Friday, September 9, 2011

ဘလော့ဂါဆိုတာ ဘာလဲ?? (Tag)


ဘလော့ဂါ ဆိုတာ........
......
......
......
......
......
သူတို့ရဲ့ ဘလော့လေးကို ပုံစံမျိုးစုံနဲ့ ၀ါသနာကိုအရင်းခံပြီး တန်ဆာဆင်နေတဲ့သူတွေပေါ့....
- ဘုန်းဘုန်းတွေဆိုလည်း ဘာသာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါလေးတွေ ရေးတယ်...
- စာရေးဝါသနာပါတဲ့သူတွေကလည်း ရသမျိုးစုံပေးတဲ့ စာပေတွေ ရေးတယ်...
- ခံစားချက်တွေ.. မွန်းကျပ်မှုတွေကို ကဗျာနဲ့ ရင်ဖွင့်တဲ့သူက ဖွင့်တယ်... သူတို့ ခံစားချက်တွေကို ကဗျာတွေကတဆင့် မြင်နိုင်တယ်...
- ဟင်းချက်ဝါသနာပါတဲ့သူကလည်း ဟင်းချက်နည်းတွေတင်တယ်... ကန်ဒီဆို တစ်ခုခု ချက်ချင်ရင် သူတို့ဆီသွားသွားကြည့်ရတာ အမော...
- နည်းပညာပိုင်း ၀ါသနာပါတဲ့သူများကြပြန်တော့လည်း နည်းပညာနဲ့ပက်သက်တဲ့ ဗဟုသုတလေးတွေပေးတယ်ပေါ့... သူတို့ရှိလို့လည်း ကန်ဒီတို့လို နလပိန်းတုံးလေးတွေ မသိတာတွေသိရ .. မလုပ်ဖူးတာတွေ လုပ်ဖူးတာပေါ့လေ...
- သတင်းတွေကို ရှာရှာဖွေဖွေဖတ်ပြီး စာဖတ်သူတွေဖို့ တင်ပေးတဲ့သူက တင်ပေးတယ်....

တချို့ဆို တနေ့တည်းမှာ ပိုစ့် သုံးလေးခု တစ်ခါတည်းတင်ပြီး သူတို့ရဲ့ စေတနာတွေကို နည်းအမျိုးမျိုးနဲ့ ဖော်ပြနေကြတာလေ... တကယ်ဆို ဒါတွေကို လုပ်ကိုလုပ်ရမယ်ဆိုပြီး သူတို့ကို ဘယ်သူကမှ အတင်းခိုင်းတာမဟုတ်ပါဘဲ ၀ါသနာအရ စေတနာအရင်းခံပြီး ရေးနေတဲ့သူတွေပါ.... ဘလော့ဂါတိုင်းကတော့ ငါနာမည်ကြီးရမယ်ဆိုတဲ့စိတ် ဘယ်သူ့မှာမှ ရှိမယ်မထင်ဘူး... ဒါပေမယ့် ကိုယ့်ဆိုဒ်လေး လူလာတာ ထိုင်ကြည့်... ကိုယ့်ပိုစ့်လေး comment ပေးသွားတာ.. ကိုယ့် ဆီပုံးမှာ ရေးသွားတာလေး ထိုင်ဖတ်ပြီး ပီတိဖြစ်နေတဲ့သူတွေပါ...

