Monday, October 24, 2011

Sunday Shopping+++


တကယ်တော့ Shopping ထွက်တဲ့အကြောင်းရေးချင်တာထက် ရန်ကုန်ပြန်ချင်တာကို ရေးချင်တာ။ ကန်ဒီ့ညီမ နောက်အပတ်ထဲမှာ ရန်ကုန်ပြန်မှာလေ.. ၁၀ရက်ကျော်ကျော်လောက်ကြာမှာ။ ကန်ဒီလည်း ပြန်ချင်တာပေါ့။ ရန်ကုန်မပြန်ပဲနေတာ ခုဆို တစ်နှစ်တောင် ပြည့်တော့မယ်။ ကန်ဒီ့သူငယ်ချင်းတွေဆို Term တစ်ခုပြီးရင် တစ်ခါပြန်တာ။ ကန်ဒီ့အမေက ခဏခဏပြန်မလာနဲ့တဲ့။ အဲ့ဒါကြောင့် သမီးလိမ္မာလေးလုပ်ပြီး မပြန်တာ တော်တော်ကြာပြီ။ ခုညီမပြန်မယ်ဆိုတော့ ကန်ဒီလည်း ပြန်ချင်တာပေါ့။ ဒီတခေါက် Term break က တစ်ပတ်ပဲဆိုတော့ ဒီTerm ပြီးလည်း ပြန်ဖြစ်မှာ မဟုတ်ဘူး။ ရန်ကုန်ပြန်လည်း မတန်ဘူး။ ကန်ဒီက နေမယ်ဆို အနည်းဆုံး ၂ပတ်လောက်တော့ နေချင်တာ။ ကန်ဒီ့ညီမပြန်ရင် ပြင်ဦးလွင်သွားကြမယ်ဆိုပြီး စီစဉ်နေကြတယ်။ တော်ပြီ... ဆက်မပြောတော့ဘူး။ ပြောရင်းဝမ်းနည်းလာလို့.. :(

ထုံးစံအတိုင်း ကားစောင့်နေခြင်း.. (ကားလွတ်သွားလို့ ပေကပ်ကပ်ရုပ်နှင့်.. )

ရောက်ပြီ... :D

Shopping ထွက်ဖြစ်တဲ့ အကြောင်းက တခြားမဟုတ်ဘူး။ သူပြန်မယ်ဆိုတော့ ရန်ကုန်က မှာတာတွေ.. ထည့်ပေးချင်တာတွေ Vivo City မှာသွားဝယ်တာ။ တစ်ယောက်ထဲ သွားတာ။ ကန်ဒီ Shopping ထွက်ရင် တစ်ယောက်တည်း သွားဖြစ်တာများတယ်။ တစ်ယောက်တည်း သွားတော့ သူများကို စောင့်စရာမလိုဘူး။ ကိုယ့်ကြိုက်တဲ့ဆိုင်မှာ ကြိုက်သလောက် ထိုင်ရွေးနေလို့ရတယ်။ သိပ်မရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အစ်မက Charles & Keith ကအိတ်မှာတာ.. အဓိက က အဲ့ဒါသွားကြည့်တာ။ သူက ဈေးကို S$ 50 ၀န်းကျင်သတ်မှတ်ထားသေးတယ်။ အဲ့ဒါခက်တာပဲ။ C & K က အိတ်သေးသေးလေးတောင် S$ 50 ရှိတယ်။ သူ့အစ်မက အသက် (၃၀)လောက်.. နောက်ပြီး ရုံးကိုင်ဖို့ ကြီးတာလိုချင်တာတဲ့။ ကြီးတာဆို အနည်းဆုံး S$ 70 ပဲ။ ဒါပေမယ့် ရှိလိုရှိငြား သွားကြည့်ရတာပေါ့။ မရှိပါဘူး.. ထင်တဲ့အတိုင်းပဲ။ အဲ့ဒါ မ၀ယ်ခဲ့ရဘူး.. တကယ်လို့ ပြန်မေးပြီးလို့ လိုချင်တယ်ဆိုရင် ထပ်သွားဝယ်ပေးရဦးမယ်။ ထပ်သွားပေးရတာ ကိစ္စမရှိဘူး။ နောက်တခါသွားရင် ကန်ဒီ့စိတ်တွေ မထိန်းနိုင်မှာပဲ စိုးရိမ်တာ။ ကန်ဒီက C & K ဆို မရဘူး.. လိုချင်တာက များများရယ် အဟိ :P

