောချူချူဝင်ပြီး ဖတ်နိုင်စေရန် ရည်ရွယ်ပါတယ်ရှင့်... (သူကတော့ ဖတ်မည့်ပုံမပေါ်... connection က သိပ်မကောင်းတော့... သို့သော်လည်း ဖတ်ချင်ရင်ပေါ့လေ.. )

ဒိုမိန်းဝယ်ချင်ရင် ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာကတော့ ဖိုးဖိုးမောင်(မောင်စွယ်စုံကျမ်း) အသေးစိပ်ရေးပြီးပြီ ဖြစ်လို့ ဒီနေရာလေး နှိပ်ပြီး သွားဖတ်နိုင်ပါတယ်... နောက်ပြီး... ကန်ဒီ့ကို လုပ်ပေးတဲ့ zmyanmar.com က ကိုဇောင်းကိုလည်း "ကျေးဇူးတင်ပါတယ်"လို့ ဒီပိုစ့်လေးကနေ ပြောချင်ပါတယ်ရှင့်... :D (သူမြင်မမြင် မသိနိုင်ပေမယ့်..)

အားလုံးပဲ ပျော်ရွှင်ပါစေ....

14 comments:

KMC@ချင်းလေး said...

လှလိုက်တာကွယ်:P:P:P နေပါဦးသူများတကာတွေက ဘုရားအာရုံပြုနေတာ.ညည်းလေးကကင်မရာကိုပဲကြည့်
နေတော့မှာလား?ဟွန်း...လက်အုပ်လေးဘာလေးချီပြီး
စရှိခိုးတော့လေ.ပဲကိုများတယ်.:Dပြောချင်ဝူး....။
ပြီးတော့မျက်မှန်ကြီးကလဲပါလိုက်သေး..........။

jasmine(တောင်ကြီး) said...

ကျွေးတာမကျွေးတာတို့မသိ
စားဖို့တော့ တို့သိ၏
စားသွားပါတယ်ဓါတ်ပုံလေးတွေလဲ
အားလုံးလှပါတယ်(မလှဘူးပြောရင်စိတ်ဆိုးမှာစိုးလို့)
ချစ်တဲ့ jasmine

ညီရဲ said...

ညီမတို့ ရဲ့ ကုသိုလ်အတွက် အစ်ကို သာဓုခေါ်သွားပါတယ်။ နောင်လဲ ဒီထက် ပိုလှူဒါန်းနိုင်ပါစေလို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ်။

ဖြိုးမောင်မောင်(CTM) said...

ဘုရားဒကာမလေး သာဓု၃ပါ
ဟုတ်ကဲ့နောက်ဆိုလုံလုံခြုံခြုံဝတ်ပါ့မယ် ဟီးးးးး
အဲဒါမေမလို့ ဒိုမိန်းလေ မြန်မာပြည်ကကြည့်လို့ရတာကလွဲလို့တခြားဘာတွေကွာသေးလဲ

အမျိုးကောင်းသား said...

sar like ya yin top kg mar bal :)

မင်းဧရာ said...

ကောင်းမှု့တွေပြုလုပ်ခြင်းအတွက်
ကောင်းကျိုးတွေကို ခံစာရပါစေဗျာ။
မြန်မာ အမျိုးသမီးကြီး အမျိုးသမီး လေးတစ်ချို့ဆီမှာ ဒီလို အသိလေးတွေရှိနေတာ သိရတော့ ၀မ်းသာလှပါတယ်
မြန်မာဟေ့ ဆိုရင် ကိုယ့်ဟန်နဲ့ ကိုယ့် မာန်နဲ့ပဲ မြင်ချင်မိတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

မျက်နှာလေးကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးတစ်ယောက်လို နေမယ်ထင်တာ။ အ၀တ်အစားက ရှေးမြန်မာအမျိုးသမီးကြီး စတိုင်လ်။
သူကြီးမင်းလဲ မြန်မာဝတ်စုံဝတ်ထားတဲ့ မိန်းခလေးမှ မိန်းခလေးစစ်စစ်လို့ ထင်တာကလား။
မြန်မာမိန်းခလေးဆို ဂလို ဖြစ်ရမှာပေါ့။


ပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျှက်

Anonymous said...

