Warning!!!! အရေမရ အဖတ်မရမို့ ကြိုတောင်းပန်ထားပါတယ်.. :D
8:00 am
"ကလင် ကလင် ကလင်..." (နှိုးစက်သံ)
ပြန်ပိတ်ပြီး ဆက်အိပ်ပါတယ်။ သူက ဒီအချိန်ဆို အမြဲအော်ပါတယ်။ အမြဲပြန်ပိတ်ခံရပါတယ်။
10:00 am
ကမန်းကတန်း နာရီကြည့်လိုက်တော့ ၁၀နာရီ။ သွားပြီ.. မမှီတော့ဘူး...
ချစ်သူနဲ့ သူအလုပ်မသွားခင် ခဏ chat တတ်ပါတယ်။ ညကြရင် အဆူခံရမလား.. မပြောတတ်ပါ။ နိုးပလုံပလုံ (No problem) ပါ။ ဒီလိုဖြစ်ပေါင်းများပါပြီ။ ဆူရင်လည်း ပြန်ကောက်လိုက်ရင် သူပဲပြန်ချော့ရတတ်လို့ သူမဆူရဲပါ.. :P
ကော်ဖီသောက်ရင်း ဘလော့လိုက်လည်ပါတယ်။ စာလိုက်ဖတ်ပါတယ်။ ကောမန့်လိုက်ပေးပါတယ်။ ဆီပုံးမှာ လိုက်အော်ပါတယ်။ Youtube မှ ဗွီဒီယို အသစ်များကြည့်ပါတယ်။
11:30 pm
အလေလိုက်ပြီးလို့ သီချင်းဖွင့်ပြီး စာခဏလုပ်ပါတယ်။
ညနေသွားစရာတွေရှိလို့ ဟင်းမချက်ချင်ပါ။ ဖြစ်သလို လက်ဖက်နဲ့ စားပါတယ်။
1:15 pm
ဘုရားရှိခိုးမေတ္တာပို့ ပုတီးစိပ်ပါတယ်။
1:45 pm
ရေချိုးပါတယ်။ ၃နာရီခွဲ City hall မှာ agent နဲ့ ချိန်းထားပါတယ်။ အိမ်က 2:50လောက်ထွက်ရမှာပါ။
2:50 pm
အိမ်အောက်ရောက်လို့ mrt ကိုလမ်းလျှောက်ရုံရှိသေးတယ်.. agent ကဖုန်းဆက်ပါတယ်။
"ညီမ.. ဘယ်မှာလဲ"
"ခုမှအိမ်ကထွက်တာလေ... ၃နာရီခွဲဆို..."
"အစ်ကိုက ထွက်လာပြီ... Taxi ပေါ်ရောက်နေပြီ.. သံရုံးလာတတ်လား.. " မလာတတ်လို့ သူနဲ့သွားဖို့ ပြောပြီးသားကို လာတတ်လား ထပ်မေးလို့ စိတ်ဆိုးချင်ချင်ဖြစ်သွားပါတယ်။ နောက်ပြီး Taxi စီးနိုင်တယ် ဆိုတော့ ဘောစိ (boss) လားပေါ့ :P
"မလာတတ်ဘူး... ဘယ်လိုလာရမှာလဲ..."
"Bus နဲ့ဆို စီးတတ်မှာမဟုတ်ဘူး... Taxi စီးခဲ့ပါလား... ညီမတို့နားကဆို သိပ်မကျလောက်ဘူး..." ကန်ဒီ့ကိုပါ Taxi စီးဖို့ မြူဆွယ်နေပါတယ်။ အင်း.. ကန်ဒီ့အိမ်နဲ့သိပ်မဝေးဘူးဆိုတော့ သူပြောတာလက်ခံလိုက်ပါတယ်။
"ဒါဆိုလိပ်စာက ဘယ်လိုပြောရမှာလဲ....'
"sms ပို့ပေးမယ်...."
"ဒါဆိုလိပ်စာက ဘယ်လိုပြောရမှာလဲ....'
"sms ပို့ပေးမယ်...."
"ဟုတ်ကဲ့ ဒါပဲနော်..."
