Thursday, October 13, 2011

သီတင်းကျွတ်ညလေး တည..


သီတင်းကျွတ်ပြီဗျို့......
....
...
..
.
မနေ့က ကျောင်းက ပြန်ရောက်တော့ ထုံးစံအတိုင်း ည ၁၀ ကျော်ကျော်လောက်။ (ကန်ဒီ့ကျောင်းက ညမှတက်ရတာပါ။ အလေလိုက်နေတာ မဟုတ်ပါ :P)သူငယ်ချင်းတွေက အိမ်မှာတူတူနေတဲ့ အန်တီကို ကန်တော့ဖို့ ကန်ဒီ့ကိုစောင့်နေကြတယ်။ မုန့်ဟင်းခါးလည်း ချက်ထားကြတယ်။ ပြန်ရောက်တာနဲ့ လွယ်အိတ်ချပြီး အန်တီကို ကန်တော့တယ်။ အန်တီက ဆုပေးပြီး မုန့်ဖိုးပေးတယ်။ ငယ်တုန်းတည်းက ဘုရားတရားလုပ်ဖို့ တိုက်တွန်းတယ်။

ကန်တော့ပြီးတော့ သူတို့ချက်ထားတဲ့ မုန့်ဟင်းခါးစားတယ်။ တကယ်တော့ အစ်ကိုလိုခင်တဲ့ သူငယ်ချင်းချက်တာ။ ယောက်ျားလေးတွေများ ဟင်းချက်တတ်ရင် မိန်းကလေး မမှီဘူး။ အထူးသဖြင့် ကန်ဒီမမှီဘူး :P ။ စလုံးမှာ ပေါင်းစရာဆိုလို့ ဒီသူငယ်ချင်းတွေပဲ ရှိတာ။ သူတို့ မရှိရင် ပျင်းလို့ သေလိမ့်မယ်.. အဟီး။ ကန်ဒီက သူငယ်ချင်းဆို ပွင့်ပွင့်လင်းလင်း ပြောတတ် နေတတ်တဲ့သူကို ပိုခင်တယ်။ ကန်ဒီလည်း ခင်ရင်အဲ့လိုပဲ နေတယ်။ ကန်ဒီ့ကို စစတွေ့ချင်း ဆိုရင်တော့ အေးတိအေးစက်ထင်ရတယ်။ လူရှိန်တယ်ပေါ့ :P

မုန့်စားပြီး ပြန်တဲ့လူလည်း ပြန်တယ်။ အိမ်မှာ အိပ်တဲ့လူလည်း အိပ်တယ်။ ဒီမှာ ကန်တော့ကြတော့ ရန်ကုန်က အမေတို့တွေ အမျိုးတွေကို သတိရတယ်။ သီတင်းကျွတ်ပြီဆို အဒေါ်တွေ၊ ဦးလေးတွေ လူစုံအောင် အိမ်လည်ကန်တော့တာ။ နောက် မောင်လေး(တ၀မ်းကွဲ) ကန်တော့တာလည်း ခံရတယ်။ ကန်ဒီတို့က ညီအစ်မတွေချည်းပဲဆိုတော့ ဒီမောင်လေးတစ်ယောက်တည်းကို စုပုံချစ်နေကြတာ။ ခုဆို ၉တန်းရောက်ပြီ။

အဖေ့ Facebook wall မှာ သွားကန်တော့တယ် (မခေဘူးနော်.. သူ့မှာလည်း ဖေ့ဘွတ်နဲ့.. အမှန်က ကန်ဒီတို့လုပ်ပေးထားတာ.. သူသိပ်မသုံးတတ်ဘူး.. ကြည့်တော့ကြည့်တတ်တယ်.. :P)။ အိမ်ကို ဖုန်းဆက်မလို့ဟာကို ဖုန်းကတ် 1818 ကုန်နေတယ်။ ဒီတိုင်းဆက်မလို့ လုပ်နေတုန်းမှာပဲ အမေက အွန်လိုင်းတက်လာတယ်။ Gtalk မှာမကြားတကြားနဲ့ ဆန့်တငင်ငင် ကန်တော့လိုက်ရတယ်။

