မင်္ဂလာပါဗျို့...

စာမေးပွဲစနေပြီ။ ဒီနေ့ပဲ တစ်ဘာသာပြီးတယ်။ မနေ့က ၂နာရီပဲ အိပ်ရတယ် >.<
"ဖြေနိုင်လား??" လို့ မေးမလို့မလား။ ဖြေတော့ဖြေလိုက်တယ် ဟုတ်မဟုတ်တော့ သိပ်မသေချာဘူး။ ဒီနေ့ဖြေတာ Strategic Management လေ။ Business ပိုင်းတွေ ကန်ဒီမကျွမ်းဘူး။ ကန်ဒီ့ကို ဘယ်ဆေးက ဘာရောဂါမှာ သုံးတယ်.. ဘယ်ရောဂါက ဘာကြောင့်ဖြစ်တယ်.. အဲဒါမျိုးမှတ်ခိုင်းရင် ရတယ်။ ပိန်းတိန်းတိန်းလို့ပဲပြောပြော Memorize လုပ်တဲ့အကျင့်က ပါနေပြီလေ။ ဆေးတွေကလည်း မှတ်မှရတာကိုး။ Business ပိုင်းကိုတော့ လုံးဝကိုမကြိုက်ဘူး။ တခါတလေ ဘာလို့ ဆေးနဲ့ Management တွဲတဲ့ Course ကိုယူမိလဲ နောင်တရတယ်။ "Biomedical ယူလိုက်ရင် ပြီးရော.." လို့။ တခါတလေကျတော့လည်း "ခုဟာပဲလည်းကောင်းပါတယ်လေ.." လို့။ ဘာဖြစ်ချင်နေမှန်းကို မသိတာ >.<
Intro ကရှည်နေပြီ... ရေးပြီးသားပိုစ့်လေးနော် :P
အော်.. မေ့တော့မလို့.. ဒီကြားထဲ (စာမေးပွဲ မပြီးခင်) ပိုစ့်တစ်ခုတင်စရာရှိသေးတယ်။ ဒုက္ခပေးနည်းတမျိုးပေါ့.. ကန်ဒီလုပ်မှာမဟုတ်ဘူး။ ချစ်သူငယ်ချင်းကြီး လုပ်ပေးမှာ.. အဲ့ဒါကို ကန်ဒီက တင်ရုံတင်မှာ :P

*******************************
ရှက်သယောင် နီမြန်းနေတဲ့ ပါးမို့မို့လေးဟာ ငယ်ရွယ်နုနယ်တဲ့ အသွင်ဆောင်ပြီး ချစ်စရာအလွန်ကောင်းပါတယ်။ ပါးနီမပါဘဲ ပြီးပြည့်စုံတဲ့ မျက်နှာပြင်မရနိုင်ဘူးလို့ ကန်ဒီထင်တယ်။ Foundation လိမ်းပြီး ပေါင်ဒါရိုက်ထားတဲ့ မျက်နှာဟာ ပုံမှန်မျက်နှာထက် ပိုချောမွေ့ပြီး ဖြူဝင်းနေတတ်လို့ ပါးနီ(သို့) Bronzer မတင်ရင် မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတတ်တယ်လေ။

ပါးနီဘယ်လိုဆိုးမလဲ
ပါးနီဆိုးတာများ လွယ်လွန်းလို့ ဆိုပြီး တွေးနေကြမှာပေါ့နော်။ ကန်ဒီပြောပြမယ့် ဒီနည်းလေးက ပရိုဖက်ရှင်နယ် မိတ်ကပ်ပညာရှင်တွေ စံသတ်မှတ်ထားတဲ့ စနစ်တကျပါးနီးဆိုးနည်းလေးပါ။ တကယ်တော့မခက်ပါဘူး.. သိပ်အထူးအဆန်းလည်း မဟုတ်ပါဘူး.. အားလုံးကိုဗဟုသုတရစေချင်လို့သာ ရေးပေးတာပါ။ ပြုံးလိုက်တဲ့အခါမှာ ဖောင်းလာတဲ့ ပါးလေးရဲ့ အမြင့်ဆုံးနေရာက စမယ်နော်။ ယေဘူယျအားဖြင့် နှာခေါင်းနေရာကနေဆို လက်နှစ်လုံးလောက်အကွာကနေ စရမှာပါ။ အဲ့ဒီနေရာကနေ နားအပေါ်ထိပ် နားထင်နားထိအောင် ဆွဲပါနော်။ ဒါကတော့ ပုံမှန်ယေဘူယျပါးနီဆိုးနည်းပါ။ မျက်နှာအချိုးအစားအလိုက် ပါးနီဆိုးနည်းလေး ဆက်ကြည့်လိုက်ရအောင်နော်။
