ဒီနေ့တော့ ကန်ဒီ့ရဲ့ မတောက်တခေါက်အတတ်ပညာနဲ့ ဓာတ်ပုံရိုက်နည်း သင်တန်းပို့ချမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကန်ဒီလုပ်နေကြ ကိုယ့်ဟာကိုယ် ရိုက်နည်းနှင့် အိုက်တင်ပေးနည်းပါ။ ကန်ဒီ့ဘလော့လေးကို လာလည်နေကျ.. ကန်ဒီနဲ့လည်း ခင်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ဒီပိုစ့်လေးရေးဖို့ အကြံပေး တိုက်တွန်းထားတာကြောင့် ခုလိုလေးရေးဖြစ်တယ်ဆိုပါတော့။ ဒါလေးက ကန်ဒီသိသလောက် ပိစိညောက်တောက် (ညှောင့်တောင့် @_@) လေးပါ။ ဓာတ်ပုံဆရာတွေ မော်ဒယ်တွေ ဒီပိုစ့်ကို မမြင်ပါစေနဲ့လို့ လေးလေးနက်နက် ဆုတောင်းပါတယ် :P.. ဥပမာပြတဲ့ ပုံတွေကလည်း သိပ်မကောင်းပါဘူး.. ရှိတာလေးနဲ့ ဥပမာပြရလို့ သည်းခံကြပါရှင့်။
ပိုစ့်လေးနည်းနည်း ရှည်သွားတယ်။ ကျန်တာ စိတ်မ၀င်စားရင်တောင် အောက်ဆုံးနားက Help Me လေးတော့ ဖတ်ပေးနော်.. :D
ပိုစ့်လေးနည်းနည်း ရှည်သွားတယ်။ ကျန်တာ စိတ်မ၀င်စားရင်တောင် အောက်ဆုံးနားက Help Me လေးတော့ ဖတ်ပေးနော်.. :D
(၁) မိမိကိုယ် မိမိသိရှိခြင်း
ဘယ်သူမဆို ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းက လှပြီး ဘယ်လိုအနေအထားက ကြည့်ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ မသိဘူးဆိုရင် အရင်ဆုံးသိအောင် မှန်ထဲမှာ ကြည့်ကြည့်ပါ။ အဲ့ဒါသိမှ ဓာတ်ပုံလှလှတစ်ပုံ ရနိုင်မှာပါ။ ဥပမာအားဖြင့် ကန်ဒီ့ချို့ယွင်းချက်တွေ ချစ်လွန်းလို့ ထုတ်ဖော်ပြရရင် ကန်ဒီ့မျက်နှာမှာ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်း မျက်နှာအကျမတူဘူး။ ဘေးတိုက်ရိုက်ရင် မလှဘူး။ နောက်ပြီး "သွား"မလှဘူး။ အဲ့တော့ ဓာတ်ပုံလှလှရဖို့ဆို အဲ့ဒါတွေ ရှောင်ရိုက်ပါတယ်။ ကန်ဒီ့ဓာတ်ပုံထဲကပုံနဲ့ Video ထဲကပုံ မတူတာ ကန်ဒီ့Videoတွေ ကြည့်ဖူးတဲ့ သူတွေသိမှာပါ။ အပြင်ကပုံဆို ပိုတောင် မတူသေး.. :P
(၂) မျက်ဝန်းတစ်စုံရဲ့ အရေးပါပုံ
