Sunday, October 2, 2011

OMG!! Exciting News!!!!

ကန်ဒီ အခု အရမ်း အရမ်း အရမ်းကို ပျော်နေပါတယ်.....
ဘာကြောင့်လို့ ထင်ပါသလဲ...
???
???
???
???
???

ပျော်နေတာက...........



မနေ့ကပဲ ကန်ဒီ့ဆီ ShweBeauty ဆိုတဲ့ မြန်မာ Beauty & Fashion ဆိုဒ်လေးက ပို့လိုက်တဲ့ မေးလ်တစ်ခုဝင်လာတယ်။ ကန်ဒီ့ကို သူတို့ဆီမှာ စာရေးဖို့ ဖိတ်ခေါ်လာတာပါ။ အဓိကကတော့ အလှအပနဲ့ ဖက်ရှင် အကြောင်းလေးတွေပေါ့နော်။ ကန်ဒီအရမ်းပျော်သွားတယ်။ ဆက်သိရတာက သူငယ်ချင်းမြတ်ကြည် (သနပ်ခါးမေ) က ကန်ဒီ့ဘလော့လေးနဲ့ မိတ်ဆက်ပေးလိုက်တာပါတဲ့။ အဲ့ဒီအတွက် မြတ်ကြည်ကိုလည်း ကျေးဇူးတင်တယ်။ ကန်ဒီလည်း ရေးပေးမယ်လို့ Reply လုပ်ထားပြီး သိပ်မကြာဘူး အဲဒီ့က Admin မရတနာက အကောင့်ရော ဘာရော လိုအပ်တာတွေ အကုန်လုပ်ပေးတယ်။ ဟိုတလောက ကန်ဒီတင်ထားတဲ့ လက်သည်းပုံဖော်နည်းလေးကို လိုအပ်တာပြင်ဆင်ပြီး ခုအဲ့ဒီဆိုဒ်မှာ တင်ထားပြီ... အဟိ :P

စိုးရိမ်တာက.........


အဲ့ဒီက အစ်မတွေရေးထားတာက Pro တွေလိုပဲ။ ကန်ဒီကောင်းကောင်းမရေးနိုင်မှာတော့ စိုးရိမ်တယ်။ ကန်ဒီရေးမှ ကလေးကလားဖြစ်နေမှာလည်း စိုးရိမ်တယ်။ ဒါပေမယ့်ကန်ဒီ ၀ါသနာပါတာလေးဆိုတော့ ကြိုးစားပြီးတော့ လုပ်မှာပါ... ^_^

ကန်ဒီ့ကို စာရေးဖို့ ဖိတ်ခေါ်တဲ့ ShweBeautyက မရတနာကိုလည်း ဒီနေရာလေးက ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင့်..^^

အင်း... ဘာရေးရင်ကောင်းမလဲ??

P.S>>> အပျော်လွန်ပြီး သိပ်ပေါသွားရင် သည်းခံပါ.... :P

20 comments:

ဇက်ဗီ said...

အောင်မြင်ပါစေ...ကြိုးစားပေါ့....ကန်ဒီက ပညာအရည်အချင်းပြည့်စုံ ပြီးသားပါ........

Anonymous said...

ဟဟ ဆိုဒ်ကတော့ သွားပီ..နင်ရေးမှာပေါ့ ဟိုကိစ္စ ဘယ်လိုလုပ်မလဲ..တိန်..ခင်လွန်းလို့ မမကိုစတာနော်
ကြိတ်မချိုးမဲ့..ပုံ..မောင်လေးတစ်ယောက်သောသူ

AH said...

အားလည်းပေးတယ်၊ ၀မ်းလည်းသာပါတယ် ခင်ဗျာ။ Congratulation !

နီသွေး said...

ချော လိုက်တဲ့ ညီမကွ..ဟဟဟဟဟဟ

TZH1985 said...

Keep it on... cheers

စံပယ်ချို said...

ညလေးရေ....Congratulation ပါပဲ
ဆက်လုပ်နော်...အားပေးတယ်
ညလေးကတော်ပြီးသားပါ.....
ချစ်တဲ့ ဂျက်

KMC@ချင်းလေး said...