ဒီပုံလေးနဲ့ဆို အားလုံးသဘောပေါက်မယ်ထင်ပါတယ်။
(၁) ဘဲဥပုံ
မျက်နှာပိုင်ဆိုင်တယ်ဆိုရင်တော့ ဘယ်လိုဆွဲဆွဲ ကြည့်ကောင်းတတ်ပါတယ်။ ကံကောင်းတဲ့ မျက်နှာပိုင်ရှင်လေးတွေပေါ့။

(၂) မျက်နှာဝိုင်းဝိုင်းလေး ပိုင်ဆိုင်တယ်ဆိုရင်တော့ ပါးမို့မို့လေးဆီကနေ ၄၅ဒီဂရီ နားထင်နားထိဆွဲပေးနော်။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်နှာသွယ်သွယ်လေး ဖြစ်သွားစေတယ်လေ။
(၃) အသဲပုံမျက်နှာပိုင်ဆိုင်တယ်ဆိုရင် ပါးအို့လေးပေါ်ကိုပဲ အဓိကချယ်ပေးပါနော်။
(၄) မျက်နှာရှည်ရှည်လေး ပိုင်ဆိုင်တဲ့ ပျိုမေတွေဆိုရင်တော့ ပါးအို့နေရာကနေ အလျားတည့်တည့် နားသံစထိဆွဲတာ ပိုကြည့်ကောင်းပါတယ်။ ၄၅ဒီဂရီစောင်းဆွဲရင်ကျတော့ မျက်နှာကို ပိုရှည်သွားစေတယ်လေ။
ပါးနီအမျိုးအစားများ
(၁) Cream Type Blusher တွေက ပိုသဘာဝကျတဲ့ ပါးလေးရစေတယ်။ လိမ်းနည်းကတော့ Foundation လိမ်းပြီး ပေါင်ဒါမတို့ခင် အရင်လိမ်းရတယ်။ ပြီးမှ Face powder နဲ့ ပြန် set လုပ်ပေါ့နော်။
(၂) Powder Blush သုံးမယ်ဆိုရင်တော့ Foundation လိမ်းပြီး ပေါင်ဒါနဲ့ set လုပ်ပြီးမှ လိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်ဒါနဲ့ set မလုပ်ထားရင် အရောင် တနေရာတည်းမှာ စုပြီးများနေတာမျိုး.. အရောင်ညီအောင်ချယ်ဖို့ ခက်တာမျိုးတွေ ဖြစ်တတ်လို့ပါ။ နောက်တစ်ခုပျိုမေတွေ သတိထားသင့်တာက မိမိလိမ်းတဲ့ Eyeshadow နဲ့ အချိုးကျအောင် ပါးနီဆိုးဖို့ပါ။ ဥပမာ Eyeshadow ကို လက်လက်လေးတွေပါတဲ့ Shimmery အမျိုးအစားသုံးထားရင်Blush ကိုလက်လက်လေးတွေမပါတဲ့ Matt အမျိုးအစားပါးနီရွေးသုံးတာ ပိုသဘာဝကျစေတယ်လေ။
Quick Tip
(၁) ပါးနီကြာကြာခံအောင်
ပါးနီလေး ကြာကြာခံအောင် Foundation လိမ်းပြီးတာနဲ့ Cream blush (သို့)နှုတ်ခမ်းနီ ကိုပါးမှာ အရင်လိမ်းပါနော်။ ပြီးရင် Face Powder နဲ့ set လုပ်ပါ။ ပြီးမှ Powder Blush လေးလိမ်းခြင်းအားဖြင့် ပါးနီကို ပိုကြာကြာခံစေပါတယ်။

(၂) ပါးနီဆိုးတာ လက်လွန်သွားရင်
ပထမဆုံး မိတ်ကပ် Sponge လေးနဲ့ ပိုနေတဲ့ ပါးနီတွေ ပါသွားအောင် အရင်တို့ပါ။ ပြီးရင်တော့ Face powder လေးထပ်လိုက်ပါနော်။ ဒါဆိုရင် ပျိုမေတွေ လက်လွန်ပြီး ပါးနီရဲရဲကြီး ဖြစ်သွားရင်တောင် စိတ်မညစ်ရတော့ဘူးပေါ့။
