အခု မနက် ၉ နာရီ။
ကန်ဒီအရမ်း စိတ်ဆိုးနေတယ်။ ၀မ်းနည်းတယ်။ ငိုနေတယ်။ အကျယ်ကြီး အော်ငိုပစ်ချင်တယ်။
ဘာလို့လဲ..
ဘာလို့လဲ....
ဒီလောက် အမျိုးမျိုးကောင်းအောင် နေနေတဲ့ကြားက...
ကန်ဒီအရမ်း စိတ်ဆိုးနေတယ်။ ၀မ်းနည်းတယ်။ ငိုနေတယ်။ အကျယ်ကြီး အော်ငိုပစ်ချင်တယ်။
ဘာလို့လဲ..
ဘာလို့လဲ....
ဒီလောက် အမျိုးမျိုးကောင်းအောင် နေနေတဲ့ကြားက...
ကန်ဒီ ဒီနေ့ စာကျက်ဖို့ ၇နာရီခွဲထတယ်။ ၈နာရီကျော်လောက်ရောက်တော့ စာစလုပ်နေပြီ။ ကန်ဒီ့ညီမက အလုပ်သွားပြီ။ အိမ်ကအန်တီ နိုးလာတယ်။ သူ့သမီးအလုပ်သွားခါနီး အချိန်လောက်။ အိမ်မှာ ဘယ်သူမှ မသိတတ်တဲ့အကြောင်း.. သူတယောက်တည်း အစအဆုံး လုပ်နေရတဲ့အကြောင်း... အမှိုက်လည်း သူပဲပစ်.. တံမြတ်စည်းလည်း သူပဲလှည်း.. အမြင်မတော်တာတွေ့လည်း ဘယ်သူမှ မလုပ်ကြဘူး... .... .... ... ... အဲ့ဒါတွေ ကန်ဒီကြားအောင် ပြောတယ်။ စောင်းပြောတဲ့သဘောပေါ့။
အဓိက သူဖြစ်တာက...
မနေ့က အိမ်ကို ပိုက်စစ်ဖို့လူလာတယ်။ အိမ်အောက်ထပ်က ရေကျတယ်ဆိုလို့ လာစစ်တာ။ တကယ်တော့ ကန်ဒီတို့ အိမ်ကဖြစ်တာမဟုတ်ဘူး။ ဒါပေမယ့် အောက်အိမ်က Complain လုပ်တော့ လာစစ်တာပေါ့။ သူတို့လည်း ဘယ်ကဖြစ်တယ်ဆိုတာ မတွေ့သွားပါဘူး။ ဓာတ်ပုံတွေတော့ ရိုက်သွားတယ်။ အဲ့ဓာတ်ပုံမှာ အမှိုက်ပုံးကိုလည်း ရိုက်သွားတယ်တဲ့။ ကန်ဒီသိသလောက်က အမှိုက်ပုံးက ပြည့်မနေပါဘူး။ ပြည့်နေလည်း ကန်ဒီပစ်ပြီးလောက်ပြီ။ အမှိုက်တော့ ရှိတာပေါ့။ အဲ့ဒါကို သူက သဘောမကျဘူး။ ရှက်ဖို့ကောင်းတယ်ပေါ့။ နောက်ပြီး အ၀တ်တန်းကလည်း အိမ်ထဲမှာ။ ရေစက်လက်မကျပါဘူး။ မိုးရွာခါနီးမို့လို့ အထဲသွင်းထားတာ။ လာစစ်တဲ့လူက အ၀တ်တန်းကရေကျတာလားဆိုပြီး ကြည့်တော့လည်း ရေမရှိပါဘူး။ အဲ့ဒီ အ၀တ်တန်းကြီး ထည့်ထားတာလည်း အဲ့အန်တီက သဘောမကျဘူး။ တော်သေးတာပေါ့.. ကန်ဒီတို့ညီအစ်မ အ၀တ်တွေမဟုတ်လို့။ ဟုတ်များဟုတ်လို့ကတော့ ပြောလို့ပြီးတော့မှာ မဟုတ်ဘူး။ သူ့ IC ကို ဓာတ်ပုံရိုက်သွားတယ်တဲ့။ နောက်ဆုံးတခုခုဖြစ်ရင် သူပဲရှင်းရမှာဆိုပြီး သူ့သမီးကို ပြောပြသလိုနဲ့ ကန်ဒီတို့ကို ပြောနေတာ။ ကန်ဒီတို့ အိမ်သန့်ရှင်းရေးလုပ်တာလည်း တခါမှ မတွေ့ဘူးတဲ့။ လူရှေ့မှာလုပ်ပြမှ လုပ်တယ်ထင်နေတာလား မသိဘူး။ ဟုတ်ပါတယ်။ ကန်ဒီသူ့ရှေ့မှာ တခါမှ မလုပ်ဘူး။ သူအလုပ်သွားတဲ့ အချိန်လုပ်တယ်။ အိမ်မှာ ဘယ်သူမှ မရှိရင် လုပ်တယ်။ ဒါတွေကို သူမမြင်တော့ မလုပ်ဘူးတဲ့။ နောက်ပြီး အိမ်ကလည်း လူမြင်မကောင်းလောက်အောင် ညစ်ပတ်နေတာ မဟုတ်ပါဘူး။ သူအသန့်ကြိုက်သလို ကန်ဒီလည်း အသန့်ကြိုက်တယ်။
ကန်ဒီရန်ကုန်မှာနေတုန်းက ဘာမှမလုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီရောက်တော့ သူများ ပြောစရာ မဖြစ်အောင် အမြဲနေတယ်။ ဟင်းချက်ပြီးရင် မီးဖိုချောင်ကို အမြဲသန့်ရှင်းရေးပြန်လုပ်တယ်။ စားပြီးသား ပန်းကန် ဘေစင်မှာ ဘယ်တော့မှ ပုံမထားဘူး။ အမြဲဆေးတယ်။ အိမ်ရှေ့မှာ ဆံပင်ချည်တွေ့တာနဲ့ တံမြတ်စည်းလှည်းတယ်။ တံမြတ်စည်းကတော့ လှည်းတိုင်း ဖုန်ကထွက်နေမှာပဲလေ။ ဖုန်ထွက်တိုင်းသာ ကန်ဒီမလုပ်ဘူးဆို သေရချည်ရဲ့။
နောက် တခြား နစ်နစ်နာနာစကားတွေ ပြောသေးတယ်။ ကန်ဒီကအခန်းထဲမှာ။ ကန်ဒီကြားအောင် ပြောနေတာ။ သူ့သမီးက မပြောနဲ့ပြောတာကိုလည်း ညည်းကိုပြောတာမဟုတ်ဘူး.. ဆိုပြီး ကန်ဒီကြားအောင်ကို ပြောနေတာ။ ကန်ဒီအရမ်းဝမ်းနည်းတယ်။ တခါမှ သူများပြောတာ မခံဖူးဘူး။ မခံရအောင်လည်း အမြဲနေတယ်။ ဒီကြားထဲက ဒီလိုဖြစ်တာ အရမ်းဝမ်းနည်းတယ်။ ကန်ဒီ တခွန်းမှ ပြန်မပြောဘူး။ အခန်းထဲမှာပဲ နေတယ်။ ကန်ဒီလူကြီးကို ပြန်မပြောချင်ဘူး။ အတိုက်အခံတွေ မဖြစ်ချင်ဘူး။
ခုလက်တွေ အေးစက်နေတယ်။ တကယ်တော့ အသားတွေ တုန်လောက်အောင် ဒေါသထွက်တယ်။ ကန်ဒီလည်း လူပဲလေ။ ပြန်ပြောလိုက်ချင်တယ်။ ဒါပေမယ့် စိတ်ကိုထိန်းထားရတယ်။ မွန်းကြပ်တယ်။ ၀မ်းနည်းတယ်။
ခုချိန်မှာ ကန်ဒီလုပ်နိုင်တာ ငိုတာတခုတည်း.... !_!

