Saturday, September 17, 2011

နာမ်စားဗိုလ်လုပွဲ..


ကန်ဒီသိချင်တာလေးရှိသလို အားလုံးရဲ့ အကြံပြုချက်လေးလည်း လိုချင်လို့ပါ.... ဘာမှမဟုတ်သလိုလိုနဲ့ တော်တော်ကသိကအောက်နိုင်တဲ့ ကိစ္စလေးပါ... ကန်ဒီသိချင်တာက ဘာလဲဆိုတော့ "ကန်ဒီ"လို့နာမ်စားသုံးတာ ဖတ်တဲ့သူတွေ အဆင်ပြေရဲ့လား သိချင်တာပါ...

ကန်ဒီဘလော့ စ စရေးချင်းတုန်းက "Candy" ဆိုပြီး နာမ်စားသုံးခဲ့ပါတယ်... ဒါပေမယ့် စဉ်းစားကြည့်ရင် နာမ်စားကို အင်္ဂလိပ်လိုရေးရင် မြန်မာလိုကျတော့ တချို့နေရာတွေမှာ တမျိုးဖြစ်တတ်တယ်.... ပေါ့ပေါ့ကြီးဖြစ်နေတတ်တယ်...
ဥပမာ.... ကန်ဒီ့ဘလော့လေးကို လာလည်တဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်...
Candy ဘလော့လေးကို လာလည်တဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်... (အောက်ကမြင့် ပျောက်နေတယ်)

အဲဒါကြောင့် "Candy" လို့ သုံးရာကနေ "ကန်ဒီ"လို့ ပြောင်းရေးခဲ့တာပါ... "ကန်ဒီ"လို့ရေးရတာကို ကြိုက်လို့တော့မဟုတ်ပါဘူး... ဘလော့ စရေးမယ်လို့လုပ်တော့ ကိုယ့်ကိုကိုယ် တခုခုခေါ်ဖို့လိုလာပြီလေ... အပြင်မှာဆိုရင်က ကန်ဒီကိုယ့်နာမည်ကိုယ်ခေါ်ခဲတယ်... ကိုယ့်ထက်ကြီးရင် ကိုယ့်ကိုယ်ကို ညီမပေါ့..ငယ်ရင် အစ်မပေါ့... ရွယ်တူဆို "တို့" သုံးတယ်... အဲ့တော့ စရေးမယ်ဆိုတော့ ကိုယ်ဟာကိုယ်ဘယ်လိုခေါ်ရမလဲမသိဘူး... နာမည်ကိုလည်း ငယ်ငယ်ထဲက ကိုယ်နဲ့ အကျွမ်းတ၀င်ရှိခဲ့တဲ့နာမည်ပဲဖြစ်ချင်တယ်... ဘလော့ရေးလို့ တမင်ပေးလိုက်တာမျိုး မဖြစ်ချင်တာနဲ့ ... Candy ကိုပဲ သုံးလိုက်တာပါ....

ဟိုနေ့က လာလည်သူတစ်ယောက်က ထောက်ပြလာလို့ပါ...... သူပြောတာ ဟုတ်ပါတယ်... အဓိကက ဖတ်တဲ့သူ ဖတ်ရ၊ကြားရတာ ကိုးလိုးကန့်လန့် ဖြစ်မနေဖို့မလား... ကန်ဒီလည်း အစတည်းက ဘ၀င်မကျတဲ့ ကိစ္စဆိုတော့ အားလုံးကိုမေးမှ ဖြစ်တော့မယ် ထင်တယ်လို့ တွေးမိလို့ပါ...

ကန်ဒီ့ကို ကူညီသောအားဖြင့် အမြင်လေးတွေပြောပေးပါနော်...
ဒီတိုင်းပဲကောင်းလား... ကိုးလိုးကန့်လန့် ဖြစ်နေလား... မကောင်းရင် ဘယ်လိုခေါ်စေချင်ပါသလဲ.... တခြားကန်ဒီနဲ့ လုံးလုံးမသက်ဆိုင်တဲ့ နာမည်တော့ မဖြစ်ချင်ပါဘူး... အပြင်မှာလည်း ကန်ဒီ့ကိုရည်ညွှန်းတဲ့ နာမည်တစ်ခုပေါ့.. ဟီးဟီး.... (ဥပမာ "၀ိုင်းစု"ဆို သူငယ်ချင်းတွေ ခေါ်တဲ့နာမည်လေ... ကန်ဒီနဲ့ နည်းနည်းဆိုင်တယ်... အဲ့ဒါမျိုးကိုပြောချင်တာပါ) ကျွန်မလို့တော့ မရေးခိုင်းပါနဲ့.... ကြက်သီးထလို့ပါ.... >.<

