ဒီနည်းလေးကတော့ မြန်လည်း မြန်တယ်... လွယ်လည်း လွယ်တယ်... ခြောက်အောင်လည်း အကြာကြီးစောင့်စရာမလိုဘူး... အလုပ်သိပ်များတဲ့ မမတွေ၊ ညီမလေးတွေအတွက်ပေါ့... (အစ်ကိုတွေ မပါဘူး ဒီတပိုစ့်တော့.. ဟီး) ကန်ဒီက လက်သည်းပုံဖော်ရတာကို စိတ်မရှည်တာမဟုတ်ဘူး.. ခြောက်အောင်စောင့်ရတာ စိတ်မရှည်တာ... ဟိုဟာကိုင် ဒီဟာကိုင်နဲ့ နောက်ဆုံးကျတော့ အခြစ်ရာ အရှရာတွေဖြစ်ပြီး စိတ်ရှည်လက်ရှည် ပုံဖော်ထားတဲ့ဟာက ပျက်ပျက်သွားတာလေ...
ကဲ.. စမယ်နော်...

လိုအပ်တာတွေကတော့....
(၁) Base coat
(၂) White nail polish
(၃) ကိုယ်ဆိုးချင်တဲ့ အရောင် (Blue)
(၄) ကိုယ်ဆိုးချင်တဲ့ အရောင် (Pink)
(၅) Top coat
(၆) Make up sponge (ပုံထဲကလို သေးသေးလေးဆို ရပြီ..)
(၁) ပထမဆုံး Base coat ဆိုးနော်... ဖျက်တဲ့အခါကျရင် လက်သည်းဆိုးဆေးက အရောင်တွေ ကိုယ့်လက်သည်းမှာ ကျန်ပြီး ၀ါဝါကြီးမဖြစ်အောင်လို့... Sally hansen က Base/Top coat ကောင်းတယ်... ဒါပေမယ့်သတိထားဆိုးရတယ်... bubble ထလို့... အဲ့ဒါကြောင့် base coat အနေနဲ့ပဲဆိုးတာပါ....
(၂) ပြီးရင် make up sponge နဲ့ အဖြူရောင်ကို လက်သည်းတပြင်လုံးမှာ တို့ပါ.. အဖြူခံခြင်းဟာ အပေါ်ကအရောင်လေးတွေ ပိုလွင်ပြီး လှအောင်လို့ပါ....
(၃) လက်သည်းကို စိတ်ထဲမှာလေးခြမ်းခြမ်းပြီး အရောင်နှစ်ရောင်ကို ထောင့်ဖြတ် spongeနဲ့ လိုက်တို့ပါ... သိပ်တိကျစရာမလိုဘူးနော်... မညီလေ ပိုလှလေပဲ...
(၃) လက်သည်းကို စိတ်ထဲမှာလေးခြမ်းခြမ်းပြီး အရောင်နှစ်ရောင်ကို ထောင့်ဖြတ် spongeနဲ့ လိုက်တို့ပါ... သိပ်တိကျစရာမလိုဘူးနော်... မညီလေ ပိုလှလေပဲ...
(၄) အရောင်တို့တာများလို့ အရမ်းတောက်သွားရင်... အဖြူကိုအပေါ်က နည်းနည်းလေးထပ်တို့ပါ...
(၅) ပြီးရင် Top coat ဆိုးလိုက်တော့နော်.... (Top coat မဆိုးခင်ဆို sponge နဲ့ တို့ထားတော့ အဖုအဖုလေးတွေဖြစ်သလို ခံစားရလိမ့်မယ်.... စိတ်မပူပါနဲ့... Top coat ဆိုးပြီးရင် ချောသွားလိမ့်မယ်.. ^^ )
(၅) ပြီးရင် Top coat ဆိုးလိုက်တော့နော်.... (Top coat မဆိုးခင်ဆို sponge နဲ့ တို့ထားတော့ အဖုအဖုလေးတွေဖြစ်သလို ခံစားရလိမ့်မယ်.... စိတ်မပူပါနဲ့... Top coat ဆိုးပြီးရင် ချောသွားလိမ့်မယ်.. ^^ )
ဘယ်လိုလဲ... လွယ်တယ်ဟုတ်... ^_^
ဒါမျိုးလေးတွေ မရေးတာတောင် ကြာပြီ... ရေးရင်လည်း သေချာ ဓာတ်ပုံလေးတွေနဲ့ တင်ချင်တော့ အချိန်နည်းနည်းပေးရတယ်... အားပေးတဲ့သူ ရှိရင်တော့ ဆက်ရေးမယ်နော်... :D
13 comments:
like like like!!!! :D
အားပေးနေပါတယ် ဗျို. အစ်မကန်ဒီ။
အားပေးပါတယ် ဆက်ရေးပါနော်...