အမေ့အတွက်က Lipliner ထည့်ပေးမယ်။ နောက်တိုလီမုတ်ဆ ဈေးမကြီးတာတွေ ထည့်ပေးမယ်။ ဈေးကြီးတာလည်း ထည့်ပေးလို့ဖြစ်ဘူး။ ကိုယ့်ပိုက်ဆံမှ မဟုတ်တာ.. ဟီး။ အမေ့ပိုက်ဆံနဲ့ အမေ့ကို မျက်နှာပြန်လုပ်တာဆိုတော့ ဈေးကြီးတာ ၀ယ်ပေးရင် မျက်နှာမရတဲ့အပြင် ပြန်တောင်အဆူခံရနိုင်တယ်။ ချစ်သူတွက်က ခေါင်းလိမ်းတဲ့ Gel ထည့်ပေးမယ်။ မောင်လေး(၀မ်းကွဲ)တွက်က ဘာထည့်ပေးရမလဲ မသိဘူး။ သူ့ကိုက ကလေးလိုပဲ မြင်နေတာ။ ခုဆို ကန်ဒီ့ထက်တောင် အရပ်မြင့်နေလောက်ပြီ။ ဘာပေးရမှန်း မသိလို့ ဘာမှမ၀ယ်ခဲ့ရဘူး။

ဖုန်းထည့်ဖို့အိတ်နဲ့ ကတ်ထည့်ဖို့အိတ်^^

အဲ့ဒီအနီရောင် ငါးနှစ်ကောင်လက်စွပ်လေး အရမ်းကြိုက်တယ်... :D

ကန်ဒီက တစ်ခုခုဝယ်စရာ မရှိရင် Shopping မထွက်တတ်ဘူး။ ထွက်မိရင် ကုန်တာပဲ ဟီး.. :P ။ ကိုယ့်အကြောင်း ကိုယ်သိတယ်လေ။ ခုလည်း သူများတွက်က နည်းနည်း ကိုယ့်တွက် များများဝယ်ပြီး ပြန်လာတာ။ Forever 21 က လက်စွပ်တွေ လှလို့ ၀ယ်ခဲ့တယ်။ ကန်ဒီက လက် မလှတော့ လက်စွပ် ကြိုက်တယ်။ ရှုပ်သွားပြီလား ဟီးဟီး။ သဘောက ကိုယ့်ရဲ့ မလှတဲ့ အစိတ်အပိုင်းမှာ တစ်ခုခုသိသာပြီးလှတာတင်ထားရင် အဲ့ဒီဟာကိုပဲ သူများက အာရုံရောက်တတ်တယ်။ အဲ့တော့ ကိုယ့်မလှတဲ့ အစိတ်အပိုင်းကို သူတို့သတိမထားမိတော့ဘူး။ မမတို့ ညီမလေးတို့ မှတ်ထားနော်။ ကန်ဒီ့ဗျူဟာတွေ.. ဟားဟား LOL xD

Mini Toons မှာ ကန်ဒီ့ စီဘောက်ကမျောက်ရုပ်လို အရုပ်လေးတွေ တွေ့ခဲ့သေးတယ်။ အရမ်းလိုချင်တာပဲ။ ကိုယ့်ဟာကိုယ် ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဟဲဟဲ.. :P

အရုပ်ရိုက်ချင်ပါတယ်ဆို.. ရှေ့မှာလာကွယ်နေကြတယ် >.<

အားလုံးလည်း ပျော်စရာတနင်္ဂနွေလေး ပိုင်ဆိုင်ပါစေလို့.. :D

16 comments:

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ဟိဟိ..အားကျတာ
တွားတတ်ဝူးရယ်..ရှော့ပင်းတွေဘာတွေ
အော်တန်ကလေ..ကန်ဒီလေးတို.လိုလှမှမလှတာ
အိမ်မှာနေရတာပိုကြိုက်တယ်...တူညားဝယ်ပေးတာတွေဝတ်တယ်...အရေးအသားလေးကစိတ်ဝင်စားစရာ..
အာဘွားညလေး..အားပေးနေမယ်

jasmine(တောင်ကြီး) said...

