
ကန်ဒီအခု စာကျက်ချင်စိတ် လုံးဝမရှိပါ။ စာမလုပ်ချင်ဘူး ဆိုတာ ပျင်းတာထက် ဘာလုပ်ရမှန်းမသိတာကို ဒေါပွနေတာ။ ဘာကိုကြည့်သင့်တယ်.. ဘာကိုကျက်ရမယ်ဆိုတာလည်း Lecturer က ဘာမှမပြောဘူး။ ဘယ်နားက စလုပ်ရမှန်းကို မသိဘူး။ ဟိုနေ့ကပဲ Open book exam တစ်ခုပြီးသွားတယ်။ မဆိုးပါဘူး.. ဖြေနိုင်တယ်။ နောက် ၃ ဘာသာကျန်သေးတယ်။ အဲ့ထဲမှာ နောက်တစ်ဘာသာကလည်း Open book ဆိုတော့ နည်းနည်းတော်သေးတယ် ပြောရမယ်။ တော်ပြီ စာအကြောင်းမပြောတော့ဘူး။
မွန်းကြပ်တယ်။ တခါတလေ ကိုယ့်ဟာကိုယ်ပဲ လုပ်ချင်ရာလုပ်နေချင်တယ်။ တခုခုလုပ်ပြီဆို ဟိုဟာက ဘာဖြစ်တယ်.. ဒီဟာက ဘာဖြစ်တယ်ဆိုပြီး ပြောတာတွေကို ရှင်းပြရတာ မောတယ်။ ဖေ့ဘွတ် Status ရေးတာက အစ Comment ပေးတာအဆုံး ကိုယ့်ဟာကိုယ် ရေးချင်တာ ရေးပါရစေ။ ကိုယ်ဖြစ်နေတဲ့ Mood ကိုယ့်ဟာကိုယ်ရေးတာ ဘယ်သူ့ကိုမှ ဂရုမစိုက်ချင်ပါ။ လာမေးတဲ့ သူငယ်ချင်းတွေ.. အထင်မလွဲပါနဲ့။ တယောက်သောသူကိုသာ ရည်ရွယ်ပါတယ်။ ဟုတ်ပါတယ်။ ချစ်သူပါ။ Status မှာ "Don't want to study"လို့ရေးတာ စာမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ စာမလုပ်ချင်ဘူးလို့ ဆိုလိုတာပါ။ ကိုယ်လုပ်ရမယ့် တာဝန် ကိုယ်သိပါတယ်။ စလုံးမှာ ဘာလာလုပ်နေတယ် ဆိုတာလည်း သိပါတယ်။ ကျောင်းတက်နေလို့ စာလုပ်ရမှာလည်း သိပါတယ်။ သူ့ထက် လေးနှစ်ငယ်ပေမယ့် ကလေးမဟုတ်ပါ။
မနက်ဖြန် IC show ရှိတယ်။ အားလုံး မျှော်နေတဲ့ပွဲပဲနော်။ ကန်ဒီ တသက်နဲ့တကိုယ် Show ပွဲ တစ်ခါမှ မကြည့်ဖူးဘူး။ သူငယ်ချင်းတွေက သွားမယ်တဲ့။ ကန်ဒီ့ကို ခေါ်တယ်.. တခါမှမသွားဖူးတော့ ကန်ဒီနဲ့ အံဝင်မှာ မဟုတ်ဘူး။ ဒါကြောင့် သွားကြည့်ဖြစ်မှာ မဟုတ်ဘူး။
မနက်ဖြန် အစ်ကို(၀မ်းကွဲ)က နေ့လည်စာကျွေးမယ်တဲ့။ ညီအမတွေကြီးပဲမို့ အစ်ကိုတွေကို ချစ်ပါတယ်။ သူတို့က တွေ့ရခဲတယ်။ သူ့တို့အလုပ်နဲ့ သူတို့ရှုပ်နေတာလေ။ သူတို့အားတဲ့အချိန်လေး တွေ့ရတာမို့ သွားစားမှာပါ။ မနက်ဖြန်အပြင်ထွက်ပြီးရင် ဘယ်မှ မထွက်တော့ဘူး။ သေလုမျောပါး စာလုပ်ရတော့မယ်။ အဲလိုသေလုမျောပါးလုပ်ပြီး.. အကုန်ကျက်ပြီး မဟုတ်ကဟုတ်ကမေးလာရင် အရမ်းဒေါပွပါတယ်။ ပြီးခဲ့တဲ့ Term စာမေးပွဲတုန်းက အကုန်ကျက်ရဲ့သားနဲ့ မဟုတ်ကဟုတ်က မေးသွားတယ်။ Result မထွက်သေးဘူး။ အဲ့ဒါကိုလည်း ရင်တမမ ဖြစ်နေပါတယ်။