31 comments:
Hang in there, Candy. This day'll pass. I know how you are feeling as I lived with others when I left MMR. Mine was worse than yours as I was financially dependent on others. With my experience, it's easier to share an apt or a house when we all understand and agree on house duty (who is doing what particular things on particular days) and common rules. Just pretend that you didn't hear and keep on studying hard!
Thanks!!!
စင်ကာပူမှာ နေထိုင်ရတာ အမျိုးတွေနဲ့ပဲနေရဦးတော့ ဒီလို
ပဲ ညီမရေ....၊သည်းခံပြီးနေနော်...၊ကိုယ်ကကလေးဆိုတော့
ပြန်ပြောရင် ကိုယ်အလွန်ထပ်ဖြစ်မယ်...၊ဒေါသဖြစ်နေမယ်၊
မွန်းကြပ်နေမယ်ဆိုတာ နားလည်စာနာပါတယ်...၊စိတ်
လည်းမကောင်းဘူး...၊ကိုယ့်စာပဲ အာရုံစိုက်နော်..၊အာရုံ
စိုက်မရအောင်ထွေပြားနေရင် သီချင်းအေးအေးလေးတွေ
နားထောင်ပြီး စိတ်ကိုသက်သာအောင်နေ...၊အရေး
အကြောင်းဆို ကိုယ့်အကိုတွေရှိတယ်..၊ဘာမှအားမငယ်
နဲ့...၊ကဲ...ကဲ...တိတ်တော့...တိတ်တော့...ငိုနေရင်
ရုပ်ဆိုးတတ်တယ်တဲ့....:)
CAndy, be patient. Just for these days. Then, you can do whatever you like. There are always misunderstanding sometimes. DOn't get depressed or annoyed. That woman ( around that age) may have some perimenopausal symptoms. Let her keep nagging, she will stop when she's tired.
ချိုချဉ်လေးအတွက် သားတို့ဖေဖေရဲ့ ဆုံးမစကားလေး ပြောပြချင်တယ်ကွယ်။ "အခုသားတို့ သမုဒ္ဒရာထဲမှာ စတင်ကူးခတ်နေကြပြီ လှိုင်းသေးသေး ကြီးကြီး ရိုက်ပုတ်ဒဏ်ကိုခံကြရတဲ့အခါ စိတ်ကိုမယိမ်းမယိုင် ခိုင်ခိုင်ထားပြီး ခရီးဆုံးထိရောက်အောင် ကူးခတ်လိုက်ပါ တစ်နေ့ရည်မှန်းချက်ပန်းတိုင် ခရီးဆုံးရောက်ရင် အမောတွေပြေသွားပါလိမ့်မယ် အဲဒီအချိန်ရောက်လို့ အတိတ်ကိုပြန်တွေးလိုက်ရင် အရာရာဟာ မပီပြင်တဲ့ဒုက္ခလေးတွေပေါ့" တဲ့။
ချိုချဉ်လေးရေ ရိုက်ပုတ်တဲ့လှိုင်းဒဏ်လေးတွေကို အပြုံးလေးတွေနဲ့ တွန်းလှန်လိုက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖေ့ဘွတ်မှာတွေ့တော့ ဘာများဖြစ်တာလဲလို့... ချင်ကျားပူမှာ ဒီလိုကတော့ ဖြစ်နေကျလိုပဲ...