ဘလော့အသိုင်းအ၀ိုင်းလေးဆိုရင်လည်း ပြောစရာမရှိအောင် အေးချမ်းပြီး ဖော်ရွေကြတယ်.. ခင်မင်တတ်ကြတယ်... မယုံရင် ပေါင်းကြည့်နော်... :D အော်.. ဘလော့အသိုင်းအ၀ိုင်းဆိုလို့ ဘလော့ရေးနေတဲ့သူလို့ပဲ မသတ်မှတ်နဲ့နော်.... ကန်ဒီပြောချင်တာ စာဖတ်နေတဲ့သူတွေလည်းပါတယ်... တချို့ကျတော့ စာမရေးပေမယ့် စာတွေလိုက်လိုက်ဖတ်နေတဲ့သူတွေရှိတယ်လေ... သူတို့က စာရေးနေတဲ့ ဘလော့ဂါတွေအတွက် အားဆေးပေါ့.... စိတ်ဓာတ်ကျစေတဲ့ comment မျိုးဆိုတာလည်း ရှားပါတယ်... ကန်ဒီ အဲ့လို comment မျိုး ဒီတစ်နှစ်ကျော်ကျော်အတွင်းမှာ တစ်ခါပဲရဖူးသေးတယ်... ဗမာလူမျိုးအများစုက သူများနာကျင်အောင် မလုပ်တတ်ဘူးလို့ ကန်ဒီယူဆတယ်... မဟုတ်ဘူးလို့ထင်ရင်တောင် စိတ်ထဲမှာပဲထားပြီး သူများစိတ်မကောင်းဖြစ်အောင် မပြောတတ်ကြဘူးလေ....

ဤတွင်ပြီး၏.....

ဖိုးဖိုးမောင် (စွယ်စုံကျမ်း)က ငါးဟင်းသိုးနေတာ မမြင်ချင်လို့တဲ့... ကန်ဒီကို အလုပ်ပေးတဲ့အနေနဲ့ တက်ဂ်ထားတဲ့ပိုစ့်လေးပါ... ဟီးဟီး... ကန်ဒီ့ကို တက်ဂ်လို့ ကျေးဇူးတင်ပါတယ်ရှင့်... ကန်ဒီ ဒီတက်ဂ်ရေးမယ်ဆိုတော့ တော်တော်ခေါင်းစားသွားတယ်... ဘလော့ဂါဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းလေးပေမယ့် တကယ့် တကယ်တော့ အဲ့ဒီထဲမှာ စာသားနဲ့ ဖော်ပြလို့မရအောင်များတဲ့ သူတို့စေတနာတွေ.. ၀ါသနာတွေပါနေတယ်... ကန်ဒီက စာရေးညံဖျင်းသူဆိုတော့ အဲဒါတွေကို မရေးပြတတ်ဘူး... ရေးတတ်သလောက်အပေါ်မှာရေးထားတာ ကန်ဒီပြောချင်တာကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်နော်... :P

နောက်တစ်ချက် ဒီတက်ဂ်ရေးဖို့တွန့်ဆုတ်သွားမိတာကတော့... ကန်ဒီကိုယ်တိုင်က အဲလိုဘလော့ဂါအဓိပ္ပာယ်ကို ဖွင့်ရလောက်အောင် မတန်တဲ့သူတစ်ယောက်မို့ပါ... ကန်ဒီ့ဘလော့ကိုပဲကြည့်... ဘာတွေမှန်းကို မသိဘူး... ဘလော့နာမည်ကိုက My Freedom တဲ့... ကန်ဒီလွတ်လပ်မှုတစ်ခုအတွက် စိတ်ထွက်ပေါက်တစ်ခုအတွက် ရေးနေတဲ့ ဘလော့လေးဖြစ်နေတယ်လေ... စာဖတ်သူတွေကိုလည်း ဗဟုသုတများများမပေးနိုင်... ရေးလိုက်ရင်လည်း ကန်ဒီ့အကြောင်းကြီးပဲ... အမြင်ကတ်တတ်တဲ့သူဆို ကတ်နေလောက်ပြီ... ဟီး.. :D