ထောက်ပြသွားတဲ့သူကတော့ ချိုချဉ် (သို့) Candy ကိုမဲပေးသွားပါတယ်.... (Candy ကတော့ အပေါ်မှာ ပြောပြထားသလို ရေးလို့မဖြစ်ပါဘူး.. )
ကန်ဒီလည်း မစဉ်းစားတတ်ပါဘူး....
အဲ့တော့ အားလုံးကိုပဲ အပူကပ်ပါတယ်..... အဟိ
ဒီတိုင်းပဲ ဆက်ရေးဆိုလည်း ကောင်းပါတယ်... :D

ကိုပဥာက်ခေါ်သလို မချိုမချဉ်တို့...
ဖိုးဖိုးမောင်ခေါ်သလို ဖွားသကြားတို့....
ဦးဟန်ကြည်ခေါ်သလို ငပေါမလေးတို့တော့ မလုပ်ကြပါနဲ့နော်... အဟီး xD

လာလည်တဲ့သူအားလုံး အကြံပေးနိုင်ပါတယ်ရှင့်... အမည်မဖော်လိုလျှင် Anonymous နဲ့ရေးလို့ရပါတယ်နော်...

အားလုံးကို အရမ်း အရမ်း အရမ်း ကျေးဇူးတင်ပါတယ်ရှင့်... ^_^

16 comments:

Anonymous said...

ကဲန်ဒီလို့ပဲဆက်ရေးပါ ဘာဖြစ်လဲ လှတာပဲ
ကန်ဒီက အသံထွက် candy နဲ့မတူဘူး
ကဲန်ဒီဆိုပိုကောင်းမယ်

ဖြိုးမောင်မောင်(CTM) said...

သြော် ဘာများလဲလို့ google reader ထဲပြေးဝင်ပြီးဖတ်
ရတာ ခုမှအမည်ပေးကင်ပွန်းတပ်မှာကိုး
အမည်ရွေးပေးမယ် တခုတော့ချက်ကျွေးမှနော့်
(ကံဓီ - ကံဒီ - ကန်ဓီ - ကန်ဒီ - ကမ်ဓီ - ကမ်ဒီ - ကဏ်ဓီ - ကဏ်ဒီ - ကဲန်ဒီ - ကဲန်ဓီ )ဲ
ရွေးစရာအမည်တွေကတော့ အများကြီးဖြစ်သွားပြီ
ဒုက္ခပဲ ကြိုက်တဲ့အမည်ကိုသာရွေးပါလေ
့ဟီးဟီ့းရူးချင်သွားမယ်

အမျိုးကောင်းသား said...

ကန်ဒီကိုဘဲ ထောက်ခံသွားပါတယ်

MGTHANT said...

ဘာနဲ့ပဲ ရေးရေး ဖတ်တဲ့သူတွေက သူထွက်ချင်တဲ့ အဓိပ္ဗါယ် ထွက်ကြတာ.. အဲဒီတော့ ကြိုက်သလိုရေးလို့ ရပါတယ်

AH said...

မကီ လို့ပေးလိုက်ပါလား :) ကန်ဒီဆိုတော့ ကီဒန် အဖျားဆွတ်ခေါ်တော့ မကီ ဖြစ်သွားရော... မကီ မကီ.. အင်းခေါ်လို့ကောင်းသား။ မဒမ်ကိုးတောင် မဒိုးကန်လို့ခေါ်ကြတာဘဲ ဟုတ်ဘူးလား
ခင်မင်စွာဖြင့်
AH

မောင်(စွယ်စုံကျမ်း) said...

ဒီလေး လို့ ခေါ်မယ်ကွာ နော်..နော်လို့  ဒီလေး ကိုခင်ချင်ရင် ဒီလိုဒီလို လေးရေးလိုက်တယ် ဒီလေးက မာနမကြီးပါဘူး ဒီလေးက စကားပြောမကောင်းပါဘူး
ဒီလေးရဲ့ဘလော့ကိုလာလည်သူအားလုံးအတွက် ဒီလေး ကိုတိုင်လုပ်ထဲးတဲ့ လက်ဆေးရည်ဆားခပ်တိုက်ပါမည်တို့ ဘာတို့ ပေါ့ကွာ cnady မကောင်းဘူး အီးလိုပြောင်းရတယ်လေ ဒီလေးဆိုတော့ပိုနုသွားတာပေါ့ အရင်နာမည်လည်းပါတယ် ဒီလေးဆိုတာ ကလေးဆန်တယ် အရင်နာမည်မပျောက်ချင်ရင်ဒါအကောင်းဆုံးပဲ
အခုလိုအကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် နောက်လည်း ဒီလေးဆိုကိုလာလည်ပါတို့ ..ဟိဟိ နာမည်ပေးကင်ပွန်းတပ် ဘာမှလည်းမကြွေးဘူး ပြန်ပီကွာ ဖွဲသကြား

8Yar said...