ကိုယ်လည်း အိမ်ငှားခ တန်ရာတန်ကြေးပေးပြီး နေတာပဲ.. သူမကြိုက်ရင် ကိုယ့်ကိုယ်မနေခိုင်းရုံပါပဲ ပြောစရာမလိုပါဘူး ကိုယ်လည်း မကြိုက်ရင် တခြားနေရာ ပြောင်းနေရုံပဲ ဒီလိုပဲ... စိတ်ထဲထားလိုက်ပါ။ ကန်ဒီတို့လို ညီမနှစ်ယောက်ထဲ နေတာဆိုတော့ ပိုပြီး လွတ်လပ်လွယ်ကူပါတယ်။ သူပြောတိုင်းလဲ ကိုယ်က ၀မ်းနည်းစရာမလို... ကိုယ်လုပ်နိုင်သလောက် လုပ်တာပဲ... သူ့အိမ်ချည်းပဲ ရှိတာမဟုတ်ဘူး... (အိမ်မှာ နေရာ မလွတ်တော့လို့ မဟုတ်ရင် ခေါ်ပါတယ် :P)
ကဲကဲ အပြင်လေး ဘာလေးထွက် အိမ်နားက မက်ဒေါနယ်မှာ လိပ်ကလေးတွေ ငါးလေးတွေကို အာလူးကျော်သွားကြွေးလိုက် အဲမှာပဲ ထိုင်ပြီး ခဏတဖြုတ် စာသွားကြည့်လိုက်ပေါ့...
စိတ်မညစ်ပါနဲ့  အတင်းစကားတွေ ခေါင်းထဲထည့်မနေနဲ့  အဓိက က စာကျက်နိုင်ဖို့ ပဲ။စိတ်ညစ်နေရင် ညစ်နေတာတွေကို လုံး လုံးပြီးပြတင်းပေါက်ကနေ အပြင်ကိုလွှတ်ပစ်လိုက်တော့....
ငိုစရာမလိုပါဘူးကွာ မကြိုက်ရင် နောက်တနေရာပြောင်းနေပေါ့
သိပ်မကြီးမကျယ်နဲ့လို့ ပြောလိုက် ....
စိတ်မညစ်ပါနဲ့ ကန်ဒီရယ် .....
ဒီလိုပါပဲ အိမ်ရှင်နဲ့ အိမ်ငှားပြသနာတွေက ဖြစ်နေကျတာ
ပါ။ ပူးပူး ဆီလာနေ....... ဒါမဲ့ အိမ်မှာကလဲ အခန်း
လွတ်ကလဲ မရှိသေးဘူး ရှိရင်ပြောမယ်နော်....
အဲလိုပဲ အဲလိုပဲ သကြားလုံးလေးရေ
မဒိုးတော့ ခါးချည့်နေပြီ ခံရပေါင်းများလို့
အဲလိုနဲ့သည်းခံတတ်သွားတာပဲ.
နပန်းသာ သတ်ကြရရင် လုံချည်တောင်မြဲမှာမဟုတ်ဘူးး)
အဲလိုပဲ အဲလိုပဲ အမြဲလိုပဲ ..
အမ
မဒိုးကန်
ဝမ်းနည်းစရာမှ မဟုတ်တာ မကန်ဒီရယ်၊ နှစ်ဦးနှစ်ဖက် အိမ်ရှင်/အိမ်ငှား သဘောတူလို့ တူတူနေခဲ့ကြတာပဲ။ ဒီလိုပြသနာ လေးတွေကတော့ ရှိတတ်ကြတာပေါ့။ ဒါဟာ အလုပ်ခွင်ထဲမှာရော နေ့စဉ်လူနေမှု့ဘ၀မှာပါ ဖြစ်တတ်တဲ့ ကိစ္စကလေးတွေပါ။ အဓိကက ကိုယ်ဘက်က သက်သေခိုင်လုံဖို့လိုတာပါ။ နောက်တစ်ခါ အိမ်ရှင်းရင်ဖြစ်ဖြစ်၊ သန့်ရှင်းရေးလုပ်ရင်ဖြစ်ဖြစ် ဓာတ်ပုံရိုက်ထားပေါ့။ ဓာတ်ပုံမှာ နေ့စွဲ ရက် လ နှစ် အချိန် တွေ ပေါ်နေအောင် setting ချိန်ထားပေါ့။ ဒါဟာ အလုပ်ခွင်ထဲရောက်ရင်လည်း အလွန်ကို အသုံးဝင်ပါတယ်။ ဒီထက် ကိုယ်ရေးကိုယ်တာတွေ လွန်လွန်ကျူးကျူး ထိပါးလာရင်တော့ recording နဲ့ သူပြောသမျှဖမ်းထားပြီး၊ ရဲကို ဖုန်းဆက်လိုက်ပေါ့။ ကိုယ်က ဘာမှ လွန်လွန်ကျူးကျူး တစ်ခွန်းမှ ပြန်မပြောမိရင် ပြီးတာပဲလေ။ ဒါဆိုနောက်ပိုင်း ဒီလို ပြသနာတက်မှာ မဟုတ်တော့ဘူး။
အင်းဒီလိုပါပဲ..