စကားပြောရင် ပြောတဲ့သူကို ကြည့်ပြီးမပြောတတ်တဲ့သူများကို ကြည့်မရပါ။ ဒါက မယဉ်ကျေးရာ ရောက်ပါတယ်။ သူတပါးကို အလေးမထားရာ ရောက်ပါတယ်။ နောက်တခုက မှတ်မိလွယ်တဲ့ ကိုယ့်ကိုကိုယ် တခါတလေ မကျေနပ်ပါ။ ကိုယ်က မှတ်မိပေမယ့် သူများက မမှတ်မိရင် ကိုယ်အရှက်ကွဲပါတယ်။ ကန်ဒီ လူတယောက်ကို အနည်းဆုံး မျက်နှာနှစ်ခါမြင်ဖူးရင် မှတ်မိပါတယ်။ တချို့သူများက လေး ငါး ဆယ်ခါ မြင်ဖူးတောင် မမှတ်မိပါ။ ကျောင်းတကျောင်းတည်းတက်နေတဲ့ လူတယောက်ကို City Hall မှာတွေ့လို့ မျက်မှန်းတန်းမိနေတော့ ပြုံးပြမိပါတယ်။ သူနဲ့လည်း သူငယ်ချင်းတစ်ယောက်က ကိုယ်တိုင် မိတ်ဆက်ပေးထားဖူးပါတယ်။ ဒါကို သူက မမှတ်မိပါ။ ကန်ဒီ ငပေါကြီးဖြစ်ပါတယ်။ နောက် ဘယ်သူ့ကိုမှ မှတ်မိရင်တောင် ပြုံးမပြဖြစ်အောင် ကြိုးစားပါတော့မယ်။
ဒီရက်ပိုင်းပိုစ့်မတင်ဘူး ကြေငြာထားတာတောင် နေ့တိုင်း လာလာလည်နေတဲ့သူများကို ကျေးဇူးအရမ်းတင်ပါတယ်။
ဟိုရောက် ဒီရောက်နဲ့ ဘာတွေ ပြောလို့ ပြောနေမှန်းမသိပါ။
မနှင်းဆီနားလည်ရင် ကျေနပ်ပါပြီ (အစ်ကိုတွေက ဒီရက်ပိုင်း မနှင်းဆီကို "တ" လွန်းလို့ ညီမလည်း အားကျမခံ :P)
22 comments:
ma hnin will be under stand :-p
by the way tell ma hnin si, i miss her:-)
ပြုံးမပြဘဲနဲ့တော့..နေပါနဲ့ညလေးရယ်း)
ရင်တမမနဲ့မို့ပါး)
စာကျက်ရမယ့်အကြောင်းတော့ ပြောနဲ့ကွယ်..
ဖျားချင်လွန်းလို့ :P
ကန်ဒီကျက်သမျှစာတွေ..မေးအောင်..
အစ်မ ပြောထားပေးမယ်နော် .ဘာမှပူနဲ့သိလား ;D
ချစ်ခင်စွာဖြင့်
သမီးစံ
ကျောင်သူကျောင်းသားတွေစာကျက်ရမယ်
ဆိုတာ ဘယ်သူကများစပြီတီထွင်ခဲ့တာလဲမသိပါဘူး
မဂျက်တို့ကျောင်းသူဘ၀ကလဲစာကျက်ဖို့
ပျင်းတယ်ကျမှာလဲကြောက်တော့ပိုပြီးကျက်ရတယ်လေ
ဒီလိုပဲသံတရာလည်ခဲ့တာပါပဲ...
ဘာမှစိတ်မညစ်နဲ့နော်.
အားလုံးအဆင်ပြေသွားမှာပါ။
ချစ်တဲ့ jasmine
ညီမလေးရေ တခါတလေ ဒီလိုပါဘဲ ဖြစ်တတ်ပါတယ်.
စာမေးပွဲရက်အတွင်းဆိုတော့ အစစအရာရာဂရုစိုက်နော်။
ကျန်တာတွေခေါင်းထဲသိပ်မထည့်နဲ့
အမတစ်ယောက်အနေနဲ့ ချစ်ခင်စင်စွာဖြင့်....
