ပြီးပါပြီ... အခြေအနေမကောင်းပါ။ တောင်းတာလည်း မပေးပါ။ ရီးးး (ငိုသံ)
ကြောင်တောင်တောင်ဖြစ်သွားပြီလား?? :P
ကြောင်တောင်တောင်ဖြစ်သွားပြီလား?? :P
ကန်ဒီ presentation ရှိတယ်လို့ ဟိုတလောက ပြောဖူးတယ်နော်... တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး.. နှစ်ခုမို့လို့ ခုမှပေါင်းရေးတာ။
ပထမတစ်ခုတုန်းကတော့ presentationက အဆင်ပြေတယ်။ အဆင်မပြေတာက ဖိနပ်။ ကန်ဒီက ဖိနပ်ဆို အမြင့်စီးနိုင်တယ်။ မစီးနိုင်တာက ဖိနပ်ထိပ်က ပိတ်နေတဲ့ ဟာမျိုး (အထူးသဖြင့် Formal)။ စီးရင်လည်း ခဏပဲရတယ်။ အဲ့ဒါကြောင့် ၀ယ်လည်း မ၀ယ်ဘူး။ ထုံးစံအတိုင်း ကန်ဒီ့ညီမဟာပဲ ၀တ်သွားတာပေါ့ (Part time ပိုစ့်မှာတုန်းက ဒုက္ခပေးတဲ့ ဖိနပ်လေ)။ ခုလည်း ဒုက္ခထပ်ပေးတယ်။ နောက်ဆုံးမ၀တ်နိုင်တော့လို့ သူငယ်ချင်းဖိနပ်ဝတ်ပြီး ပြောရတယ် :(

ခုသန္ဓေတားဆေးအသစ်တမျိုးကို စမ်းသပ်နေပြီလေ။ အဲ့ဒီဆေးက သန္ဓေတားတဲ့အပြင် လိင်မှတဆင့်ကူးစက်စေတဲ့ ရောဂါပိုးတွေ(HIV အပါအ၀င်) ကာကွယ်နိုင်တယ်။ ကန်ဒီတို့ လုပ်ရမှာက ဒီဆေးအကြောင်း research ဆက်လုပ်နိုင်ဖို့ ရင်းနှီးမြှပ်နှံချင်တဲ့ သူတွေဆီက ပိုက်ဆံတောင်းရမှာပေါ့။ အဲ့ဒါ ပိုက်ဆံတောင်းတာ မပေးဘူးလေ... >.<
သူမပေးချင်တဲ့ အကြောင်းပြချက်က ဟုတ်လည်း ဟုတ်တယ်.. ရီလည်း ရီရတယ်။ အတိုချုပ်ပြောရရင်... ကန်ဒီတို့အခုလုပ်တဲ့ ဆေးအသစ်က မိန်းကလေးမှာ သုံးရတယ်။ ဒါကြောင့် ကွန်ဒုံးလို ဆက်ဆံနေစဉ်ကာလအတွင်းမှာ အနှောင့်အယှက်မဖြစ်စေဘူး။ မဆက်ဆံခင်တော့ အရင်ဆေးကြိုထည့်ရမှာပေါ့နော်။ အဲ့ဒါကို သူကမကြိုက်ဘူးဖြစ်နေတယ်။ သူပြောတာက ဒီလိုကိစ္စတွေက ကြိုသိနိုင်တာ မဟုတ်ဘူးတဲ့။ မရည်ရွယ်ထားလည်း ဖြစ်တာပဲတဲ့။ အဲ့ဒါကတစ်ခု... နောက်ပြီး ဆေးက ခုမှ လူမှာစမ်းမှာဆိုတော့ ရနိုင်မရနိုင်မသေချာလို့ invest မလုပ်ပါဘူးတဲ့... နေပေါ့.. မပေးလဲ... :P :P
နောက်တစ်ယောက်ကတော့ ဒီTechnology ကိုကြိုက်လို့ 5millionနဲ့ ၀ယ်ချင်တယ်တဲ့။ ဒီလိုတော့ ဘယ်ရမလဲ.. ဟွန်း.. ဒါက ဖြစ်နိုင်ချေရှိတဲ့ဟာပဲ.. ခုချိန်ရောင်းရင် အမြတ်နည်းနည်းပဲရမှာပေါ့... ဒါနဲ့ မရောင်းဘူးပြောလိုက်တယ်။ (မသိရင် ကန်ဒီတို့ပဲ တကယ်ပိုင်နေသလိုလို :P) ကိုယ်လုပ်နိုင်သလောက် သေချာလုပ်ပြီးပြီပဲ။ မရလည်း စိတ်မကောင်းမဖြစ်ပါဘူး။ တခြား group တွေလည်း မရဘူးကြားတယ်။

ဒီနေ့မှ မိုးတွေကလည်း သည်းလိုက်တာ။ ပွဲမ၀င်ခင် ကန်ဒီတို့ Practice အရင်လုပ်ပြီး ထမင်းစားဖို့ canteen သွားတာ ဘောင်းဘီလည်း ရွှဲသွားတယ်။ လူလည်း ကြွတ်စုတ်ဖြစ်သွားတယ်။