ဘလော့လေးကတော့ချစ်စရာလေးပါ။ ဒါပေမဲ့ကိုယ့်ကိုယ်ကို ကန်ဒီ လို့သုံးနှုန်းနေတာကြီးကတော့ ကြားရတာတောဆန်လိုက်တာဗျာ ။ အတင်းကြီးကိုဘိုဆန်အောင်လုပ်ယူရင်း ဂနိုင်ကျသလိုဖြစ်နေတယ် ။ candy ဆိုလဲ candy ပေါ့ ။ ဒါမှမဟုတ် ချိုချဉ်လေး ဆိုရင်တောင်နည်းနည်းတော်ဦးမယ် ။

8Yar said...

ဟိုက်စရားပါး အဲလေ.. ဟိုက်ရှားပါး ငါ့သူငယ်ချင်းက ရုပ်ချော၊ သဘောကောင်း၊ အလှူအတန်း ရက်ရောသူပါလား။ တော်ပြီတော်ပြီဆက်မပြောတော့ဘူး။ တော်ကြာ ပိုက်ဆံချေးချင်တယ်ထင်နေအုံးမယ်။ :P သာဓု၊ သာဓု၊ သာဓု.........

မောင်(စွယ်စုံကျမ်း) said...

ဟဲသကြားလုံး..အရမ်းရမ်းလှ ဖလမ်းဖလမ်းထာနေပါလား အာလူးဘူသီး အာလူးဘူသီး ...ရထားလား ငါ့လက်၇ှိ16ယောက်မြောက်အီစီကလီနီးနီးလှပါတယ် မဆိုးပါဘူး ကြိတ်မှိတ်ပီး ကြည့်တွားတယ် ဒါဘဲ ဟိဟိ ရထားဆို ၇ထားပဲ.....

မောင်ဘကြိုင် said...

အိမ်းအိမ်း .... အိမ်းအိမ်း....မြန်မာမလေးပါပဲကွယ်
ဂုဏ်ယူပါတယ် ချီးကျူးပါတယ်း)
မြန်မာမလေးပါပဲ

Candy said...

အစ်ကိုချင်း<<< ဘုရားက ရှိခိုးပြီးပြီ.. ပြီးမှ ဓာတ်ပုံရိုက်တာဂျ...
မမဂျက်စ်မင်း<<< စားနော် အားရပါးရ..
ကိုမင်းဧရာ<<< ကဗျာလေးထည့်ခွင့်ပြုလို့ ကျေးဇူးအထူးတင်ပါတယ်ရှင့်
8yar<<< အဲ့လိုပြောလို့ မသနားဘူး.. ဟွန်း...
Anonymous<<< အင်း.. သိတော့ သိတယ်.. ဘယ်လိုပြင်ရမလဲ မသိလို့... အားလုံးရဲ့ အကြံဥာဏ်ယူမှ ဖြစ်တော့မယ်ထင်တယ်...

လာလည်တဲ့အစ်ကိုတွေ အားလုံးကို ကျေးဇူးပါလို့.... :D

ချယ်ရီမြေ said...

ကန်ဒီရေ... မွေးနေ့မှာ သူငယ်ချင်းတွေပေါင်းပြီး ပညာဒါနကုသိုလ်စုဖူးလေး စုကြတဲ့အတွက် သာဓုခေါ်ပါတယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာသာသနာစိတ်အပြည့်ရှိတာကို ၀မ်းမြောက်ဂုဏ်ယူပါတယ်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဟန်ကြည် said...

အိမ်း...အခုလို မြန်မာလိုဝတ်ပြီး လူယောင်ဖန်ဆင်းထားပြန်တော့လည်း ငပေါမလေးက လူလူသူသူ ဖြစ်နေပြန်ပါပေါ့လား...ကောင်းလေစွ၊ ကောင်းလေစွ တကား...