ဖစ်တတ်ပါတယ်..
ဘုရားဟောခဲ.တာပဲ..
လောကမှာပြီးပြည်.စုံတဲ.သူဆိုတာမရှိဝူးတဲ.
လူတိုင်းကောင်းးတဲ.အချက်လေးတွေရှိသလို
ဆိုးတဲ.အချက်လေးတွေလဲရှိကြတာပဲလေ..
သူ.မှာစိတ်အခန်.မသင်.တာတခုခုရှိနေလို.နေမှာပါ
ညီမလေးရယ်...သူကောင်းခဲ.တာလေးတွေရှာ
ကြံစဉ်းစားခွင်.လွတ်ပေးလိုက်နော်...
ဖေဖေပြောဘူးတယ်..သူမကောင်းတာသူ.
အကြောင်းး..ကိုယ်ကောင်းးဘို.ကကိုယ်.
အကြောင်းးတဲ.
အလုပ် လုပ်တဲ့သူကဘယ်တော့မှ အပြစ်မကင်းဘူး
ဘာမှ မလုပ်တဲ့သူက လုံးဝအပြစ်မရှိဘူး
ဘာမှ မလုပ်တာကိုး
ဘယ်ဟာကိုရွေးမလဲညလေးရေ....
ချစ်တဲ့ မုန်လာထုပ်
ကန်ဒီ စိတ်မညစ်ပါနဲ့ ..သူများနဲ့နေရရင် အမြဲအဲလိုပါပဲ ဘယ်လောက်ပဲ ကောင်းအောင်နေနေ ပြဿနာ ရှာချင်တဲ့ သူတွေကြိးပဲ ...ဘဝတူတွေမို့ စာနာနားလည်မိတယ် ....ဝမ်းမနည်းပါနဲ့ ကန်ဒီ အားတင်းထားပါလို့......
Don't be sad sis lay! If it's possible, you should hire your own flat. Be happy, smile!!
ဟဲ့သကြားလုံး အားတင်းထားစမ်းေ၇ခပ်မကြိုထင်းခွေကြုံပါတဲ့ကွ..မင်းတို့ အလှည့်မိုးတွေရွာထား..ငါ့အလှည့်ကျ နွေခေါင်ခေါင်မှာမိုးကြိုးပစ်ပြမယ်ပေါ့..ရည်မှန်းချက်တွေ မပြည့်စုံသေးခင်တော့သီးခံရမယ်လေ..လူသားအားလုံးဖြစ်ချင်တိုင်းသာဖြစ်ခဲ့မယ်ဆို..ဗုဒ္ဓဘုရားက ဒုက္ခတရားကိုဟောခဲ့မှာမဟုတ်ဘူးတဲ့..ရေအ၀သောက်လိုက်ဒေါသတွေ ပြန်ဝင်သွားလိမ့်မယ်..အတည်ပြောတာ..ပြောစရာစကားတွေများလို့ ဆိုနစ်လာပီဆိုငါအမြဲရေသောက်တယ် ကောင်းကင်ကိုမော့ကြည့်ပြီး1.2.3ရေနေလိုက်တယ် မျက်ရည်မကျဘူး..နောက်ဆိုငါရေခဏခဏသောက်နေပီဆို..သဘောက်ပေါ..ဒေါသထွက်နေတာလို့ ..အားပေးတယ်နော်သူငယ်ချင်းမမ..ဒါဗြဲ။..ဒီလောက် မျောက်ခွက်ပြောင်တဲ့ကောင်မလေးက ငိုရသတဲ့..ဟဟ ..ငိုပုံ့လေးတင်ပေးပါးးးး
ငိုနဲ့..
