Friday, November 18, 2011

Cupcake Nail Design!!

****** ကန်ဒီစိတ်ညစ်နေတုန်း အားလုံးရဲ့ အားပေးတဲ့ Commentတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်နော်... တကယ်ပါ.. လုံးဝအဆင်ပြေသွားတာ မဟုတ်ပေမယ့် ခုတော့ နည်းနည်းသက်သာသွားပါပြီ :) .. ဒါရေးပြီးသား ပိုစ့်လေးပါ.. ပိုစ့်မတင်လို့ ကန်ဒီ့ကို မေ့သွားမှာစိုးလို့ တင်ပေးတာ... ကန်ဒီအသက်ရှိသေးတယ်နော် :P ******


ချစ်စရာကောင်းတဲ့ Cupcake nail design လေးပါ။ Design idea လေးပဲ အဓိကပြောမှာမို့လို့ အရောင်ကတော့ မိမိစိတ်ကြိုက် စပ်နိုင်ပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့.....

လိုအပ်တာတွေက....
(၁) Base coat/ Top coat
(၂) ပန်းရောင်နုနုလေး
(၃) ပန်းခရမ်းရောင်
(၄) အဖြူရောင်
(၅) အနီရောင်
(၆) ပန်းရင့်ရောင်
(၇) Dotting tool (သို့) ဆံညှပ်
(၈) သွားကြားထိုးတံ (သို့) အပ်



အဆင့်(၁) ကိုယ့်လက်သည်းလေး မပျက်စီးအောင် Base coat လေးအရင် ဆိုးပါ။ ကန်ဒီ Sally hansen က Base coat မဆိုးတော့ဘူး.. Bubble အရမ်းထလို့... ကုန်ခါနီးလေ Bubble ထလေပဲ။ ဒီတခေါက် Revlon base coat ပဲဆိုးထားပါတယ်။
အဆင့်(၂) ပန်းရောင် နုနုလေးကို အောက်ခံအရောင်အနေနဲ့ ဆိုးပါနော်။ ပြီးရင်တော့ ပန်းခရမ်းရောင်လေးကို လက်သည်းထိပ်လေးတင် ဆိုးပါ။ (ပုံ ၁)
အဆင့်(၃) အဖြူရောင်လေးကို Dotting tool (သို့) ဆံညှပ်ထိပ်ကလေးနဲ့ ခုနက ပန်းခရမ်းရောင်လေး ပေါ်မှာလိုက်အစက်ချပါ။ ပိုသဘာဝကျအောင် အနားတွေ ညီစရာမလိုဘူးနော်။ (ပုံ ၂)
အဆင့်(၄) နည်းနည်းပိုရင့်တဲ့ ပန်းရောင်လေးနဲ့ ပုံပါအတိုင်း အစက်လေးတွေချပါ။ ပြီးရင် ထိပ်မှာအနီရောင်အစက်ကလေး တစ်စက်ချပြီး အရမ်းချွန်တဲ့ သွားကြားထိုးတံ (သို့) အပ် နဲ့ ရိုးတံကွေးကွေးလေးဆွဲပါ။ ကန်ဒီက ချိတ်ကို သုံးထားပါတယ်။ (ပုံ ၃)
အဆင့်(၅) ခြောက်တာသေချာပြီဆိုရင် Top coat ဆိုးလိုက်တော့နော်။ မခြောက်တခြောက်အခြေအနေမှာ Top coat ဆိုးမိရင် လုပ်ထားသမျှ ပျက်သွားတတ်လို့ စိတ်ရှည်လက်ရှည်လေး စောင့်ပြီးမှ Top coat ဆိုးပါနော်။
Cupcake ကို လက်သည်းအားလုံးမှာ မဆွဲချင်ဘူး ဆိုရင်... လက်သူကြွယ်တစ်ချောင်းတည်းမှာပဲ ဆွဲပြီး ကျန်တဲ့ လက်ချောင်းတွေကိုတော့ အစက်လေးတွေပဲ လိုက်ချလို့လည်း ရပါတယ်။ အပေါ်ကပုံလေးက ကန်ဒီပထမဆုံး စမ်းလုပ်ကြည့်ထားတဲ့ပုံပါ။ အရောင်စပ်ထားပုံလေး မကြိုက်ပေမယ့် ပျိုမေတွေ Idea လေးရအောင်တော့ ထည့်ပေးလိုက်တယ်နော်။
အားလုံး ပျော်စရာနေ့လေး ပိုင်ဆိုင်ပါစေရှင့်.. ^_^

13 comments:

လမင်းငယ် said...