ကိုယ်လုပ်ချင်တာလုပ်ရရင်ပျော်တာ
သဘာဝကျပါတ်ာညလေးရေ
တစ်ယောက်ထဲဆိုတော့လွတ်လပ်စွာ
သွားချင်သလိုသွားလို့ရတာပေါ့
ပုံလေးတွေကိုသဘောကျမိတယ်
ချစ်တဲ့ မဂျက်

mstint said...

ပျော်ရွှယ်ဖွယ် တနင်္ဂနွေလေးပေါ့ ချိုချဉ်လေးရေ။
တီတင့်တော့ အိမ်ပြောင်းတာနဲ့ အလုပ်ရှုပ်နေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ရန်ကုန်ပြန်ချင်တယ်ဝေ့... :(

သမီးစံ said...

အော်..ကန်ဒီ့မှာလည်း.မောင်လေးရှိတယ်လားးP
ကောင်းတယ်ကွယ်..း)
ငယ်တုန်းလေး..လွတ်လွတ်လပ်လပ်သွားရတာကွယ်
များများသွားပြီး..များများကဲပလိုက်သိလားး)
ရန်ကုန်ရောက်ရင်.အစ်မကိုမေးပို့လိုက်နော်
(ပတ်ပြေးမလို့းP)
ချစ်ခင်စွာဖြင့်

စန္ဒကူး said...

ညီမလေးကချစ်စရာလေး..

MGTHANT said...

ကန်ဒီနဲ့ ဒို့တော့ အိမ်နီးနားချင်း ထင်တယ်ဟေ့

အမှတ်တရ နေ့စွဲများ.... said...

ကျနော်ဆို မြန်မာပြည် မပြန်တာ ၁၀ နှစ်လောက်ရှိပြီ အခုတော့ပြန်ရတော့မယ် မြန်မာပြည်ပြန်ရမှာ စဉ်းစားလေ စိတ်မကောင်းလေဘဲ ...

လွင်ပြင်လှိုင်းငယ် said...

လွင်ပြင်လဲအားကျမခံ မဒမ်လွင်ပြင်နဲ့
ရှောပင်ထွက်ချင်စိတ်ပေါက်သွားပေမဲ့
ကလေးတစ်ယောက်လို တွေ့သမျှပူဆာတတ်သော
မဒမ်လွင်ပြင်နဲ့တော့ ရင်လေးပါဘိ

ချမ်းမင်းကို (ပဥာက်) said...

တနဂ်နွေ လမ်းသလားနေ..ဟားဟားဟားဟားဟားပျော်ပါစေညီမေ၇

Anonymous said...

း)
ဈေးဝယ်ထွက်တာတော့ဟုတ်ပါပြီ
း) လှလဲလှပဲနဲ့ ပုံတင်ထားပါလား
ချိုချဉ်လေးပို့စ်ဖတ်ပြီး ဒီမှာတခါတည်းမန့်ခဲ့တယ်နော်
မောင်ဘကြိုင်ထက်အရေးအသားသာတယ်

း)
မောင်ဘကြိုင်

8Yar said...

Charles & Keith ကအိတ်တွေက လေးတယ်။ ဘာပစ္စည်းမှ မထည့် ရသေးဘူး အိတ်ကလေးနေပြီ။ ဒါပေမယ့် လွယ်ကြိုးပါတာကိုတော့ကြိုက်တယ်။ အိတ်ပွပွကြီးကြီးတွေကို လွယ်ကြိုးနဲ့လွယ်တဲ့ ကောင်မလေးတွေဆို ပိုလှသလိုပဲ။ :P ပျော်ရွှင်ပါစေဗျာ။

နွေတေးရှင် (မင်းဧရာ) said...

