My flash song
ဟိုတလောက ဒီမှာတင်ဖူးတဲ့သီချင်းလေးကို ဒုတိယအကြိမ် New versionနဲ့ ပြန်တင်တာပါ။ ဒုတိယအကြိမ် နားဒုက္ခပေးတယ် ဆိုပါတော့ :P အရင်ပိုစ့်ကို ဖျက်လိုက်ပြီ။ သီချင်းလည်း နားထောင်လို့ မရတော့ဘူးလေ။ အဲ့ဒီဆိုဒ်က အမြဲမဆိုရင် ၁လနေရင် ဆိုထားတဲ့သီချင်းတွေ ဖျက်ပစ်တာဆိုတော့။ အဲ့ဒီဆိုဒ်ဆိုတာက မြန်မာကာရာအိုကေသီချင်းတွေ ဆိုလို့ရတဲ့ဆိုဒ်ပါ (www.singforyou.net)
သီချင်းက ဒိုရေမီဆိုထားတဲ့ ကမ္ဘာကျော်စိတ်ကူး။ မိန်းကလေး (၃)ယောက်အဖွဲ့လေ။ သုံးယောက်ဆိုထားတာကို တစ်ယောက်တည်း ဟစ်တာ မနိုင်မနင်းတွေဖြစ်ပြီး နားထောင်လို့တော့ သိပ်မကောင်းဘူး။ (နောက်ပိုင်းတွေ ပိုဆိုးတယ် >.<) အပျော်သဘောပဲနားထောင်ပေးနော်။
အဲတုန်းကဆိုထားတာလေးကို ဖိုးမောင် (မောင် စွယ်စုံကျမ်း)က Download လုပ်ပေးထားတယ်။ ဘယ်လိုလုပ်လည်းတော့ ကန်ဒီလည်း မသိဘူး။ သူ့ကိုမေးရဦးမယ်။ အဲ့ဒါဟိုနေ့က သူက Gtalk မှာ "နင့်သီချင်းကို Flash song လုပ်ပေးမယ်" တဲ့။ ထူးထူးခြားခြား သဘောတွေ သိပ်ကောင်းနေတယ်။ ကန်ဒီက Flash song ဆိုတာဘာလဲတောင် နားမလည်ပါဘူး။ သူကလုပ်ပေးမယ်ဆိုတော့ လုပ်ပေးပေါ့ :D
"ပိုမြန်အောင် နင်ကစာသားရိုက်ပေး"တဲ့.. အဲ့ဒါနဲ့ ရိုက်ပေးပြီး မေးလ်နဲ့ပို့လိုက်တယ်။ သူ့ကိုအဲ့လိုလုပ်နည်းလေး ရေးပြီးပိုစ့်တင်ပေးဖို့ ပြောထားတယ်။ သူက "အေး.. နင်ကလေးမွေးပြီးရင် ရစေရမယ်"တဲ့။ ပြောပုံဆိုပုံက အဲ့လိုချောမွေ့တာ :P
ဖိုးမောင်လုပ်ထားတာလေးကြည့်ပြီး ကန်ဒီဆိုထားတာလေးနားထောင်ချင်ရင် ဒီမှာ နှိပ်ပါ။
ဖိုးမောင်ဘလော့မှာ ဖဲ့ထားတာလေး... အဲလေ တင်ထားတာလေး ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ။
OK.. Let me pamper myself :D
ဒီရက်ပိုင်း Stress အရမ်းများထားတာလေ။ နောက်ကျန်တဲ့ ဘာသာကလည်း Open book ဆိုတော့ စာမကျက်ရတော့ဘူး။ ဖတ်ဖို့ပဲ လိုတော့တယ် :D အဲ့ဒါနဲ့ ဒီနေ့ ဘာစာမှ မလုပ်ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး ကန်ဒီ့ညီမနဲ့ Expo သွားတယ်။ IT show ရှိတယ်လေ။

*********************************************
OK.. Let me pamper myself :D
ဒီရက်ပိုင်း Stress အရမ်းများထားတာလေ။ နောက်ကျန်တဲ့ ဘာသာကလည်း Open book ဆိုတော့ စာမကျက်ရတော့ဘူး။ ဖတ်ဖို့ပဲ လိုတော့တယ် :D အဲ့ဒါနဲ့ ဒီနေ့ ဘာစာမှ မလုပ်ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး ကန်ဒီ့ညီမနဲ့ Expo သွားတယ်။ IT show ရှိတယ်လေ။
