Saturday, October 29, 2011

Photoshoot @ Henderson Wave Bridge


Photoshoot ဆိုလို့ တမျိုးမထင်ကြပါနဲ့။ ဖတ်ကောင်းအောင် ခေါင်းစဉ်တပ်ထားတာပါ :P .. ကန်ဒီ့ သူငယ်ချင်းတွေနဲ့ Henderson wave ကို မရောက်ဖူးလို့ သွားလည်ရင်း ဓာတ်ပုံရိုက်ထားတာလေးတွေပါ။ တကယ်တော့ အစီအစဉ်မရှိဘဲ သွားဖြစ်တာ။ အဲ့ဒီနေ့က အတန်းမရှိလို့ တနေကုန် ဟင်းချက်.. အ၀တ်လျှော်.. အိမ်အလုပ်တွေ လုပ်နေတာ ညနေ (၄)နာရီမှ ပြီးတယ်။ အားလုံးပြီးလို့ ရေချိုးပြီးရုံ ရှိသေးတယ်.. သူငယ်ချင်းက ဖုန်းခေါ်တယ်။ "နင် အားလား.. " တဲ့။ ဘာလို့လဲဆိုတော့ Henderson wave သွားရအောင်တဲ့။ ဒါမျိုးဆို သိပ်တက်ကြွတဲ့ ကန်ဒီက သွားမယ်လို့ ပြောတော့.. သူတို့က (၅)နာရီခွဲ Red Hill အရောက်တဲ့။ ခုပဲ (၄)နာရီခွဲကျော်နေပြီကို။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကန်ဒီ့ အိမ်နဲ့က Red Hill နဲ့ နီးနီးလေး ဟီး... :P

ဒါက တံတားအစ...

ကန်ဒီထင်ထားတဲ့ Henderson wave ဆိုတာက တောကြီးလိုမျိုးပေါ့နော်... အဝေးကြီးသွားရမယ်ပေါ့။ တောကြီးထဲမှာ တံတားအရှည်ကြီးရှိတာပေါ့.. အဲ့လိုထင်တာ။ တက်တက်စင်အောင် (စာလုံးမပေါင်းတတ်ပါ) လွဲတာပဲ။ ကားလမ်းမကြီးကို ဖြတ်ပြီး တံတားဆောက်ထားတာ။ အပေါ်ကကြည့်တော့ တမျိုးလှတယ် ^_^

တံတားအောက်မှာ ကားတွေသွားနေတာ....

ကန်ဒီ့သူငယ်ချင်းတွေက ဓာတ်ပုံရိုက်တာ ၀ါသနာပါကြတယ်လေ။ ကန်ဒီက ဓာတ်ပုံရိုက်တာရော အရိုက်ခံရတာရော ၀ါသနာပါတယ်။ သူတို့နဲ့ သွားရင်တော့ ကိုယ့်ဟာကိုယ် မရိုက်ဘူး။ သူတို့ရိုက်တာပဲ ခံတယ်။ သူတို့ Camera တွေက ပိုကောင်းတာကိုး.. ဟိဟိ :D

ဒီလမ်းမကြီးရဲ့ဘေး ~~~~ (၀ိုင်းစု သီချင်း :P)

ဟိုး... အဝေးကြီးမှာပေါ့...

ကောင်းကင်ပြာပြာကြီး အောက်မှာလေ..

ဒီလိုလည်း ကုတ်ကတ်တက် တတ်ပါတယ်...