ကိုယ်လိုချင်တဲ့ ခံစားချက်ကို မျက်ဝန်းမှာ အမျိုးမျိုးဖော်ပြလို့ရတယ်။ ၀မ်းနည်းတဲ့ ပုံဖြစ်ချင်တာလား... ပျော်နေတဲ့ ပုံလိုချင်တာလား.. စိုးရွံ့နေတဲ့ပုံ ရချင်တာလား... အရာအားလုံးကို မျက်လုံးတစ်ခုတည်းနဲ့ ပြည့်စုံအောင် ဖော်ပြနိုင်ပါတယ်။ ပြုံးတဲ့ နေရာမှာ အသက်ဝင်ဖို့ အရမ်းအရေးကြီးပါတယ်။ မိမိအပြုံးဟာ မျက်လုံးမှာ ပေါ်ပါစေ။ (အလဲ့.. ဆရာကြီးလိုလို.. :P )
(၃) Camera angle
ဒါကတော့ အရေးပါဆုံးလို့ ပြောလို့ရတယ်။ ဘယ်သူမှ ဓာတ်ပုံ ရိုက်ရင် ကင်မရာကို တည့်တည့် (သို့) ဒေါင်လိုက် ကိုင်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ စောင်းချင်စောင်း လိုသလိုရိုက်နိုင်ပါတယ်။ ကိုယ်ဘယ်လိုအနေအထား (angle) နဲ့ အဆင်ပြေလဲသိရအောင် ကိုယ့်ဟာကိုယ် ဘယ်၊ ညာ၊ အပေါ်၊ အောက် ကင်မရာကို အမျိုးမျိုးရွေ့ပြီး ရိုက်ကြည့်ပါ။ တကယ်တော့ အပေါ်မှာပြောသလို ကိုယ့်ကိုကိုယ် ဘယ်ဖက်ကကြည့်ရင်လှလဲ ဆိုတာသိရင် ကိုယ့်ဟာကိုယ်လှအောင် ရိုက်တတ်ပါတယ်။ အပေါ်က ရိုက်ခြင်းက မျက်နှာကို နည်းနည်း ပိုသွယ်သွားစေပါတယ်။ အောက်ကပင့်ရိုက်တာက အဝေးကရိုက်မယ်ဆို အရပ်ရှည်သလို ဖြစ်သွားစေတယ်။ ကိုယ်တိုင်အနီးကပ် ရိုက်မယ်ဆိုရင်တော့ အောက်ကပင့်ရိုက်တာ သိပ်မလှတတ်ဘူး။
ဥပမာ.....

ပုံ(၂)မှာဆို အပေါ်ကရိုက်တာ.. မျက်နှာနည်းနည်း သွယ်သွားတယ်။

ဒီပုံမှာ ကန်ဒီလိုချင်တာက ကန်ဒီရယ် အရုပ်ရယ် ၂ခုပါချင်တယ်။ ပုံ(၁)နဲ့ (၂)ဆို ဘယ်ဟာပိုကြည့်ကောင်းပါသလဲ? ကန်ဒီကတော့ ပုံ(၂)ပိုကြည့်ကောင်းတယ်လို့ ထင်ပါတယ်။
ဒီပုံမှာဆိုလည်း တည့်တည့်ရိုက်တာနဲ့ စောင်းရိုက်တာရဲ့ ကွာခြားချက်လေး မြင်နိုင်မှာပါ။

တစုံတယောက်က ရိုက်ပေးမယ်ဆိုလို့ အိုက်တင်ထုတ်ရမယ်ဆိုရင် တည့်တည့်မတ်မတ်ကြီးထက် ကိုယ့်ဘေးမှာ space လေးရှိနေတာ... ခါးထောက်တာဖြစ်ဖြစ်... လက်ကိုတစ်ခုခုလုပ်ထားတာ ပိုအနေအထားကျစေတယ်လို့ ထင်တယ်။ နောက်ပြီး လက်ကို ကိုယ်နဲ့ ကပ်ထားတာက အမြင်မှာလက်မောင်းကို ပိုကြီးစေတယ်။ ကိုယ်နဲ့ခွာလိုက်တဲ့ အတွက် လက်မောင်းတံ သွယ်သွားပါတယ်။
ဥပမာတွေပြရရင်....
ဒီပုံမှာကြည့်ပါ။ လက်ကတန်းတန်းကြီးဆိုတော့ ပုံက တစ်မျိုးပဲ ရှင်းရှင်းကြီး.. ကြည့်မကောင်းဘူး။ ဆက်ပြီးတော့ ကျန်တဲ့ပုံတွေကို ကန်ဒီ ဒီပုံလိုတည့်တည့်ရပ်နေတဲ့ အနေအထားနဲ့ မြင်ကြည့်ကြည့်နော်...