ရုပ်က အပျော်လွန်ပြီး အရမ်းများ ပေါနေလား.. ဟိဟိ :P
ဟိုတလောက ကန်ဒီကင်မရာဝယ်ချင်တယ်လို့ ပြောထားတာ မှတ်မိတယ်ဟုတ်.. အဲ့ဒါသွားဝယ်တာ။ ကင်မရာဝယ်တဲ့ကိစ္စကို ဘယ်သူမှ အားမပေးကြဘူး။ ရှိရဲ့သားနဲ့ ၀ယ်လို့ ဖြုန်းတယ်လို့ပဲ ပြောကြတယ်။ နောက်ပြီး ၀ယ်တော့လည်း Samsung ကဟာ ၀ယ်ချင်တယ်ဖြစ်နေတော့ အားလုံးသမတာ ခံနေရတယ်။ Samsung လိုချင်ရတာ အကြောင်းရှိတယ်။ ကန်ဒီက ကင်မရာသေးသေးကို Dual screen ပါတာလိုချင်တာလေ။ အဲ့လိုပါတာ online မှာရှာကြည့်တော့ Samsung မှာပဲရှိတယ်။ အဲ့ဒါကြောင့် ၀ယ်ဖြစ်သွားတာ။အမေတို့ကို ပြောဘူး။ ကိုယ့်ဟာကိုယ်
သုံးတာစွဲတာလျော့ပြီး ၀ယ်တာ။ အမေတို့ကို ပြောရင် ဘာဖြစ်မလဲသိလား? ဥပမာ.. ဟိုတလောက ကန်ဒီကင်မရာမရှိတဲ့ အချိန်တုန်းက ကင်မရာလိုချင်တယ်ပြောတော့ ကန်ဒီ့ညီမအငယ်ဆုံး မသုံးတော့တဲ့ ကင်မရာကိုသုံးတဲ့ >.<
အဲ့ဒါနဲ့ပဲ ကန်ဒီ့မှာ ခုထိကိုယ်ပိုင်ကင်မရာ.. ကိုယ်စိတ်ကြိုက်ရွေးထားတဲ့ ကင်မရာလေးတစ်လုံးတောင် မရှိသေးဘူး။ ခုတခေါက်တော့ မှတ်သွားပြီ မပြောတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ မုန့်ဖိုးစုပြီး ၀ယ်တော့တယ် :D :D

အဲ့ဒါနဲ့ပဲ ကန်ဒီ့မှာ ခုထိကိုယ်ပိုင်ကင်မရာ.. ကိုယ်စိတ်ကြိုက်ရွေးထားတဲ့ ကင်မရာလေးတစ်လုံးတောင် မရှိသေးဘူး။ ခုတခေါက်တော့ မှတ်သွားပြီ မပြောတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ မုန့်ဖိုးစုပြီး ၀ယ်တော့တယ် :D :D

Model ST 700 (Gold)
မူရင်းဈေးက S$459 ကို S$379 နဲ့ရခဲ့တာ..
အပိုပစ္စည်းတွေက
(၁) Memory card ၂ခု (8GB)
(၂) Extra battery တစ်ခု
(၃) Mini Tripod
(၄) အိတ်
Warranty က (၂)နှစ်
16.1 Megapixels
5x Optical zoom
ပုံတွေက သူ့ဖုန်း Photo Editor App က effect ထည့်ထားလို့ အရမ်းဝါးနေတယ်..
ကန်ဒီ ဓာတ်ပုံကို အဲ့လောက်ကြီးဝါးအောင် edit မလုပ်ပါ :P
ကင်မရာဝယ်ပြီးတော့ အဲ့က food Court မှာပဲ နေ့လည်စာစားတယ်။ အဲ့ဒီ ဟင်းရည်လက်ပေါ်ဖိတ်တာလေ။ ခုလက်မကြီး အပူလောင်ပြီး နီနေတယ် >.<

သုံးဆောင်ကြပါဦးရှင့်.. ကုန်ခါနီးနေပြီ ဟီး :P
ပြီးတော့ John Little sale ဘက်ရောက်သွားတယ်။ ဘာမှသိပ်မ၀ယ်ဘူး။ ကင်မရာဝယ်ထားတော့ ချွေတာမှရမယ်။ Window shopping ပေါ့ :P
မ၀ယ်လည်း တပ်ကြည့်ပြီး ဆော့လို့ရပါတယ်.. ဟဲဟဲ
ကင်မရာအဆင်ပြေ မပြေကတော့ စာမေးပွဲပြီးမှ သေချာသုံးကြည့်ပြီး ပြောပြမယ်နော်...