ပထမဆုံး မိတ်ကပ် Sponge လေးနဲ့ ပိုနေတဲ့ ပါးနီတွေ ပါသွားအောင် အရင်တို့ပါ။ ပြီးရင်တော့ Face powder လေးထပ်လိုက်ပါနော်။ ဒါဆိုရင် ပျိုမေတွေ လက်လွန်ပြီး ပါးနီရဲရဲကြီး ဖြစ်သွားရင်တောင် စိတ်မညစ်ရတော့ဘူးပေါ့။
(၃) အရောင်အရမ်းထင်းတဲ့ ပါးနီဆိုးနည်း
ပါးနီဆိုးမယ့် Brushနဲ့ ပါးနီကို ယူတဲ့နေရာမှာ ဆွဲမယူဘဲ Brush ထိပ်နဲ့တို့ပြီးယူပါ။ အဲ့လိုယူခြင်းအားဖြင့် ချယ်ရတာလည်း လွယ်တယ်။ အများကြီးလည်း ပါမလာတော့ဘူးလေ။ နောက်တနည်းက ရိုးရိုးပါးနီဆိုးတဲ့ Brush ထက် Stippling Brush လိုမျိုးနဲ့ချယ်ရင်လည်း သဘာဝကျတဲ့ ပါးမို့မို့လေး ပိုင်ဆိုင်နိုင်မှာပါ။

Stippling brush..
ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။
အားလုံးပျော်ရွှင်ပါစေ.. ^_^
အားလုံးပျော်ရွှင်ပါစေ.. ^_^
12 comments:
candy ကအဲတာတွေများများရေးလေလေ
များတို့ကအလှပြင်လေလေပေါ့ကွယ်
အပျိုးကြီးတွေအတွက် ပိုပြီးအသုံးဝင်မယ်ထင်တယ်နော်
ချစ်ချစ်ခင်ခင် jasmine
အောင်မလေး မမသကြားလုံး ..
စာကောင်းကောင်းကျက်ပါ .
ကျုပ်တို့ကတော့အိုပီအေ ..
ဒါတွေချယ်လဲလှတော့ပါ ဘူးအေ
ဒါပေမယ့် ..
အမှတ်နည်းရင် အပြင်ထွက်ခွင့်ပိတ်လိုက်မယ်
အရိုက်လဲခံရမယ် ဒါပဲး)
ချစ်တဲ့
အမကြီး
မဒိုးကန်
ကန်ဒီရေ...မမလဲ ပါးနီဆိုးရတာသိပ်သဘောကျတယ်..။ မနှစ်က ညီမတစ်ယောက် သန္တာရောင် clinic ပါးနီလေးတစ်ဗူးလက်ဆောင်ပေးထားတာ သိပ်ကြိုက်တာပဲ အရောင်လေးက သဘာဝလဲကျတယ်...။ ခုလို ဆိုးနီးလေးတွေကို စနစ်တကျပုံလေးနဲ့ပါပြောပြလို့ ကျေးဇူး...။
ဟိတ်..ကောင်မလေး..စာကျက်ချိန်ရောက်ပြီး))
ပါးနီမဆိုးဖူးလို့ ပါးနီဗူးလေးတစ်ဗူးလောက်ဝယ်ဖို့ စိတ်ကူးနေတာ..။ ကိုယ့်ညီမဆီက နည်းတွေပါရပြီဆိုတော့ မြန်မြန်အကောင်အထည်ဖော်မှပါလေ..းD
ကျေးဇူးသကြားလုံးလေးရေ..ကျန်တဲ့ဘာသာတွေကိုလည်း ဖြေဆိုနိုင်ပါစေ။
ချစ်ခင်စွာ
အေးကွယ်..မိန်းကလေးပေမယ့်
အဲလောက်ကြီးလည်း.မိန်းကလေးအရမ်းမဆန်ချင်တော့
ခက်ရောကွယ်း))
မှတ်တော့ထားလိုက်မယ်နော်
နောက်တော့အသုံးဝင်လာမှာပါး)
စာမေးပွဲဖြေနိုင်ပါစေ..ကန်ဒီရေ
ချစ်ခင်စွာဖြင့်
သမီးစံ
ဆေးဝါးကို ဘီဇီးနပ်နဲ့တွဲယူပုံထောက်ရင် ဆေးရောင်းစား
မယ်ထင်ရဲ့၊ကောင်းတယ်....:))) ပါးအို့နီနီချယ်တာများ
အေ....အုတ်နီခဲမှုန့်လေး ပါးပေါ်ပွတ်လိုက် ရတာပဲ...:PPP
(စာမေးပွဲကောင်းစွာဖြေနိုင်ပါစေသော်ဝ်.......)