ဒီပုံလေးကို ကြည့်ကြည့်ပါ။ ကန်ဒီ့ခန္ဓာကိုယ်ရယ်... အောက်က အပင်အနီလေးတွေရယ်... သစ်ကိုင်းရယ်က အပြိုင်သဘောဖြစ်နေတယ်။ အဲ့ဒါလည်း တမျိုးကြည့်ကောင်းစေတယ်။
ဒီပုံမှာဆိုလည်း ကန်ဒီခေါင်းစောင်းတဲ့ဘက်နဲ့ အစိမ်းရောင် အပင်တန်းကွေ့သွားတာနဲ့က အပြိုင်။ ကန်ဒီခေါင်းက တခြားတဖက်ကိုစောင်းတယ်ဆိုပြီး မြင်ကြည့်ပါ။ ကြည့်ရတာ ကန့်လန့်ကြီး ဖြစ်သွားမယ်။
ထိုင်တဲ့ pose မျိုးဆို ဒူးခေါင်းချိတ်ထားတာက ကိုယ့်ပေါင်တံကို ပိုသွယ်စေတယ်။ အထူးသဖြင့် ပေါင်တုတ်တဲ့ သူတွေအတွက်ပေါ့။ တကယ်တော့ ဒီပုံမှာ တမင်အိုက်တင်လုပ်တာ မဟုတ်ဘူး.. ကန်ဒီထိုင်ရင် အဲ့လိုပဲ ထိုင်တတ်လို့ ရှိတဲ့ပုံကို ယူပြီးယှဉ်ပြထားတာ :P .. မျက်နှာပြောင်နေတာလည်း သည်းခံကြပါ >.<
(၄) သဘာဝကျပါစေ
သဘာဝကျကျပြုံးပါ။ နောက်ပြီးသဘာဝကျတဲ့ ပုံတစ်ပုံရဖို့ ကင်မရာကိုချည်းကြည့်နေဖို့ မလိုပါဘူး။ ဒီပုံကposeတွေကို ယောက်ျားလေးတွေ သုံးချင်လည်း အဆင်ပြေမှာပါ။

ကိုယ့်ဘေးက တစ်စုံတစ်ခုကို ပေါ်လွင်စေချင်တဲ့အခါမျိုး.... အဲ့အခါမျိုးကြတော့ ကိုယ်က ကင်မရာရဲ့ သုံးပုံတစ်ပုံပဲ နေရာယူထားပြီး အဲ့နေရာကို ကြည့်နေတာတို့.. ကိုင်ထားတာတို့က သဘာဝကျပြီး ပိုပေါ်လွင်စေပါတယ်။
(၅) Group Photo
ကင်မရာနဲ့ အနီးဆုံးနေရာက ကြီးတယ်ဆိုတာ သိပါ။ Group photo ရိုက်တယ်ဆိုပါတော့။ ကိုယ်က အားလုံးထဲမှာ နည်နည်းဝနေရင် အနောက်နားမှာနေပါ။ ကိုယ့်အရပ်က အရမ်းရှည်နေရင် အရပ်ပုတဲ့သူနား သွားမရပ်ပါနဲ့။ ကိုယ်တိုင်ရိုက်တာနဲ့ သူများရိုက်ပေးတာရဲ့ ကွာခြားချက်က ကိုယ်တိုင်ရိုက်ရင် ကိုယ့်အတွက်အဆင်ပြေတဲ့ angle ရအောင် ကင်မရာကိုရွေ့လိုက်ရုံပဲ။ သူများရိုက်ပေးရင်ကျတော့ ကိုယ်က လိုက်ရွေ့ပေးရမယ်။
ဒီVideoလေးကြည့် ကြည့်ပါ။ ယောက်ျားလေးနဲ့ မိန်းကလေး Pose ပေးပုံလေးကို ခွဲပြထားတယ်။
ဒီလောက်ဆို ကျေနပ်ကြပါနော်... (ဒီ့ထက်လည်း မသိတော့လို့ :P :P )
Help Me!!!