ဟီချိုချဉ်လေးကိုအားကိုးရတော့မယ်
ထင်တယ်မမအဲဘက်တွေမရဘူးကွယ်
သင်ပေးနော် :P

လွင်ပြင်လှိုင်းငယ် said...

လေ့လာသွားတယ် မဒမ်လွင်ပြင်ကိုဆိုးပေးဖို့အတွက်
ကျေးဇူးပါ ညီမလေး

မဒမ်ကိုး said...

စိတ်ရှည်ဘူးအေ သကြားလုံးရေ ..
ခြေထောက်ဆိုးထားတာတောင် တလကျော်နေပြီ ဖျက်ရဦးမယ်း)

mabaydar said...

အင်း လုပ်ကြည့်မယ်... ခုတစ်လောတော့ ခရစ်စမတ်ပိုးထနေလို့ ခရစ်စမတ်လက်သည်းဆိုးချင်နေတယ်... အိုင်ဒီယာရှိရင် တင်ပေးအုံးနော်...

ချမ်းမင်းကို(ပဥာက်) said...

fighting

Anonymous said...

သများလည်းဆိုးကြည့်ဦးမှ......:)
ပုံ/အမည်မဖော်လိုသူ နိုဗာနိုင်

jasmine(တောင်ကြီး) said...

လက်သည်းမရှည်ပါဘူး
ညလေးရေ---ထပ်တင်လို့ ထပ်ပြီးကြည့်ခဲ့ပါတယ်
အစစအရာရာအဆေင်ပြေပါစေလို့
ချစ်ချစ်ခင်ခင် ကက်စမင်း

Anonymous said...

ကွယ်..ဆိုးတော့ဆိုးချင်ရဲ့
လောလောဆယ်..လက်သည်းက
လှီးထားတယ်လေး)
အတုစွပ်ပြီး.ဆိုးမှရမယ်ထင်ရဲ့း)
ပျော်ရွှင်ပါစေကန်ဒီရေ
ခင်မင်စွာဖြင့်
သမီးစံ

မောင်(စွယ်စုံကျမ်း) said...

ခွာနာ လျှာနာသကြားလုံးလေး

rose said...

လက်ချောင်းလေးတွေလည်း လှ၊ လက်သည်းနီဆိုးထားတာလည်း လှပါ့။ ပို့စ် အသစ်တင်တော့ စိတ်ပူရတာ သက်သာသွားတာပေါ့။ စာမေးပွဲ ရှိလို့ပဲလား၊ စိတ်ညစ်နေလို့ ပို့စ် မတင်တာလား စဉ်းစားနေတာ။

မိုးငွေ့...... said...

လက်သည်းပုံဖော်တာသိပ်ကြိုက်တယ် ဒါပေမယ့် ကိုယ်က လက်သည်းရှည်မထားတော့ လုပ်လို့မရဘူး...။ ကန်ဒီ့ရဲ့ cup cake ပုံလေးချစ်စရာကောင်းတယ် ညီမလေးကို စမ်းလုပ်ပေးကြည့်ဦးမယ်....။ စာတွေပိနေလို့စိတ်ညစ်နေတာလား....။ ခုကော စိတ်ညစ်သက်သာသွားပြီလား...။ အဆင်ပြေပါစေ ညီမလေး....။

ခင်တဲ့
မိုးငွေ့

ပန်းချီ said...

လက်သည်းလေးတွေရော၊ ဆိုးပုံအနုစိပ်လေးတွေရော ချစ်စရာကောင်းပါဘိတော့..ကိုယ်ကတော့ လက်သည်းမရှိသူမို့ သူများလက်သည်းလှလှလေးတွေကိုသာ အားကျနိုင်ပါတယ်း))

ညီမလေး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပါစေ။ သတိရနေတယ်နော်...း)

mabaydar said...

ကန်ဒီရေ.. ရုံးက ဆီဗုံးကို ဘန်းထားလို့ access လုပ်လို့မရလို့ ဒီမှာပဲရေးတော့မယ်

Candy camera ၀ယ်မလို့လား... ဘာကင်မရာဝယ်မှာလဲ မဗေဒါက ၂၅ ရက်နေ့သွားရင်ကောင်းမလားလို့... ၂၆ ခရီးသွားမလို့... အကြံဥာဏ်လေး သိချင်လို့...