Monday, October 31, 2011

Happy Halloween + Bye Bye for awhile...


ပျင်းရင်လျှောက်လုပ်တတ်ပါတယ်..

ဒါက Halloween အတွက်ပိုစ့်တစ်ခုခုတင်ဖို့ ရည်ရွယ်ပြီး လုပ်ထားတာပါ။ ဒါပေမယ့် တကယ့်နေ့ရောက်တော့ ဘာရေးရမလဲ မသိတော့ပါ။ ဒါကြောင့် ဘာမှမရေးတော့ပါ။ ဓာတ်ပုံလေးတွေပဲ အပင်ပန်းခံရကျိုးနပ်အောင် ရှုစားသွားကြပါ :P

ကြောက်အောင်လုပ်နေပါတယ်ဆို ရီနေသေးတယ် =.=

မျက်နှာကအပေါက်သည် Edit လုပ်ထားတာမဟုတ်ပါ။ မိတ်ကပ်ပါ။
မပီပြင်သော်လည်း ပီပြင်တယ်လို့သဘောထားပြီး ကြည့်ပေးပါ :P

ဝါးဟားဟားဟား... :P

ကန်ဒီ နိုဝင်ဘာလကုန်လောက်ထိ စာမေးပွဲရှိလို့ မအားတော့ဘူး။ သူငယ်ချင်းတွေရဲ့ ဘလော့တွေလည်း စုံအောင်လိုက်လည်နိုင်မှာ မဟုတ်တော့ဘူး။ ဘယ်မှလျှောက်သွားဖြစ်မှာ မဟုတ်တဲ့အတွက် လျှောက်လည်တဲ့ Diary ပိုစ့်တွေလည်း တင်ဖြစ်မှာ မဟုတ်ဘူး။ ရေးပြီးသား ပိုစ့်နှစ်ခုတော့ ရှိတယ်။ မိန်းကလေးတွေ အတွက်ပဲ... အဲ့ဒါလေးကိုတော့ ကြားထဲမှာ တင်ပေးမယ်နော်။ ကန်ဒီဘလော့ကို အရမ်းသံယောဇဉ်ကြီးပါတယ်။ ဒီနေရာက ကန်ဒီပြောချင်တာပြောနိုင်တဲ့ နေရာပါ။ ကန်ဒီ Facebook သိပ်မသုံးပါ။ Gtalk သိပ်မသုံးပါ။ Laptop ဖွင့်ထားရင် ဘလော့ဖွင့်ထားပါတယ်။ ဘလော့မှာ အမြဲရှိပါတယ်။ အခုတော့ ဒါတွေခဏရပ်ထားရတော့မယ်။

အားလုံးက ကန်ဒီ့ကို လွမ်းနေမှာလားဟင်... (သနားစရာမျက်နှာလေးနှင့် ပြောသည်)
အရမ်းဝမ်းနည်းတယ်.. :(

အားလုံးပဲ တာ့တာ... Mwah

19 comments:

Anonymous said...

:-( really? hmm. ......so sad :-(

ma hnin si

AH said...

see ya soon ..... Candy :). Try to concentrate more for exam and wish u all the best. Cheers !

အမှတ်တရ နေ့စွဲများ.... said...

ကျနော် နဲ့ အတူတူ မနှင်းဆီ လည်း ကန်ဒီ့ ကို စောင့်မျှော်နေမှာပါ .... စာကြိုးစားနော် လို့ မနှင်းဆီက ပြောခိုင်းနေတယ် ...

jasmine(တောင်ကြီး) said...

များကြောက်တယ်ကြည့်ရဲဘူးဆိုမှ
ဝါးဟားဟား ရယ်ရတယ်နော်
ကြောက်ဖို့လဲမကောင်းဘူး။
ချစ်တဲ့ jasmine
အာဘွား......................

MGTHANT said...

See ya back later.... Good luck for exam.

Anonymous said...