Taxi စီးဆိုလို့ အိမ်တစ်ဖက်ကို ပြန်လျှောက်ပါတယ်။ $5 ပဲကျတယ်ဆိုတော့ တန်တယ်ပြောရမယ်။
3:05pm
ဓာတ်ပုံရိုက်ဖို့ တန်းစီပါတယ်။ ကန်ဒီ့အလှည့်ရောက်ပါပြီ။ နားရွက်ပေါ်ရမယ် နဖူးပေါ်ဆံပင်မရှိရဘူးဆိုပြီး သရေပင်ပေးပါတယ်။ ကမ္ဘာ့ရုပ်အဆိုးဆုံးပုံကို အောင်မြင်စွာ ရိုက်လိုက်ပါတယ်။ ပြီးတော့... အဲ့ဒီ agent အစ်ကိုက ပိတ်ထားတဲ့ ကောင်တာကို ညွှန်ပြရင်း...
"ဟိုမှာ ပိတ်ထားတဲ့ကောင်တာတွေ့လား.."
"ဟုတ်.."
"အဲ့မှာ လုပ်ရမှာ.. ခု ခဏထိုင်စောင့်နေလိုက်နော်..."
"ဟုတ်"
ထိုင်စောင့်ပါတယ်။
..
စောင့်ပါတယ်။
..
စောင့်နေပါတယ်။
..
ပျင်းပါတယ်။ သီချင်းနားထောင်ပါတယ်။ ဖေ့ဘွတ်ဝင်ပါတယ်။ (အိမ်မှာဆို တော်ရုံမ၀င်ပါ) check in ၀င်လိုက်ပါတယ်။ ဘလော့ထဲကိုက ဖုန်းနဲ့ စာမမြင်ရလို့ မ၀င်ပါဘူး။ ပျင်းလာပါတယ်။ မျက်စိရှေ့ ခိုနှစ်ကောင် လာပါတယ်။ သူတို့ဓားစားခံဖြစ်သွားပါတယ်။ ရိုက်လိုက်ပါပြီ။ ဟီးဟီး..

ကောင်တာဖွင့်ပါပြီ။
တန်းစီပါတယ်။
..
တန်းစီပါတယ်။
..
လက်ဗွေနှိပ်ပါတယ်။ လက်မှတ်ထိုးပါတယ်။ ပြီးပါပြီ။ အဲ့အစ်ကိုက နောက်နေ့မှ သက်တမ်းတိုးထားတဲ့ အသစ်လာယူဖို့ ပြောပါတယ်။ နှုတ်ဆက်ပြီး ပြန်လာပါတယ်။
5:45pm
လမ်းလျှောက်ရင်း ကားမှတ်တိုင်ရှာပါတယ်။ ကျောင်းမှာ presentation rehearsal ရှိလို့ ကျောင်းသွားရမှာပါ။
တွေ့ပြီကွ!!!

ညစာ ကျောင်းcanteen မှာစားပါတယ်။ ဗိုက်သိပ်မဆာလို့ Chicken rice (စလုံးအစားအစာ) စားပါတယ်။ ကြိုက်လို့မဟုတ်ပါဘူး.. ကျောင်းက Chicken rice ကဈေးပေါပြီး နည်းနည်းပဲပါလို့ပါ :P


စားနေရင်း သတိထားမိတာက ကန်ဒီနဲ့ မျက်စောင်းထိုးခပ်လှမ်းလှမ်းက မိန်းကလေးတစ်ယောက် ကန်ဒီ့ကိုကြည့်ပြီး မဲ့လိုက် သဘောကျလိုက် အမူအယာအမျိုးမျိုးလုပ်နေပါတယ်။
"ဘာလဲဟ.."
"နေရင်းထိုင်ရင်း လူကိုကြည့်ပြီး ဘာဖြစ်နေတာပါလိမ့်...."
"ငါဘာဖြစ်နေလို့လဲ..."
"တစ်ခုခုတော့မှားနေပြီ..."
နောက်တယောက်ကလည်း သူ့လို ထပ်ကြည့်ပါတယ်။
"မဟုတ်သေးပါဘူး.."
"မဟုတ်တော့ဘူး..."
"???????..."
