"မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးလေးစင်းမှာ− ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ ဖြစ်ကြပါသည်... " ဆိုတဲ့ ငယ်ငယ်က အခေါက်ခေါက် ရေရွတ်ခဲ့ဖူးတဲ့ စာလေးကို မှတ်မိနေသေးတယ်.... သံလွင်မြစ်က ရေစီးသန်လို့ မိခင်ဧရာဝတီကိုပဲ တစ်နိုင်ငံလုံးမှီခိုနေရတာလည်း အားလုံးအသိပါ...
"ဧရာဝတီမရှိတော့ရင်..." ဆိုတဲ့အတွေးဟာ "အမေမရှိတော့ရင်..." ဆိုတဲ့ အတွေးနဲ့ ထပ်တူပါပဲ....
အမေ့ရင်ကိုဆို့မှ ရလာမယ့် မီးတပွင့်ကိုလည်း ဘယ်သားသမီးမှ ရရင်တောင် လိုချင်မယ် မထင်ပါဘူး....
ခုတော့....
...

အမေ့ရင်ခွင်ထဲရောက်ဖူးခဲ့တာ မှတ်မိသေးတယ် အမေရယ်.... ဟိုး.... အဖေ့ မွေးရပ်မြေ ကချင်ပြည်နယ်ကို သွားတုန်းကပေါ့..... ရေလည်မှာ ထွန်းနေတဲ့ သောင်ပေါ်က ဘုရားမှာတောင် စေတီလေး တည်ခဲ့သေးတယ်လေ... တသွင်သွင်စီးနေတဲ့အမေ့ကို ထိုင်ကြည့်ပြီး ကြည်နူးခဲ့ဖူးတယ်.... မာန်အပြည့်နဲ့ စီးဆင်းနေတဲ့ အမေ့ကို မရပ်တန့်စေချင်ဘူး အမေရယ်.... အမြဲ ရှင်သန်စေချင်တယ်....
တသက်လုံးမွေးခဲ့ ကျွေးခဲ့တဲ့ အမေ့ကျေးဇူးကို မဆပ်နိုင်ရင်တောင် အမေ့ကိုတော့ မဖျက်ဆီးလိုက်ကြပါနဲ့နော်...
ဘလော့မောင်နှမတွေ စုပေါင်းအားဖြည့်နေကြတဲ့ အမေ့အရေးမှာ ကန်ဒီ့လို ဘလော့ဂါပေါက်စလေးကလည်း နှမ်းတပွင့်ဖြူးတယ် ဆိုပါတော့... အမေနဲ့အခွဲခံရတော့မယ့် ကလေးတစ်ယောက်လို "အမေ့ကိုပြန်ပေးပါ"ဆိုပြီးပဲ ကလေးဆန်ဆန်ငိုကြွေးပါရစေ....

9 comments:
ချိုချဉ်ရေ..
အမေ့ နို့ကို စို့ပြီး.. သူတို့က အမေ့ကို ပုန်ကန်ကြတော့မယ်နော်.. အမေ့ကို သတ်ကြတော့မယ်နော်..
သူတို့ အမေ့ကို မသတ်နိုင်အောင် အကိုတို့လို ဘလော့ဂ်ဂါတွေအနေနဲ့ တက်နိုင်သလောက် ဝိုင်းဝန်း လှုံ့ဆော် ကာကွယ်ကြတာပေါ့နော်..
ကလေးတစ်ယောက်လို ငိုကြွေးပြီး အမေ့ကို ပြန်တောင်းတာ ကလေးတွေ အငိုတိတ်သွားအောင် ဆိုပြီး သူတို့ အမေ့ကို ပြန်ပေးကြမယ်ဆိုရင်တော့
အမေ ဧရာဝတီအတွက် အပြုံးပန်းတွေ ပွင့်လန်းစေမှာ အမှန်ပဲနော်..
ခင်မင်စွာဖြင့်
ကိုဇော်သိင်္ခ
မငို ပါနဲ့ ခလေးရယ် ဦးတို့ပြန်ပေးမယ်)))
သူတို့ကတော့ အဲသလို ပြောမှာမဟုတ်ဘူး
ဇွတ်အတင်း လုယူရမှာပဲ လူထုကသာ တကယ် အုံကြွလာရင် မပေးလို့ဘယ်ရမလဲကွနော်
တစ်တပ် တစ်အား ၀ိုင်းဝန်းထားကြ
ဒါက ဧရာဝတီ အတွက်ပဲ။
နှမ်းတစ်ပွင့်ကလဲ မိခင်ဧရာဝတီ အတွက်တော့ အားတစ်လက်ပါပဲ ညီမရယ်...
ခုလိုတာဝန်ကျေကြတာ သိရင် မိခင်ဧရာဝတီလဲ ကျေနပ်နေမှာပါလေ...
ကိုယ့်ညီမကဒါတော့ရေးတတ်တယ်နော်
လေးစားပါတယ်...
ငိုတော့မငိုပါနဲ့နော်...
မလေး ကိုလာရင်မုန့်ဝယ်ကျွေးမယ်
တာဝန်သိတဲ့စိတ်လေးကို..
အမြဲလေးစားနေမှာပါ
ချစ်တဲ့ jas
သူငယ်ချင်းရေ အရေးအသားက ကောင်းလိုက်တာဗျာ။ ရင်ထဲကိုထိတယ်။ သူငယ်ချင်းကတော့တာဝန် ကျေသွားပြီ ကျွန်တော်တို့ပဲကျန်တော့တယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။
စိတ်မကောင်းပါဘူးညီမရယ်။
ပြောမပြတတ်အောင်ဝမ်းနည်းမိပါတယ်။
ဘယ်တတ်နိုင်မလဲလေ..
"ကံ" ကိုပဲရိုးမယ်ဖွဲ့ရတော့မပေါ။
"မငိုပါနဲ့"ညီမရယ်..
ခင်မင်စွာဖြင့်..
အစ်မသမီးစံ
ကလေးတစ်ယောက်လိုငိုလိုက်တော့မှာလား
မငိုပါနဲ့
အခြေအနေတွေအချိန်အခါတွေက
ပြောင်းလဲလာပါလိမ့်မယ်
အကောင်းဆုံးဖြစ်လာဖို့ကိုဆန္ဒပြုပါတယ်။
ထိုင်ကြည့်နေရုံဘဲတတ်နိုင်တယ် ကန်ဒီရေ
အခြေအနေကို စောင့်ကြည့်ရုံပေါ့
ထိတယ်၊မိတယ်၊ဒါပေမယ့်ပို့စ်တစ်ခုဖတ်မိတိုင်းရင်နာရတယ်။
Post a Comment