ကြည်ရင်းကြည့်ရင်း.
ကြောက်ဖို့မကောင်းပဲ
ရယ်..ရယ်ချင်လာလို့း))
ပို့စ်ပေးထားတာကတော့..ရှယ်ပဲအေးP
ကန်ဒီ့ကို..လွမ်းနေမှာပါအေ
မြန်မြန်ပြန်လာနော်း))
ချစ်ခင်စွာနဲ့
သာမီးစံ

မဒမ်ကိုး said...

ကလေးကြောက်အောင်မလုပ်နဲ့နော် သကြားလုံးလေး
ချွေးမတော်မလို့ချောင်းနေတာကိုး)

အိမ်မက်စေရာ said...

ကန်န်ဒီ တို့က ဒီလိလဲ ရတာပဲနော်...
လှတယ် လှတယ်..အဲ ဟုတ်ဖူးး) ကြောက်ဖို့ကောင်းတယ်ပြောတာ
ခင်တဲ့
အိမ်မက်

မြတ်ကြည် said...

bye bye :) see you in december.

rose said...

Good luck for your exam. Photo are cute :)) Will be missing you.

လွင်ပြင်လှိုင်းငယ် said...

အမလေး လန့်လိုက်တာ
သူငယ်ချင်း စိတ်ချမ်းသားအောင် ကြောက်ပေးတာ
ဟီး
ကြောက်စရာလဲမကောင်းဘူး
စာမေးပွဲပြီးရင် ကြင်ယာတော်
အဲ ဟုတ်ပါဘူး
မြန်မြန်စာပြန်ရေးနော် လို့

ဟန်ကြည် said...

ကြောက်ပဗျာ...လိပ်ပြာတောင် ခပ်လွင့်လွင့်ရယ်...ကလူ...ကလူ..

ညီရဲ said...

ငါ့ညီမကတော့ လုပ်ချလိုက်ပြန်ပြီ...
ထူးထူးဆန်းဆန်းလေးတွေကို...
စာမေးပွဲနီးပြီဆိုတော့ စာကြိုးစားနော်...
စာမေးပွဲပြီးမှ မုန့် ဝယ်ကျွေးမယ်...

KO2 said...

ကြောက်ဖို့ကောင်းဘူး .. ဟီးဟီးးး Miss သရဲ

Angelhlaing(May everybody be happy and healthy! said...

စားမေးပွဲချောမွေ့လွယ်ကူစွာ ဖြေဆိုနိုင်ပါစေ ကန်ဒီရေ...:):)

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

စာမေးပွဲတွက်ဆုတောင်းပေးတယ်နော်
ချစ်ညလေး...ချမ်းမြေးပါစေ..

လမင်းငယ် said...

ချိုချဉ်လေးရေ လာလည်သွားပါတယ်

ညိမ်းနိုင် said...

ညည်းအကိုကပြောသကွယ့်.....ညည်းဒီတစ်လလုံးအားဘူး
ဆိုတာကို..နောက်လထဲ ညည်းအကိုအမျိုးတွေဆီသွား
လည်မယ်ဆို...ပျော်စရာကြီးပဲအေ.....:)))
ဟယ်လိုအင်းပုံတွေက ကြောက်စရာမကောင်းပဲ ရီချင်စရာ
လေးတွေ......မိုက်ဒယ်....၊ဘယ်သူလွမ်းလွမ်း မလွမ်းလွမ်း
မနှင်းဆီကတော့လွမ်းနေမှာ.....:)))

8Yar said...

ဪ.. စာမေးပွဲရှိလို့ကိုး ဒါပေမယ့် စိတ်တော့မပူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Candy ကဉာဏ်ကောင်းတယ်လေ။ ဖြေနိုင်မှာပါ တရား နဲ့။ ဟီး :P ဒီရက်ပိုင်း စိတ်ရှုပ်နေပေမယ့် Post လေးဖတ်ပြီး နောက်ချင်လာလို့ နောက်လိုက်တာ အမှတ် တစ်ရာပြည့်ရပါစေဗျာ။