ကန်ဒီ့ကျောင်းက ညမှတက်ရတယ်... နေ့ဆိုအိမ်မှာ... ကန်ဒီ့ညီမက နေ့ဆိုအလုပ်သွားတယ်.. ကန်ဒီက ည ၁၀ ခွဲလောက်ပြန်ရောက်တော့ သူက အိပ်နေပြီ... ဒီတော့ ဒီဘလော့လေးမရှိရင် ဘယ်သူ့ကို စကားသွားပြောရမလဲ.... အဲဒါကြောင့်ပဲ ဒီမှာ လုပ်ချင်တာလုပ်နေတယ် ဆိုပါတော့ .. ဟီးဟီး.. ကျန်းမာရေးနဲ့ အလှအပ အကြောင်းလေးတွေ တစ်ခါတစ်ခါ ရေးဖြစ်ပေမယ့် Diary လောက်တော့ မရေးဖြစ်ဘူး... အလှအပအကြောင်း သိပ်မရေးဖြစ်တာကလည်း ကန်ဒီ့ဆီလာလည်နေတဲ့သူတွေ "စိတ်မ၀င်စားဘူး"ဆိုပြီး ခဲနဲ့ အထုခံရမှာ ကြောက်လို့ပါ... ကြားညှပ်ပြီးတော့ နည်းနည်းဆီတော့ တင်ဖြစ်မှာပါ...

ဆက်တက်ဂ်မည်.......
အစ်ကိုချင်း ( ဖိုးဖိုးမောင်ရော ကန်ဒီရော တက်ဂ်ထားတာ double tag နော်... :P )
ကိုပဥာက် (ကဗျာလို ရေးချင်လည်းရေးပါနော်.. ဟားဟား <<သူရီသလို ရီခြင်း :D >> )
မမမိုးပန်းချီ (မမbusy လို့ နာမည်ပြောင်းပေးလိုက်ပြီ... ဒါက နောက်အကြွေး... ယူလိုက်နော်.. :P )
သူငယ်ချင်းအိပ်ယာ (နေကောင်းကာစ ဦးဦးဖျားဖျားလေး ရေးလိုက်ဦး... ဆေးတွေခွဲတိုက်မယ် ပြောလို့ ပညာပေးတာ... :P)
ကိုညီရဲသစ် (စာရေးအရမ်းကောင်းတဲ့သူဆိုတော့ ဖတ်ရရင် သိပ်ကောင်းမှာပဲ... << ရေးအောင် မြူဆွယ်ခြင်း>>) )
ကိုဇက်ပီ (Template ပဲတချိန်လုံးပြင်နေလို့ အလုပ်ပေးတာ... ဇီးဖြူသီးနဲ့ လာမဖားနဲ့... မရဘူး.. :P )
သနပ်ခါးမေ (သူကတော့ မမလှလှ ... အဲ .. သူငယ်ချင်းလှလှ)
ဒီဇင်ဘာ မောင်မောင် (ရေးဖြစ်အောင် ရေးပါ... ဒါပဲ)
ကိုသန့်, MGTHANT.ME(ခင်ရင် ရေးပါ... မအားဘူးပြောလို့တော့ မရဘူး... သူ့ပိုစ့်ချည်းတွေ့နေတာ)
အမျိုးကောင်းသား (သူလည်း တူတူပဲ)
အစ်မသမီးစံ (စာမေးပွဲပြီးရင်ရေးနော်)
မမJasmine (ဒီရက်ပိုင်း ပျောက်နေပါတယ်... )
ကိုဖြိုး, ရေးမိရေးရာအဖြာဖြာ (အားရင်ရေးပေးနော်.. ပျောက်နေလို့ မအားဘူးထင်လို့ ... )
ကိုထွဋ္ဋ် (ပျင်းတတ်တဲ့သူဆိုတော့ ရေးပါ့မလားတောင် မသိဘူး... :P)
ကိုသော်ဇင်စိုး (သူကရေးမယ် ရေးမယ်နဲ့ အကြွေးယူယူသွားတာ... ဒါနဲ့ဆို အကြွေးသုံးခုရှိပြီနော်..)
တီတီ (တီတီကိုက ခင်လို့ ထည့်တက်ဂ်တာ... :D)

ဟီးဟီး.... အားလုံး ကန်ဒီ့ ရာဇသံကြောင့် လန့်သွားလား.... မလန့်ပါနဲ့..... အားမှ အဆင်ပြေမှ ရေးပါ.... ခင်လို့ လျှောက်စပြီး ရေးထားတာ.... xD

ပျော်စရာနေ့လေးဖြစ်ပါစေရှင့်...