ပတ်ဝန်းကျင်လေ့လာကြည့်တော့ ကန်ဒီ့ခေါင်းပေါ်မှာ တီဗွီရှိပါတယ်။ တီဗွီပေါ်မှာ ဗလတောင့်တောင့် ယောက်ျားးနှစ်ယောက် အင်္ကျီချွတ်ပြီး ဒိုက်ထိုးပြိုင်နေပါတယ်။ LOL (ရှက်သွားပါတယ်...)
သူငယ်ချင်းတွေလည်း မလာသေးတော့ သူတို့ကိုစောင့်ရင်း ရေခဲခြစ်စားပါတယ်။ ကန်ဒီ အရမ်းကြိုက်ပါတယ်။ တကယ်က အပေါ်မှာ ပဲတို့ Jelly တို့ ရှိရမှာ.. လုပ်ပေးတဲ့ အန်တီက အောက်မှာထည့်လိုက်လို့ မလှတော့တာပါ။

သူတို့ ရောက်လာပါပြီ။ သူတို့စားတာထိုင်စောင့်ပါတယ်။
7:15 pm
Presentation အတွက် rehearsal (၄)ကြိမ်လုပ်ဖြစ်ပါတယ်။ Presenter နှစ်ယောက်ပါ။ ကန်ဒီက တ၀က်ပြောရမှာပါ။ အသံဝင်ချင်သလိုလိုဖြစ်သွားပါတယ်။

Slide ကြည့်ပြီးလန့်သွားသလား.. ဟီးဟီး
နည်းနည်းပြောပြရရင်တော့... ခုသန္ဓေတားဆေးအသစ်တမျိုးကို စမ်းသပ်နေပါပြီ။ မိန်းကလေး သုံးရမှာပါ။ သန္ဓေတားတဲ့အပြင် လိင်မှတဆင့်ကူးစက်စေတဲ့ ရောဂါပိုးတွေ(HIV အပါအ၀င်) ကာကွယ်နိုင်ပါတယ်။ ကန်ဒီတို့ လုပ်ရမှာက ဒီဆေးအကြောင်း research ဆက်လုပ်နိုင်ဖို့ ရင်းနှီးမြှပ်နှံချင်တဲ့ သူတွေဆီက ပိုက်ဆံတောင်းရမှာပါ။ ကန်ဒီပြောရမယ့် အပိုင်းက ရှက်စရာအပိုင်းတွေပေါ့နော်။ ဟီး... ရှက်လည်း မရှက်တော့ပါဘူး...
10:20 pm
အိမ်ပြန်ရောက်တော့ ညပိုင်းဆက်အလေလိုက်၊ စာလုပ်ပြီး အိပ်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ပါစေ.. ^_^
18 comments:
ကောင်းပါသည်။ နှုတ်ဆက်သွားပါသည်။ သည်။ :D
အော် နင်ကဂလိုကိုး အရိုက်ခံရတာတောင်နဲသေး
သကြားလုံးတော့ ရေးစရာမရှိလို့ ဆင်ကြံကြံ
နေပီလို့ တွက်နေတာ နင်ပြောတော့ ဟို ဟို
မောင် မောင် အဲလဲ့ တင်မယ်ချိုပီးမတင်ဝူး
အခွက်က ပြောင်ပ နေရာတကာပါတယ် တစ်ယောက်သောသူလေးရောမပါဝူးလား
ဒါဘဲ ...ပုံ တစ်ယောက်သောသူ...
ငါကြည့်တာတော့ ဟင်းရေပန်းကန် စောင်း
နေသလားလို့ .. နင့်ကြက်ဥကလည်း
Another ကြွတ် in the ပွစိလည်းမဟုတ်ဘူး
ဒါဘဲဒါဘဲ ငါလည်းတင်စရာရှာလိုက်အုံးမယ် ဟိဟိ
နားရွက်ဖော်ပြီး နဖူးပြောင်နေတဲ့ ပုံကျတော့ မပါဘူး ဟွန့်း(...