အဲ့ဒီဆိုင်က အစ်မက သဘောအရမ်းကောင်းတာ။ ဟင်းတွေဆို အများကြီးထည့် ထည့်ပေးတယ်။ တကယ်တော့ စလုံးကန်ဇွန်းရွက်ကြော် စားကြည့်မလို့ အဲ့ဆိုင်မှာ သွားရှာတာ။ မရှိဘူး။ (ကန်ဇွန်းရွက်က အိမ်မှာ ကြော်နေကြဆိုတော့ ဆိုင်မှဆို ၀ယ်မစားဖြစ်ဘူး... ငပိနဲ့ကြော်တာတဲ့ ကောင်းတယ်စားကြည့်ဆိုလို့) အဲ့ဒါနဲ့ ရှိတာနဲ့ပဲ စားတာပေါ့ :)
ဒီနေ့တော့ ဟိုဖိနပ်မစီးတော့ဘူး... မှတ်သွားပြီ။ ကိုယ်စီးနိုင်တာပဲ စီးသွားတယ်။ (ထိပ်ဆုံးပုံမှာ ကြည့်နိုင်သည် :P)
ပျော်ရွှင်ပါစေ... ^_^
16 comments:
ညလေးကဘာဖိနပ်စီးစီးလှပါတယ်
ချစ်တဲ့ jasmine
ညလေးရေ..လုပ်ပါဦး..(ဗိုက်ဝသွားလို့ခေါင်းလေးရမ်းနေတဲ့ပုံလေး) အရမ်းဖလမ်းဖလမ်းထလို့ပါ:D လတ်စသတ်တော့စပွန်ဆာလိုက်ရှာနေတာကိုး (researchဆက်လုပ်နိုင်ဖို့အတွက်နော်):P:P:P
ဝါး(Bamboo) စားချင်တာဆိုတော့ ဘာလေးလဲ မသိဘူး။ ပြီးတော့ ကန်ဇွန်းရွက်တဲ့။း))
ခင်မင်လျှက်
ငါ့ညီမ အပေါ်ဆုံးပုံက ရှင်းပြနေတာလား...
ကပြနေတာလား...
ဟင်း... မသိလို့ မေးတာနော်...
စိတ်မဆိုးနဲ့ ...
ဟားဟား.. ဒါကတကယ်လုပ်နေတာ ဟုတ်ဘူးလေ.. ဓာတ်ပုံရိုက်ဖို့ အိုက်တင်လုပ်တာလေ... ဒီအစ်ကိုနဲ့တော့ ခက်တယ်.. >.<
လာလည်သွားပါတယ် ခင်ဗျာ
လာရောက်အားပေးသွားပါ၏
လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး
Candy က ချစ်စရာလေး....:)
ဟောဗျာ။ ဒါဆို $ မရဘူးပေါ့။ အို.... ဘယ်သူပေးပေး မပေးပေး သူငယ်ချင်း အချင်းချင်း ကျွန်တော်ပေးမယ်။ ရော့ယူသွား 1 cent ။ :P ပိုက်ဆံပေးတဲ့သူကို ရန်လုပ်ရဘူးနော်။ :) ဒါပဲ ဘိုင်...
[m;[m;[m;ဟားဟားဟားဟား..အမလေးလေး..အားလုံးတော့
ယါးမစားပါနဲ့ ညီမ၇ဲ့..အဒီပုံမိုက်တယ်..ဟားဟားဟား
ဒီဆရာမလက်ထဲ လူနာရောက်လို့ ကတော့ တေဘီဆရာပဲ ဖလမ်းဖလမ်းထနေတာကိုး..ဒေါက်တာတက်တလောင်းဆိုတာနင်ပဲနေမှာ..““ဟဟဟ ကုတင်ပေါ်တက်လိုက် တလောင်း တဲ့..ဟိဟိ မမဆရာမနော်
အမလေး......
ဝါးစားမယ်ဆိုပါလား
မရက်စက်ပါနဲ့တော်
အပျိုကြီးလုပ်လို့တောင်မ၀သေးဘူးး)
ဓာတ်ပုံလေးတွေ အားလုံးချစ်ဖို့ကောင်းတယ်။ Presentation လည်း အဆင်ပြေပါစေရှင်း))
ရောက်ခဲ့တယ်ဗျာ....
အလုပ်အကိုင်လေးတွေ မြန်မြန်အဆင်ပြေပါစေ
ဝါးအစားခံရမှာကြောက်လို့ပါးး)။
ငပေါမလေးတို့ ပရောဂျက်ကလည်း တစ်မျိုးကြီးပါလား...တစ်ချက်ခုတ် သုံးချက်ပြတ်မယ့် အစီအစဉ်ပဲ...ဘာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်နေရင် အောင်မြင်မှာပါလေ...၀ါးစားစရာလည်း မလိုတော့ဘူးပေါ့..(ရေလေးနဲ့ မျှောချလိုက်ရုံပဲးးး)))
ကန်ဒီရေ.. ကျန်းခန့်သာလို့ မာပါစ။ presentation အကြောင်းဖတ်သွားပါတယ်.. အဲဒီလိုပဲ ဘ၀မှာ အမြဲတမ်းပြုံပျော်ရွင်နိုင်စေလို့ ဆုတောင်းပေးပါတယ်....
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
Post a Comment