ကန်ဒီလေး စာမေးပွဲတွေရော၊ ကျန်တာတွေပါ အစစအရာရာ အားလုံး အဆင်ပြေပါစေ။ သတိရနေတယ်နော်။ ချစ်စရာကောင်းတဲ့ ညီမလေး စိတ်ဆိုး ဒေါသထွက်နေတဲ့ ပုံလေး ကြည့်ချင်သား...း)) ဒေါသထွက်လည်း ချောနေမှာပဲနော်။
Candy.. me too. can't quit blogging yet. You are much better than me. I don't wanna study anymore. Assignments are killing me.
ဟိုက် ! ဒီဒီ့ စိတ်တွေမွန်းကြပ်နေတယ် ...
ဘယ်လိုဖြစ်ပြန်သလဲ ဒေါ်ချိုချဉ်ရယ်......
စာကျက်ရမှာ ပျင်းတာနဲ့ ဟိုလူ့ရန်ရှာ ဒီလူ့ရန်လုပ်နဲ့းးp
တယ်တော့မလွယ်ဘူး သူ့ကိုတွေ့ရင် ကိုယ်ကအရင် ဦးအောင်ပြုံးပြမှ နို့မဟုတ်ရင် ၀ဲ တဲ့အထဲကိုယ်ပါ ပါသွားနိုင်တယ်))))၀။
မှန်အိ....၊ကိုယ်ရေးချင်တာရေးပါရစေ......၊မှန်ပါအိ....:)))
လူတစ်ယောက်ကို တစ်ခါမြင်ပြီး နောက်တစ်ခါပြန်တွေ့ရင်
မမှတ်မိတဲ့အထဲ ဦးလေးလည်းပါသကွယ်...၊ကိုယ့်အကြောင်းကိုယ်သိလို့
တစ်ယောက်ယောက်ကလာပြုံးပြရင် ပြန်ပြုံးပြပြီးသားပဲ..၊
နောက်မှမနဲစဉ်းစားယူရတာကလား...၊ကဲကဲ စာကျက်ဦး
ကန်ဒီလေးရေ....၊မနှင်းဆီလည်းကျေနပ်နားလည်မှာပါ..:P
ဖတ်သွားတယ်ဝေ မမလမင်းလည်းလူတွေ
မှတ်မိတတ်တယ် ချိုချဉ်ပြောသလိုပဲ
မပြုံးမိအောင်နေရမယ် :P
မသေချာရင် ခေါင်းငုံ့လျှောက်ပါ ....
ကိုယ့်ကို နှုတ်ဆက်မှ ပြန်နှုတ်ဆက်ပေါ့ ညီမ...
စာ စာကျက်တာကတော့ တော်တော်ပျင်းဖို့ကောင်းတဲ့အလုပ်ပါ။ စာမကျက်ချင်လို့ ကျောင်းဆက်မတက်ပဲ အလုပ်လုပ်ပါတယ်ဆို တခါတလေ မဒမ်လွင်ပြင်က လာ လာပြီး သူ့ကဗျာ သူ့ပိုစ်တွေကို စာအုပ်ထဲ ကူးခိုင်းလိုက် ရေးခိုင်းလိုက်နဲ့ တော်တော်ပျင်းဖို့ကောင်းတယ်။
မှတ်ချက်။ ။လွင်ပြင်ဒီလိုပြောတယ်လို့ ကျေးဇူးပြုပြီး မဒမ်လွင်ပြင်ကို သွားမပြောနဲ့နော်
ပို့စ်လေးအတွက် ရှဲရှဲ
စာမေးပွဲဖြေနိုင်တယ်ဆိုလို့ ၀မ်းသာပါတယ် မကန်ဒီ ခင်ဗျာ့။ နောက် ထပ်ဘာသာတွေလည်း ဖြေနိုင်ပါစေလို့ ဆုတောင်ပေးပါတယ် ခင်ဗျာ။
အင်း...စိတ်မကြည်ဘူးဆိုတော့ကာ...အခါတိုင်းလို ငပေါမလေးလို့ ခေါ်လို့ မဖြစ်တော့ဘူးထင်ပါ့...
ကိုင်း...ဘာပဲဖြစ်ဖြစ် စိတ်မညစ်ကြေး
မနက်ဖြန်က အဝေးမှာ...