စာဖတ်သူဆိုတာ သူ့ခံစားချက်ကို ထုတ်ပြသွားတတ်ပါတယ်။ ဒီအပေါ်မှာ စာရေးသူက သုံးသပ်ပြီး ပြင်သင့်တာကိုပြင်လိုက်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် စာဖတ်သူအလိုကျ အကုန်လိုက်လုပ်နေမယ် ဆိုရင်တော့ ပြီးဆုံးတော့မယ်လို့ မထင်ဘူး။ ဒီလိုပြောလို့ စာဖတ်သူတွေကို စော်ကားတယ်လို့ မထင်ပါနဲ့ခင်ဗျာ။ စာဖတ်သူတွေကို ကျွန်တော်ဘယ်လောက်လေးစားတယ်ဆိုတာ ကျွန်တော့ ဘလော့က comments တွေကိုကြည့်ရင် သိနိုင်မယ်လို့ထင်ပါတယ်။ နာမည်ဆိုတာ ဝိသေသတစ်ခုပါ။ စာရေးသူဘာပြောချင်တာလဲဆိုတာ အခြားသူတွေနားလည်ရင် အဆင်ပြေပါပြီ။ ဒါဟာ စာရေးသူရဲ့ လွတ်လပ်ပိုင်ခွင့်လို့ယူဆပါတယ်။ ကန်ဒီ လို့ပဲ ရေးရေး၊ Candy လို့ပဲဆိုဆို အားလုံးက ဘယ်သူကိုရည်ညွှန်းတယ်ဆိုတာ သိမယ်လို့ထင်ပါတယ်။ ဒါလေးက ကျွန်တော်အမြင်ပါ။ လွန်တာရှိရင်ဝန္တာမိပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

jasmine(တောင်ကြီး) said...

ကိုယ့်ရဲ့ အမည်နာမ
ကိုယ်စိတ်ချမ်းသာဖို့အဓိကပါပဲ
အားလုံးကိုမေးနေရင်တော့တစ်ယောက်နဲ့
တစ်ယောက်ဘယ်လိုမှ တူမှာမဟုတ်ပါဘူး
သူငယ်ချင်းတွေလဲ သူတို့ကြိုက်တဲ့
အသံသူတို့ထွက်ပါစေလား....
နာမည်ဘယ်လိုပဲဖြစ်ဖြစ် jas ကတော့
ချစ်ခင်ပြီးသားနော်....

ညီရဲ said...

ဒီနာမည်နဲ့ စခဲ့ပြီပဲ ညီမရယ်...
ဒီကန်ဒီ ဆိုတဲ့ နာမည်လေးပဲကောင်းပါတယ်...
ဒီကန်ဒီ ဆိုတဲ့ နာမည်က ညီမ အတွက် တွင်နေပြီလို့ ထင်တယ်။ ဒါပေမယ့် နာမည်ပဲလေ ညီမ မနှစ်သက်ရင် ပြန်ပြောင်းလို့ ရတာပဲ...
အစ်ကို ကတော့ ဒီနာမည်လေးကိုပဲ ထောက်ခံပါတယ်...

မင်းဧရာ said...

သြော်.....
မရွှေချောတို့ကတော့ လုပ်ပြီ
မုန့်ဝေတုန်းမပါရ ပါပဲ ဒုတ်ဝေတဲ့အထဲမှ ပါမိပြီ
ဘယ်လိုပဲ အမည်တပ်တပ် ကောင်းအောင်ကျင့်မှ
မြတ်တာပါဗျာ့ အခု တိုင်းလေးလည်းကောင်းတာပဲ
ဘလော့ နံမည်က ပထမ ဦးဆုံးလာတဲ့ တစ်ခေါက်ပဲ
ကြည့်ကြတာပါ ဥပမာ သူ့ဘလော့နံမည် ဘယ်သူပဲ အဲလိုမျိုးပေါ့ ဒီနောက်မှာတော့ ခင်များ နံမည်ကို မကြည့်ကြတော့ဘူး ရေးတဲ့ ပိုစ့် ကိုသာကြည့်ပြီး ဖတ်ကြတော့တာလေ ဟုတ်တယ် မဟုတ်လား အဲဒီတော့
ဘာမှလုပ်မနေနဲ့ ဒီအတိုင်းသာထားလိုက်။

Candy said...

အားလုံးရဲ့ အမြင်လေးတွေပြောသွားတာ ကျေးဇူးအရမ်းတင်ပါတယ်.. ဟုတ်ပါတယ်... ကန်ဒီဆိုတဲ့ နာမည်ကတွင်နေပြီ... ဒီတိုင်းလေးပဲ ကောင်းပါတယ်... :D

ချယ်ရီမြေ said...