14 comments:

မောင်(စွယ်စုံကျမ်း) said...

ဖွားလေး ရေ ငါးဟင်းကသိုးနေပီ ပြောင်းချက်ပေးနော် သာအလုပ်ကပြန်လာရင် ဟောင်းကောင်းကောင်းနဲ့ 
စားချင်တယ်နော် ဘယ်သူမှမမန့် သေးဘူး ဖိုးဖိုးမောင် တဲ့..တော်ပါသေးတယ် ဘိုးဘိုးအောင် မပြောလို့ 
သကြားလုံးနဲ့ တွေ့ မှငါ့ဘ၀ပျက်ရတယ်..တိန်....
သကြားလုံးရေ..စာတွေလာဖတ်သွာတယ်နော် ပထမဆုံး
အစောဆုံး သူများထက်အရင်နော်....ပြန်ပီနော် ဖွာလေး..ကိုခင်မင်လေးစားလျှက် ဖိုးဖိုးမောင်

ညီရဲ said...

အမလေး ညီမတော်ကတော့ လုပ်ချလိုက်ပြန်ပြီ...
ဘလော့ဂါ ဆိုတာ ဘလော့်ဂါပေါ့ ညီမရေ... ရေးမယ် ညီမရေ... ရေးမယ်... ဒါပေမယ့် လာမယ် ကြာမယ်... ပေါ့...

KMC@ချင်းလေး said...

အမ်.....မိပြန်ပဟ..:Pခင်မောင်ချင်းကိုတဂ်ကြတဲ့သူတွေကခင်လို့တဂ်ကြတယ်ဆိုတာ ၁၀၀%ယုံကြည်ပါသည်။နို့ပေမယ့်ခင်မောင်ချင်းအလွန်စိုးရိမ်နေပါသည်..ခေါင်းစဉ်ကိုလေးစား ၍ဖြစ်ပါသည်..:Dခင်မင်ရတဲ့သူတွေနဲ့စာဖတ်သူတွေအားလုံးကိုလေးစားရိုသေသောအားဖြင့် ကြိုးစား၍ရေးပါမည်ဟုကတိပြုပါသည်..။ကဲချိုချဉ်..ကျေနပ်မှာပါနော်:D...။

ဖြိုးမောင်မောင်(CTM) said...

I can't read yr post sis....:-(
Pls i hope u din't tag me in this post right?
Coz i can read all comments.
I already follow but can't see google reader too.
That why i subscrib by email again.may b next new post i can read in gmail..:-)
Take care .......have a great days. :-)

MGTHANT said...

ဟားဟား... တဂ်တာ.. မမြင်ချင်ယောင်ဆောင် လိုက်မယ်...

ဒါနဲ့ ကိုယ့်ဟာကိုယ် ရေးချင်ရာ ရေးတဲ့ ဘလော့ကာဆိုပြီးတော့ မသိမ်ငယ်စေချင်..ပါ တခြားနိုင်ငံက ဘလော့တွေ လိုက်ဖတ်ဖြစ်ရင် သဘောပေါက်မှာပါ။ တချို့က ကိုယ့်နေ့စဉ် ဘာလုပ်တယ် ညာလုပ်တယ် မပျက်မကွက်ရေးတာနဲ့လည်း နာမည်ကျော် နေတဲ့ ဘလော့ကာတွေ အများကြီးရှိတယ်... ကိုယ်စိတ်ထဲ အရင်းခံထဲ ရှိတဲ့ အတိုင်း ရေးတာဆိုရင်း ဘာမှမဟုတ်တဲ့ ပိုစ့်လည်း ပြောင်မြောက်မှုရှိပါတယ်။ ရေးချင်တာကိုတာရေး ပီပီပြင်ပြင်ရေးပါ။ လူမဖတ်မှာစိုးလို့ဆိုပြီး စိုးရိမ်ပြီး မရေးနဲ့ လူလာဖတ်ရအောင်ဆိုပြီးလည်း ပြင်ပြီးမရေးနဲ့ ရေးချင်တဲ့အတိုင်း ပီပီပြင်ပြင်ရေး.. အဲတော့မှ စေတနာ ချိုသကာတွေနဲ့ ပြည့်နေတဲ့ပိုစ့်လေး ဖြစ်ပြီး လူတိုင်းကို အာဟာရပြည့်စေတယ်။