ကြုံတုန်း ကန်ဒီ အကူအညီတောင်းချင်တာလေး တစ်ခုရှိပါတယ်။ ကန်ဒီ ကင်မရာအသစ်ဝယ်မလို့.. ဘယ်ဟာ ၀ယ်ရင်ကောင်းမလဲ သိနားလည်တဲ့ သူများရှိရင် အကြံပေးကြပါလို့။ ကန်ဒီကိုယ်တိုင်လည်း research လုပ်မှာပါ။ ခုကင်မရာက Sony.. လက်အရမ်း ငြိမ်ရတယ်။ နည်းနည်းလေး လှုပ်တာနဲ့ ၀ါးရော။ အဲ့ဒါကို မကြိုက်ဘူး။
လိုချင်တာမျိုးက....
ကန်ဒီက သွားလေရာ ကင်မရာယူတတ်တော့ အကြီးကြီးလည်း မလိုချင်ဘူး။ ဒါပေမယ့် Quality တော့ ခုဟာထက်ကောင်းတာ လိုချင်တာပေါ့နော် အသစ်ဝယ်ပြီ ဆိုမှတော့။ နောက်တစ်ချက်က ရိုက်ရင် ကန်ဒီ့ဟာကန်ဒီမြင်ရတဲ့ ဟာမျိုး။ Video လည်း ကောင်းကောင်းရိုက်လို့ရတာမျိုး။ ဟီးဟီး.. လိုချင်တာတွေက များနေပြီ.. :P ဈေးလည်း မသတ်မှတ်ရသေးဘူး.. ကိုယ်တိုင်လည်း research မလုပ်ရသေးပါဘူး။ သိနားလည်သူများရှိရင် ကူကြပါ.. ကယ်ကြပါ... အကြံပေးကြပါ.. :D
ပျော်ရွှင်ပါစေရှင့်... ^_~
23 comments:
camera အကြောင်းအိမ်မက်လဲ နားလည်ဘူးကွယ်..း)
ဓါတ်ပုံရိုက်နည်းလေးတွေသဘောကျတယ်..သိတယ်မလားကောင်မလေးတွေက ဓါတ်ပုံရိုက်ရရင် ထမင်းမေ့ ဟင်းမေ့လေ.. အိမ်မက်လဲ ဒီလိုပဲ ..
ကျေးဇူး ကန်န်ဒီရေ
ခင်တဲ့
အိမ်မက်
မမ..တားတာနဲ့ ဝ့တနာတူတယ်..ဒါဘဲ
ဟွန်း...တူတို.ကလှတာကိုး..
ရိုက်မှာပေါ.လို့...
အော်တန်ကကိုယ်ဖာတာတောင်..
မှန်မကြည့်ဝူး...တားစိတ်မယားစိတ်ကုန်လို့..
စိတ်နာတယ်...ညီမတော်ရင်ကောင်းမလား
စဉ်းစားနေတာ...
မတော်တော.၀ူး..တွား
တော်ပါပေတယ်...ဗျ
လေ့လာသွားတယ်
မနက်ဖြန် မဒမ်လွင်ပြင်ကိုခေါ်ပြီး
လက်တွေ့စမ်းရိုက်မယ် ခွီခွိ
ကျေးဇူးပါနော်
ကင်မရာ..အကြောင်းတော့ သိပ်မသိဘူး...ကန်ဒီပုံလေးတွေ ကြည့်ပြိးသဘောကျတယ်....ချစ်စရာလေးပဲ...:):)
ကန်ဒီရေ... မိန်းကလေးတွေက ကိုယ့်ကို ဓာတ်ပုံရိုက်ရင် ဘယ်လိုလေး နေရင် လှမလဲဆိုတာ မသင်ပေးဘဲနဲ့ကို တတ်တဲ့ အမျိုးနော်း)) အခုလိုလေး သေချာရှင်းပြတော့ ကောင်းတာပေါ့။ ကန်ဒီ အချိန်ရမယ်၊ အဆင်ပြေမယ်ဆိုရင် ဒါလေးလည်း ရေးပေးစေချင်တယ်။ ဓာတ်ပုံ ၂ ပုံကို ၁ ပုံတည်း ဖြစ်အောင် Photoshop နဲ့ လုပ်ရတာလား။
ချစ်ခင်စွာ
မရို့စ်
ညလေးရဲ့ပုံ လှလှလေးတွေကိုလာကြည့်
တာနော်...မအားနေတာနဲ့အရောက်
နောက်ကျတယ် နားလည်ခွင့်လွတ်ပါနော်
ချစ်တဲ့ jasmine
Hi, You are photogenic & cute. I'm also interested in photography. If you want to ask about it, please visit this blog Tun Tun Photogrsphy blog- http://www.royal-myanmar.com.