သည်းခံ သည်းခံ။ ဒါက နေရာတကာမှာ ဖြစ်နေကျ။
သူများအပြောမခံရအောင် အစစအရာရာ သတိထားနေလာတဲ့သူကိုမှ လာအပြောခံထိတော့ ပို ၀မ်းနည်းတတ်မှန်းသိတယ်။ ဒါပေမဲ့ လူတွေက လူတွေဘဲ။ အမြဲတမ်း အပြစ်ဘဲ ရှာနေတတ်ကြတယ်လေ။
အိမ်မှာ အတူတူ နေတဲ့သူတွေ များရင် သန့်ရှင်းရေးကို အလှည့်ကျစနစ်ကလေး လုပ်ထားတာ ပိုကောင်းမယ်။ နို့မို့ဆို နေ့စဉ်ဆိုတော့ အချင်းချင်း ညိုညင်လာတတ်တယ်။
ငိုနဲ့တော့နော်။ တစ် တစ် တစ်။း)
ခင်မင်လျှက်
ဒီဒီ ၀မ်းနည်းနေသည်။
ဝမ်းမနည်းနေပါနဲ့ ဒီဒီ သွားပြောလိုက် ပြောချင်ရင် တည့်တည့်ပြောလို့ စောင်းမပြောနဲ့လို့ပြောလိုက်...
အပြစ်တင်တဲ့သူက.မိတ်ဆွေရှားသတဲ့
သည်းခံပါကန်ဒီရယ်
နောက်တော့.သူ.နားလည်သွားမှာပါ
လူကြီးနဲ့.လူငယ်ဆိုတော့လည်း
ပြောရခက်သားနော်
ကိုယ်က.တစ်ယောက်တည်းမှမဟုတ်တာ
ညီမလေးလည်းရှိတာပဲနော်.အားမငယ်ပါနဲ့ကွယ်
ငိုနဲ့နော်..တိတ်..တိတ်
ငိုနဲ့ ညလေး မမရှိတယ်
အားတင်းထားနော်
ဒါတွေဟာ ညလေးအတွက်
စိတ်ဓာတ်ရင့်ကျက်အောင်သင်ယူနေတယ်လို့ 
မှတ်လိုက်ပါ
ခင်တဲ့ မမ လမင်း
ဒီမှာကတော့ ဒီလိုပါဘဲ ညီမရယ်...
ဒါငိုစရာ မလိုပါဘူး...
သူ့ အိမ်အလကားနေတာမှ မဟုတ်တာ...
အဆင်မပြေရင် အိမ်ပြောင်းလိုက်ပေါ့ ညီမရယ်...
သိပ်စိတ်ညစ်ခံမနေပါနဲ့ ဟုတ်လား...