သူများတွေရဲ့ တနင်္ဂနွေကတော့ ဟုတ်နေတာပဲ
အကိုတို့ ကြတော့ဘယ်လို ကုန်သွားမှန်းကို မသိလိုက်ဘူး။

အလုပ်များ နေလို့အရောက်နည်းမည် (မင်းဧရာ)

ဟန်ကြည် said...

ိအိမ်း...မာမီ့ပိုက်ပိုက်နဲ့ ရှော့ပင်းထွက်ရတာတော့ အတော်အရသာရှိသကိုး ငပေါမလေးရဲ့...အဲဒါကတော့ ဦးဟန်ကြည်တို့ ကိုယ်တွေ့...ဒါကြောင့် မိဘမေတ္တာတရားက အေးမြတယ်ပြောတာထင်ရဲ့...အမေ့မုန့်ဖိုးနဲ့ဝယ်စားတဲ့မုန့်ဆိုရင်လည်း အရသာကိုရှိလို့...၀ယ်ဝတ်တဲ့အ၀တ်အစားဆိုလည်း စမတ်ကိုကျလို့...

အရွယ်ရောက်လာလို့ ကိုယ့်အိပ်ထဲက ထုတ်ပြီး ရှော့ပင်းရတဲ့အခါကျတော့ အင်းးးး(((

ကိုင်း ငပေါမလေးရေ...မိဘမေတ္တာကို အကောင်းဆုံး အသုံးချပြီး အများဆုံး ရှော့ပင်းနိုင်ပါစေဗျား...နောက်များမှပဲ ဖိုက်တာဂျက်တစ်စီးလောက် လူကြုံလှမ်းမှာတော့မယ်...အပျင်းပြေ ထသွားထလာ စီးရအောင် ဟား ဟား...

ညီရဲ said...

ဘာဖြစ်ဖြစ် အပြင်ထွက်လိုက်တော့ စိတ်ပေါ့ပါးသွားတာပေါ့...
ပျော်ခဲ့ရဲ့ လား...ညီမရေ...
အစ်ကိုလဲ ခုတလော ကျန်းမာရေး သိပ်မကောင်းလို့ ကွန်ပြူတာသုံးတာ နဲနဲဂရုစိုက်နေရတယ်...
မျက်လုံးတွေ အောင့်အောင့်နေလို့ လေ...

mabaydar said...

Candy လက်စွပ်လေးတွေ လှတယ်... မဗေဒါလဲ အဲဒိ ကြယ်လက်စွပ်လို ၂ခုတွဲဝယ်ချင်နေတာ... ပြီးရင် မ၀တ်ဖြစ်မှာစိုးတာရယ်... မလွတ်လပ်မှာစိုးတာရယ်ကြောင့် မ၀ယ်ဖြစ်ဘူး... Candy ပိုစ့်ဖတ်လိုက်တာ ဘာမဆိုင်ညာမဆိုင်နဲ့ Candy ကို တရားခံရှာပြီး အဲလို လက်စွပ်မျိုးဝယ်ဖြစ်တော့မယ်ထင်တယ်...
မြန်မာပြည်ကနေ သူများအားမှန်းမသိ မအားမှန်းမသိ အဲလိုမျိုးတွေလှမ်းလှမ်းမှာရင် မဗေဒါတော့ စိတ်သိပ်ရှုပ်တာ... ပြီးရင် အဲဒါမျိုးက စိတ်တိုင်းမကျတာများတယ်... လုပ်လဲပေးရသေး... ကျေးဇူးလဲ အတင်မခံရဘူး... လုပ်ပေးမယ်ဆိုရင်တော့ ဘာမှ မမျှော်လင့်ပဲသာ လုပ်ပေးလိုက်... ကြိုက်တယ်မကြိုက်ဘူးဆိုတာလဲ သူတို့ကိစ္စသာ သဘောထား...
အင်တာနက်ကနေ သေသေချာချာ ပုံနဲ့ ဈေးနဲ့ ပိုက်ဆံလဲ အရင်လွှဲပေးလိုက်တယ်ဆိုရင်တော့ လုပ်ပေးရတဲ့ သူကအဆင်ပိုပြေတာပေါ့....