ဓာတ်ပုံရိုက်ရမယ်ဆို ညစာပေါင်မုန့်နဲ့လည်း ပြီးတယ်လေ.. :P

ဟိုတလောကပဲ ၀ိုင်းစုခိုင်သိန်းရဲ့ "မျက်လှည့်"ဆိုတဲ့ Album အသစ်ထွက်တယ်နော်။ သီချင်းအားလုံးနီးပါး ကောင်းတယ်။ ဒီလင့်ခ်မှာနှိပ်ပြီး သွားဒေါင်းနိုင်ပါတယ် :D "မျက်လှည့်"ဆိုတဲ့ သီချင်းထဲမှာ ကန်ဒီ့နာမည်တောင်ပါသေးတယ် :P ။ အဲ့ဒီ Album ထဲက "ဆည်းလည်းသံ" ဆိုတဲ့ သီချင်းလေးနဲ့ အဲ့နေ့က Photo တွေရယ်.. နောက် သီချင်းနဲ့ လိုက်ဖက်အောင် တခြား Photo နည်းနည်းရယ်.. ပေါင်းပြီး Video လုပ်ထားတယ်။ သီချင်းကရှည်တော့ (၄မိနစ်ကျော်ကျော်) ဓာတ်ပုံတွေ အတင်းထည့်.... အမြင်ကတ်လောက်အောင်ထည့်မိပါတယ်။ သည်းခံကြပါ.. ဒါတောင် ထပ်နေသေးတယ် :P

ကဲ.. အသင့်ဖြစ်ပြီဆို သက်တောင့် သက်သာထိုင်.. တစ်ခုခုကို မှီ.. ပြီးရင် Play Button ကို နှိပ်လိုက်တော့... (မျက်စိမှိတ်ချင် မှိတ်ထားနိုင်ပါတယ်။ သီချင်းလေးကိုသာ အပြည့်အ၀ခံစားနော်... အားလုံးကို Weekend မှာ Relax ဖြစ်စေချင်လို့ :D )



Credit
Photo - AK & WLA
Camera - Canon EOS 550D & Canon EOS 60D

21 comments:

ဖြိုးမောင်မောင်(CTM) said...

:-)

မောင်မောင်(မြစ်ဆုံ) said...

ကဲ.. အသင့်ဖြစ်ပြီဆို သက်တောင့် သက်သာထိုင်.. တစ်ခုခုကို မှီ.. ပြီးရင် Play Button ကို နှိပ်လိုက်တော့... (မျက်စိမှိတ်ချင် မှိတ်ထားနိုင်ပါတယ်။ သီချင်းလေးကိုသာ အပြည့်အ၀ခံစားနော်... အားလုံးကို Weekend မှာ Relax ဖြစ်စေချင်လို့ :D )

အဲ.စာသားလေးကိုတော. အကြိုက်ဆုံးဘဲ။ ပုံတွေလည်း မိုက်တယ်နော်။

jasmine(တောင်ကြီး) said...

မောင်မောင်ပြောတဲ့အတိုင်းပါပဲ
ဓါတ်ပုံလေးတွေကြည့်ရတာစိတ်ချမ်းမြေ့ရပါတယ်

MGTHANT said...

အဲဒီနေရာတော့ မရောက်ဖူးသေးဘူး... ဓါတ်ပုံတွေ မထပ်အောင် ပြန်လုပ်ပေး.. ဟီးဟီး... Good Job Nice Photo slide video.. Cheers :P

Anonymous said...

စိတ်မဆိုးရင် ပြောချင်တယ်...
အဲဒီသီချင်းရဲ့ အလိုက်က I can hear the bells [from 'Hairspray' movie]
သီချင်းရဲ့ ခြေဆင်းကတည်းက သိသာတာ...
-m

QuuTe said...

ကိုယ်လဲ အပြင်သွားရင် ဖိနပ်စီးဖို့သာမေ့ရင်မေ့မယ် ကင်မရာတော့ပါအောင်သယ်တယ် :P

Anonymous said...