သူငယ်ချင်းရေ စိတ်မညစ်ပါနဲ့ဗျာ။ 8Yar လည်း အိမ်ရှင်နဲ့သိပ်အဆင်မပြေတာ Candy အသိပါနော်။ တစ်အိမ်လုံးမငှားနိုင်သေးသ၍ ဒီပြဿတွေက ရှိရှိနေမှာပါပဲ။ စိတ်မညစ်နဲ့ ဘလောဂ်မောင်နှမတွေရှိတယ်။
စင်္ကာပူရဲ့ လူနေမှုဘ၀က Freedom ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ကသိကအောင့်ဖြစ်ရတာတွေကတော့ မကြာမကြာ ကြားနေမိတယ်လေ.. တကယ်တော့ ဒါတွေက အသေးဖွဲလောကဓံလေးတွေပါ.. တစ်ချို့ကိစ္စတွေက ဘယ်ဘက်နားက၀င်ပြီး ညှာဖက်နားကနေ ပြန်ထုတ်ပြစ်လိုက်တာ ပိုကောင်းသလိုပဲ၊ စိတ်ကသိကအောင့်ဖြစ်စရာကိစ္စရပ်တွေက ရင်ထဲမှာထားထားရင် ကြိမ်လုံးနဲ့ရိုက်တာထက် ပိုနာတတ်တယ် ချိုချည်ရေ...ချိုချည်တစ်ယောက် သောကအပူတွေကို တရားနဲ့ကူပြီး ဖြေရှင်းနိုင်စေကွယ်..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မငိုပါနဲ့ကလေးရယ်...စာကိုသာအာရုံစိုက်လိုက်ပါ..။ စိတ်ရှုပ်စရာတွေတိုင်းဟာ အချိန်ကာလသေးသေးလေးတစ်ခုကိုဖြတ်သန်းရတယ်..အဲဒိအချိန်ကျော်ရင် ပြီးသွားရော..း)
ညီမလေး စာမေးပွဲကို စိတ်အေးလက်အေးနဲ့ အောင်မြင်စွာဖြေဆိုနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။
နောက်တစ်ခါ သိအောင် ပြန်ပြော...
ပြသနာမတက်ချင်လို့..အကြီးဖြစ်နေလို့ ကိုယ်က သည်းခံနေပေးပေမဲ့ ကြာလာတော့ တောက်လျှောက် နင်းတတ်တယ်...မြှောက်ပေးတာ မဟုတ်ပေမဲ့ တစ်ခါလောက် အမှန်ကိုပြန်ပြောဖို့ အားမွေးကြည့်..
ညီမနဲ့ဘဝချင်းတူနေပြီကွယ်။ ညီမကမှ ကိုယ့်ထက်ကြီးတဲ့လူက ပြောခံရလို့တော်သေးတယ်။ အမကတော့ ကိုယ့်ထက်အများကြီးငယ်တဲ့သူက မိုက်မိုက်ရိုင်းရိုင်းစောင်းပြော၊ အမပစ္စည်းတွေ လွှင့်ပစ်၊ သူတို့ပစ္စည်းနေရာတကျမထားလို့ ရှာမတွေ့ပြန်ရင်လည်း သူတို့စိတ်နဲ့ နှိုင်းပြီး အမက ပြန်ကလစားချေတယ်လို့ပြော။ ပြီးတော့ ပြန်ရှာတွေ့တော့ တမင်အကျယ်ကြီး ရယ်ပြပြီး မခံသာအောင်ပြော။ တကယ်တော့ သူတို့လင်မယားကို အမမောင်က ပီအာမို့လို့ ခေါ်လို့ သူတို့စလုံးကို ရောက်လာတာ။ ကျေးဇူးကန်းတယ်။ အမက ကိုယ့်ထက်အငယ်မို့လို့ ဘာတခွန်းမှ ပြန်မပြောပါဘူး။ ကိုယ့်အလုပ်ကိုယ်ပဲခေါင်းထဲ ထည့်တယ်။ သူများနိုင်ငံမှာ ကိုယ်ပိုင်အိမ်မရှိတော့ သီးခံနေရတာပေါ့ကွယ်။ လူ့ဘဝဆိုတာ တိုတိုလေးပါကွယ်။ လူမုန်းမများချင်ဘူး။ ကိုယ့်ရည်မှန်းချက်မပြည့်သေးသရွေ့ သီးခံနေပါညီမရယ်။
Canday ရေ လူကြီးတွေကတော့ ဒီလိုပါပဲ... ကိုယ့်သားသမီးကလွဲလို့ ကျန်တဲ့သူဆို သည်းမခံနိုင်ကြဘူး... သူတို့သားသမီးတောင် တစ်ခါတစ်လေဆူတာပဲ... ကိုယ်ကျတော့ သူစိမ်းဆိုတော့ စိတ်ဆိုးတာပေါ့... လူကြီးတွေက ပြောပြီးရင် ပြီးသွားလိမ့်မယ်.. ပြန်မပြောတာကောင်းပါတယ်... ကိုယ်လုပ်နိုင်သလောက်လုပ်... ပြောရင်တော့ ဟုတ်ဟုတ်ပေါ့... သည်းမခံနိုင်ရင် ပြောင်းပေါ့... သူလဲ မှတ်သွားလိမ့်မယ်... အိမ်ငှားရှာဖို့ ကိုယ့်လောက် အလိုက်သိတဲ့သူရဖို့ ခက်တယ်ဆိုတဲ့ အကြောင်း....