သီတင်းကျွတ်နဲ့ နီးနီးလေးတင်ချင်တာနဲ့ အားလုံးလည်းပြန်ရော ရိုက်ထားသမျှကို ညကအပြီး Edit လုပ်တာ။ ဒါမျိုးဆို ၀ိရိယသိပ်ကောင်းတယ်လေ :P... ပုံမှန်ဆို ကန်ဒီ့ Video တွေ ဘလော့မှာမတင်ဘူး။ မတင်တာကလည်း အရေမရ အဖတ်မရတွေ များနေလို့ ဟီး။ ဒီနေ့တော့ သီတင်းကျွတ်အမှတ်တရ တင်လိုက်တယ်နော်။ မဟုတ်က ဟုတ်က ပြောသမျှကို သည်းခံကြပါ။ ရုပ်ကလည်း စုတ်ပြတ်နေပါတယ် >.<



အပျိုကြီး လူပျိုကြီးများ မြန်မြန်စွံပါစေရှင့်... :P

9 comments:

ပန်းချီ said...

မြတ်သောနေ့မှာလုပ်ဖြစ်တဲ့ မြတ်သောကုသိုလ်များအတွက် သာဓုသုံးကြိမ်ခေါ်သွားပါတယ် ညီမလေးရေ..။

p.s. ဟေ့..အပျိုကြီး..အစွံထုတ်တော့လေ..း))

Anonymous said...

သာဓုပါရှင်..သာဓုပါ(သုံးကြိမ်ခေါ်ပါတယ်ကွယ်)
လိမ္မာလိုက်တဲ့ညီမလေး
မိဘကျေးဇူးသိတတ်ပြီး၊ထူးချွန်ထက်မြတ်တဲ့
သမီးကောင်းရတနာလေးဖြစ်ပါစေကွယ်
ညီမလေးကော ဘယ်တော့"စွံ"မှာလည်းဟင်း)

ဂျက်ဂျက်လိုပဲ အားဘွားးးးးးးးး နော်း))
ချစ်ခင်စွာနဲ့
သမီးစံ

ညီရဲ said...

လိမ္မာတဲ့ ညီမ ဖြစ်သူအတွက် အစ်ကိုက သာဓုခေါ်သွားပါတယ် ညီမတော်...

MGTHANT said...

သာဓု သာဓု သာဓု

သရေယိုစရာ မုန့်ဟင်းခါး :D

Really good video creating!!!

ချမ်းမင်းကို said...

သာဓုဗျာ...သာဓု ခုလိုကန်တော့၇ကျိုးကြောင့်.....................

jasmine(တောင်ကြီး) said...

သာဓုသုံးကြိမ်ခေါ်သွားပါတယ်
မုန့်ဟင်းခါး စားချင်ပါတယ်
ချစ်တဲ့ jasmine

ကိုကိုမောင်(ပန်းရနံ့) said...

ဘယ့်နှယ်..
သူ့ဟာသူ လူလိမ်မာလေးပီပီ ထိုင်ကန်တော့တဲ့ အကြောင်းလေးရေးတာ ဟုတ်ရဲ့သားနဲ့။ အောက်ဆုံး အကြောင်းမှာ ဆုတောင်းပေးဖြစ်အောင် ဆုတောင်း လိုက်ရသေးတယ်။း))

မစွံချင်လို့ မစွံဘဲ နေကြတာကို စွံပါစေတဲ့။း))

ခင်မင်လျှက်

နွေတေးရှင် (မင်းဧရာ) said...

အင်း...
သီတင်းကျွတ် ညလေးတည ဆို့တော့ လာသာလာရတယ်
ယုဇန သီချင်းဖွင့်ပြီး က ပြနေရင်တော့ အခက်ဘဲ လို့တွေးလာတာ ပုံကိုကြည့်ပါလားးး) မျက်နှာမြင် ရယ်ချင်ပါစေ ဆိုတဲ့ဆုနဲ့ ပြည့်နေတားး)။
အလကားစတာ ညီမလေးရေ.....။

သူကြီးမင်း ရှက်သွားပြီနဲ့တူတယ် လူပျိုကြီးတွေဖြစ်သွားပြီဆိုရင် အဲလိုဘဲး)
အကိုတော့ မပါဘူးးး)။

(မင်းဧရာ)

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

မြန်မာကိုလွမ်းတာအေ....
နာလဲဒီတသက်စွံတော့မယ်မထင်..
ဟိဟိ..လင့်လေးလာတိုတွားပါတီ...