
ဒီပိုစ့်လေးကတော့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံ လိုချင်တဲ့ ပျိုမေများအတွက်ပါ။ ပွဲလမ်းသဘင်သွားတဲ့အခါဖြစ်ဖြစ်၊ ဓာတ်ပုံလှလှရိုက်ချင်တဲ့အခါဖြစ်ဖြစ်၊ မိမိနှစ်သက်မယ်ဆို ဘယ်အချိန်မဆို ဒီနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လိုအပ်တာတွေကတော့...
(၁) သွားပွတ်တံ(သို့) သကြား
(၂) Lip balm
(၃) Lip Liner
(၄) Lip stick
(၅) Lip gloss
အဆင့်(၁) ပထမဆုံး နှုတ်ခမ်းကို သွားပွတ်တံလေးနဲ့ အသာလေးပွတ်ပေးပါ။ သကြားနဲ့ ပွတ်လည်း ရပါတယ်။ အဓိကက နှုတ်ခမ်းပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ချင်လို့ပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းအရွယ်အစားကိုလည်း အနည်းငယ်ကြီးလာစေပါတယ်။
အဆင့်(၂) နှုတ်ခမ်းကို အစိုဓာတ်ရအောင် Lip balm လေး အရင်ဆိုးပါ။
အဆင့်(၃) Lip liner လေးနဲ့ နှုတ်ခမ်းအနားတလျှောက် ဆွဲပါ။ လူတော်တော်များများရဲ့ နှုတ်ခမ်းအနားမှာ အသားအရောင်မညီတာတွေ ရှိတတ်ပါတယ်။ Lip liner နဲ့ဆွဲလိုက်ခြင်းဖြင့် အဲ့ဒီ မညီမညာဖြစ်တာတွေကို ဖုံးလိုက်သလိုဖြစ်ပြီး နှုတ်ခမ်းလေးက ပိုကြွလာသလိုဖြစ်သွားတယ်။ ဆွဲတဲ့နေရာမှာ သတိထားရမှာက နှုတ်ခမ်းကို ကွေးလိုက်တာတို့၊ ပုံစံပြောင်းလိုက်တာတို့ မလုပ်ပဲ ရိုးရိုးပုံမှန်အနေအထားမှာပဲ ကိုယ်လိုချင်တဲ့ အနေအထားလေးရအောင်ဆွဲပါ။ အကောင်းဆုံးကတော့ အောက်နှုတ်ခမ်းအစွန်းနားရောက်ရင် အတွင်းဖက်ကို မသိမသာလေး ကွေးပေးလိုက်ပါ။
အဆင့်(၄) Lip liner နဲ့ပဲ နှုတ်ခမ်းတပြင်လုံးကို လိုက်ဖြည့်ပါနော်။ အဲ့လိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းနီလည်း ပိုကြာကြာခံစေတယ်လေ။ အဲ့လို မဖြည့်ချင်ဘူးဆိုရင်လည်း lip liner ကို အတတ်နိုင်ဆုံး ကိုယ်ဆိုးမယ့် နှုတ်ခမ်းနီအရောင်နဲ့ အနီးစပ်ဆုံးအရောင်ကို သုံးပါ။ Lip liner ထင်းထင်းကြီး ဖြစ်နေရင် ဘယ်လိုမှ မလှဘူးလေ။
အဆင့်(၅) ပြီးရင်တော့ ကိုယ်နှစ်သက်တဲ့ နှုတ်ခမ်းနီကို ဆိုးလိုက်တော့နော်။ နောက်ဆုံးအနေနဲ့ ရွှန်းလဲ့နေတဲ့ နှုတ်ခမ်းလေးရအောင် Lip gloss လေး ထပ်လိုက်ပါ။ Lip gloss ဆိုးတဲ့နေရာမှာ နှုတ်ခမ်းတပြင်လုံးဆိုးတာထက် နှုတ်ခမ်းအတွင်းပိုင်းလေးတွေပဲ ဆိုးတာက ပိုကြည့်ကောင်းပြီး 3D effect ပိုပေါ်စေပါတယ်။ (ဒါလေးက ကန်ဒီ့အမြင်လေးပါ)