Sale က မနက်ဖြန်တရက်ကျန်သေးတယ်။ စင်္ကာပူမှာနေတဲ့သူတွေ သွားချင်ရင်ရအောင် Remind လုပ်ပေးတာ။ လူတော့များတယ်။ Promote လုပ်နေတာကလည်း ကြောက်စရာလန့်စရာပဲ။ မိုက်ကြီးတွေနဲ့အော်.. စာရွက်တွေ အတင်းပေးနဲ့ :P
Sale က မနက်ဖြန်တရက်ကျန်သေးတယ်။ စင်္ကာပူမှာနေတဲ့သူတွေ သွားချင်ရင်ရအောင် Remind လုပ်ပေးတာ။ လူတော့များတယ်။ Promote လုပ်နေတာကလည်း ကြောက်စရာလန့်စရာပဲ။ မိုက်ကြီးတွေနဲ့အော်.. စာရွက်တွေ အတင်းပေးနဲ့ :P
အားလုံးပဲ Have a nice weekend!!! ^_~
15 comments:
အော်ဟော်....ဂလိုဂိုးးးးးးးး။ဟန်ကျပြီ...၊ညည်းအကို ညီရဲ
တို့အမျိုးတွေဆီသွားဖြစ်ရင် အဲ့ကင်မလာ နဲ့လက်တဲ့စမ်း
ရမယ်...:)။ဟုတ်တယ်...Dual scren ပါတာ ဆမ်ဆောင်း
မှာပဲတွေ့မိတယ်....။
အေးပေါ့ အေ .ကျုပ်က မလေးရောက်နေတော့သိဘူးအေ .လုပ်ကြပါအေ လုပ်ကြပါး)တော်တို့ပဲ ကျုပ်တို့ကအိုပြီအေး)
ကမ္ဘာကျော်တဲ. စိတ်ကူး သီချင်းလေးကို နားထောင် အားပေးသွားပါတယ် ခင်ဗျာ။ အဆိုတော်ကိုပြောပေးပါ --ကြိုးစားဖို.အများကြီးလိုပါသေးကြောင်း----- :P
ခုမှသေချာပြန် နားထောင်ကြည့်တယ် အမလေး လုပ်တုန်းက မလန့်ဘူး နားထောင်ကြည့်မှ..ကျွတ် ကျွတ်..လုံချည်..အဲမှားလို့ ..စုတ်သတ်တာ..(ငါမပြောပါဘူး..ကလေးတယောက်ရမှလို့ ..နင်နော် ဘုစုခရုစုမ နော် တေမယ်..စာချုပ်အတိုင်းပဲ..စခန်းရောက်မှ၇ှင်း..ဒါဘဲယစာမေးပွဲတွင်းမလို့ ..မဖဲ့သေးဘူး.သူသိပါစေ
Good Good Good :))
Candy !
ဖိုးမောင်.. ဘာမပြောတာလဲ.. Chat History ပြန်ကြည့်အုံး.. ဟွန်း
ကန်ဒီ ဆိုထားတဲ့ သီချင်းလေး နားထောင်သွားတယ်။ ကင်မရာလေးကလည်း ချစ်စရာလေး...။
ကင်မရာတော့ အသည်း မသန်လိုချင်နေတယ်.. ပြီးတော့ graphic ကောင်းကောင်း ကွန်ပျူတာတစ်လုံး.. အဲဒီ နှစ်ခုရရင်ပြီးပြီ.. :)
သီချင်းက ရက်ဆိုတဲ့ အပိုဒ်က ဆိုထားတာ ပိုကောင်းတယ်.. :D
ဘာ.....ဘုစုခရစု..အေးဆေးနေစမ်း..အပျိုကြီးတွေ
လာတော့မယ်..အသင့်ပြင်..
ပျော်ရွှင်ကြည်နူးဘွယ် ပို့စ်လေးကိုတင်တယ်ဆိုတော့
စိတ်ဆင်းရဲတာတွေ ပျောက်သွားပြီပေါ့ ဟုတ်လား ချိုချဉ်လေးး) စာကျက်တာတွေရော အဆင်ပြေရဲ့လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကန်ဒီရေ၊ မြတ်ကြည်ဟာလည်း samsung dual screen ST550 ပဲ။ ဝယ်ထားတာ ၁ နှစ်ကျော်ပြီ။ စစချင်းက တော့ တော်တော် သဘောကျစရာကောင်းတယ်။ နောက်ပိုင်းကျတော့၊ hang လိုက်တာလေ။ Lens က ပြန်မဝင်၊ battery ဖြုတ်လိုက်တပ်လိုက် ပြန်ပြန်လုပ်နေရတယ်။ တခါတလေ screen က အစင်းကြောင်းတွေတောင်ပေါ်လာလိုက်သေး။ မဝယ်ရသေးရင် တားတယ်။ :(
ကင်မရာဝယ်ပြီးပြီဆိုတော့ ဓါတ်ပုံပို့စ်လေးတွေ အတော် တက်လာဦးမယ်ထင်တယ်။ ရုပ်လှတဲ့သူများ ဘယ်လိုရိုက်ရိုက် လှနေတာပါဘဲ။း)
ခင်မင်လျှက်
ဟာဟ... ကင်မရာဝယ်ပြီးပြီဆိုတော့ နောက်တင်တဲ့ Post တွေက ပုံပိုများတော့မယ်ထင်တယ်။ :P ဆုံးဖြတ်ချက်ခိုင်မာတယ် ကောင်းတယ်ဗျာ။
အင်း... ကင်မရာ တကိုင်ကိုင်နဲ့ ဖြစ်နေမှာတော့ မြင်ယောင်မိသေးတယ်...
ဟယ်!... အသံလေးကချစ်စရာလေး
ညီအစ်မနှစ်ယောက်စလုံးချောတယ်
ခင်တဲ့
camomilla
Post a Comment