လှလိုက်ထှာကွယ်..း)
(အကုန်လုံးကိုသိမ်းကြုံးပြီးပြောလိုက်တား)
ဝိုင်းစု.သီချင်းတွေ.အစ်မလည်းကြိုက်တယ်ကွယ့်
သက်တောင့်သက်သာထိုင်..တစ်ခုခုကိုမှီပြီး
play button ကိုနှိပ်ဖို့နေနေသာသာ
ဘာမှကိုမမြင်ရလို့.slide show
လေးကိုမကြည့်လိုက်ရဘူးကန်ဒီရယ်
ဆိုးလိုက်တဲ့ကံး(
ဒါပေမယ့်..ကန်ဒီ့ပုံတွေမြင်ပြီး
relax တော့ဖြစ်သွားပါတယ်ရှင်းP
ချစ်ခင်စွာဖြင့်
သာမိစံ

ချယ်ရီမြေ said...

ကန်ဒီရေ... အဲလိုအမြဲတမ်းပျော်ရွင်စွာ နေနိုင်ပါစေကွယ်..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

camomilla said...

ဟိုး....ခပ်ဝေးဝေးက ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာပေါ့
လှပတဲ့ အစိမ်းရောင်နတ်သမီးလေးတစ်ပါး.....

မြတ်ကြည် said...

super super like :D

ခွန်မောင်ပန် said...

နာလည်း စာပြန်ရေးရတော့မယ် :)
တစ်ခြားအလုပ်လုပ်ရင် စာရေးရတာ မကောင်းလို့ ကွန်ပျူတာ ဆိုင်မှာ အလုပ်ဝင်တော့မယ် :P ကိန်သီ(ထိုင်းဘာသာဖြင့် ကိန်ဆိုသည်မှာ တော်သည် ဟုဆို၏ သီဖြင့် သည်ကို အတိုရေးသည် ။ ။း)တို့ကတော့များ စာတွေတင်လိုက်တာ မနာလိုတောင်ဖြစ်တယ် နာတော့ စီပုံးမှာ အော်မရလို့ ဒီနေရာ လာအော်ရတဲ့ ဘဝ :)
အရာရာအဆင်ပြေပါစေဗျာ ။
ခွန်မောင်ပန်

ချမ်းမင်းကို (ပဥာက်) said...

အမ်း..ဘာပြော၇င်ကောင်းမလည်း..ဆိုတော့..

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

တူပြောတလိုပဲ...ဘာပြောရရင်ကောင်းမလဲချိုတော.
...ပြောချာမချိတော.ပါဝူးလေ....ဟင်.တူတို.ကလှတာကိုး...
ချမ်းမြေ.ပါစေ..ချစ်ညလေးယေ..

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေက မိုက်ပါတယ်

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေက မိုက်ပါတယ်

KO2 said...

ချောဒယ် လှဒယ် ကန်ဒီရယ်

ညိမ်းနိုင် said...

ရောက်စ်..........:))) ဟမ်ဒါစန်ဝေ့ဆိုတာ...ဘာမှဟုတ်ဘူး.....:))
ပုံ/ဒီနေ့ အန်တီတင့်အိမ်မှာတွေ့ခဲ့တဲ့ ဘကြီး.....

ဟန်ကြည် said...

အိမ်း ဒီလောက်အရိုက်ခံချင်တဲ့ ငပေါမလေးတော့ တွေ့မှကို မှတ်လောက်သားလောက်အောင်ရိုက်ပေးရမယ်...head shot ချည်း အချက်သုံးဆယ်လောက်...

သူ့ပုံတွေကြည့်မိမှပဲ ငယ်ငယ်က အဲဒီလို ပေါက်ပေါက်မြောက်မြောက် မပေါခဲ့ရဘဲ အသက်ကြီးလာတဲ့ ကိုယ့်ကိုယ်ကို သနားမိသွားတော့ရဲ့...ကျွတ်စ်ကျွတ်စ်( ဘိုသံလေးပေါက်အောင်...)

ပြန်မှ ပေါဓာတ်တွေ ကူးကုန်ပြီ...

လမင်းငယ် said...

လာသွားပြီးကြည့်သွားပါတယ်

ညီရဲ said...

ဟင်းးးး ပဲကတော့ အပြည့်ဘဲဟေ့... ငါ့ညီမကတော့...

မြတ်မွန် said...

လှလိုက်တာ..