ဟေ့ ငပေါမလေး...
ဒါငိုစရာမဟုတ်ဘူးလေ...စိတ်နာစရာ...စိတ်တိုစရာ...ဒေါသထွက်စရာ...
အဲဒီဒေါသကို ကျောင်းစာထဲမှာ ဖောက်ခွဲပစ်လိုက်...အတော်ဆုံးဖြစ်အောင်ကြိုးစားပြီး အဲဒီလိုလူတွေရဲ့ ထိပ်ဆုံးမှာ တက်နေပြလိုက်...အောင်မြင်လာတဲ့နေ့ရောက်ရင် အဲဒီလူတွေကို အိမ်ခေါ်ပြီး အိမ်သာဆေးခိုင်းလိုက်...
ဘယ်တော့မှ မျက်ရည်မကျကြေး...အားနည်းတဲ့လူကို ညှာတာတဲ့ခေတ်ဆိုတာ ကုန်သွားပြီ အမိ...အားကြီးအောင် အနိုင်ရအောင်သာကြိုးစားဖို့ပြင်...မြဲမြဲမှတ်ထား ဘယ်တော့မှ မျက်ရည်မကျနဲ့ မျက်ရည်ဆိုတာ အရှုံးပေးခြင်းရဲ့ သင်္ကေတ...ခင်ဗျားလေးတို့ဟာ အနိုင်ယူဖို့မွေးလာကြတဲ့ ဒီဘက်ခေတ်မျိုးဆက်သစ်ဆိုတာ ခေါင်းထဲသာ ထည့်ထားပေရော့...
1..မငိုပါနဲ့
2..လုံးဝဆက်နေ့ဖို့အဆင်မပြေဘူးလို့
သတ်မှတ်လိုက်ပြီဆိုရင်တော့ အိမ်ခန်းအသစ်
ထပ်ရှာပါ..
3.. သူ့သမီးဆိုတာကို candy တို့လည်း
အိမ်သန့်ရှင်းရေးကို လုပ်တယ်ဆိုတဲ့အကြောင်း
နားလည်အောင်ပြောပြထားလိုက်ပါ..
4..ထပ်ပြီးတော့ စကားလုံးတွေနဲ့
စော်ကားလာမယ်ဆိုရင်..
သတ္တိရှိရှိနဲ့ face to face ရင်ဆိုင်လိုက်ပါ
ပြန်ခံပြောတာမဟုတ်ပေမဲ့..
ပြန်ရှင်းပြရမယ်လေ..သူ့အထင်တခုနဲ့
စော်ကားပြောဆိုနေတာကိုကိုယ်ကအမြဲတမ်း
ငုံခံနေဖို့မလိုဘူး..
5..လောကကြီးမှာအခက်ခဲဆိုတာ
ဘယ်နေရာမှာမဆိုတွေ့တတ်တယ်..အခုလည်း
ကိုယ့်ရဲ့ခံနိုင်ရည်နဲ့စွမ်းဆောင်နိုင်မှု့ကို
စပ်းသပ်နေတယ်လို့သဘောထားလိုက်ပါ..
me too
Post a Comment