ဦးဇင်းနေခဲ့တဲ့ သီဟိုနိုင်ငံမှာတော့ ကန္ဒီမြို့ရှိတယ်။ ဗုဒ္ဓမြတ်စွယ်တော်ရှိတဲ့ သမိုင်းဝင်မြို့ပေါ့၊ အဲဒီမြို့မှာ ဗိုလ်ချုပ်အောင်ဆနုးတို့ ကန်ဒီစာချုပ်ချုပ်ဆိုခဲ့ဖူးတယ်။
စွယ်တော်ကြောင့် ကန်ဒီမြို့ကို လူတွေစိတ်ဝင်စားကြသလို၊ စာချုပ်ကြောင့် သမိုင်းတွင်ခဲ့တာပါ။ ကန်ဒီဆိုတဲ့မြို့အမည်ကြောင့်မဟုတ်ပါဘူး။ အဲဒီအတိုင်းပါပဲ... ကန်ဒီဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့.. ကန်ဒီရဲ့ပရိသတ်အပေါ်ထားရှိတဲ့ စေတနာ မေတ္တာတွေကြောင့် ကန်ဒီဆိုတဲ့ဆိုက်လေးကို လူတွေစိတ်ဝင်စားပြီး သမိုင်းတွင်လာမှာပါ... ဒါကြောင့် ဒီအတိုင်းပဲကောင်းပါတယ်လို့ အကြံပြုပါတယ်... ကန်ဒီရေ.....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

KMC@ချင်းလေး said...

ညီမရေ..နာမည်ဆိုတာနာမည်ပါပဲကွယ်။ကိုယ်အဆင်ပြေသလိုသုံးနှုံးခဲ့တဲ့ နာမည်ဟာညီမနဲ့အဆင်တကယ်ပြေမပြေညီမအသိဆုံးပါ။ဒီတော့အားလုံးနဲ့
လည်းရင်းနှီးနေတဲ့အရင်နာမည်လေးပဲဆက်သုံးစေချင်ပါတယ်။ထောက်ပြခဲ့
ပေးတဲ့စာဖတ်သူကလည်းသူ့ဆန္ဒကိုလွတ်လပ်စွာထောက်ပြခဲ့တာမို့လေးစား
ကြိုဆိုရမှာပါ။ဒါပေသိနာမည်ပိုင်ရှင်အဆင်ပြေပြေရှိဖို့ကအဲဒါထက်ပိုအရေး
ကြီးတယ်လို့ခပ်ရိုးရိုးမြင်မိပါတယ်။အားလုံးကိုလည်းလေးစားပါတယ်။
စကားမဆက်ပို့စ်တွေမတက်လာဘူးညီမ၊နှစ်ပုဒ်စလုံးပဲ။ဒီအတိုင်းလာ
လည်ရင်းတွေ့တာပါ။နောက်ကျနေတာအလည်လွန်နေလို့ပဲ.အဟဲဟဲ:P
အားရင်လာလည်ဦး..ဒါပဲ:Dပြန်ပြီ...။

Anonymous said...

အင်း...
ကန်ဒီပဲကောင်းပါတယ်ညီမရယ်။
ဒါမှမဟုတ်လဲ"မီး"ပေါ့ကွယ်။
"မီးကလေ..မီးကလေ.".ဆို
သိပ်ချစ်ဖို့ကောင်းတာကလား!
အစ်မတောင်အဲလိုသုံးချင်တာ.
ကိုယ့်အရွယ်နဲ့လူပြောစရာဖြစ်မှာစိုးလို့:)
မည်သို့ပင်ဆိုစေကာမူပေါ့ညီမရယ်..
အစ်မကတော့ကန်ဒီပဲသုံးစေချင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေညီမရေ..
ခင်မင်စွာဖြင့်..
အစ်မသမီးစံ

မြတ်ကြည် said...

မြတ်ကြည်တို့ကတော့ ကန်ဒီပဲ မဲပေးမယ်၊ ရေးရတာ လက်ကျိုးနေပြီ (နှုတ်ကျိုးလို့မရလို့)။ ကန်ဒီ အဆင်ပြေနေရင်ပြီးတာပါပဲ။ မြတ်ကြည်လည်း သူများက သနပ်ခါးမေလို့ ခေါ်ရင် တစ်မျိုးကြီးပဲ။ ကလောင်နာမည်မှမဟုတ်တာနော့။ ဘလော့နာမည်ကြီးကို။ ခေါ်တဲ့သူကလည်း ခေါ်သလေ။

ဟန်ကြည် said...

ဟမ်...ဦးဟန်ကြည်ကတော့ဖြင့် ခေါ်နေကျနံမည်ကို နှုတ်ကျိုးနေပြီမို့ ပြောင်းချင်သလိုပြောင်း ဒီနံမည်ကိုပဲ မူပိုင်ခေါ်မဗျားး)))