ဆရာလုပ်သလိုနဲ့ ... အားပေးသွားတယ်နော်... :D

mstint said...

တဂ်ပို့စ်ဖတ်သွားတယ် Candy လေးရေ။ ဘလော့ဂါရဲ့ ဖွင့်ဆိုချက်ဖြစ်တဲ့ "သူတို့ရဲ့ဘလော့လေးကို ပုံစံမျိုးစုံနဲ့ ဝါသနာကိုအရင်းခံပြီး တန်ဆာဆင်နေတဲ့သူတွေပေါ့" ဆိုတာ အမှန်ပါပဲကွယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

တိန်! ထိပြန်ပြီနောက်တစ်တဂ်။ ဪ.... အိပ်ယာတစ်ယောက် အကြွေးရှင်တယ်များပါကလားကွယ်။ ကြည့်ရတာ ဆေးတွေပြန်ယူသွားမယ်။ ဘွာတေး... ဆိုလဲ ရမယ့်ပုံမပေါ်ဘူး။ အဟင့် ရေးမယ်ဂျာ......

December Mgmg said...

ဖတ်သွားပါတယ်ဗျာ

ဇက်ဗီ said...

ဟေ့ ကန်ဒီ ချစ်လို့ခေါ်တယ်ထင်ပြီးလိုက်လာတာ..
အို...ခိုင်းဖို့လား...မှတ်ထားရေးမယ်...ပြန်ပြီနော်...

ဒုတိယလူ said...

မကန်ဒီရေ အခုမှပဲရောက်တော့တယ်
ဘလော့တဂ်ပိုစ့်လေးရေးထားတာ
သဘောကြတယ်ဗျာ..အားတက်သရောဖတ်
ဖတ်ရှုသွားပါကြောင်း....


(ဒုတိယ)

ချယ်ရီမြေ said...

ဝါသနာကိုအရင်းခံပြီး တန်ဆာဆင်နေတဲ့ကန်ဒီရေ... ခပ်ရွင်ရွင်လေး ရေးထားတဲ့ ဘလော့ဂါပို့စ်လေး သဘောကျစွာ ဖတ်သွားပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မင်းဧရာ said...

ဘလောက်ဒ်ဂါ ဖွင့်ဆိုချက်လေး လာဖတ်သွားတယ်ဗျာ
ကျွန်တော်တို့အတွက် စိတ်ကိုထွက်ပေါက်ပေးရင်းနဲ့
ဗဟုသုတ ရှာမှီးရာနေရာလေးတွေပေါ့ ကိုယ်ရေးချင်တာ ဒီထဲရေး ကိုယ်ဖတ်ချင်တာ ဒီထဲရှာ အားလုံး ပျော်စရာလေးတွေပါပဲဗျာ။

ကိုရင်သာပျော့ said...

ဘလော့ဂါဆိုတာ ပြုံးလိုက် မဲ့လိုက် လုပ်နေသူတွေဖြစ်ပါသည်....မယုံရင် ကိုယ့်ဘလော့ ကိုယ်ပြန်ကြည့်..အဲထက်မှန်တာ ရှိတော့ဘူး ကျောင်းအမရေ...:P

အမျိုးကောင်းသား said...

သေပြိဆရာဘဲ ဘလော့ဂါထဲဝင်လာတာမှ
နှစ်လစွန်းစွန်းဘဲရှိသေးတာ ဘာဘာမှသိသေးဘူခင်ည ကျေးဇူးပါဘဲ မကန်ဒီရေ