Congratulation !ညီမလေးချိုချဉ်ရေ။
အရမ်းစိတ်လှုပ်ရှားစရာသတင်းကောင်းလေးပါ။
ချိုချဉ့်ပုံလေးမြင်ကတည်းကဘယ်လောက်ပျော်
နေမယ်ဆိုတာတွေးမိပါတယ်။ကြိုးစားပါညီမငယ်။
အားပေးနေပါတယ်...။

ဖြိုးမောင်မောင်(CTM) said...

တကယ်.............လား
ကြားရတာဝမ်းသာပါတယ်။
ဘိုလိုပြောရမှန်းမသိဘူး
တကယ်.....ဝမ်းသာတယ်
ကြိုးစားပါ....အားပေးနေမယ်
အလှအပဆိုတော့လှလှပပလေးတွေရေးမှာပေါ့နော်။

Angelhlaing(May everybody be happy and healthy! said...

ဂုဏ်ယူပါတယ် candy ရေ အောင်မြင်မှုတွေနဲ့ သရဖူဆောင်းနိုင်ပါစေလို့ ဆန္ဒပြုရင်း....

mabaydar said...

Congratulation sis.. wish u all the best.:)

Mrs. Bagel said...

ကန်ဒီ စိုးရိမ်နေတဲ့ ပုံလေးက ချစ်ဖို့ကောင်းတယ် :)

မဒမ်ကိုး said...

အရမ်းကို ချစ်စရာကောင်းတဲ့ဘလော့ဂါလေးပဲဟေ့း)

Anonymous said...

ပျော်စရာကြီးပေါ့ညီမရယ်း))
ဘာကျွေးမှာလဲပြော.. :P
ဂုဏ်ယူပါတယ်ညီမရေ
အောင်မြင်ပါစေကွယ်
ချစ်ခင်စွာဖြင့်
သမီးစံ

အိမ်မက်စေရာ said...

ဟေး Candy ကွ..ကြိုးစားနော်.. ဟိုဘက်မှာလဲရေး ဒီဘက်ဘလော့ဒ်မှာလဲ ပြန်တင်နော်
အားပေးလျှက်
အိမ်မက်

ညီရဲ said...

အားပါး... ငါ့ညီမက တယ်ဟုတ်ပါလား...
ညီမ ဖြစ်သူရဲ့ အောင်မြင်မှုအတွက် အစ်ကိုက မုဒိတာပွားပေးရမှာပေါ့...
ငါ့ညီမလေး ဒီထက်မက အောင်မြင်ပါစေလို့ အစ်ကိုက ဆုတောင်းပေးလိုက်ပါတယ်...

Anonymous said...

ထပ်တူထပ်မျှ ၀မ်းသာလှပါတယ်ဗျာ...
ဒီထက်မကလည်း ပေါနိုင်ပါစေးး)
မှားသွားလို့ ဒီထက်မက အောင်မြင်နိုင်ပါစေ။

my logic said...

အားပေးလျက်ပါ ကန်ဒီရေ ကြိုးစားနော်.... :)

သူကြီးမင်း (တုံးဖလား) said...

အပျော်လွန်လို့ ပေါတာတဲ့။

အပျော်မလွန်လဲ ပေါနေတာဘဲကို။

သည်းခံပါတယ်။ သည်းခံပါတယ်။း))

အားလုံးအဆင်ပြေအောင်မြင်ပါစေ။

ခင်မင်လျှက်

8Yar said...

တယ်ဟုတ်ပါလား Candy က။ ဂုဏ်ယူပါတယ်ဗျာ။ မုန့်လေးဘာလေးလည်းကျွေးအုံးလေ... :P

Candy said...

ဟီးဟီး.. အားပေးကြလို့ အားလုံးကို ကျေးဇူး အထူး အထူး အထူး အထူး အခါတစ်ရာ တစ်ထောင် တစ်သောင်း တင်ပါတယ်ရှင့်.... xD