တစ်ချို့ကျတော့ ကိုယ့်လိုမှတ်ဥာဏ်မကောင်းတာ ဖြစ်မှာပါ ချိုချဉ်လေးရယ်။
စိတ်မကောင်းမဖြစ်ပါနဲ့။ စာကြိုးစားနော်။
တီတင့်တော့ ချိုချဉ်လေးကို ဘယ်နားတွေ့တွေ့ မှတ်မိမှာသေချာတယ် ချစ်ဖို့ကောင်းလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စာလာဖတ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသာဘ၀ကိုမလွန်မြောက်ခင်အဲဒီ ခံစားမှုတွေကိုကြုံရဦးမှာပါပဲ။ ဒီလိုပဲ သီးခံဖြတ်သန်းရင်းကုန်လွန်သွားရတာပါပဲ။ လူတွေနဲ့ဆက်ဆံရေးကတော့ တစ်ခါတစ်ခါဒီလိုပါပဲ။ ပိုဆိုးတဲ့လူတွေတောင်ရှိသေးတာ နားလည်ပေးလိုက်ရင် ပိုပြီးခံစားရသက်သာမယ်ထင်ပါတယ်။ စိတ်ထဲသက်သာလိုသက်သာငြား ဖော့တွေးကြည့်ပါလား ဗျာ။
ဘယ်လောက်ပဲညစ်ညစ် ကျောင်းသားဆိုတော့လည်း စာကျက်ရမှာပေါ့ ကန်ဒီရယ်...ကြိုးစားနော်...
Cheer...!!
ဟားဟားဟား ငါ့သူငယ်ချင်း ပေါက်ကွဲနေပါလား။ :D ဒီလိုပါပဲ Candy ရယ်။ အားတင်းထား... မတင်းနိုင်တော့လည်း လျှော့လိုက်ပေါ့နော်။ :P ကျွန်တော်ပြောထားတယ်လေ Candy က ဖြေနိုင်မှာပါလို့။ ဟီး.... ပျော်ပျော်နေပါ Candy ရယ်။ စိတ်မညစ်နဲ့ ကျွန်တော်တို့ ဘလော့မောင်နှမတွေရှိတယ်။ ကျားဆိုး Candy.. အဲလေ... ကြိုးစား Candy ရေ....
ပျော်စေချင်လို့နောက်တာ စိတ်မဆိုးပါနဲ့နော်။ Candy တစ်ယောက် စာကောင်းကောင်းကျက်နိုင်ပါစေ...
မီတူး မီတူးးးး
စာကျက်ရမှာ အတော်လေး ပျင်းမိတယ်။ ဒါပေမဲ့ ကျက်ရလေဦးမယ်။
ဟုတ်တယ်။ ဘူလဲ လာလာ မေးနေတာ။း)
ဒီထက်လဲ ပို မပြောရဲပါ။ သူတို့က တော်ကြာ ဟီးဟီး ဟဲဟဲ ဖြစ်သွားကြဦးမှာ။း((
ခင်မင်လျှက်
လူဆိုးငဖြိုး ဒီထိတောင် မနှင်းဆီကိုလာလွမ်းတယ်...။
ကန်ဒီလေး စာကောင်းကောင်းကျက်နိုင်ပါစေ ကျက်ထားတဲ့စာတွေပဲ မေးပါစေနော်...ဆုတောင်းပေးလိုက်တယ်...။
ခင်တဲ့
မိုးငွေ့
ကန်ဒီရေ မဗေဒါလဲ စာလုပ်ရမယ်ဆို စိတ်ကို ညစ်နေတာပဲ... အရင်က ကိုယ့်ဟာကို ဓာတ်ပုံရိုက်ချင်သေးတယ်... ခု ကျောင်းစာအတွက် ဓာတ်ပုံရိုက်ရမယ်ဆိုတော့ စာဆိုတာ စိတ်ထဲစွဲပြီး ရိုက်ချင်စိတ်ရှိတော့ဝူး... ပျင်းရင် မဗေဒါနဲ့ တူတူ ဗွီဒီယို ရိုက်ကြမယ်လေ... ဟဲ.. ဟဲ...
မဗေဒါကို လမ်းတွေ့ရင်တော့ ရီပြပါ... မဗေဒါက အူကြောင်ကြောင်လုပ်ရင် ရှက်မသွားနဲ့ ပုခုံးကို ခပ်နာနာရိုက်ပြီး Candy လေ မသိဘူးလားလို့သာပြော... ဒါပေမဲ့ Candy blog ကို မဖတ်ခင်ကတည်းက youtube မှာမြင်ဖူးတဲ့ ကောင်မလေးချောချောဆိုတော့ မမှတ်မိစရာမရှိပါဘူး...
Post a Comment