မြန်မာပြည်နဲ့ ဧရာဝတီဟာ ဟိုး... နှစ်ပေါင်းများစွာထဲက အမြဲဒွန်တွဲနေခဲ့တာ အားလုံးအသိပါ.... မြန်မာတနိုင်ငံလုံးရဲ့ ရာနှုန်း ၇၀ကျော်ကျော်ဟာ သူမအပေါ် တည်မှီ အသက်မွေးနေကြရလို့ တို့အားလုံးရဲ့ ကျေးဇူးရှင်မိခင်ဆိုလည်း မမှားပါဘူးလေ.... ဒါကြောင့်လည်း သူမအလှကို မရိုးနိုင်အောင် ကဗျာတွေသီ၊ စာတွေဖွဲ့ခဲ့ကြတယ်မဟုတ်လား.... ကဗျာမပီ စာမမှီတဲ့ အမေ့ကျေးဇူးတွေအတွက်ပေါ့...
ခုတော့ သဘာဝအတိုင်းစီးဆင်းနေတဲ့ သူမကိုတောင် ရင်ဝကြိုးတုတ် ရုပ်သေးရုပ် လုပ်ခိုင်းတော့မလို့တဲ့လေ...
ထားရာနေ စေရာသွား လူလုပ်မြစ်ဘ၀ရောက်တော့မယ့် အခြေအနေမို့ တွေးမိတိုင်း ရင်နာရပါတယ်...
ခုဆို မြစ်ဧရာလည်း ငိုနေပြီ....
သူမနဲ့အတူ တနိုင်ငံလုံးလည်း ငိုနေကြပြီ...
မီးလေးတပွင့်အတွက်တော့ မြစ်ဧရာကို မစတေးပါရစေနဲ့ရှင်...
သဘာဝကပေးတဲ့ တို့မိခင်မို့ပါ..
ဒီနေ့လေးဟာ ကြိုးစင်ပေါ်ရောက်နေတဲ့ မိခင်ကို အချိန်မှီကယ်နိုင်ဖို့ တို့ဘလော့ဂါအားလုံးရဲ့ ကြိုးပမ်းမှုလို့ပဲ ဆိုကြပါစို့နော်...
စာကြွင်း။ ။ ဒီတိုင်းစိတ်ထဲရှိတာ ရေးထားတာလေးပါ... ဒီထက်များများရေးချင်ပေမယ့် စာသိပ်မရေးတတ်လို့ သည်းခံကြပါနော်.... စာထက် ပုံတော့ နည်းနည်းပိုဆွဲတတ်တယ်ထင်လို့ ဒီပုံလေး သီးသန့်ဆွဲထားတယ်... ဒီနေ့အတွက်ပေါ့... ^^

10 comments:
ဟုတ်တယ် ညီမရေ...
ဧရာဝတီလို မြစ်မျိုးက စတေးသင့်တဲ့အရာမဟုတ်ဘူး။ သမိုင်းတွင်တဲ့မြစ်။ ဒီမြစ်သာပျောက်သွားလို့ ကတော့ သမိုင်းတော်တော်များများ ဒဏ္ဍာရီ ဖြစ်သွားလိမ့်မယ်။ ဥပမာ။ ။ အင်းဝနဲ့ ဟံသာဝတီ အနှစ်လေးဆယ်စစ်ခင်းတော့ နှစ်ဘက်ရဲမက်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဒီဧရာဝတီမြစ်ထဲမှာ စစ်ခင်းတယ် ပြောရင် ဒီဧရာဝတီမြစ်ကြီး မရှိတော့ရင် ဘယ်သူယုံမလဲ။ ဒါဆိုရင် သမိုင်းက ဒဏ္ဍာရီ ဖြစ်သွားမယ် ညီမရေ...သမိုင်းပါ ပျောက်သွားနိုင်တယ်။ ဒါက အစ်ကို့ အမြင်ပါ...
ငါ့ညီမ ပုံဆွဲကတော့ တော်တယ်ဟေ့...
ပုံထဲကလူက ဘာမှဝတ်ထားဘူးလားဟင်
မျက်စိ မွဲလို့လား မသိဘူးနော်။ အဲ့ဒီလိုပဲ မြင်မိတယ် :P
ကန်ဒီ့ပုံတူလေးများ ဆွဲထားတာလားလို့။း))
မြစ်ကြီးဧရာ အမြဲစီးဆင်းနိုင်ပါစေ။
ခင်မင်လျှက်
Nice Sketch.
ပုံဆွဲတယ်တော်ပါလား လဂွန်းအိမ်ကိုဂိုဂယ်မှာရှာကြည့် သူ့လက်ရာတွေလေ့လာကြည့် ညီမလေးရေ
မြစ်ဆုံစီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်
မောင်ဘကြိုင်လည်းကန့်ကွက်ပါတယ်
မင်းဧရာဆီက ကွန်မင့်ဖတ်ပြီးရယ်ခဲ့တယ်း)
မောင်ဘကြိုင်
ညီမလေးရေ....
ဒို့ ပြည်သူ ညီစေ
ဧရာဝတီ ကို တည်စေ
ဧရာဝတီ ရှင်သန်စေရမည်
ဧရာဝတီ စီးဆင်းစေရမည်
ဧရာဝတီ လှပ နေရမည်။
မြစ်ဆုံ ရေကာတာ စီမံကိန်း ကိုအကြွင်းမရှိကန့်ကွက်ပါတယ်။
ဧရာဝတီကို ကာကွယ်ဖို့ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်။ တစ်မျိုးသားလုံး သွေးစည်းညီညွတ်စွာနဲ့ပဲ မြစ်ဆုံ ဆည်ကိစ္စကို ဝိုင်းဝန်း ကန့်ကွက်လိုက်ပါတယ်ခင်ဗျာ..
မြစ်ဆုံ စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
မြစ်ဆုံရေကာတာစီမံကိန်းအား ထပ်တူကန့်ကွက်ပါတယ် ကန်ဒီရေ..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ဧရာဝတီကြီးလွတ်မြောက်ပါစေခင်ဗျာ။ ကျွန်တော်တော့ ညကအပြန်နောက်ကသွားလို့ Post မတင်လိုက်ရဘူးဗျာ။ :(
ဧရာဝတီကိုချစ်တဲ့ ညီမလေးရေ..
ဧရာဝတီအတွက် ထပ်ဆင့်ဆုတောင်းနေပါတယ်။
ဧရာဝတီ ကျန်းမာပါစေ။
ဧရာဝတီ ချမ်းသာပါစေ။
ဧရာဝတီ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ။
ဧရာဝတီ ထာဝရစီးဆင်နေပါစေ။
ချစ်တဲ့..
MPC :)
Post a Comment