နည်းနည်း ဈေးကြီးတဲ့ ဟာ ဝယ်လိုက် သေချာပေါက် ကောင်းမှာ...ဟိဟိ..သိဘူးသိဘူး...
ညီမရေ...
ဓာတ်ပုံ ရိုက်နည်းလေးတွေ လေ့လာ သွားပါတယ်...
လုပ်ပြန်ပြီ......
ညကြရင်တော့ အိမ်မက် ဆိုးတွေမက်တော့မှာပဲ
ဇွတ်ရော အတင်းရော ပေါ ပြနေတာ
အားနာ ပါးနာ နဲ့ပဲ လှတယ်လို့ပြောခဲ့မယ်နော်းးး)
ခင်လို့စတာ ညီမလေးရေ...
ဓါတ်ပုံ ရိုက်တာ တော်သားပဲ
ကင်မရာ ဘယ်ဟာကောင်းသလဲတော့
အကို လည်း မသိဘူး လမ်းညွှန်ပေးရမယ်ဆိုရင်တော့
ကင်မရာ ရောင်းတဲ့ဆိုင်ကို သွားမေးလိုက်နော်းးးး)။
လှမှလှဘဲ။ ပုံလေးတွေ ချစ်စရာကောင်းတယ်။
ကင်မရာကတော့ နားလည်တဲ့ ဂျစ်တူး(မုံရွာ) ကိုသာ မေးရင် ပိုကောင်းမယ်။ သူက ဓါတ်ပုံဆရာကြီး။
သူကြီးမင်းကင်မရာကတော့ နီကွန် အော်တိုဖလက်ရှ်ဆိုရင် ပုံတွေ ငြိမ်ပေမဲ့၊ ဖလက်ရှ်ကို အော့်ဖ် လုပ်ထားရင်တော့ လက်ကို အတော်လေး ငြိမ်အောင် ထားရတယ်။ အထူးသဖြင့် ညရှုခင်းတွေ ရိုက်တဲ့အခါ ပို သတိထားရတယ်။
ခင်မင်လျှက်
ဓာတ်ပုံရိုက်ရင် ဘယ်လို အိုက်တင်ထုတ်ရမယ်ဆိုတာ သိသွားပြီ...။ :)
Link ချိတ်ထားလိုက်တယ်ညီမရေ..။
ဝါသနာကမသေးပါလား Candy လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ့်ညီမလို လှအောင် ဓါတ်ပုံဘယ်လိုရိုက်ရမလဲ သိသွားပြီ.း)
ဟိုတလောက အပြင်မှာတွေ့လိုက်သလိုပဲ..လူအုပ်ကြားထဲမှာမို့ အော်မခေါ်လိုက်မိဘူး..ကင်မရာဝယ်ချင်ရင် ကူညီပါရစေ..ကင်မရာဆိုင်ကိုလိုက်ပေးမယ်ပြောတာပါ..းD
ချစ်ချာလေး ..ဟိဟိ
ဒါဇူကို ပေါင်တုတ်တယ်လို့ ပြောချင်တဲ့သဘောပေါ့နော်...p.s.အချင်းချင်း၇န်တိုက်ပေးခြင်း :P
ကျွန်တော် နည်းနည်း အကြံပေးလို့ ရမလားဗျာ
ကင်မရာအကြောင်းတော့မသိဘူး ကန်ဒီရဲ့အကြောင်းတော့ သိခြင်တယ်
ကင်မရာလိုခြင်ရင်အကြံပေးပါ့မယ်
sony HDကင်မရာဆိုရင်မဆိုးဘူးထင်ပါတယ်အမ
လက်မငြိမ်လဲဝါးသွားမျိုးမရှိပါဘူး
တတိယမြောက်ပုံ၁နဲ့ပုံ၂ကတော်တော်လှတယ်နော် :):):)
အားလုံးလေ့လာသွားပြီ သူငယ်ချင်း
Post a Comment