လက်သည်းရှည်မထားပါဘူး..
ဒါပေမယ့်ညလေးကိုအားပေးပြီးကြည့်ခဲ့ပါတယ်
ချစ်တဲ့ jas
အင်း... အစ်ကိုကတော့ နှစ်ခါဖတ်တာတောင် နားမလည်ဘူး ညီမရေ... အေးလေ ကိုယ့်အလုပ်မှ မဟုတ်တာ ဟုတ်ဘူးလား...
အိမ်း...လှဖို့ ပဖို့ကလည်း ကရိကထများလွန်းလှသကွယ်...သဘောကျတဲ့ လူငယ်သီချုင်းလေးတစ်ပုဒ်လည်း ရှိတယ်မဟုတ်လားကွဲ့...ဘာတဲ့ “လှပါတယ်...ဆိုနေမှ...ဒီထက်ပိုလှချင်သူလေး...ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ်...ချစ်လို့လှတာပါ..”ဆိုလား...နဂိုအတိုင်းလေးလည်း လှပြီးသားပါ ငပေါမလေးရယ်...အဲဒီလောက် အပင်ပန်းခံဖို့မလိုပါဘူးး)))
အင်း အသက်တွေကြီးကုန်တာလည်း ခပ်ကောင်းကောင်း ဒီဘက်ခေတ်မှာသာ လူငယ်ဖြစ်ရရင် မမလေးတို့ အလှပြင်ခနဲ့ပဲ မွဲရချေရဲ့း)))
အစ်မကတော့လက်သည်းအရှည်ထားတာနဲ့
ကျိုးတာပဲညီမရေး))
မရမကရှည်အောင်လုပ်ပြီးစမ်းကြည့်ရမယ်။
ကျေးဇူးနော်ညီမ
ချစ်ခင်စွာဖြင့်
နှလုံးလမ်းကြောင်းမှာ ကျွှန်းခံနေတယ် အခမသင့်ရင် အချစ်ရေးနဲ့ ကိုယ့်အသက်တောင် ရန်ရှာလိမ့်မယ် မျက်ကန်အချစ်သမားပဲ ဟဲဟဲ လက်သည်းနီကို အောင်မြင်အောင် မဆိုးနိုင်သေးလို့ လက္ခဏာကြည့်ပီး ပြန်သွားလယ်
candy ရေ အိမ်မက်က လှချင်ရက် စက်စက်ယိုလေ..ဒါပေမယ့် လှအောင်ဘယ်လိုနေရမှန်းကို မသိတာ.. ဒါမျိုးလေးတွေ စိတ်ဝင်စားတယ် ဘယ်လိုလုပ်ရမှန်းသိပ်မသိလို့ များများတင်ပေးပါကွယ် ငှယ် ငှယ် ငှယ်..( အဲ ရောင်လို့ )
အားပေးနေတယ်နော်..
အိမ်မက်
ှဆရာမ ကန်ဒီလေး ဒိုးကန်ကိုကိုရင်ကန်ချရင် လာကူပြောမလား
ဒိုးကန်လက်သည်းတွေလာလာညှပ်ပစ်တယ်း(
အဲလိုလုပ်ချင်တာ ကူပြောပေးကြနော်း(
ခင်တဲ့
ဒိုးကန်
ဟားဟား... လက်သည်းရှည်မှ လက်သည်းနီဆိုးရမယ်လို့ ဘယ်သူပြောလို့လဲဂျ... စိတ်ချ လာကူပြောပေးမယ်... မိန်းကလေးပဲ လှချင်တာပေါ့.. နော့်လေ.. :D
အာ.................တားတို့ကဘာဆိုးရမှာလဲ?
ကန်ဒီရေ ၀ါသနာတူလိုက်တာနော်.. ပူးပူးလဲလက်သည်းနီ ဆိုးရတာ ပုံလေးတွေဖေါ်ရတာဝါသနာအရျမ်းပါတာ.....
ပူးပူးကကန်ဒီလိုလက်ချောင်းလေးတွေမလှဘူး...
လက်သည်းရှည်ထားရင်လဲခနပါပဲ ဟင်းချက်နေရတော့
လက်သည်းတွေကြိုးကုန်တာမလှတော့ဘူး။
ကန်ဒီပုံဖေါ်ထားတာလေးတွေရှိရင်တင်အုံးပေါ့ အားပေးလျက်ပါ။ ခင်မင်တဲ့ မမ ပူး
Post a Comment