ပျော်ရွင်ပါစေ
ချစ်တဲ့
အိမ်မက်
Candy ရဲ့ အရည်မရ အဖတ်မရ ပိုစ့်လေး ကြိုက်တယ်။
တီတီက ပေါ့ပေါ့ပါးပါး ဒိုင်ယာရီပဲ သဘောကျတယ်။
Candy ရဲ့ တနေ့တာ လို့ ပြောရမှာ သိလား။
စင်ကာပူက လမ်းတွေကို တွေ့တော့ စလုံးမှာ ဘက်စကားစီးဖို့ တံတားကူးရတာရယ်။ ဘက်စကားတွေရယ်၊ ပလက်ဖောင်းတွေတောင် သတိရမိသွားသေးတယ်။
သီချင်းနားထောင်ပီး စလုံးမှာ လမ်းလျှောက်တာလည်း အရသာ တမျိုးပဲနော်။ :)
နောက်ထွက်မယ့် contraception က barrier method ပဲလား? စပ်စုတာ။ :D
Barrier methodပဲ မြတ်ကြည်ရေ...:D
အိမ်မက်<<< အဲဒီ့ပုံက ကန်ဒီတောင် မမြင်ရသေးဘူး.. pp ရမှမြင်မှာ.. :P
တီတီ၊ ကိုသန့် << စာလာဖတ်တာကျေးဇူး..
ညလေးရေ....အရေလဲနဲနဲရပြီး
ရေစစ်မပါလို့ အဖတ်မတင်ခဲ့ပါဘူး..ဟူးဟူး
စွယ်စုံကိုစိတ်မဆိုးပါနဲ့...သူကစွန်ချင်နေတာ
(မျက်စိမဟုတ်ပါ)အဲတာမစွန်တော့ပတ်ရမ်းတာပေါ့
ကြက်ဆီထမင်းကြိုက်တယ်...ရေခဲခြစ်လဲကြိုက်တယ်
ဒါကြောင့် အရှက်မရှိသရက်စေ့ စားလိုက်ပါတယ်။
ချစ်တဲ့ ဂျက်ဂျက် အာဘွား
ဒီလိုရေးဖတ်ရတာလည်း စိတ်ပျော်စေပါတယ်။ ဘာဘဲပြောပြော ကိုယ့်အကြောင်းလေး ဖြစ်စဉ် လေးရေးထားတာမို့ ဖတ်သွားတယ်။ အားပေးတယ်။ ပျော်ရွှင်ပါစေ
ဟဲ့ ငါ့အတင်းတွေတုတ်နေပါလား ငါ့အထက်တစ်ယောက်ကျော်က ကလေးမ
16နှစ်မနော် ဖွဲသကြား မယုံမဲ့နော်
ကြးလေသွေးလို့ ဝေးမှာစိုးတယ် ကွယ်...
ဟိဟိ
အားပေးသွားတယ်ညီမရေ..
ဖတ်လို့ကောင်းသားဟ
ကြက်ဆီထမင်းလည်း စားသွားတယ်အေ
ချစ်ခင်စွာဖြင့်
Could you please publish the complete presentation you rehearsed at your pretty blog page? :D
Friedly,
ဝူး..၀ူး..ဘလူး....ဘလူး...
သူကြီးမင်း ရေးသွားတာကိုဖတ်နေတာ
ဘာတဲ့လဲ ဟီးဟီးးးးး)။
အသိပညာ တွေကို မျှဝေနိုင်ပါစေဗျာ။
တော်သေးတာပေါ့(ဗိုက်ဝသွားပြီ..ဆိုတဲ့ခေါင်းစောင်းစောင်းနဲ့ပုံလေးမပါလို့ :P:P)အတည်ပြောမယ်..အစ်ကို့ညီမကဘယ်ဆိုးလို့လဲ.သေချာကိုတင်ပြ ရှင်းလင်းနေတာပဲဟ.။မိုက်တယ်ကွာ။ဆက်လုပ်ပါ။ဒါပဲ။
ဟုတ်ကဲ့... ကြောက်နေရတယ်... :P
ကလေးမ... ၁၁ခွဲက မနက် ၁၁ခွဲလား ည ၁၁ခွဲလား စဉ်းစားသွားတယ်။ :D
PV
@_@
ချိုချဉ်၏ တစ်နေ့တာ လေးပေါ့ ;)
ZaunG
fri က နပ်စ်ကျောင်းတက်နေတာထင်တယ်။ အားကျတယ်ဗျာ။ ကျွန်တော်လည်းကျောင်းတက်ချင်တယ်။ management ပိုင်းကိုတက်ချင်တာ သိရင်ပြောပြပေးပါနော်။ Thanks.
Post a Comment