မဒမ်လွင်ပြင်ကို ဖတ်ခိုင်းထားတယ်
ဒါမှ အလှပြင်ဆိုင်သွား အလှပြင်စရိတ်သက်သာမှာ
စတာပါ
ကျောင်းစာလဲ ကျက်အုံးနော်
အယ်... စာမကျက်ပဲ အလှပြင်သင်တန်း ပေးနေသကိုး။
ဂရုစိုက်ပါ သကြားလုံးလေးရယ်။ စိတ်ပူပါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Biomedical လဲ မယူပါနဲ့ ညီမရယ်... Kimage တို့ဘာတို့က မိတ်ကပ် ဒစ်ပလိုမာယူပြီး make up artist ပရို လုပ်စား... မိတ်ကပ်ပြင်တဲ့သူတွေက ကိုယ့် ဘစ်စနက်နဲ့ကိုယ် သိပ်အလုပ်ဖြစ်တာနော်... မြန်မာပြည်မှာ အစ်မ မင်္ဂလာဆောင်တုန်းက မိတ်ကပ်အောင်အောင်မှာ ပြင်တာ သူ့တပည့်တွေပြင်ပေးတာ စိတ်တိုင်းလဲမကျပါဘူး... ကွန်ပလိမ်းလဲလုပ်ခွင့်မရှိ... ထွက်လာတဲ့မျက်နှာတွေက ဒီပုံစံတွေချည်း ဂိုက်တောတွေ... မျက်နှာအနေထားပေါ်လိုက်ပြီးလဲ ပြောင်းမပြင်ပေးဘူး... ခုနောက်ပိုင်း စကာင်္ပူမှာလဲ ဖေ့ဘွတ်ပေါ်မှာ ပေါများလှသော ဓာတ်ပုံဆရာများနဲ့ ပေါများလှသော မော်ဒယ်များနဲ့အတူ မိတ်ကပ်ဆရာ ဆရာမတွေလဲ တော်တော်တော့ ပေါ်လာတယ်...
မြန်မာပြည်မှာဖွင့်ပါလား စိတ်ဝင်စားရင်.. အဟိ... မိတ်ကပ် and business လက်ချာလာပေးနေသလိုဖြစ်သွားရင်ဆော်ရီး.. ဟီး...
btw, အထင်လွဲစရာဖြစ်မှာဆိုလို့ အစ်မ မင်္ဂလာဆောင်ဆိုတာ မဗေဒါ အစ်မဆောင်တာကိုပြောတာ... ဟင်း.. မြန်မာစကားကလဲ ခက်ပါ့... ဒါနဲ့ ကန်ဒီဝယ်မဲ့ ကင်မရာလေးက ကောင်းသားပဲ ၀ယ်သာဝယ်... မဗေဒါက ဗွီဒီယိုကင်မရာ ၀ယ်ဖို့ချောင်းနေတာ ဘယ်ဟာကိုယ်နဲ့ကိုက်မလဲ မသိသေးလို့... ပြီးတော့ အဲဒိမှာရောင်းတဲ့ ပစ္စည်းကြော်ငြာတွေထဲမှာ ကိုယ်လိုချင်လောက်တဲ့ ကင်မရာ မတွေ့ဖူး.. အပျော်တမ်းသေးသေးလေးတွေပဲတွေ့တယ်...
ကောင်မလေး မုတ်တော့လည်း ဘာပြော၇မလည်း..ကောင်းပါတယ်..ချစ်သူတွေ့မှ ပြင်ပေးလိုက်မယ်ဟားဟားဟားဟား
ကိုယ်တိုင်လေး ပါးနီချယ်ပြီး ဓာတ်ပုံလေးပြပါဦးဗျာ...ကျွန်တော်တို့ ရှမ်းပြည်ဖက်က ရှမ်းမလေးတွေကတော့ နဂိုပါးနီနီလေးတွေပဲဗျာ...
Post a Comment