နှုတ်ခမ်းအလှပေါ်လွင်စေဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ နှုတ်ခမ်းအနားပတ်ဝန်းကျင်ကို concealer လိမ်းခြင်းဖြင့် နှုတ်ခမ်းအနားတစ်လျှောက်သေသပ်စေပါတယ်။ အပေါ်နှုတ်ခမ်း အပေါ်ဘက်က ချိုင့်နေတဲ့ နေရာလေးကို white eyeshadow (သို့) highlighter လိမ်းပြီးတော့လည်း နှုတ်ခမ်းအလှပေါ်လွင်အောင် ဖန်တီးနိုင်ပါသေးတယ်။ နောက်တစ်နည်းကတော့ နှုတ်ခမ်းအတွင်းပိုင်းကို ကိုယ်ဆိုးတဲ့ နှုတ်ခမ်းနီအရောင်ထက် တစ်ဆင့်လောက်နုတဲ့ အရောင်ကို ဆိုးပေးတာပါ။ ဒီလိုလုပ်ခြင်းဖြင့် နှုတ်ခမ်းကို ပိုကြွသွားစေတယ်လေ။ နှုတ်ခမ်းနီ ကြာကြာခံပြီး ချောမွေ့တဲ့ နှုတ်ခမ်းမျက်နှာပြင်ရအောင် foundation ကို နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းပေါ်လိမ်းပေးနိုင်ပါသေးတယ်။ သဘာဝကျကျ နှုတ်ခမ်းတစ်စုံလိုချင်ရင်တော့ Lip liner မသုံးပဲ နှုတ်ခမ်းနီကို နှုတ်ခမ်းမှာ နည်းနည်းလေးတို့ပြီး လက်ကလေးနဲ့ ဖြန့်ပေးတာက အကောင်းဆုံးနည်းဖြစ်ပါတယ်ရှင့်။
ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်နော်..
နှုတ်ခမ်းဖူးဖူးလေးနဲ့ အပြုံးလှလှလေး ချွေဖို့တော့ မမေ့နဲ့နော်.. :)
Credit: ပုံများကို google မှ ယူပါသည်။
10 comments:
google ကပုံတွေမသုံးပဲ လူကိုယ်တိုင် မော်ဒယ်လ်လုပ်ပြပါဗျို့းDးDးD
ညီမက မဖတ်နဲ့ လို့ ပြောတဲ့ နေရာကနေဘဲ လှည့်ပြန်သွားပြီ...
ထပ်မဖတ်တော့ဘူး...ဘိုင့်...
မဖတ်နဲ့ဆိုလို့ ပုံတွေကို အသားပေးကြည့်သွားတယ်။ ဟင်းနော်... ပုံတွေက.....
တော်သေးတာပေါ့
သားက အဖေ့လို လူပျိုကြီးလုပ်မှာမို့လို့ ခံနိုင်ရည်အားရှိတာ။ မဟုတ်ရင်နှလုံးရောဂါရနိုင်တယ်။ ဟွင်းဟွင်းဟွင်း....
နုတ်ခမ်းပုံလှလှလေးတွေကို ကြည့်သွားပါတယ်
ကြည့်ရတာတော့ဝါသနာပါလို့ပါ
ချစ်တဲ့ jasmine
နှုတ်ခမ်းနီ ဆိုးပုံလေး သေချာဖတ်သွားတယ်။ နည်းလေးတွေ မျှဝေပေးလို့ ကျေးဇူးပါ ကန်ဒီလေးရေ ။ အစ်မလို ဘာမှ သိပ်မပြင်တတ်တဲ့သူတွေ အတွက် တကယ်ကို အသုံးဝင်ပါတယ်း)
မဖတ်ဘဲ ပြန်သွားပြီနော်..... :P
ကြည့်ဘဲကြည့်သွားတယ် :P
မတော်ရသေးတဲ့ ဇနီးအလောင်းလျာအတွက် မှတ်သားသွားပါတယ်
ကြည့်သွားမှတ်သွားတယ် ချိုချဉ်လေးရေ
နှုတ်ခမ်းလေးတွေကအရမ်လှတာပဲ
ကျေးဇူးတင်တယ်နော်။နှုတ်ခမ်းလေးကအရမ်းလှတာပဲ။
Post a Comment